ဆွေးနွေးပွဲဖိတ်ကြားခြင်း
သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၊ ပညာရှင်များကို ပြည်တွင်းအဖွဲ့ အစည်းများနှင့် ဆက်စပ်ပေးပြီး အသိပညာ၊ အတွေ့အကြုံများ ဖလှယ်၊ လက်ဆင့်ကမ်းနိုင်စေရန် အတွက် အပတ်စဉ် စနေနေ့တိုင်း Share Space အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုအပတ်တွင် 'Federalism: Theories and Practices' ခေါင်းစဉ်ဖြင့် စာရေးဆရာကျော်ဝင်းမှ မှဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေး ကိစ္စများတွင် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ် ပါသည်။
နေ့ရက်။ ။ မေလ ၂၅ ရက် (စနေနေ့)
အချိန်။ ။ ညနေ ၂ နာရီမှ ၅ နာရီအထိ
နေရာ။ ။ အစည်းအဝေးခန်းမ (၁)၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre)
ဆက်သွယ်ရန်- ၀၉ ၄၂၀၀ ၇၇၃၄၆
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့