Fwd: Governance and Public Policy Training

0 views
Skip to first unread message

tuang pu

unread,
May 31, 2014, 4:02:10 AM5/31/14
to kim nu, helpinghandsorganization


---------- Forwarded message ----------
From: COM Alumni Program <comalu...@gmail.com>
Date: 2014-05-07 12:40 GMT+07:00
Subject: Fwd: Governance and Public Policy Training
To:



ီDear Alumni,
this is for your training opportunity about Public Policy...
regards,
COM-alumni program

“အုပ်ချုပ်စီမံမှု နှင့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာသင်တန်း”

          

           သန္ဓိ (SANDHI) အဖွဲ့သည် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးမှ နိုင်ငံရေးတွင် တက်ကြစွာပါဝင်လှုပ်ရှားနေသူများအား ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားဖြစ်မှု့အကြောင်းများကို သိရှိနားလည်လာစေရန်၊ နည်းဗျူပာာကျကျခေါင်းဆောင် မှု့များ၊ အုပ်ချုပ်စီမံမှု၊ ပြည်သူ့ရေးရာမူဝါဒနှင့် ပတ်သတ်သည့်အကြောင်းအရာများကို ပိုမိုသိရှိနားလည်လာစေရန်၊  ဗပာုသုတ များပို မိုရရှိစေရန် လူမှုအဖွဲ့အစည်းများကြား ဆက်ဆံရေးကွန်ယက်ပိုမိုခိုင်မာလာပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေးစသည့် ကဏ္ဍအသီးသီးတွင် ငှင်းတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှုန်း မြင့်မားလာစေရန် ရည်ရွယ်၍ “အုပ်ချုပ်စီမံမှုနှင့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာသင်တန်း” အပတ်စဉ် (၃) ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ၊ (၂၉) ရက်နေ့မှ စတင်ကာ ၂၀၁၄ ခုနှစ်၊ သြဂတ်လ၊ (၂၄) ရက်နေ့အထိ တစ်လတာသင်တန်းကို ရန်ကုန်မြို့၊ သန္ဓိသင်တန်းကျောင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

           ဤသင်တန်းတွင် နိုင်ငံရေးနယ်ပယ်၌ တက်ကြွစွာပါဝင်ဆောင်ရွက်လှုပ်ရှားနေသူများအား  စွမ်းဆောင်ရည်မြင့်မား လာစေရန် လိုအပ်သောဗပာုသုတများ၊ နည်းစနစ်များနှင့်ခေါင်းဆောင်မှုစွမ်းရည်များကို သက်ဆိုင်ရာလူမှု အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသော ကျွမ်းကျင်သည့် ဆရာ/ဆရာမများက ထိရောက်စွာ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။ သင်ကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအားလုံး ပူးပေါင်းပါဝင်ဆွေးနွေးခြင်းနည်းလမ်းများဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။

           သင်တန်းတွင် ပို့ချမည့်သင်ခန်းစာဘာသာရပ်များကို မြန်မာဘာသာဖြင့် ပို့ချပေးသွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့်သူများသည် အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ဖြစ်ရမည်။ နယ်မှသင်တန်းတက် ရောက်မည့်သူများအတွက်လည်း တည်းခိုစရိတ်၊ စားသောက်စရိတ်၊ ခရီးစရိတ်များနှင့် ရန်ကုန်မှ သင်တန်းလာရောက် တက်မည့်သူများအတွက် စားသောက်စရိတ်၊ ခရီးစရိတ်များကို သင်တန်းပြုလုပ်မည့် အဖွဲ့အစည်းမှ ကျခံပေးသွားမည် ဖြစ်ပါသည်။

           သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၊ (၂၂) ရက်နေ့တွင်
အကြောင်းပြန်ကြားပေးမည် ဖြစ်ပါသည်။

 

သင်တန်းစတင်မည့်ရက်                ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၊ (၂၉) ရက်

သင်တန်းလျှောက်လွှာပိတ်မည့်ရက်        ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၊ (၁၈) ရက်

သင်တန်းတည်နေရာ                   ။ အမှတ် (၃၁၇၊ ၆လွှာ-ဘီ)၊ Sea Green တာဝါ၊ ဗိုလ်အောင်ကျော်လမ်းနှင့်
                                   မပာာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်၊




--
Thanks for your message!!!
May God Our Lord Blessed You!!
Application.doc
Reply all
Reply to author
Forward
0 new messages