ဆွေးနွေးပွဲဖိတ်ကြားခြင်း
သက်ဆိုင်ရာပညာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၊ ပညာရှင်များကို ပြည်တွင်းအဖွဲ့အစည်းများနှင့် ဆက်စပ်ပေးပြီးအသိပညာ၊အတွေ့အကြုံများဖလှယ်၊ လက်ဆင့်ကမ်းနိုင်စေရန်အတွက်အပတ်စဉ် စနေနေ့တိုင်း Share Spaceအစီအစဉ်ကိုဆောင်ရွက်လျက်ရှိပါသည်။
ယခုအပတ်တွင်'The Place of Myanmar in South East Asia'ခေါင်းစဉ်ဖြင့်ဒေါက်တာသိန်းဆွေမှမှဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။အထူးသဖြင့် ပထ၀ီနိုင်ငံရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့်များမှ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံအခန်းကဏ္ဍ၊ ရပ်တည်မှုအနေအထားနှင့် လက်ရှိနိုင်ငံတကာဆက်ဆံရေးနှင့် ပထ၀ီနိုင်ငံရေးအခြေအနေတို့ကို နောက်ခံထားပြီး မြန်မာနိုင်ငံအနေနှင့် မည်ကဲ့သို့ ရပ်တည်သင့်သည်ကိုဆွေးနွေးသွားမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေးကိစ္စများတွင် စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါကြောင်းလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဒေါက်တာသိန်းဆွေမှာအာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) ၏ အရပ်ဖက်အဖွဲ့အစည်းများဆိုင်ရာ ကျွမ်းကျင်သူ/အကြံပေး International Civil Society Specialist (ADB Consultant) ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ်မှ ဘောဂဗေဒအထွေထွေဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီးဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်ရှိရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိဗဟိုစာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကမ္ဘာ့ဘဏ်တွင်လည်းတွဲဖက်အမှုဆောင်ဒါရိုက်တာအဖြစ် သုံးနှစ်ခန့်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ်တွင်လည်းတစ်ဆယ့်သုံးနှစ်ခန့် ရာထူးတာဝန်အမျိုး မျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးအငြိမ်းစားယူခဲ့ပါသည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိPayap University တွင် ၁၉၉၃ ခုနှစ် သြဂုတ်လမှစ၍ International MBA Programme ၏ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ ၂၀၁၂ မေလမှစ၍ ချင်းမိုင်တက္ကသိုလ်တွင် Affiliate Researcher အဖြစ်အချိန်ပိုင်းတာဝန်ထမ်း ဆောင်လျက်ရှိပါသည်။
နေ့ရက်။ ။ ဇွန်လ ၁ရက် (စနေနေ့)
အချိန်။ ။ ညနေ ၂ နာရီမှ ၅နာရီအထိ
နေရာ။ ။ အစည်းအဝေးခန်းမ (၁)၊ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre)
ဆက်သွယ်ရန်- ၀၉ ၄၂၀၀ ၇၇၃၄၆
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့