Fwd: မွေးရာပါ ခါးရိုးကောက်ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိသည့် ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသမည်

6 views
Skip to first unread message

Nyi Nyi Aung

unread,
Mar 6, 2012, 10:43:04 PM3/6/12
to Dr Aung Kay Tu, Dr Aung Kyaw Myo, Dr Aung Tun Oo, Dr Aye Aye Khine Lwin, Dr Aye Lin Aung, Dr Cherry Khaing, Dr Chit Thet Aung, Dr Chit Thet Aung, Dr Chit Thet Aung, Dr Hnin Su Su Khin, Dr Htay Htay Maw, Dr Khin Kyaw Nyo, Dr Khin Mar Mar, Dr Khine Saw Thant, Dr Ko Ko Htun, Dr Kyi Khine, Dr Kyi Soe Win, Dr Lin Aung, Dr May Thi Lwin, Dr Mi Mi Khine, Dr Mi Mi Khine, Dr Min Hnin Thein, Dr Min Htet Zaw, Dr Min Htet Zaw's wife, Dr Min Htun, Dr Min Khine Maw, Dr Min Khine Maw, Dr Moe Khaing, Dr Moe Moe Htun, Dr Moe Moe Khaing, Dr Myat Kyaw Thu, Dr Nan Naing Naing Shein, Dr Nan Naing Naing Shein, Dr Nay Lwin, Dr Ni Ni Khin, Dr Nu Nu Hlaing, Dr Nwe Ni Than, Dr Nwe Nwe Oo, Dr Nyi Nyi Htun, Dr Nyi Nyi Latt, Dr Nyi Nyi Lwin, Dr Olive, Dr Sai Sam Noon, Dr Sao Lawng Wang, Dr Saw Myint Htun, Dr Saw Wut Hmone, Dr Shwe Sin Htike, Dr Shwe Yi Win, Dr Su Su Aung, Dr Thant Zaw Oo, Dr Thida Aung, Dr Tin Kyu Kyu Khaing, Dr Tin Myo Aung, Dr Win Min Than, Dr Win Win Htay, Dr Yi Yi Win, Dr Zaw Win Htut, Dr Zin Zayar Win, Group email

share!

‎(သူငယ်ချင်းတို့အသိတွေရှိရင်ပြောပေးကျပါရှင်၊ဒီသတင်းလေးကို)

ပြင်သစ်နှင့်မြန်မာ အရိုးခွဲစိတ်အထူးကုဆရာဝန်များပူးပေါင်း၍

 မွေးရာပါ ခါးရိုးကောက်ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိသည့် ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသမည်


မွေးရာပါ ခါးကိုးကောက်ခြင်း၊ ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိသည့်အသက် 

၁၈ နှစ် အောက်ကလေးငယ်များကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်မှ ၃၀ ရက်နေ့အထိ

 ကြည့်မြင်တိုင် အရိုးရောဂါကု ဆေးရုံကြီးနှင့် ရန်ကုန်ကလေးဆေးရုံကြီးတို့တွင် 

အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမဲ့ခွဲစိတ်ကုသေပေးခြင်းကို

 မြန်မာနိုင်ငံရှိ ခါးရိုးခွဲစိတ်ကုဆရာဝန်များအဖွဲ့နှင့်

 ပြင်သစ်နိုင်ငံမှ ခါးရိုးကောက်ခွဲစိတ်အထူးကု ဆရာဝန်ကြီး fProfessor Dr.Sale Degauzy နှင့်အဖွဲ့တို့မှ

ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိမွေးရာပါ ခါးရိုးကောက်ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိ သည့်

အသက် ၁၈ နှစ်အောက် ကလေးငယ်များကို ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး 

မည်သည့်အခကြေးငွေမျှပေးရန် မလိုကြောင်းသိရသည်။

ခါးရိုးကောက်လူနာများကိုခွဲစိတ်ကုသရာတွင် တစ်ဦးလျှင်ခွဲစိတ်ချိန်

ခုနစ်နာရီမှ ရှစ်နာရီခန့်ကြာ မြင့်ပြီး ခါးရိုးတွင် ထောက်ကူပစ္စည်းကိရိယာများ အသုံးပြု၍ 

ခိုင်မာခံ့ဖြောင့်မတ်အောင် ခွဲစိတ်ပြုလုပ်ရခြင်းဖြစ် ကြောင်းနှင့် 

ခွဲစိတ်ကုသမည်ဆိုပါက ကျပ်သိန်း ၂၀၀ မှ ၃၀၀ ၀န်းကျင်ကုန်ကျနိုင်ကြောင်း 

ရန်ကုန်ပြည်သူ့ဆေး ရုံကြီး အရိုးထိခိုက်ဒဏ်ရာဌာနမှ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပြခဲ့သည်။

" ခွဲစိတ်မှု လုပ်ပြီးတဲ့သူတွေက တစ်ရက် (၂၄ နာရီ)လောက် လှဲနေရပြီး

 နောက်တစ်ရက်ဆိုရင် ထိုင်နိုင်၊ မတ်တပ်ရပ်နိုင်နေပါပြီ။

 ဆေးရုံမှာ နှစ်ပတ်လောက်နေပြီးစိတ်ခ်ျရပြီဆိုရင် တစ်လလောက်မှာ ပုံမှန်အ တိုင်း ကျောင်းပြန်တက်နိုင်နေပါပြီ။ 

ခါးရိုးကောက်ရောဂါဖြစ်တာက ကလေးတွေမှာဖြစ်တာများပြီး 

ခွဲစိတ်မှုကို အသက် ၂၀ နဲ့ ၂၅ နှစ်မတိုင်မီ လုပ်ရင်အကောင်းဆုံးပါ။

 စောစောကုရင်ပြန်ကောင်းနိုင်ပေမယ့် နောက်ကျမှလာ ကုရင် ခွဲစိတ်ဖို့တောင် တော်တော်ခက်ခဲပါတယ်" 

ဟုပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ဆက်လက်ပြောကြားခဲ့ သည်။ 

အသက် ၁၈ နှစ်အောက် ခါးရိုးကောက်၊ ခြေလက်တင်ပါးဆုံအဆစ်ကောင်းမွန်ခြင်းမရှိသည့် 

ကလေးငယ်များခွဲစိတ်ကုသလိုပါက 

ရန်ကုန်မြို့ ကြည်မြင်တိုင်အရိုးရောဂါကုဆေးရုံကြီး အဆောင်(၃)သို့ ဆက် သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


 Source: Weekly Eleven News Journal
 



Reply all
Reply to author
Forward
0 new messages