Fwd: [moemakadaily@moemaka.biz] 12th July - MoeMaKa Daily

10 views
Skip to first unread message

Truely White

unread,
Jul 12, 2012, 9:09:37 AM7/12/12
to jeffy...@googlegroups.com


---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: 2012/7/12
Subject: Fwd: [moemak...@moemaka.biz] 12th July - MoeMaKa Daily
To: winsoe Boxer <winso...@gmail.com>, hsumy...@gmail.com, thuta thu <theinh...@gmail.com>, Thein Han <u.thein...@gmail.com>, Grace juli77 Juli <grace...@gmail.com>, mehmwun...@aol.com, narziko...@gmail.com, ninimyo mimi <ninimy...@gmail.com>, Mandalay Monk <mandal...@gmail.com>, hlaing htun <hlai...@googlemail.com>, ayetha...@gmail.com, ko naylin <konay...@gmail.com>, dr math <dr.ma...@gmail.com>, "Dr. Kyaw Nyunt" <drkya...@gmail.com>, yannau...@gmail.com, EQUITYAD3000 3000 <equity...@gmail.com>, sanno...@gmail.com, Kyi Lwin <s.ky...@gmail.com>, minya...@gmail.com, ဇေ ယျာ <zayy...@gmail.com>, alfarome...@gmail.com, chit wine <chitw...@gmail.com>, Min Thu <mgmi...@gmail.com>, Maung Thit Aung <mgthit...@gmail.com>, jyawsar <jya...@gmail.com>, "mitmit.ns mitmit.ns" <mitm...@gmail.com>, lwinma...@gmail.com, Aung Thura Aye <ayeyarwad...@gmail.com>, maykhat2 <mayk...@gmail.com>, achitshonelay <achits...@gmail.com>, winkhinmaung45 <winkhin...@gmail.com>, mahhyu <mah...@gmail.com>, sonyb...@gmail.com, peternaywin <peter...@gmail.com>, oasischi...@gmail.com, kispa nadi <kispan...@googlemail.com>, eiei <eieit...@googlemail.com>, seinl...@gmail.com, makerb...@gmail.com, yta471 <yta...@gmail.com>, Kyi Pyar <makyi...@gmail.com>, haazaw <tha...@gmail.com>, ayethid...@gmail.com, shiftd...@gmail.com, win Naing <nain...@gmail.com>, tinzaw...@gmail.com, ayeyarwady.k...@gmail.com, crazyjo...@gmail.com, narsi...@gmail.com, tharg...@gmail.com, Shwe Tone <ech...@gmail.com>, parpar cho <parpa...@gmail.com>, yoyo...@gmail.com, shadow....@gmail.com, nmk.n...@gmail.com, yinh...@gmail.com, moonl...@gmail.com, mohmoh...@gmail.com, moreset...@gmail.com, roseb...@gmail.com, eieith...@gmail.com, aunt...@gmail.com, tunse...@gmail.com, kyawmin...@gmail.com, Aye Aye <ayea...@gmail.com>, akm...@gmail.com, aunghtet.for...@gmail.com, ahtun...@gmail.com, ayeay...@gmail.com, tayza...@gmail.com, babyg...@gmail.com, bobosa...@gmail.com, "bluesky.1756" <bluesk...@gmail.com>, comet...@gmail.com, cro...@googlemail.com, chan mya <chan...@gmail.com>, denize...@gmail.com, dr.sunmo...@gmail.com, gwbob...@gmail.com, hninwu...@gmail.com, hkawngs...@gmail.com, info.n...@gmail.com, jenif...@gmail.com, jeffy...@gmail.com, Kaung Khant Zan <kaun...@gmail.com>, kyawsimaw <Kyaw...@gmail.com>, Ko Nanda <kon...@gmail.com>, ကျော် ဖြိုး <kyawp...@gmail.com>, Kathy Maw <km...@extron.com>, lu naing <luna...@gmail.com>, marlarsoe <marl...@gmail.com>, marfuture <marf...@gmail.com>, Mandalar Charm <mandal...@gmail.com>, mgk...@gmail.com, MMO <maungma...@googlemail.com>, mickey mya <micke...@gmail.com>, Minnaing Maung <zwevi...@gmail.com>, notallo...@gmail.com, neore...@gmail.com, nanga...@gmail.com, nut shinnaung <nutshin...@gmail.com>, newhor...@gmail.com, nayc...@gmail.com, Naychi Moe <nayc...@yahoo.com>, naua...@gmail.com, "pyg.su2007" <pyg.s...@gmail.com>, phoebe naw <nawp...@gmail.com>, ronal...@gmail.com, roni...@gmail.com, sophayoo2007 <sophay...@gmail.com>, sulp...@gmail.com, shwe wutt yee <shwew...@gmail.com>, soelwins...@gmail.com, "saw.georgy" <saw.g...@gmail.com>, san...@gmail.com, "theinthanhtike.et" <theintha...@gmail.com>, thiri oo <thirim...@gmail.com>, thetma...@gmail.com, tuk pi <tukp...@gmail.com>, tunc...@gmail.com, twy...@gmail.com, thuyei...@gmail.com, usil...@gmail.com, ukyawmin22650 <ukyawm...@gmail.com>, vash...@gmail.com, wint...@gmail.com, yin yin oo <ooy...@gmail.com>, yarzark...@gmail.com, yan2...@gmail.com, ZHL <zinhni...@gmail.com>, zawza...@gmail.com, zawae...@gmail.com, decemb...@gmail.com, zarnim...@gmail.com, min.ht...@gmail.com, susul...@gmail.com, 84ya...@gmail.com, kyaw.h...@gmail.com, Soe Thaung <soe.t...@gmail.com>, khinwai phyoe <khinwa...@gmail.com>




---------- Forwarded message ----------
From: Maung Yit <moema...@gmail.com>
Date: 2012/7/12
Subject: [moemak...@moemaka.biz] 12th July - MoeMaKa Daily
To: sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka <moe...@googlegroups.com>


သမ္မတအိုဘားမားလက်ထက် အမေရိကန်လွှတ်တော် လူကြိုက်အနည်းဆုံး
နိုင်ငံတကာသာဂိ၊ ဇူလိုင် ၁၂၊ ၂၀၁၂
            ၂၀၀၈ ရွေးကောက်ပွဲ အနိုင်ရပြီး ပထမ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်နေသော လူမည်းသမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်ပြည်၏ ကွန်ဂရက်ခေါ် အောက်လွှတ်တော်မှာ ပြည်သူလူထု၏ ရှုတ်ချမှု အများဆုံးခံနေရကြောင်း ပုဂ္ဂလိကဆန္ဒကောက်ခံမှု စာရင်းများက ဆိုသည်။ ကွန်ဂရက်သည် ဘာမျှ အလုပ်မဖြစ်ဟု အမေရိကန် ၇၄% က သဘောထားသည်ဟု ထုတ်ပြန်ထားသည်။
အတိုက်အခံ ရစ်ပတ်ဘလစ်ကန်အမတ်များ ကြီးစိုးထားသော အောက်လွှတ်တော်က သမ္မတတင်သွင်းထားသော ဥပဒေကြမ်းများ၊ အဆိုများ၊ အမည်စာရင်း တင်သွင်းမှုများကို ကန့်ကွက်ခြင်း၊ ပိတ်ဆို့ခြင်း၊ အချိန်ဆွဲခြင်းတို့ဖြင့်သာ အချိန်ကုန်နေသည်ဟု အဆိုပါ ဆန္ဒထုတ်ဖော်သူတို့က မှတ်ချက်ပေးသည်။ ထိုသို့ ရှုမြင်နေစဉ်အတွင်းမှာပင် အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေသည် ဖွဲ့စည်းပုံနှင့်ညီသည်ဆိုသော နိုင်ငံတော်တရားရုံးချုပ်ဆုံးဖြတ်ချက်ကို ကွန်ဂရက်က ထပ်မံ အသနားခံစာ တင်ဦးမည်ဟု ထုတ်ပြန်လိုက်သည်။
ကွန်ကရက်၏ တနေ့တာ ကုန်ကျစာရိတ်မှာ ဒေါ်လာ သန်းဂဏန်း နေ့စဉ် ရှိပြီး ထိုလွှတ်တော်တွင် သမ္မတ၏ ကျန်းမာရေးဥပဒေကို ကန့်ကွက်ကြောင်း အဆိုတင်ခြင်း၊ အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့သည့်အကြိမ်ပေါင်း ၃၀ ကျော် ခဲ့ပြီ ဖြစ်သည်။ ထိုသို့ အဆိုပြုတိုင်း အာဏာရ ဒီမိုကရက်တို့ ကြီးစိုးသည့် အထက်လွှတ်တော်က ပယ်ချခဲ့သော်လည်း နိုင်ငံရေးထိုးစစ်အဖြစ် အတိုက်အခံတို့က တမင်သက်သက်လုပ်နေခြင်း ဖြစ်သည်ဟု စောင့်ကြည့်သူတို့က ရှုမြင်သည်။
ယခုသမ္မတအိုဘားမား အုပ်ချုပ်သည့် လက်ထက်၊ အမေရိကန်စီးပွားရေးကပ်ကို ရင်ဆိုင် ကျော်ဖြတ်နေရသည့် အချိန်အတွင်း အတိုက်အခံ ရှေးရိုးစွဲ ရစ်ပတ်ဘလစ်ကန်ပါတီနှင့် ၎င်းအမတ်များ၏ နိုင်ငံရေးနှင့် အယူဝါဒရေးရာတွင် လက်ရှိအစိုးရနှင့် ပဋိပက္ခမှုများ ပိုမို ပြင်းထန်နေသည်ကို တွေ့ရသည်။
သမ္မတ၏ ပထမသက်တမ်းအတွင်း အဓိကစွမ်းဆောင်ချက်များဖြစ်သော - ဘဏ်များကို အရှုးံပြနေမှုမှ ကယ်တင်ခြင်း၊ အရှုံးပေါ်နေသော အမေရိကန်ကားလုပ်ငန်းကို ကာကွယ်မှုပေးခြင်း၊ အမေရိကန်၏ စွမ်းအင်သုံးစွဲမှုကို ပြုပြင်ပြောင်းလဲခြင်း နှင့် ၀င်ငွေခွန် သက်သာမှုများ ပေးခြင်းတို့ကို ရီပတ်ဘလစ်ကန်တို့က အမြဲတစေ တိုက်ခိုက်ပြစ်တင်ခဲ့ကြသည်။ အိုဘားမားအစိုးရက စီးပွားပျက်ကပ်ဆိုက်နေချိန် အစိုးရနှင့် ပြည်သူတို့ ဘဏ္ဍာရေး အသုံးလိုငွေပြမှုကို ကာကွယ်ရန် ကြွယ်ဝသူများထံက အခွန် အနည်းငယ်တိုးကောက်ရန်ကိုလည်း ရီပတ်ဘလစ်ကန်အမတ်တို့က ကန့်ကွက်လျက်ရှိသည်။
အဓိက ရှေးရိုးစွဲတို့၏ တိုက်ခိုက်မှုများမှာ အိုဘားမားနှင့် ဒီမိုကရက်ပါတီ အမတ်တို့၏ ခေတ်ပေါ်အယူဝါဒများကို ဖော်ဆောင် ချမှတ်ခြင်းများဖြစ်သည်။ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ငွေကြေးလုပ်ငန်းများကို ကြည့်ကြပ်ရေး ဥပဒေများကို အရင်းရှင်ကြီးများနှင့် ရှေးရိုးစွဲတို့က လက်ခံခြင်း မရှိပေ။ ထို့အတူ တပ်မတော်အတွင်း လိင်တူချင်း ချစ်ကြိုက်သူများကို တရားဝင်လက်ခံခြင်း၊ အစိုးရတရပ်အနေဖြင့် လိင်တူချင်း ချစ်ကြိုက်သူများ လက်ထပ်ခွင့်ကို လက်ခံခြင်း နိုင်ငံခြားရေးရာ မူဝါဒတွင် အာဏာရှင်များကို ကိုင်တွယ်ရာတွင် အပျော့ အမာ နည်းလမ်းမျိုးစုံ သုံးစွဲပြီး သိမ်းသွင်းခြင်းတို့ကို ရီပတ်ဘလစ်ကန်တို့က ဝေဖန်ခြင်း အပြစ်ရှာခြင်း ကန့်ကွက်ခြင်း အမြဲတစေပြုလုပ်ခဲ့ကြသည်။
သို့ဖြစ်၍ လက်ရှိသမ္မတနှင့် အာဏာရ ဒီမိုကရက်ကို လုံးဝဖြုတ်ချပြီး အလုံးစုံ ပြောင်းမှ ရမည်ဟု ရှေးရိုးစွဲ အတိုက်အခံတို့က ၎င်းတို့၏ မဲဆွယ်ရေး ကြွေးကြော်သံဖြင့် လူထုနှင့် မဲဆန္ဒရှင်များကို လှုံဆော်လျက်ရှိသည်ကို တွေ့ရသည်။
ထိုကဲ့သို့ တဖက်ပါတီနှင့် ပြိုင်ဖက်တို့၏ အာဏာရအစိုးရကို လက်တွဲ စည်းရုံး ဆောင်ရွက်ခြင်း မရှိဘဲ နေရာတကာ ကန့်လန့်တိုက်နေမှုများကြောင့်၎င်း၊ အမေရိကန်ပြည်၏ အကြပ်အတည်းကာလအတွင်း တိုင်းပြည်၏အရေးကိစ္စများ အလုပ်ဖြစ်ရေးကို ဦးစားပေးခြင်း မရှိခြင်းကြောင့်၎င်း အမေရိကန်ပြည်သူတို့ထံက ဆန္ဒသဘောထားတွင် လက်ရှိ လွှတ်တော်ကို အယုံအကြည်မရှိသူ ရာခိုင်းနှုန်း ၇၄ ရှိနေခြင်း ဖြစ်သည်ဟုသတင်းများက ဆိုပါသည်။ အဆိုပါ အတိုက်အခံ ရီပတ်ဘလစ်ကန် လွှတ်တော်ကလည်း ယခု ၂၀၁၂ ရွေးကောက်ပွဲတွင် အိုဘားမားနှင့် အပေါင်းအပါများကို အပြုတ်တိုက်ပြီး တိုင်းပြည်ကို လက်လွှဲယူမည်ဟု ကြွေးကြော်လျက်ရှိသည်။
“မြန်မာပြည်မှာကတော့ အခုမှ လွှတ်တော်ကို တကယ်အလုပ်ဖြစ်မဖြစ် မျှော်လင့်ချက်တွေနဲ့ စောင့်ကြည့်နေတုန်းရှိသေးတယ်။ ဒါပေမယ့် မြန်မာလွှတ်တော်မှာက ရွေးကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်အမတ် ဖြစ်ချင်သလား၊ အစိုးရ၀န်ကြီးဖြစ်ချင်သလား ... ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ တပ်မတော်က ရှိနေတော့ ပြောရတော့ ခက်တယ်”
ဟု စာဖတ်သူတဦးက အမေရိကန်ုနှင့် မြန်မာလွှတ်တော်ကို မှတ်ချက်ပေးသည်။
Posted by MoeMaKa at 11:45 PM 0 comments  

Saw Ngo - Never Forget Burma's Martyrs Day


ကာတွန်းစောငို - အာဇာနည်နေ့ ဒို့ (တပ်မတော်) မမေ့၊
ဇူလိုင် ၁၂၊ ၂၀၁၂
Posted by MoeMaKa at 10:09 PM 0 comments  
Labels: Cartoon BoxSaw Ngo

Fair well to Ngwe Sandar - Recollection of articles


ငွေစန္ဒာသို့ နှုတ်ဆက်ခြင်း
ကျန်ရစ်သူမိသားစု၏ အမှတ်တရစာများ
မိုးမခက ကောက်နုတ်ဖော်ပြပါသည်။ ဇူလိုင် ၁၂၊ ၂၀၁၂
            ( http://ngwesandar.blogspot.com  ကို ဘလော့ဂ်စာဖတ်သူတော်တော်များများ သိကြပါတယ်။ အဲသည်က ငွေစန္ဒာဆိုတဲ့ စာရေးသူက ၂၀၁၀ နိုဝင်ဘာမှာ စတင်စာရေးခဲ့ပြီး ၂၀၁၁ ဧပြီလမှာ ဆက်လက်ရေးသားခြင်း မရှိတော့ဘဲ ရပ်နားသွားခဲ့ပါတယ်။
၂၀၁၂ ဇန်န၀ါရီ ၄ ရက်မှာတော့ သူမရဲ့ ကျန်ရစ်သူ မိသားစုဝင်တို့က သူမ လွန်ခဲ့တဲ့ ၆ လက ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ သူမ နောက်ဆုံး ရေးခဲ့တဲ့ စာကလေးကို ပြန်လည် တင်ဆက်ခဲ့ပါတယ်။
သူမကိုယ်တိုင် ကင်ဆာဝေဒနာကို ခံစားနေခဲ့ချိန် တလျောက်လုံးမှာ ဘလောဂ်ပေါ်မှာ စာဖတ်သူများကို  စိတ်ကြည်နူးဖွယ် ဟင်းချက်နည်းပြုတ်နည်းများကို ဝေမျှ စကားဝိုင်းဖွဲ့ခဲ့သူ ဖြစ်ပါတယ်။ အခု ပြန်လည်တင်ဆက်မှာကတော့ ကျန်ရစ်သူ ခင်ပွန်းသည်က သူမအကြောင်းကို ကွယ်လွန်ပြီး ၁ နှစ်မှာ အမှတ်တရ ရေးသားလိုက်တဲ့စာ ဖြစ်ပါတယ်။ အမှတ်တရ ပြန်လည် မျှဝေလိုက်ပါတယ်။)

ငွေစန္ဒာ (သို့မဟုတ်) စက္ကန့်တိုင်းကို စိန်စီသွားသူ

ငွေစန္ဒာ မိသားစု

(ငွေစန္ဒာ ဘဝတစ်ပါးသို့ ပြောင်းသွားသည်မှာ ၄ ..၂၀၁၂ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ပါသည်။ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ငွေစန္ဒာအတွက် ဂုဏ်ပြုဆောင်းပါးကိုဖော်ပြလိုက်ပါသည်။

ငွေစန္ဒာ အ ကြောင်းကိုစိတ်ထဲမှာရေးမိနေတာကြာပြီဖြစ်ပါတယ်။ လက်တွေ့အားဖြင့် တော်တော်နဲ့မ ရေးဖြစ်ခဲ့ပါ။ 'ကိုယ့်ကိုကိုယ်ဖော်၊ မသူတော်ဖြစ်မှာစိုး၍ ရေးရမှာ လက်တွန့်နေခဲ့ပါတယ်။ မည်သို့ဆိုစေ တစ်နှစ်ပြည့်အစီအစဉ်အဖြစ် ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် မျှဝေလိုက်ပါတယ်

            ငွေစန္ဒာကိုယ်တိုင် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ၊ ၁၉ ရက်နေ့က ရေးသားဖော်ပြခဲ့တဲ့ 'သူမနဲ့ကင် ဆာရာဂါဆောင်းပါးအဆက်လို့လဲပြောလို့ရပါတယ်။ ငွေစန္ဒာရဲ့ ဆောင်းပါးထဲမှာတင်ပြထားသလို သူမဟာ ဝီပဿနာတရားကိုတတ်နိုင် သ ရွေ့ပွားများခဲ့ပါတော့တယ်။ ထိုသို့ စတင် ပွားများမှုမပြုခင် တရားကိုဘယ်လိုမှတ် ရမလဲလို့ ခင် ပွန်းဖြစ်သူ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်လဲ မိုးကုတ်ဝိပဿနာ တရားတွေကို နာကြားခဲ့ ၊ အချိန်ပိုင်းတရားထိုင် ခဲ့တဲ့အ တွေ့အကြုံ ၊ မြန်မာပြည်မှာ နေခဲ့စဉ်က ရိပ်သာ နှစ်ခုမှာ ရက်ပိုင်းဝင်ပြီး တရားအားထုတ်ခဲ့တဲ့အ တွေ့အကြုံကိုအ ခြေခံပြီး ရှင်းပြခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်  ကျွန်တော်ကစာတွေ့ကိုအ ခြေခံပြီး ရှင်းပြခဲ့တာပါ။

 ငွေစန္ဒာရေးသားခဲ့သလို သူမဟာ အွန်လိုင်းက နေ ဆရာတော်ပေါင်းစုံရဲ့ ဝိပဿနာတရားတော်တွေကို နာယူပါတယ်။ ဆရာတော် တွေရဲ့   ဝိပဿနာတရားစာအုပ်တွေကိုလဲဖတ်တယ်။ သူမဟာ ဘုရားစင်ရှေ့မှာထိုင်ပြီး တရားမမှတ်နိုင် ရှာဘူး။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အဆင်ပြေတဲ့နည်းနဲ့ဘဲ တရားရှုမှတ်တယ်။ ဆက်တီခုံမှာထိုင် ရင်းရှုမှတ်တာများတယ်။ နောက်ပိုင်းမှာ မိုးကုတ်ဆရာတော် ဦးဃောသိတရဲ့ ဝိပဿနာ တရားတွေကို အဖန်တလဲလဲ ကြားနာရင်း  မိုးကုတ်ဝိပဿနာ နည်းနဲ့ တရားရှုမှတ်ပါတယ်။
ညစာ စားချိန်မှာ သူမရဲ့တရားရှုမှတ်တဲ့အ တွေ့အကြုံတွေကို ကျွန်တော့်ကိုရှင်းပြတယ်။ 'ကာလေန ၊ ဓမ္မသာကစ္ဆ္ဆာ' ဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီ တရားဆွေးနွေးဖြစ်တယ်။ ရှင်းရှင်းပြောရရင် အစပိုင်းမှာ ကျွန်တော်က ဆရာ ယောင်ယောင် လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်ကတပည့်ဖြစ်သွားပါတယ်။ ကျွန်တော်က စာတွေ့အရ အသိများသလို ရှိခဲ့ပေမယ့် လက်တွေ့ကျင့်ကြံ အားထုတ်မှုအပိုင်းမှာ သူမကများစွာသာလွန်ပြီးအ တော်အတန် ခရီးပေါက်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
သာဓကအားဖြင့်  ငွေစန္ဒာတင်ပြခဲ့သလို ပြင်းထန်ဆိုးရွားတဲ့ ကီမိုရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် တစ်ကိုယ်လုံး အထူးသဖြင့် အဆစ်တွေ အလွန်နာပါတယ်။ယုတ်စွအဆုံး လျှာနဲ့သွားတွေတောင် နာပါတယ်။ ကျွန်တော်လဲ သူမအတွက် အားပြင်းတဲ့ မော်ဖိန်းလို အကိုက်အခဲ ပျောက်ဆေးနဲ့အတူ အခြား အကိုက်အခဲ ပျောက်ဆေး ၊ ထိုးဆေးမျိုးစုံဆောင် ထားပါတယ်။ ပထမပိုင်း ကီမိုသွင်းခါစမှာတော့ အကိုက်အခဲပျောက်ဆေးထိုးပေးရတာတို့ ၊  အကိုက်အခဲပျောက်ဆေး သောက်စေတာတို့လုပ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် မှာ ငွေစန္ဒာဟာ ဘာ အကိုက်အခဲ ပျောက်ဆေးကိုမှ အထိုးမခံတော့ပါဘူး။ ဘယ်အကိုက်အခဲ ပျောက်ဆေးကိုမှလဲမ သောက်တော့ပါဘူး။ သူမဟာ ရုပ်တရားနဲ့ နာမ်တရားကို ဉာဏ်နဲ့ခွဲခြားသိမြင်ပြီး ဝေဒနာရဲ့အပျက်ကို ရှုမှတ်ခြင်းအားဖြင့်  အကိုက်အခဲ ပျောက်ဆေး အလုံးစုံကိုပယ်လိုက်ပါတယ်။ 
ကျွန်တော့်မှာ Cervical Spondylosis ဆိုတဲ့လည်ပင်းနာရောဂါရှိတော့ အကိုက်အခဲ ပျောက်ဆေးမကြာ၊ မကြာသောက် ရတယ်။ တစ်ခါက ဆေးသောက်ပါလျက်နဲ့ မခံရပ်နိုင်အောင် လည်ပင်းနာလာတော့ ဇနီးသည်က ကျွန်တော့်ကို ဘုရားစင်ရှေ့မှာထိုင် ခိုင်းပြီး သူမ ပြောတဲ့ နည်းအတိုင်း ရှုမှတ်ခိုင်းပါတယ်။ ကျွန်တော်လဲ ဒီတော့မှ ရုပ်နဲ့နာမ်ကို ခွဲခြားသိမြင်နိုင် ခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာပဲ လည်ပင်းနာတဲ့ ဝေဒနာဟာယူပစ်သလို ပျောက်သွားပါတယ်။ နောက်ပိုင်းလဲ လည်ပင်းနာတာ သိပ်မခံစားရ တော့ပါ။  လည်ပင်းကိုထိန်းတဲ့ collar လည်းမတတ် ရ တော့ပါ။ ဒီအကျိုးတရားအတွက် ဇနီးကို အထူးကျေးဇူးတင် မိပါတယ်။ မြတ်စွာဘုရားရဲ့တရားဂုဏ်တော်အတိုင်း လက်တွေ့ ဒိဋ္ဌချက် ခြင်းအကျိုးပေးပါတယ်။
ဒါနဲ့ပဲ ကင် ဆာအထူးကု ဆရာဝန်ကြီးရဲ့ ကုသမှု အစီအစဉ်အရ တစ်နှစ်အတွင်းမှာ ကီမိုအမျိုးအစား တစ်မျိုးကို ခြောက်ကြိမ်စီနဲ့ သုံးမျိုး ဆယ့်ရှစ်ကြိမ် သွင်းပြီး မာကျောတဲ့ သူမရဲ့စိတ်ဓာတ်၊ ဝိပဿနာတရားပွားများအားထုတ်မှုရဲ့ အကျိုးကျေးဇူးတွေကြောင့် အဆုတ်နဲ့အသည်းမှာတင် မက ကျောရိုးမှာပါကင်ဆာနဲ့ ပတ်သက်လို့ဘာမှမ တွေ့ရ တော့ပါ။ ကျွန်တော်နဲ့မိသားစု၊ နှစ်ဘက်ဆွေမျိုးများ၊ သူမကိုကုသ ပေးနေတဲ့ ဆရာဝန်တွေနဲ့ မိတ်ဆွေတွေအားလုံး အံ့ဩဝမ်းသာကြတယ်။
ဆက်လက်ပြီး ကင် ဆာအထူးကု ဆရာဝန်ကြီးနဲ့ ပုံမှန်ပြ၊ ပုံမှန်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
လအနည်းငယ်အကြာ စီတီစကင်(န်) အဖြေအရ အဆုတ်နဲ့ ကျောရိုးမှာကင် ဆာဆဲ(လ်) ပြန်လည် ပြန့်နကြောင်း ဝမ်းနည်းစွာသိခဲ့ရပြန်ပါတယ်။ ကျွန်တော်နဲ့မိတ်ဆွေ ဆရာဝန်များကလည်း သူမကို အားပေးကြပါတယ်။ နိုင် ငံရပ်ခြား မှာဆိုတော့ ဆွေမျိုးတွေနဲ့ဝေးနေ ပေမယ့် ဒီမှာရှိတဲ့ မြန်မာမိသားစုများက သူမရဲ့ သူမတူတဲ့ စေတနာ ကောင်းမှုကြောင့်လည်း ဆွေမျိုးရင်းချာပမာ နည်းမျိုးစုံနဲ့ အားပေးကူညီကြလို့ အထူးကျေးဇူးတင် ရပါတယ်။ ကာယကံရှင် ငွေစန္ဒာ ကိုယ်တိုင် ကလည်း စိတ်ဓာတ်လုံးဝမကျဘဲ ကြံ့ကြံ့ခံပြီး ဆက်လက် ဆေးကုသမှုခံယူဘို့ပြင် ဆင် ထားပါတယ်။
ဒါနဲ့ကျောရိုးကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ခံယူခဲ့ရပါတယ်။ ပြီးတော့ ကီမိုအမျိုးအစား နောက်ထပ် တစ်မျိုးနဲ့ သုံးကြိမ်ဆေးသွင်းကုသမှုကို ခံယူခဲ့ရပါတယ်။ စုစုပေါင်း ကီမိုအမျိုးအစား လေးမျိုးကို နှစ်ဆယ့်တစ်ကြိမ် သွင်းခဲ့ရတာပါ။ 
ဒီလိုကြံ့ကြံ့ခံ ဆေးကုသမှုခံယူနေတဲ့ ကြားထဲကဘဲ မခံမရပ်နိုင်အောင် ခေါင်းတွေထိုးကိုက်ပြီး အော့အန်လာလို့ ဦးနှောက်ကို စီတီစကင်(န်) ရိုက်ကြည့်တော့ ဦးနှောက်ကိုပါ ကင် ဆာဆဲလ်တွေ ပြန့်နကြောင်း ပို၍ဝမ်းနည်းဖွယ် ရာသိခဲ့ရပါတယ်။ ဒါနဲ့ပဲ ဦးနှောက်ကို ဓာတ်ရောင်ခြည်နဲ့ ဆယ်ကြိမ်ကုသမှုကို ဆက်လက်ခံယူခဲ့ပါတယ်။
 ငွေစန္ဒာဟာဆိုးရွားပြင်းထန်တဲ့ကင် ဆာရောဂါခံစားခဲ့ရ ပေမယ့် လူနာလိုမ နေခဲ့ပါ။ မိသားစုကို ဒုက္ခမ ပေးပါ။ တတ်နိုင် သ ရွေ့ ကိုယ့်အားကိုယ်ကိုးပြီးတော့သာနေခဲ့ပါတယ်။ ကင် ဆာရောဂါ နောက်ဆုံးအဆင့် ရောက်လို့ ကိုယ်တိုင် လမ်းမ လျှောက်နိုင် မှဘဲ သူတစ်ပါးအကူအညီကို ယူခဲ့ပါတယ်။
ဒီလို ဝေဒနာပြင်းထန်စွာ ခံစားနေရ ပေမယ့် ငွေစန္ဒာရဲ့ မျက်နှာဟာဝေဒနာ ခံစားရတဲ့ အရိပ်အ ယောင် တစိုးတစိမျှ  မ တွေ့ရဘဲ တကယ့်ကို ကြည်လင် ဝင်းပ နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဒီအ ကြောင်းကို မြန်မာပြည်က သူမရဲ့ ဖခင် နဲ့ ညီအစ် မ တွေကို ဖုန်းဆက် ရင်းပြောတော့ သူမက ဒီလိုမ ပြောဘို့တားမြစ်ပါတယ်။ 
သူမရဲ့ မျက်နှာလေးဟာ ကြည်ကြည် င်လလင် ရွှင်ရွှင် ပျပျဘဲဆိုတော့ ကျွန်တော်တို့လဲ စိတ်ကြည်လင်အေးချမ်းမှု ကူးစက်ခံရပြီး စိတ်သက်သာမှုရခဲ့ပါတယ်။ ဒီနည်းအားဖြင့် ငွေစန္ဒာဟာ မိသားစုနဲ့ ပတ်ဝန်းကျင် ကိုအကျိုးပြု သွားပါတယ်။ အခုလဲ ကျွန်တော့်အ နေနဲ့ စိတ်ညစ်၊ စိတ်ရှုပ်စရာတွေ ရှိရင် ငွေစန္ဒာရဲ့ မျက်နှာ ကြည်ကြည် င်လလင် လေးကိုမြင်ယောင် လိုက်တဲ့အခါ  ကျွန်တော့်ရဲ့ စိတ်တွေလဲ ကြည်င်လ အေးချမ်း သွားရပါတယ်။
 ငွေစန္ဒာရဲ့ ဂုဏ်ကျေးဇူးတွေဟာ မိသားစုအ ပေါ် မ ဖော်ပြနိုင်လောက်အောင် များပြားပါတယ်။ ကျွန်တော့်အ နေနဲ့ ပြည့်စုံကုံလုံအောင် ဖော်ပြခြင်းငှါမစွမ်းပါ။
မိတ်ဆွေ ဆရာဝန်တစ်ဦးနဲ့ သင်္ကြန်ပွဲမှာ ဆုံတုန်းကလည်း ' ဆရာ့ကို ခုမှပြောဖြစ်တာ၊ ဆရာ့ဇနီးဆုံးတုန်းက မျက်နှာလေးက ပြုံးနေတာတွေ့ရတယ်။ ဘဝကူး ကောင်းမှာ သေချာတယ်။ '  လို့ပြောပါတယ်။ ကျွန်တော်ကလည်း သူကောက်ချက်ချတာကိုလက်ခံပါတယ်။ 
ဇနီးသည်ဟာ ဘဝတစ်ပါးသို့ ရောက်ရှိနေ ပေမယ့် ကျွန်တော်တို့ကို စိတ်ကြည်လင် အေးချမ်းမှု ပေးနေခြင်းအားဖြင့် အကျိုးပြုနေပါတယ်။ ဒီအတွက်လည်း ဇနီးသည်ကို ကျေးဇူးအခါခါတင် မိပါတယ်။
 ငွေစန္ဒာဟာ ရောဂါ ပြင်းထန်စွာ ခံစားခဲ့ရပေမယ့် အချိန်မဖြုန်းဘဲ စက္ကန့်တိုင်း စက္ကန့်တိုင်းကို တန်ဘိုးရှိတဲ့ စိန်တွေစီသွားသည့် အလား မပြတ်သော တရားအမှတ်နဲ့ သတိကပ် ရင်း ဝေဒနာကိုခွာကာ အပျက်ကို မြင်အောင်ရှုနိုင် ခဲ့တဲ့အတွက် အထူးတလည် မျက်နှာကြည်င်လ ဝင်းပစွာနဲ့ ဘဝတစ်ပါးသို့ ပြောင်းသွားနိုင် ခဲ့တယ်ဆိုတာ လုံးဝ ယုံကြည် ပါတယ်။ 
တကယ်တော့ ငွေစန္ဒာဟာ  စက္ကန့်တိုင်းကို တန်ဘိုးရှိစွာ စိန်စီသွားနိုင် သူဖြစ်ပါတယ်။
၎. ဇူလိုင်. ၂၀၁၂ ၊ ဗုဒ္ဓဟူးနေ့
ငွေစန္ဒာ မိသားစု
(ဓာတ်ပုံ - ကွယ်လွန်သူရဲ့ ဈာပနအစီအစဉ်တခုဖြစ်တဲ့၊ တလပြည့် အရိုးပြာများ ပင်လယ်တွင်း ကြဲပက်ခဲ့စဉ်က ဓာတ်ပုံတခုကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ မိုးမခ)

ငွေစန္ဒာ ၆ လပြည့် အမှတ်တရ

အိမ်နောက်ဖေးကကြောင်လေးများ
(ပြန်လည်ဖော်ပြခြင်း)
 ငွေစန္ဒာသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၄ရက်နေ့က ဘဝတစ်ပါးသို့ပြောင်းသွားရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၄ရက်နေ့က ၆လပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ 
ငွေစန္ဒာကိုအောက်မေ့ တသ၊ သတိရသောအားဖြင့် ငွေစန္ဒာကိုယ်တိုင် ရေးသားခဲ့ပြီး ဘလော့အပေါ် မတင်ဖြစ်ခဲ့သော ဆောင်းပါးတပုဒ်ကို ကျန်ရစ်သူ မိသားစုက ဖော်ပြလိုက်ပါသည်။
  
အိမ်နောက်ဖေးကကြောင်လေးများ
တနေ့ကျမအသံတခုကြားရတယ်၊နှာချေသံပေါ့၊ဟတ်ချိုး၊ဟတ်ချိုးဆိုပြီးတော့။ ကျမလန့်သွားခဲ့တယ်။
သံတံခါးနှစ်ထပ်ပိတ်ထားရဲ့နဲ့အိမ်ရှေ့ဝရန်တာကိုလူဘယ်လိုဝင်လာပါလိမ့်ပေါ့။ ကြောက်ကြောက်နဲ့  ချောင်းကြည့်တော့လူမဟုတ်ဘူး၊ကြောင်လေးတကောင်ဖြစ်နေတယ်လေ။ အဆက် မပြတ်ကိုနှာချေနေတာ။
အဲဒီနေ့ကစပြီးသူတို့နဲကျမမိတ်ဆွေဖြစ်သွားခဲ့တာ၊ခုထိပေါ့။သူတို့ဆိုတာကြောင်ကလေးသုံးကောင်ပေါ့၊ တကောင်က တကိုယ်လုံးမဲနေတဲ့ ကြောင်မဲမလေး၊ နောက်နှစ်ကောင်က အယ်ဘီးနိုး ဖြူစုတ်စုတ်ကြောင်ကလေးတွေ၊ သုံးကောင်လုံး ရုပ်ဆိုးလေးတွေ၊ ကျမဒီအိမ်ကို မရောက်ခင်ကတည်းက သူတို့လေးတွေဒီအိမ်မှာရှိနေခဲ့တာ။ ဘယ်သူမွေးထားတယ် ဆိုတာတော့မသိဘူး။
ကြောင်ဖြူလေးနှစ်ကောင်ကညောင်ညောင်လို့မအော်တတ်ဘူးမျက်စေ့ကလည်းသိပ်မြင်ရပုံမပေါ်ဘူး။ ဒါပေမဲ့ နှာချေ၊ ချောင်းဆိုး၊ အီးပေါက်တာတော့ လူအတိုင်းပဲ။ ကျမ အဲလိုကြောင်မျိုးခုမှတွေ့ဘူးတာ။ ကြောင်မဲမလေး ကျတော့တမျိုး၊  သူကိုယ်ဝန်ဆောင်တာ တွေ့တာသုံးခါရှိပြီ။ ဒါပေမဲ့ကြောင်ကလေးတွေ တကောင်မှ မ တွေ့လိုက် ရဘူး။ ဘယ်နားမွေးပြီး၊ ဘယ်ရောက်သွားမှန်းမသိဘူး။ 
သုံးကောင်လုံးက ချစ်စရာလုံးဝမကောင်းပါဘူး။ ရုပ်ဆိုးလေးတွေ၊ သမီးလေးက ကြောင်ဆိုမကြိုက်တော့ အိမ်ထဲ အဝင်မခံပေမဲ့၊ ကျမက သူတို့ကို သနားလို့ နေ့တိုင်း တနေ့ကို သုံးခါ  ကျွေးနေတော့၊ ခုဆိုသူတို့က  နောက်ဖေးဝရန်တာလေးမှာပဲ နေတော့တယ်။ ဗိုက်ဆာရင် ကြောင်မဲမလေးက တညှောင်ညှောင်နဲ့ပေါ့။
ဟိုနှစ်ကောင်က မအော်တတ်ဘူးလေ။ သူတို့က ထမင်းလည်း မစားတတ်ဘူး။ ထမင်းနဲ့ဟင်းနယ်ကျွေးရင် ထမင်းတွေ ချန်ခဲ့တယ်။ ပေါင်မုန့်နဲ့ဟင်းဆိုရင်တော့ ကုန်အောင်စားတယ်။ ဈေးဝယ်ရင် သူတို့အတွက်ပါ ငါးသေတ္တာဘူးတွေနဲ့ ပေါင်မုန့်တွေ ဝယ်ထားရတယ်။
ခုတခါကြောင်ဖြူမလေးတကောင်နဲ့ကြောင်မဲမလေးက
ဗိုက်ကြီးနေပြန်ပါရောလား။ တနေ့မှာလုံခြုံရေးအဖိုးကြီးကို ကျမကမေးကြည့်တယ်။ ကြောင်ကလေးတွေ ခဏခဏ ဗိုက်ကြီးပြီး သူတို့မွေးတဲ့ ခလေးတွေ ဘယ်ရောက်သွားလဲ ဆိုတော့၊ ညညဆို နောက်ဖက်ခြံက ခွေးတွေဝင်ပြီး လာစားသွားတာတဲ့။ ကျမ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ အဲလိုနဲ့ သူတို့မွေးရင်ခွေးရန်
က လွတ်အောင်၊ အိမ်မှာပဲမွေးရင် ကောင်းမှာပဲဆိုပြီး နောက်ဖေးဝရန်တာမှာ ဇလုံကြီးကြီးထဲအထဲ ဝတ်ခင်းပြီး ချထားပေးလိုက်တယ်။ ငွေစန္ဒာတို့ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်နေရတဲ့အထဲ ကြောင်သားဖွါးခန်းဖွင့်လိုက်တာပေါ့။
မကြာပါဘူး။ ကြောင်နက်မလေးက ကြောင်လေး၃ကောင် မွေးပါတယ်။ အိမ်နောက်ဖေး ဝရန်တာကို ခွေးကမဝင်နိုင်ဘူးဆိုတော့၊ သူတို့သားအမိတွေအတွက် စိတ်ချနေတာပေါ့နော်။ တညမှာတော့ကြောင်နက်မလေးရဲ့အော်သံနဲ့  ကြောင်တွေရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေ ကြားလိုက်တယ်။ ခါတိုင်းလည်း ကြောင်တွေက တခါတရံ အဲလို
ပဲ ကိုက်နေကြတာဆိုတော့ ထမကြည့်လိုက်မိဘူး။
မနက်မှကြည့်လိုက်တော့ ကြောင်လေးတစ်ကောင်ကိုစား
ထားတဲ့ အပိုင်းအစတွေပဲ တွေ့ရတယ်။ ကျန်တဲ့ကြောင်လေး၂ကောင်ကိုတော့ သူ့အမေက ချောင်လေးထဲမှာဖွက်ထားတယ်။

ဆောင်းပါးအဆက် (ငွေစန္ဒာ မိသားစု)
ကျန်တဲ့ကြောင်လေးနှစ်ကောင်ကိုအန္တရာယ်ကင်းစွာကြီးပြင်းအောင်ဆက်လက်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။  တကောင်က အနက်ရောင်၊ ကျန်တကောင်က မီးခိုးရောင်လေးပါ။ 
ငွေစန္ဒာ မကျန်းမာစဉ်အခါကလည်း နေ့ဖက်အိမ်မှာတယောက်ထဲကျန်ခဲ့စဉ် ကြောင်လေးတွေက သူမကို အဖော်လုပ်ပေးခဲ့ပါတယ်။  ကြောင်လေးတွေ ပြေးလွှားဆော့ကစားတတ်တဲ့ အချိန်မှာ ကြောင်နက်ကလေး ပျောက်သွားပါတော့တယ်။
နောက်မှ အိမ်ရှေ့ကားလမ်းမှာ ကားကြိတ်လို့ သေသွားတယ်ဆိုတာ အိမ်လာလည်နေကျ သူငယ်ချင်း ဆရာဝန်မ ပြောလို့သိလိုက်ရတော့ အတော် စိတ်မကောင်းဖြစ်သွားရတယ်။
မရှေးမနှောင်းမှာဘဲ နည်းနည်းအိုနေတဲ့ ကြောင်ဖြူမ တကောင်ကို ခွေးတွေဝိုင်းကိုက်ပြီးစားပြစ် လိုက်ပါ ရောလား။ ငွေစန္ဒာ မိသားစုလည်း ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
မကြာခင်မှာဘဲကျန်တဲ့ ကြောင်ဖြူမကတစ်နေရာမှာ ကြောင်လေးတွေမွေးပြီးလမ်းလျှောက် နိုင်တဲ့အရွယ်မှာ သူ့ကလေးတစ်ကောင်ကိုခေါ်လာခဲ့လို့ ဒီနေ့အထိ ကြောင်နက်မ သားအမိနဲ့  ကြောင်ဖြူမသားအမိတို့ကို တစ်နေ့သုံးကြိမ် စေတနာသန့်သန့်နဲ့ ကျွေးမွေးနေပါတယ်။
ကြောင်တွေကိုအစာကျွေးတဲ့အခါတိုင်း ငွေစန္ဒာ မှာကြားသွားသလို 'သတ္တဝါများ အဟာရနှင့် ပတ်သက်၍ ဆင်းရဲခြင်းမှ ကင်းဝေးရပါလို၏။' လို့ နှစ်နှစ်ကာကာဆုတောင်းပေးပါတယ်။
ငွေစန္ဒာတို့ မိသားစုလဲတူသောအကျိုးကိုခံစားရပါတယ်။ အစာအဟာရနဲ့ ပတ်သက်လို့ ပူပင်ကြောင့်ကြစရာမလိုဘဲအမြဲ ပြည့်စုံခဲ့ပါတယ်။ မိသားစုအပေါ်ကျေးဇူးကြီးမားခဲ့သော ငွေစန္ဒာကိုဂုဏ်ပြုသောအားဖြင့် ငွေစန္ဒာရဲ့ "အိမ်နောက်ဖေးက ကြောင်လေးများ" ဆောင်းပါးအဆက်ကို တင်ပြလိုက်ရပါတယ်။

Posted by MoeMaKa at 9:28 PM 0 comments  

Lt-Gen Wai Lwin to be PM in Rangoon

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ၀င်ရောက်ဖွယ်ရှိ
မိုးမခအထောက်တော် အမှတ် ဝဝ၂
ဇူလိုင် ၁၂၊ ၂၀၁၂


၂၀၀၉ ဇန်န၀ါရီလက ပြပွဲတစ်ခုတွင် တွေ့ရသော နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင် နှင့် အရာရှိများ

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် စစ်တပ်က အဆိုပြုခြင်းကို လက်ခံလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ နေရာတွင် ၀င်ရောက်လာဖွယ်ရှိသည်ဟု ယူဆချက်များ ပေါ်ပေါက်လာသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် မကြာမီက အနားယူသွားသည့် ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး နေရာကို အစားထိုးတာဝန်ယူရန် စစ်တပ်က လွှတ်တော်သို့ အဆိုပြုပြီးဖြစ်သည်။ ဒုသမ္မတ ရာထူး တရားဝင် ထမ်းဆောင်ရန် လွှတ်တော်နာယက ဦးခင်အောင်မြင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

လစ်လပ်နေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် နေရာကို မည်သူ ၀င်ရောက်မည်နည်းဟု ရန်ကုန်တွင် မေးခွန်းထုတ်နေစဉ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် လွှတ်တော်သို့ ရုတ်တရက် ရောက်လာခြင်း ဖြစ်သည်။

အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်သည် ထိုဒေသလွှတ်တော်ရှိ ကိုယ်စားလှယ်များထဲမှ ရွေးချယ် ခန့်အပ်ရမည် ဖြစ်သည်။

စစ်တပ်က လွှတ်တော်အသီးသီးသို့ စေလွှတ်ထားသော ကိုယ်စားလှယ်များတွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် ရာထူးအမြင့်ဆုံး စစ်အရာရှိဖြစ်သည်ဟု သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ် တာဝန်ယူစဉ် စစ်အစိုးရက သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။ တိုင်းမှူးတာဝန်ယူစဉ် ၂၀၁၀ သြဂုတ်လတွင် စစ်ထောက်ချုပ် အဖြစ် ရာထူးပြောင်းလဲသွားသည်ကို တွေ့ရသည်။

စစ်ထောက်ချုပ် အဖြစ် တနှစ်ကြာ တာဝန်ယူရသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် စစ်ထောက်ချုပ်ရာထူး ပြုတ်သွားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ် (၄) တက်ရောက်ခဲ့သူဖြစ်ကြောင်း၊ သူ၏ ဇနီးမှာ ဒေါ်ဆွေဆွေဦး ဖြစ်ကြောင်း သိရသည်။

Posted by Moemaka at 7:28 PM 0 comments  

Kamar pale - Poem

ပျင်းပျင်းရှိတဲ့အခါ အနုပညာနဲ့ နိုင်ငံရေးစကားပြောကြရအောင်
ကမာပုလဲ
ဇူလိုင် ၁၁၊ ၂၀၁၂



သစ်ကောင်းအိမ်
မင်းက အမေရိကားမှာ ဆူရှီလိပ်ရင်း ကဗျာရေးတယ်
ငါက
နယ်စပ်တကြောမှာ ယောင်ပေပေကျန်ရစ်ရင်း ကဗျာရေးတယ် ...။

မင်းပို့တဲ့ ချွေးနည်းစာနဲ့
မင်းညွှန်ကြားချက်အတိုင်း
ဒေးမူဆိုင်ကို ငါသွားတယ်
မင်းမပါတဲ့ ကျောက်စားပွဲမှာ
သူလာချပေးတဲ့ အမြည်းဟာ ဆားပေါ့နေတယ်ကွာ ...။

ပြီးတော့ ဆောင့်ကြီး အောင့်ကြီးနဲ့ ရေခရား လာချတယ်
၈ နာရီထိုးရင် ဆိုင်ပိတ်မယ်ဆိုတဲ့အကြောင်း
အကြွေး မရောင်းနိုင်ဘူးဆိုတဲ့အကြောင်း
ဟိုလူ ... ဦးတို့ထဲကယူသွားတဲ့
(သောက်သွားတယ် ပြောရင်ပိုမှန်ပါတယ်ကွာ)
အဲ ... အဲဒီအကြွေးကို
ဘယ်သူ ဘယ်တော့ ဆပ်မလဲ ဆိုတဲ့အကြောင်း
အာဏာသံပါပါနဲ့ နှင်တာခံရသေးတယ် မောင် ...။

ငါတို့လည်း ညစ်ညစ်နဲ့
ထမပြန်နိုင်သေးဘဲ
ကြီးကြီးကျယ်ကျယ် နိုင်ငံရေးအကြောင်းတွေ
ဆွေးနွေးကြတယ် ...။
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းနေတဲ့အကြောင်း
တရုတ်နဲ့ အမေရိကန်
ဘယ်သူ မိတ်ဆွေဖြစ်သင့်သလဲ ဆိုတဲ့အကြောင်း
စု၊ လွှတ်၊ တွေ့အကြောင်း
ပါတီ မှတ်ပုံတင်ခြင်းအကြောင်း
ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ဝင်မယ့်အကြောင်း
ကချင် စစ်ပြေးဒုက္ခသည်တွေအကြောင်း
ပြေးဖို့ပြင်နေတဲ့ ရှမ်းပြည်သူတွေအကြောင်း
ရခိုင် ပဋိပက္ခတွေအကြောင်း
အမေရိကန် စစ်တပ်ကြီးအကြောင်း
စုံလို့ပေါ့ကွာ ...။

ညည့်က နက်လာလေ
စကားက ပြောကောင်းလေပဲ
မင်းရှိရင် ပိုတောင်ညည့်နက်ဦးမယ် ...။

ဗင်ဂိုးအကြောင်း
ပေါလ်ဂေါ်ဂင်အကြောင်း
ကဗျာဆရာ တရားဝင် မှတ်ပုံတင်ကြတဲ့အကြောင်း
ဂျူးလီးယက် ဆီဇာအကြောင်း
ဘလူးဒတ်အကြောင်း

မင်းနဲ့ငါ
သောက်ရေသန့် ဆယ်ဘတ်တန်ကို
ဝယ်မသောက်နိုင်တဲ့ နေ့တွေအကြောင်း
ကိုဆက်ဟာ ငါ့ထက်ပိုမိုက်တဲ့အကြောင်း
စုံနေတာပဲကွာ ... ။

မင်းရှိကတည်းက မရှိတော့တဲ့သူတွေ
ကိုထက်မိုးကွာ
ဂုရုကွာ
ဟိုကောင် ငြိမ်းလူကွာ
ဒီလူတွေ
သူတို့ ကဗျာတွေအပေါ် အနိုင်ယူသွားတဲ့ကိစ္စ ...။

ညည့်က နက်နက်လာတယ်ကွာ
ဒေးမူက
မျက်နှာတည် မျက်နှာထားနဲ့ကြည့်တော့
(သူ့အတွင်းစိတ်ရဲ့ ရင်းနှီးတဲ့အပြုံးကိုတော့ သူဖုံးကွယ်မထားနိုင်ပါဘူးပေါ့)
၉ နာရီတောင် ကျော်နေပြီ
ဒါနဲ့
ကျသင့်သမျှကို လက်ငင်းစနစ်နဲ့ ပေးချေ
ဆိုင်ရှင်ကို တောင်းပန် အပြုံးလေး ပြုံးပြီး
လမ်းမပေါ် ပြန်ရောက်တော့
သစ်ကောင်းအိမ်ရေ
ငါတယောက်တည်းကွာ ...။ ။
Posted by Aung Htet at 8:03 AM 0 comments  

Witt Hmone (Singpore) - Articles

ဈေးကြီးလှသော ပြည်မြန်မာပြည်
ဝတ်မှုန် (စင်ကာပူ)
ဇူလိုင် ၁၁၊ ၂၀၁၂



စင်ကာပူနိုင်ငံသားမိတ်ဆွေသစ်တဦးက မြန်မာစကားသင်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်တယ်ဆိုပြီး ဆွေးနွေးဖြစ်ပါတယ်။ မြန်မာပြည်တော့ သွားဖွင့်ဖို့ ငွေကြေးမတတ်နိုင်လို့ စင်ကာပူမှာပဲ ဖွင့်ထားတာရှိတယ်။ သူတို့ Golden Mine ရှော့ပင်စင်တာမှာ အခန်းရှိပြီးသား။ ခင်ဗျားတို့ မြန်မာတွေရဲ့ ပင်နီစူလာပလာစာက အခန်းခဈေးကြီးလွန်းလို့ မငှားနိုင်သေးကြောင်း၊ စင်ကာပူလာတဲ့ နိုင်ငံခြားသား တနှစ်ကို ၅ သန်း လောက်မှာ ၁ ရာနှုန်းပဲ မြန်မာပြည်ကိုအလည်သွားဦးတော့ သူတို့က မြန်မာစကား အနည်းကျဉ်းတော့ သင်ချင်မှာပဲ။ ဒါကြောင့် ထမင်းစား ရေသောက်၊ မြန်မာစကားသင်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ချင်ကြောင်း၊ ပြီးတော့ သူက ဗီယက်နမ်နိုင်ငံမှာလည်း စီးပွားရေးတွေ လုပ်ခဲ့ ကြောင်း၊ သူက အရှေ့တောင်အာရှ ဘာသာစကားများ ထမင်းစားရေသောက်တတ်ကြောင်း၊ ထိုင်း၊ မလေး၊ ဖိလစ်ပင်း၊ ကမ္ဘောဒီယားစကား များနဲ့ နောက်ဆုံး ဗီယက်နမ်စကားဖြစ်ကြောင်း၊ သူ့ရဲ့ ဆမ်ဆောင်းဂယ်လစီတယ်လီဖုန်းမှာ Lingopal ဆိုတဲ့ ဗီယက်နမ်စကားပြော လေ့ကျင့် ခဏ်းကို ဖွင့်ပြတယ်။ သူပြောလို့ ကျွန်တော်ရဲ့ iPhone ဖွင့်ပြီး၊ Lingopal ကို ဒေါင်းလုပ်ကြည့်တယ်။ လေ့ကျင့်ခဏ် ၂၂ ခုမှာ ပထမ ၂ ခုကို အခမဲ့ ဒေါင်းလုပ်ခွင့် FREE ပေးတယ်။ ကျန်တဲ့ ၂၀ ခုကိုလိုချင်ရင် US$1.99 ပေးရမယ်ဆိုလို့ ရပ်ထားတယ်။

နောက် everydayviet.com ဆိုတဲ့ အင်တာနက်ကို ဖွင့်ပြပြီး၊ အဲဒီထဲက တနေ့ စကားလုံး ၄ လုံးပဲ Self Learning Vietnamese သင်ခန်းစာ ၃ မိနစ်ကို ဖွင့်ပြတယ်။ စိတ်ဝင်စားစရာပဲ .. တနေ့တလံ၊ ပုဂံဘယ်ပြေးမလဲပေါ့... တလလောက် အချိန်ပေးလေ့ကျင့်ရင် ဘာသာစကားပြောတာ တော့ လွယ်မှာပါ။ ရေးတတ်၊ ဖတ်တတ်ဖို့တော့ ခက်မှာပေါ့။

မြန်မာနိုင်ငံက Now Opening Business for Foreigners လို့ပြောပြီး၊ သူက မြန်မာပြည်ကို ဘာသွားလုပ်ရမလဲ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ ကျွန်တော်ကတော့ ရိုးရိုးပဲ မေးပါတယ်။ What is your main purpose? Tell me openly.. လို့မေးလိုက်တော့ .. ဟိုလိုလို၊ သည်လိုလို ဖြေပါတယ်။ ဒါနဲ့ပဲ ဇတ်လမ်းပြီးသွားပါတယ်။ သူ့မှာ ရည်ရွယ်ချက်ကောင်းကောင်း မရှိပါဘူး။ တိုးရစ်တွေကို ကူညီချင်သလိုလို၊ မြန်မာတွေကို ကူညီချင်သလိုလို၊ ပြီးတော့ စီးပွားရေးလုပ်ပြီး အမြက်အစွန်းရချင်တယ်ဆိုလဲ ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။

ရည်ရွယ်ချက်ကို မရေယာ၊ မသေချာ၊ မပြောရဲ ဖြစ်နေသူအတွက်တော့ ဘာလုပ်ငန်းလုပ်လုပ်၊ အောင်မြင်ဖို့မလွယ်ဖူးဆိုတာ စဉ်းစားနေမိ ပါတယ်။

ဒါနဲ့ ကိုယ့်ရဲ့အိုင်ဖုန်းကို Apple Store မှာ Burmese ဆိုပြီး ရိုက်နှိပ်ရှာကြည့်တယ်။ I-lingo learn burmese ဆိုတာတွေ့လို့ အလကားရမ လားဆိုပြီး နိုင်ငံခြားသားအတွက်ကြည့်တော့ US$12.98 တောင်ပေးရတယ်။ ဗီယက်နမ်ဘာသာစကားထက် ဈေးကြီးလှချည်လား ရွှေဗမာတို့ရယ် ...။

Thein Sein and new US ambassador in NPDse Security Minister ‎


အမေရိကန်သံအမတ်သစ် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ
မိုးမခအထောက်တော် အမှတ် ဝဝ၁
ဇူလိုင် ၁၁၊ ၂၀၁၂

(ဓာတ်ပုံများ - မြန်မာသမ္မတရုံး)

မြန်မာပြည်သို့ ယနေ့ရောက်လာသော အမေရိကန်သံအမတ် ဒဲရက်မစ်ချယ်သည် နေပြည်တော်သို့သွားရောက်ကာ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

၎င်းသည် ၂၂ နှစ်အတွင်း ပထမဆုံးသော မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်သည်။
အမေရိကန်အစိုးရ၏ မူဝါဒအရ မြန်မာနှင့် သံဆက်သွယ်ရာတွင် သံမှူးအဆင့်သာ ထားရှိခဲ့သည်။

ဒဲရက်မစ်ချယ်သည် မကြာသေးခင် ကာလအထိ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန်များ ထမ်းရွက်ခဲ့ပြီး နေပြည်တော်အစိုးရခေါင်းဆောင်များနှင့် ထိတွေ့ ပြောဆိုဖူးသူဖြစ်သည်။




Posted by Moemaka at 4:15 AM 0 comments  

TUESDAY, JULY 10, 2012

Saw Ngo - Peace Process of Regime - dead or alive?


ကာတွန်းစောငို - ကြံ့ဖွတ်၏ ငြိမ်းချမ်းရေးဆိုတာ အရှင်မရ၊ အသေရ
ဇူလိုင် ၁၁၊ ၂၀၁၂


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives




--



 






Reply all
Reply to author
Forward
0 new messages