ထွက်ပြေးတိမ်းရှောင်နေသော အက်ရှင်အေ့ ၀န်ထမ်း မုဒိမ်းကောင်
ပေါင်စွမ်းခိုင်အားထိရောက်စွာအေ
ရးယူပေးပါရန် တောင်းဆိုခြင်း။
ActionAid Myanmar ၏ စီမံကိန်းတစ်ခုဖြစ်သော DIPICHO PROJECT မှ
ကျေးရွာစည်းရုံးရေးရာထူးဖြင့် အလုပ်လုပ်ကိုင်နေသာ အိုင်မကျေးရွာ ရှိ
မနော်ကြူကြူ အမည်ရှိ ကရင်အမျိုးသမီးငယ်ကလေးတစ်ဦးအား
၎င်းစီမံကိန်းတွင်အတူတူ လုပ်လုပ်ကိုင်နေသူ DRR Officer အဆင့်ရှိ
ပေါင်စွမ်းခိုင် (ချင်းလူမျိုး) မှ အဓ္ဓမသွေးဆောင်ဖျားယောင်း ၍
ခြိမ်းခြောက်ပေါင်းသင်းခဲ့သည်။ ထိုနောက် တရားဝင်လက်ထပ်ယူပါမည်
ဟုနှစ်သိမ့်ကာ မည်သူကိုမျှမတိုင်ရန် ပြောဆိုခဲ့ပါသည်။ ထိုကဲ့သို့
ကျူးလွန်ခဲ့ပြီး ၂လခန့်ကြာသောအခါ မကြူကြူမှ ကိုယ်ဝန်ရှိလာသောအခါ
ထိုကိုယ်ဝန်ကို တာဝန်မယူနိုင်ကြောင်းပြောဆို ပြီး အတင်း
ကိုယ်ဝန်ဖျက်ချရန်ကြိုးစားခဲ့ပါသည်။ မကြူကြူမှ လုံးဝလက်မခံသောအခါ
ပေါင်စွမ်းခိုင်မှ လူကြီးများနှင့် လာရောက်
တောင်းယူပါမည်ဟုပြောကြားခဲ့ပြီး ခဏပြန်ဦးမည်ဟုပြောဆိုခဲ့ပါသည်။
ထိုနေ့ကစ၍ ယနေ့ထိတိုင် ပေါင်စွမ်းခိုင်မှာ လုံးဝမဆက်သွယ်တော့ပဲ
ရှောင်တိမ်းနေပါသည်။ စော်ကားခံရသူ အမျိုးသမီးလေးမှာ
အရှက်တကွဲအကျိုးနဲ့ဖြစ်ရသည့်အပြင် အက်ရှင်အေ့ဒ်အဖွဲ့အနေနှင့်
ကျေးရွာလူထုအား စော်ကားလိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုမိန်းကလေးနှင့်
ပတ်သက်သော မိသားစုအသိုင်းအ၀ိုင်းမှာ မျက်နှာထားစရာပင်မတော့ပါ။
ထူးဆန်းသည်မှာ ထိုစီမံကိန်းတွင် တာဝန်ယူ လုပ်ဆောင်နေကြသော
နိုင်ငံခြားသားဝန်ထမ်း ဘင်ဂလားဒေ့ခ်ျနိုင်ငံသား မစ်စတာ တူဟစ်ကိုယ်တိုင်
သိရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ အက်ရှင်အေ့ဒ် HR Manager ဖြစ်သော
ဒေါ်မော်နီး (ချင်းလူမျိုး) သည် ပေါင်စွမ်းခိုင်နှင့် ပုဂိုလ်ရေးအရ
ရင်းနှီးသူဖြစ်ပြီး ယခုကဲ့သို့ ကိစ္စရပ်များအား အစမှအဆုံး
သိရှိခဲ့သော်လည်း ယခုအခါ သူလုံးဝမသိသကဲ့သို့ ဟန်ဆောင်နေသည့်အပြင်
ပေါင်စွမ်းခိုင်အား ကာကွယ်ရန် ကြိုးစား လျှက်ရှိသည်။ ထို့အပြင်
ပေါင်စွမ်းခိုင်အား ထွက်ပြေတိမ်းရှောင်နိုင်စေရန်အတွက်
ငွေထုပ်ပေးခဲ့သည်ဟု သိရှိရသည်။ အက်ရှင်အေ့ဒ် မှ မြို့နယ်တာဝန်ခံ အဆင့်ရှိ
ဝန်ထမ်းများဖြစ်သော အောင်မင်းနိုင်၊ ခိုင်ဇာလင်းနှင့် ဒေါ်မော်နီးတို့မှ
အက်ရှင်အေ့ဒ်နာမည်အား ကာကွယ်ရန်အတွက်ဟုဆိုကာ ပေါင်စွမ်းခိုင်ကိစ္စအား
မည်သူကိုမျှမပြောဆိုရန် ၀န်ထမ်းများအား ညွန်ကြားထားပြီး ပြောဆိုပါက
အလုပ်မှထုပ်ပြစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည် ကိုလည်း
သိရှိထားပြီးဖြစ်ပါသည်။ အက်ရှင်အေ့ဒ်အဖွဲ့သည် ၀န်ထမ်းများအား
မညာမတာခိုင်းစေချင်း၊ မိတ်ဖက်အဖွဲ့ အစည်းများပေါ်တွင် နည်းမျိုးစုံဖြင့်
အမြတ်ထုပ်ခြင်း စသည့် နာမည်ဆိုးများဖြင့်ကျော်ကြား လျှက်ရှိသော
အန်ဂျီအိုတစ်ခုဖြစ်သည်။
ထို့အပြင် အက်ရှင်အေ့ဒ်အဖွဲ့သည် အမျိုးသမီးများ ကာကွယ်ရန်
ပြည်တွင်း၊ပြည်ပ အန်ဂျီအိုများ စုစည်းထားသော Women Protection Group တွင်
ဥကúဌအဖြစ်တာဝန်ယူထားသောအဖွဲ့ ဖြစ်ပါသည်။ အက်ရှင်အေ့ဒ်အဖွဲ့ကြီးသည်
လူ့အခွင့်အရေးကိုအခြေခံသော ဖွံဖြိုးရေးနည်းလမ်းစဉ်ဖြင့်
ကျေးလက်ဖွံဖြိုးရေး
လုပ်ငန်းများလုပ်ဆောင်နေသောအဖွဲ့ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။
လူ့အခွင့်အရေးများကို ကိုယ်တိုင်လုပ်နေ ကြပြီး
ကိုယ်တိုင်လူ့အခွင့်အရေးများချိုးဖောက်နေခြင်းမှာ
လွန်စွာမှရှက်ဖွယ်ကောင်း လှပါသည်။ အမျိုးသမီးများ ၏ အခွင့်အရေးကို
ချိုးဖောက်နေသူများအား အက်ရှင်အေ့ဒ်အဖွဲ့ကြီးမှ ကာကွယ်ပေးနေသည်ကို
ကြည့်ခြင်းအားဖြင့် အမျိုးသမီးအဖွဲ့များအနေနှင့် ၀ံပုလွေလက်ထဲ
သိုးအုပ်အပ်သကဲ့သို့ဖြစ်ပါလိမ့်မည်။
အထက်ဖော်ပြပါကိစ္စရပ်များနှင့် ပက်သက်၍ အက်ရှင်အေ့ဒ်အဖွဲ့ကြီးအား
ကျွန်ုပ်တို့ တောင်းဆိုလိုသည်မှာ တရားမျှတရေးဖြစ်ပါသည်။
တရားမျှတစေရန်အတွက် အောက်ပါအတိုင်း အချက် (၃) ချက်ကို (၇) ရက်အတွင်း
ပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်။
၁။ လူမဆန်စွာ ပြုမှုခဲ့သော ပေါင်စွမ်းခိုင် အား တွေ့အောင်ရှာ၍
၎င်းကျူးလွန်ခဲ့သော အပြစ်များကို သက်ဆိုင်သောသူများထံတွင်တောင်းပန် ၍
ကိုယ့်တာဝန်ကိုယ်ယူရန်။
၂။ ဂုဏ်သိက္ခာပိုင်းအရ နှစ်နာခဲ့သူများအား ထိုက်သင့်သော နှစ်နာကြေးပေးရန်။
၃။ အက်ရှင်အေ့ဒ်အဖွဲ့အနေနှင့် အိုင်မရွာသူ ရွာသားများအား တရားဝင်တောင်းပန်ရန်။
အကယ်၍ (၇) အတွင်း ပြသနာများအားပြေလည်အောင်မဖြေရှင်းပေးနိုင်ပါက
တရားမျှတမှုကိုမြတ်နိုးသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍
ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ ထို့အပြင်
ဥပဒေကြောင်းအရလည်း ပြစ်မှုကျူးလွန်သူ ပေါင်းစွမ်းခိုင်အပါအ၀င်
ထွက်ပြေးလွတ်မြောက်ရန်နှင့် သတင်းဖုံးကွယ်ရန်
အားပေးအားမြောက်ပြုလုပ်သူများအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း
သတိပေးအပ်ပါသည်။ ကျွန်ုပ်တို့ ထံ၌တိကျခိုင်မာသော သတင်းအချက်အလက်များနှင့်
မျက်မြင်သက်သေများ စုဆောင်းရရှိထားပြီဖြစ်သည်။
(၇) ရက်အတွင်းပြေလည်အောင်မဖြေရှင်းပေးနိုင်ပါက
အောက်ဖော်ပြပါအဖွဲ့အစည်းများကို ဆက်လက်တိုင်ကြားသွားမည်ဖြစ်သည်။
၁. မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်
၂. မြန်မာနိုင်ငံအမျိုးသမီးရေးရာအသင်း
၃. ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
၎. အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၅. အလှူရှင်အဖွဲ့အစည်းများ (DIPICHO, EU)
၆. အက်ရှင်အေ့ဒ်အင်တာနေရှင်နယ်ရုံးချုပ် (တောင်အာဖရိက)
၇. ဘင်္ဂလားဒေ့ခ်ျသံရုံး
၈. မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးများနှင့် အန်ဂျီအိုများ
၉. ပြည်တွင်းပြည်ပ မီဒီယာများ
၁၀. ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
မှတ်ချက်။ ။ယနေ့ ၁၇.၁၁.၂၀၁၁ မှစ၍ စတင်ရေတွက်မည်ဖြစ်သည်။
ဦးဘညွန့်နှင့်တရားမျှတရေးလိုလားသူများ
လတ်ပွတ်တာမြို့၊ ဧရာဝတီတိုင်း။