Fwd: မြန်မာနိုင်ငံ ရှိ ဆီစက်များအားလုံး မကြာမီ ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရှိ

5 views
Skip to first unread message

Nyi Nyi Aung

unread,
Jun 26, 2012, 8:21:45 AM6/26/12
to Dr Aung Kay Tu, Dr Aung Kyaw Myo, Dr Aung Tun Oo, Dr Aye Aye Khine Lwin, Dr Aye Lin Aung, Dr Cherry Khaing, Dr Chit Thet Aung, Dr Chit Thet Aung, Dr Chit Thet Aung, Dr Hla Phone Dr Myint Myint Aye, Dr Hnin Su Su Khin, Dr Htay Htay Maw, Dr Khin Kyaw Nyo, Dr Khin Mar Mar, Dr Khine Saw Thant, Dr Ko Ko Htun, Dr Kyi Khine, Dr Kyi Soe Win, Dr Lin Aung, Dr May Thi Lwin, Dr Mi Mi Khine, Dr Min Hnin Thein, Dr Min Htet Zaw, Dr Min Htet Zaw's wife, Dr Min Htun + Dr Htar Nyein, Dr Min Khine Maw, Dr Min Khine Maw, Dr Moe Khaing, Dr Moe Moe Htun, Dr Moe Moe Khaing, Dr Myat Kyaw Thu, Dr Nan Naing Naing Shein, Dr Nan Naing Naing Shein, Dr Nay Lwin, Dr Ni Ni Khin, Dr Nu Nu Hlaing, Dr Nwe Ni Than, Dr Nwe Nwe Oo, Dr Nyi Nyi Htun, Dr Nyi Nyi Latt, Dr Nyi Nyi Lwin, Dr Olive, Dr Sai Sam Noon, Dr Sao Lawng Wang, Dr Saw Myint Htun, Dr Saw Wut Hmone, Dr Shwe Sin Htike, Dr Shwe Yi Win, Dr Su Su Aung, Dr Thant Zaw Oo, Dr Thida Aung, Dr Tin Kyu Kyu Khaing, Dr Tin Myo Aung, Dr Win Min Than, Dr Win Win Htay, Dr Yi Yi Win, Dr Zaw Win Htut, Dr Zin Zayar Win, Group email

မကြာခင် တရုတ်ထံမှ စားသုံးဆီများကို မတန်တဆဈေးနှင့် ၀ယ်ကြရတော့မည်။


မြန်မာနိုင်ငံ ရှိ ဆီစက်များအားလုံး မကြာမီ ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရှိ

ရန်ကုန်၊ ဇွန်-၁၃

မြန်မာနိုင်ငံ ရှိဆီစက်များ အားလုံး လာမည့် ဇူလိုင်လအတွင်း ကုန်ကြမ်းအခက်အခဲကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရာရှိကြောင်း အထက်မြန်မာပြည် ဆီကုန်သည်များအသင်း ဥက္ကဌ ဦးကိုကြီး က ပြောကြားသည်။

မြေပဲဆန်ကုန်ကြမ်းပြတ်လပ်သွားသည့် အတွက် မြေပဲဆန်ကုန်ကြမ်းအဓိကထွက်ရှိရာ ဈေးကွက်တစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး အပါအ၀င် မြန်မာတစ်ပြည်လုံးရှိ ဆီစက်လုပ်ငန်း ၉၀ရာခိုင်နှုန်းခန့် လုပ်ငန်းရပ်ဆိုင်းလျက်ရှိကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

မြေပဲဆန် တရားဝင် တင်ပို့ခွင့် ပြုပြီးနောက်ပိုင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များ သည် မြန်မာမြေပဲဆန်များကို ပြည်တွင်း ဆီစက် လုပ်ငန်းရှင်များ မလိုက်နိုင်သည့် ဈေးများပေးကာ အပြိုင် ၀ယ်ယူခဲ့ကြောင်း ၊ တရုတ် လုပ်ငန်းရှင်များသည် ပထမပိုင်းတွင် မြေပဲလုံးဆန်များကိုသာ ရွေးချယ် ၀ယ်ယူခဲ့သော်လည်း နောက်ပိုင်း၌ ဆီစက်လုပ်ငန်းများ ၏ အဓိက ကုန်ကြမ်း မြေပဲဆီဆန်များကိုပါ လိုက်လံ ၀ယ်ယူခဲ့ရာ ဈေးကွက် အတွင်း ၌ မြေပဲကုန်ကြမ်း လုံးဝ ပြတ်လပ်သွားပြီ ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီး ၌ ပန်းနှမ်း နှင့် နှမ်းဆီကြိတ်သည့် စက်များသာ လည်ပတ်မှု ရှိတော့ကြောင်း ဦးကိုကြီး က ပြောကြားသည်။

သူတို့ လုံးဆန်ဝယ်တဲ့အချိန်မှာ ပြည်တွင်း က ပထမတန်းစားစက်တွေ က သူတို့ နဲ့ အပြိုင် လိုက်ဝယ်လိုက်သေးတယ်။ ကျန်တဲ့ စက်တွေကတော့ သူတို့မ၀ယ်တဲ့ ရွေးကျ နဲ့ ဆီဆန်ကိုပဲ ၀ယ်သုံးရတာပေါ့။ နောက်ပိုင်း ဆီဆန်တွေပါ လိုက်ဝယ်လာတော့ ရွေးကျတောင် ထွက်မလာတော့ဘူး။ မန္တလေး လို ကုန်ကြမ်း အဓိက ထွက်တဲ့နေရာတောင် လွန်ခဲ့ တဲ့ တစ်လလောက်ကတည်းက စက်တွေ ရပ်သွားတာ ။ နောက်လ ဆိုရင်တော့ ဆီစက်အားလုံး ရပ်ပြီ။ ဟု ဦးကိုကြီး က ဆိုသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင်လည်း ဆီစက်အားလုံး နီးပါးခန့် လည်ပတ်မှု ရပ်ဆိုင်းလျက်ရှိရာ စက်ငယ်ပြီး ကုန်ကြမ်းသိုလှောင်မှု အားကောင်းသည့် လုပ်ငန်းငယ်အချို့သာ စက်လည်ပတ်မှုရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ဧရာဝတီမြေပဲဆီစက်လုပ်ငန်းရှင် ဦးခင်စိုး က ပြောကြားသည်။

ပြည်တွင်းပဲဈေးကွက်များအတွင်း မြေပဲဆန် ကုန်ကြမ်းပြတ်လပ်သွားသည့်အတွက် ဆီဈေးကွက် ၌ မြေပဲဆီပေါက်ဈေးသည် မေလ ဒုတိယပတ်ခန့် က တစ်ပိဿာ ကျပ် ၄,၀၀၀ကျပ်ခန့် ဈေးပေါက်ခဲ့ရာ မှ တဖြည်းဖြည်းမြင့်တက်လာရာ ဇွန်လ တတိယပတ် ခန့် က မြေပဲဆီ တစ်ပိဿာ ပေါက်ဈေးသည် ၄,၇၀၀ ကျပ် ခန့်ထိ ဈေးမြင့်တက်လာကြောင်း ၊ လက်ရှိကြုံတွေ့နေရသည့် ကုန်ကြမ်းအခက်အခဲများသည် လာမည့် သြဂုတ်လပိုင်း မြေပဲသစ်ပေါ်ချိန်ရောက် မှသာ ပြေလည်သွားနိုင်ကြောင်း ဦးခင်စိုးကပြောကြားသည်။

မြန်မာ နိုင်ငံ တစ်ဝှမ်းလုံးတွင် ပိဿာ ၁၁၀ ပါ ဆီ ၂ ပီပါ မှ ပီပါ ၂၀၀ ကျ ဆီစက်ပေါင်း ၃,၀၀၀ခန့်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များ ထံမှစုံစမ်းသိရှိရသည်။

မြေပဲဆန် အပါအ၀င် ဆီထွက်သီးနှံ အချို့ ကို ပြီးခဲ့သည့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် အတွင်း က ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြုခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ၏ တစ်လ စားသုံးဆီ လိုအပ်ချက်သည် တန်ချိန် ငါးသောင်းခန့် လိုအပ်မှုရှိရာ ပြည်ပ မှ စားအုန်းဆီ တန်ချိန် သုံးသောင်းခန့် တင်သွင်းပြီး ကျန် တန်နှစ်သာင်းကို ပြည်တွင်း မြေပဲဆီ ၊ နှမ်းဆီ နှင့် တရားမ၀င် ၀င်ရောက်လာသည့် ဆီများကို သုံးစွဲရလျက် ရှိကြောင်း ပြည်တွင်း ဆီဈေးကွက် အတွင်း မှ စုံစမ်း သိရှိရသည်။
 



Reply all
Reply to author
Forward
0 new messages