Fwd: FW: Invitation for Project Proposal Writing Training@Yangon

52 views
Skip to first unread message

tuang pu

unread,
May 29, 2013, 3:07:25 AM5/29/13
to helpinghandsorganization
---------- Forwarded message ----------
From: CBI Info <cbi...@myanmar.com.mm>
Date: Wed, 29 May 2013 10:16:47 +0630
Subject: FW: Invitation for Project Proposal Writing Training@Yangon
To: CBI Info <cbi...@myanmar.com.mm>

FYI



Best Regards,

Kay Khine Oo | Information Officer | CBI

# 497, 2nd Floor, Diamond Condo E, Pyay Road, Kamayut Township, Yangon, Myanmar

Ph: 95 1 501379, 95 9 45000 3042

Email: kkh...@cbiinmyanmar.org, cbi...@myanmar.com.mm



From: cbitrainin...@gmail.com
[mailto:cbitrainin...@gmail.com] On Behalf Of CBI Training
Sent: Tuesday, May 28, 2013 9:54 PM
To: cbiinfo; 99moo...@gmail.com; kyaws...@gmail.com;
mariecl...@gmail.com; mazin...@gmail.com;
mnl.l...@gmail.com; tinmyoth...@gmail.com; Aye Myat Mon;
Cherry Suu; Gam Gam; Kay Khine Oo; Khin Lay Lwin; Lay Myat Nwe; Lb
Htoi San Awng; Moe Zaw Thura; Myat Thu Htike; Naing Win Swe; Ngwe
Thein; Shune Lei Nyunt Hlaing; Su Mon Lwin; Tay Zar; Thandar Aung;
Thar Phyo; Theint Theint Linn; Thinzar oo; Wint War War; yin wai Lwin;
Yu Mon Myint
Subject: Invitation for Project Proposal Writing Training@Yangon



သို့
လူကြီးမင်းများရှင့်
စီမံကိန်းအဆိုပြုလွှာ ရေးဆွဲရေး သင်တန်းကို အောက်ပါ အစီအစဉ်များအတိုင်း
ပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံ အကြောင်းကြားအပ်ပါသည်။ယခင် ပို့ထားသော
သင်တန်းလျှောက်လွှာပုံစံကိုလည်း ဆက်သွယ်မှု ပိုမိုလွယ်ကူစေရန်
အနည်းငယ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
သဉ္ဇာဦး







စီမံကိန်းအဆိုပြုလွှာရေးဆွဲရေးသင်တန်း

မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုပေါ်အခြေခံ၍၊ ပြည်ပအထောက်ပံ့များ
ပိုမိုရရှိရန် အခြေအနေများဖြစ်ပေါ် လူမှုအဖွဲ့အစည်းများ civil society
organizations ဆီသို့လည်း ဝင်ရောက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်တွင်း
အရပ်ဖက်လူမှုအဖွဲ့အစည်းများ ထိုထောက်ပံ့ငွေများရယူဆောင်ရွက်နိုင် ရေးအတွက်
၎င်းတို့ အား စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုပါသည်။ ပထမ
ခြေလှမ်းအနေဖြင့် ထိရောက်သောစီမံကိန်း အဆိုပြုလွှာကို စနစ်တကျနှင့်
အောင်မြင်အောင် ရေးဆွဲတတ်စေရန် လေ့ကျင့် သင်ကြားပေးရေးပင်ဖြစ်ပါသည်။

စွမ်းရည်ရှေ့ဆောင်လူမှုရေးအသင်း(CBI) နှင့် အမေရိကန်နိုင်ငံ အခြေစိုက်
ပရောဂျက် ဟုပ် (Project Hope) တို ပူးပေါင်းပြီး စီမံကိန်းအဆိုပြုလွှာ
ရေးဆွဲနည်းသင်တန်းကို (၅)ရက်ကြာဖွင့်လှစ် သင်ကြားပေးပါမည်။
အဆိုပါသင်တန်းတွင် အောက်ပါခေါင်းစဉ်နှင့် ဘာသာရပ်များကို
အသေးစိတ်လေ့ကျင့်သင်ကြားပေးပါမည်။

Error! Filename not specified.
စီမံကိန်းအဆိုပြုလွှာရေးဆွဲရေးလုပ်ငန်းစဉ် (Proposal development
processes)

Error! Filename not specified. ကိုင်တွယ်ဖြေရှင်းလိုသော ပြဿနာ၊
အခက်အခဲ ကိုဖေါ်ထုတ်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း (Identification and
analysis of problem (s) to be addressed

Error! Filename not specified.
တိုင်းတာနိုင်သောရည်ရွယ်ချက်များချမှတ်ခြင်း (setting measurable
objectives)

Error! Filename not specified. အဆိုပြုသည့် စီမံကိန်း၏
အရေးပါမှုနှင့် အကျိုးသက်ရောက်မှု (Significance and effectiveness of the
proposed project)

Error! Filename not specified. မိတ်ဖက်အဖွဲ့အစည်းများနှင့်
နည်းဗျူဟာ (Strategic approach and partnership)

Error! Filename not specified. အကောင်အတည်ဖော်မည့်
လုပ်ငန်းစီမံကိန်းကိုစီမံ ခန့်ခွဲ့ခြင်းနှင့် မျက်ခြည်မပြတ်စောင့်ကြပ်
ကြည့်ရှုလေ့လာခြင်း (Program management and monitoring)

Error! Filename not specified. စီမံကိန်းဖွဲ့စည်းတည်ဆောက်ပုံ
(Organizational structure)

Error! Filename not specified. ဘတ်ဂျက်ရေးဆွဲခြင်း (Budgeting)

Error! Filename not specified. လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းနှင့်
ဂန့် ကားချပ်များရေးဆွဲခြင်း (Work Planning Gantt chart)

Error! Filename not specified. အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်
ဖေါ်ပြချက်များ (Organizationa capacity statements)

အဆိုပါသင်တန်းကို ပရောဂျက်ဟုပ် Project Hope မှစီးပွားရေးဖွံ့ဖြိုးဌါန
ရဲ့ဒုတိယ ဥက္ကဋ္ဌ Mr.Abul Hashem ကိုယ်တိုင်ပို့ချပေးမည် ဖြစ်ပါသည်။ Mr.
Abul Hashem သည် စီမံကိန်းအဆိုပြုလွှာရေးဆွဲ မှုအတွေ့အ ကြုံ နှစ်ပေါင်း
(၃၀) ကျော်ရှိခဲ့ပြီး အထူးကျွမ်းကျင်သူဖြစ်သည်။ ၄င်းနှင့်အတူ CBI Team
ကလည်း ပါဝင်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

သင်တန်းကာလ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၈ရက်နေ့မှ ၁၂ရက်နေ့

တည်နေရာ အမှတ်(၄၉၇)၊ဒိုင်းမွန်းကွန်ဒိုတာဝါ(အီး)
သင်တန်းခန်းမ၊ ပြည်လမ်း၊

ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

သင်တန်းတက်ရောက်နိုင်သူများ

မြန်မာ အန်ဂျီအိုများမှ ဦးဆောင်မူပေးနေသော ဝန်ထမ်းများ၊ အမှုဆောင်များ
ဖြစ်ကြပြီး၊ အင်္ဂလိပ်စာအရေး

အပြောနှင့် နာလည်းနိုင်စွမ်းရှိသူများ ဖြစ်ရန်လိုပါသည်။
အဖွဲ့အစည်းတစ်ခုလျှင် (၂) ဦးကျ တက်ရောက် စေ လိုပါသည်။ သို့မှသာ သင်တန်း
ကာလအတွင်း အဆိုပြုလွှာ တစ်ခု ရေးဆွဲရာတွင် တိုင်ပင်ဖေါ် ရရှိမည် ဖြစ်ပါ
သည်။ သင်တန်းပိုမိုထိရောက်စေရန်အတွက် တက်ရောက်မည့် သင်တန်းသားများသည်
မိမိတို့ဖြေရှင်းဆောင် ရွက်လိုသည့် ပြဿနာ(သို့) ဒေသလိုအပ်ချက်နှင့်
၎င်းတို့နှင့်ဆက်စပ်သည့် သတင်းအချက်အလက်များ ကိန်းဂ
ဏန်းများယူဆောင်လာစေလိုပါသည်။



သင်တန်းကြေး

သင်တန်းမှာအခမဲ့ဖြစ်ပြီး၊ နေ့လည်စာ ၊ လက်ဖက်ရည်ကောက်ဖီနှင့်
သင်တန်းသုံးစာရွက်စာတမ်းများပါ အခမဲ့ ဝေငှပါမည်။ (သို့သော်)
နယ်ရပ်ဝေးမှာလာရောက်မည့် သင်တန်းသားများအနေဖြင့် မိမိတို့၏ ခရီးစရိတ်၊
သွားလာ နေထိုင်စရိတ်နှင့် ညနေစားများကို မိမိတို့ကိုယ်တိုင်
စီစဉ်ဆောင်ရွက်ကြစေလိုပါသည်။ သင်တန်းက ပေးနိုင်မည်မဟုတ်ပါ။

လျှောက်လွှာပိတ်ရက်

သင်တန်းသားဦးရေ ကန့်သက်ထားပါသည်။ ပူးတွဲပါ လျှောက်လွှာကိုဖြည့်သွင်းပြီး
စိဘီအိုင်သို့ ၂၀၁၃ ခုဇွန်လ (၁၄)ရက် အရောက်သင့်ရာနည်းဖြင့်
ပေးပို့ကြရပါမည်။ အရွေးခံရသူများကို ဇွန်လ ကုန်တွင် အကြောင်းကြား ပါမည်။



ငွေသိန်း

ဒါရိုက်တာ




--
I will reply soon!!
Application form for HOPE Project-Proposal Writing.pdf
flyer for Hope Project-Proposal Writing.pdf
Reply all
Reply to author
Forward
0 new messages