Khin Myo Kyi @ Myo Myo
Resource Center Officer
Food Security Working Group (FSWG)
*******************************************
စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုများ၊ သတ္တုတွင်း တူးဖော်ခြင်းနှင့် ဥပဒေက ခွင့်ပြု ထားသည့် အခြားသော ရည်ရွယ်ချက် များအတွက် မြေလွတ် မြေလပ် မြေရိုင်း များကို ငှားရမ်းရန် နိုင်ငံသားများ၊ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံသူ များ၊ အစိုးရဌာန အဖွဲ့အစည်း များနှင့် NGO များက လျှောက် ထားရ လိမ့်မည်။ ဖွဲ့စည်း ထားသော ဗဟို ကော်မတီ အတွက် လုပ်ထုံး စနစ် တစ်ခုကို ယင်း ဥပဒေက ဖန်တီး ပေးထားသည်။ ယင်း ဥပဒေက ဗဟို ကော်မတီ အား နိုင်ငံတော်ပိုင် မြေယာ အပေါ် နှစ်ရှည် ငှားရမ်းမှုများ အဖြစ် ခွင့်ပြု ပေးရန် မည်သို့ စဉ်းစား နိုင်ကြောင်း ခွင့်ပြု ပေးထားသည်။
Chapter 6: Analysis of the Vacant, Fallowç Virgin Lands Management Law (2012); pp: 22- 24; Legal Review of Recently Enacted Farmland Law & Vacant, Fallow and Virgin Lands Management Law; Food Security Working Group’s Land Core Group, Nov. 2012.
ှSource: http://www.messengernewsjournal.com/News/Article/detail.php?id=6024
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဒေသခံတွေရဲ့ မြေတွေသိမ်းပြီး နိုင်ငံတော်ကျွန်းစိုက်ခင်းအဖြစ် ပြောင်းလဲခဲ့တဲ့ကိစ္စအတွက် ရွှေခြင်္သေ့တောင်သူလယ်သမားကွန်ရက်က ကမကထပြုပြီး၊ လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ဆွေးနွေးပွဲကို ရွှေခြင်္သေ့ ဘုန်းကြီးကျောင်းမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုခရိုင် မြို့နယ် ၈ ခုက လယ်သမား ၂၀၀ ကျော်တက်ရောက်ပြီး အကြောင်းအရာ ၄ ရပ် ဆွေးနွေးကြတယ်လို့ အဲဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်သူလယ်သမားရေးရာ ကော်မတီဝင် မနုနုအောင်က ပြောပါတယ်။
“ဒီနေ့လုပ်တဲ့ ရွှေဘိုခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ လယ်သမားက ကန့်ဘလူ၊ ဒီပဲယင်း၊ ခင်ဦးပေါ့နော်၊ ရွှေဘုံခရိုင်ထဲက မြို့နယ် ၈ ခုတက်တယ်၊ လယ်သမားဦးရေ ၂ဝဝ နီးပါးလောက်ရှိမယ်၊ ဆွေးနွေးတဲ့အကြောင်းအရာ အဓိကကတော့ လယ်ယာမြေ သိမ်းဆည်းတဲ့ကိစ္စရယ်၊ ဆည်မြောင်းတာတမံတွေကိစ္စရယ်၊ အုပ်ချုပ်ရေးမှုပြဿနာ၊ နောက်ချေးငွေကိစ္စ”
လက်ရှိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် နယ်မြေဖြစ်သော သံလွင်မြစ် တလျှောက်တွင် ရေကာတာများ
တည်ဆောက်ပါက ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နိုင်ကြောင်း၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်နိုင်ပြီး ဒေသခံ ပြည်သူများ နစ်နားမှုများစွာ ကြုံတွေ့နိုင်ကြောင်း အဆိုပါကွန်ရက်က ရန်ကုန် ပြည်လမ်းရှိ ဒိုင်းမွန်း ကွန်ဒိုတွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းဌာန များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
Source : http://burma.irrawaddy.org/news/2013/10/29/50230.html
Created on Friday, 08 November 2013 00:21
အောက်တိုဘာ လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်း၍ မုန်းချောင်းနှင့် မန်းချောင်းတို့မှ ရေလျှံကာ နှစ်ကြိမ်ဆက် ရေနစ်မြုပ် ခဲ့သောကြောင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းတိုက်နယ် အတွင်းရှိ ရိတ်သိမ်းခါနီး လယ်ဧက ၂၀၀၀ ခန့် ပျက်စီးခဲ့ကာ လယ်ပိုင်ရှင်များ ဆန်ကိုပြန်လည် ၀ယ်ယူစားသုံး လာရကာ စပါးဈေးနှင့် ဆန်ဈေးများ မြင့်တက်လာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ယင်းလယ်မြေများ အတွင်း မိုးစပါးအဖြစ် မနောသုခ၊ ဧရာကျောက်စိမ်းစသည့် စပါးမျိုးများအား စိုက်ပျိုးခဲ့ရာ စပါးပင်များ အနှံမြိုင်ချိန် သီးလုံးထည့်ချိန်တွင် လယ်မြေများပေါ် ခြောက်ပေခန့်အထိ ငါးရက်ကြာ ရေမြုပ်ခဲ့သောကြောင့် လုံးဝမရိတ်သိမ်း ရတော့သည်အထိ ပျက်စီးမှုများ ရှိခဲ့ကြောင်း ထိုသို့ပျက်စီးခဲ့မှုကြောင့် စပါးဆုံးရှုံးမှုအပြင် နွားစာအတွက် ကောက်ရိုးများပါ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
၅။ မြောင်းမြ ဂုန်နီစက်ရုံတည်ဆောက်ရာတွင် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်ပေးမည်
တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော မြောင်းမြဂုန်နီစက်ရုံ တည်ဆောက်ရာတွင် သိမ်းယူခဲ့သော လယ်ယာမြေများကို ပြန်လည်စိစစ်ကာမူလပိုင်ရှင် တောင်သူများကို ပြန်လည်ပေးအပ်သွားပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များကိုပါ တစ်ပါတည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ စုံစမ်းသိရသည်။
၁၉၈၂ ခုနှစ် ဂုန်နီစက်ရုံ တည်ဆောက်စဉ်က သိမ်းယူခဲ့သည့် (၃၈၃ ဒသမ ၃၃)ဧကရှိ လယ်ယာမြေများတွင် စက်ရုံအဆောက်အအုံများ၊ ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ထားခဲ့ခြင်းမရှိသော နေရာများမှ ပိုလျံနေသော လ/န-၃၉ ကျပြီးသော မြေဧက ၄၀ ၀န်းကျင်ကို လ/န-၃၉ ပယ်ဖျက်ပေးပြီး မူလသိမ်းဆည်းစဉ်က ပိုင်ဆိုင်ခဲ့သော တောင်သူများထံ ပြန်လည် စိစစ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်ပြီး ၁၉၉၆ ခုနှစ်တွင် ဂုန်လျော်ပင်များ စိုက်ပျိုးရန် ထပ်မံသိမ်းဆည်းခဲ့သော လယ်ယာမြေ ၆၇ ဒသမ ၃၇ ဧကကိုမူ မူလပိုင်ရှင်များထံ အားလုံး ပြန်ပေးမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်သိန်းထွန်းက ပြောကြားသည်။
ှSource : မြောင်းမြ ဂုန်နီစက်ရုံတည်ဆောက်ရာတွင် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်ပေးမည်
ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပါဝင်သော မြေယာ သိမ်းဆည်းခံရ၍ နစ်နာသည့် အမှုတွဲ ၇၄၅ မှု အနက် ၂၀၁၃ ခုနှစ် သြဂုတ် ၂၀ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ နှစ်လအတွင်း အမှုတွဲ ငါးမှု (မြေဧက ၁၉၇၃ ဒသမ ၀၃) ကို ပြီးပြတ်အောင် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်အမှုတွဲများကိုလည်း စတင် ကိုင်တွယ် ရှင်းလင်းဆဲဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ရှင်းလင်းစွာ ပြီးပြတ်စေရန်အတွက် စနစ်တကျ ဆောင်ရွက်စေလျက် ရှိခြင်းကြောင့် ကနဦးတွင် အနည်းငယ် ကြန့်ကြာခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားချက်များအရ သိရသည်။
၇။ တောင်းဆို ချက် ရှစ်ချက်ဖြင့် လက်ပံတောင်း တောင် ဒေသခံများ ဆန္ဒထုတ်ဖော်
လက်ပံတောင်းတောင် ဒေသခံ အင်အား ၁၀၄ ဦးတို့သည် နိုဝင်ဘာလ ၇ ရက်နေ့၊
မွန်းလွဲ ၃နာရီ အချိန်တွင် တောင်းဆိုချက် ရှစ်ချက်ကို ကြွေးကြော်ကာ တရားဝင်
ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယင်း ဆန္ဒထုတ်ဖော်ရာ တွင် တုံကျေး ရွာမှစတင်ကာ ဆက်ဆံရေးရုံး အခြေစိုက်
ဆည်းတည်း ကျေးရွာသစ်များသို့ သွားရောက် ထုတ်ဖော်တောင်းဆိုခဲ့ကြပြီး၊
ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမကြီး တစ်လျှောက် ချီ
တက်တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။ လက်ပံတောင်းတောင် ဒေသခံများ
တောင်းဆိုသည့် အချက်ရှစ်ချက်မှာ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကြီး
လုံးဝ ဖျက်သိမ်းပေးရေး၊ ပုဒ်မ (၁၄၄) ထုတ်ပြန် ထားမှုကို
ရုပ်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံများကို အမြန်ဆုံး ဖော်ထုတ်ဖမ်း
ဆီးပေးရေး၊ ဇီးတော ကျေးရွာ ဘုန်းတော်ကြီး ကျောင်းကို အကြမ်းဖက်ခဲ့သည့်
တရားခံများ ကို ဖော်ထုတ် အရေးယူပေးရေး၊ စုံစမ်းစစ် ဆေးရေး ကော်မရှင်
အစီရင်ခံစာပါ အချက် များကို ကျော်လွန် လုပ်ဆောင် နေ သည်များ ကို
ချက်ချင်းရပ်၊ ဥပဒေမဲ့ အကြမ်းဖက်ကာ မြေယာများပေါ်တွင် သီးနှံပင်များ
ဝင်ရောက် ဖျက်ဆီး နေ မှုအား အရေးယူပေးရေးနှင့် ဒေသခံ၊ လွှတ်တော်နှင့်
သမ်္မတကြီးအား လိမ် လည်ကာ လုပ်ငန်းများ လုပ် ဆောင်နေသည့် ကော်မတီ အလိုမရှိ၊
လယ်တီသိမ်ကျောင်း အား ဖျက်ဆီးရန်ရည်ရွယ်လုပ်ဆောင်နေသော မိစ္ဆာဒိဠိ
ကောင်များအား အလိုမရှိဟူသည့်အ ချက်များကို ကြွေးကြော် တောင်းဆိုခဲ့ကြ
ကြောင်း သိရသည်။
Source: http://www.messengernewsjournal.com/#3
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်များ ရယူထားပြီး လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ချထားပေး သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဒုတိယ၀န်ကြီး ဦးသိန်းအောင်က ရွှေပြည်သာ စက်မှုဇုန်အပိုင်း (၁) ကို ၁၉၉၀ ပြည့်နှစ်တွင် လည်းကောင်း၊ အပိုင်း(၂) (၃) (၄) တို့ကို ၁၉၉၈ ခုနှစ်တို့တွင် စတင်ဖော်ထုတ်ခဲ့ပြီး လက်ရှိတွင် ဖွံ့ဖြိုးနေပြီ ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၉၆၂၁ ဦးအား အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ၀ါးတစ်ရာ စက်မှုဇုန်နှင့် သာဓုကန် စက်မှုဇုန်တို့ကို ၂၀၀၄ ခုနှစ်တွင် ဖော်ထုတ်ခဲ့သော်လည်း လျှပ်စစ်မီး လိုအပ်မှု အခြေအနေနှင့် လယ်ယာမြေ ကိစ္စရပ်များကြောင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ခြင်း ဖြစ်ပြီး ယင်းလိုအပ်ချက်များကို ဆောင်ရွက်လျှက် ရှိကြောင်း၊ လယ်ယာမြေ ကိစ္စများ ရှင်းလင်းပြီးပါက စက်မှုမြေကွက် ၀ယ်ယူထားသည့် ကုမ္ပဏီများကို စက်ရုံတည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ပြီး သတ်မှတ်ကာလအတွင်း စက်ရုံတည်ဆောက်ခြင်း မရှိသော မြေကွက်များကို ပြန်လည် သိမ်းဆည်းမည်ဖြစ်ပြီး အမှန်တကယ် စက်ရုံတည်ဆောက်မည့် လုပ်ငန်းရှင်များသို့ ရောင်းချသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ဖြေကြားခဲ့သည်။
၉။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ လယ်သမားများကို ချေးငွေ နှစ်ဆ ထောက်ပံ့မည်
November 07 2013, Thursday
လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် မှ ယခု ဘဏ္ဍာ နှစ် အတွင်း တောင်သူ လယ် သမား များ ကို စိုက်ပျိုး စရိတ် ချေးငွေ ယမန်နှစ် ထက်နှစ်ဆ ထောက်ပံ့ ပေး မည်ဖြစ် ကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ နှစ်စဉ်ချေးငွေဌာနမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။
လယ်သမားတွေရွာမှာ ချေးငွေ စိစစ် ရေးအဖွဲ့ရှိတယ်။ အဲဒီကနေတစ်ဆင့် အုပ်ချုပ် ရေးမှူးကို တင်ပြ ရ မယ်။ စိစစ်ရေးအဖွဲ့ဝင်က စိုက်ပျိုးရေးမြို့နယ်ဘဏ်ခွဲကို တင်ပြရတယ်။ကျွန်မတို့ဘဏ်က အရင်ဘဏ္ဍာ နှစ် ကတော့ ကျပ်သန်းပေါင်းငါးသိန်းကျော်ထုတ်ချေးပေး ခဲ့တယ်။ ဒီနှစ်ဘဏ္ဍာနှစ်မှာတော့ ကျပ်သန်း ပေါင်း ဆယ် သိန်းကျော်ထုတ်ချေးဖို့ ရည်ရွယ် ထားပါတယ် ဟု ၎င်း က ပြောသည်။
Source: http://www.messengernewsjournal.com/News/Local/detail.php?id=6608
November 07 2013, Thursday
ုမြန်မာတစ်နိုင်ငံလုံးတွင် လယ်ယာမြေ မှတ်ပုံတင်လက်မှတ်များကို အမျိုးသားရေး တာဝန်တစ်ရပ် အ နေဖြင့် ရာနူန်းပြည့်ထုတ် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းမှ ယမန်နေ့ က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ပြောသည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် တွေကို တောင်သူလယ်သမားတွေရဲ့ လက်ဝယ် အလျင် အ မြန် ရောက်ရှိစေဖို့အတွက် တိုင်း ဒေသကြီးနဲ့ ပြည်နယ် မြေယာ စီမံခန့်ခွဲမှု အဖွဲ့ အသီးသီးက အမျိုးသားရေး တာဝန်တစ် ရပ်အနေနဲ့ ရာနှုန်းပြည့် အကောင်အထည် ဖော် ပြီးစီးတဲ့တိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်း ဆောင် ရွက်နေပါတယ် ဟု ဒုတိယ ၀န်ကြီး ဦးအုန်းသန်းက ပြောသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုခြင်း လက်မှတ်များ ထုတ်ပေးခြင်းလုပ်ငန်းကို ယခု နှစ် ဇန်န၀ါရီလ (၁) ရက် နေ့မှစတင်ပြီး နိုင်ငံ တစ်ဝန်းတွင် တစ်ချိန်တည်း ဆောင်ရွက်ပေး လျက်ရှိကာ အောက်တိုဘာလ (၃၁) ရက် နေ့ အထိ တောင်သူလယ်သမားများ လက် ၀ယ်အရောက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို ၈၆ ဒသမ ၉၁ ရာခိုင်နှုန်း ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ှSource: http://www.messengernewsjournal.com/News/Local/detail.php?id=6553
၁၁။ အထက် ပေါင်းလောင်းဆည် တည်ဆောက်မှုကြောင့် ဒေသခံများ နစ်နာမှု သမ္မတသို့ တင်ပြမည်၊ ထူးခြားမှု မရှိက ဆန္ဒပြမည်
November 05 2013, Tuesday
အထက် ပေါင်းလောင်းဆည် တည် ဆောက် မှုကြောင့် ဒေသခံများ နစ်နာမှုများကို သမ္မတသို့ တင်ပြမည်ဖြစ်ပြီး၊ ထူးခြားမှု မရှိပါ က ဆန္ဒပြ မည်ဖြစ်ကြောင်း အဆိုပါ ဆည် တည်ဆောက်ရန် အတွက် ဖယ်ရှား ခံရသော ဒေသခံများက နိုဝင်ဘာ (၄) ရက်နေ့တွင် ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။ အဆိုပါ အထက် ပေါင်းလောင်းဆည် သည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ်တွင်ရှိပြီး၊ ယခင် ပေါင်းလောင်းဆည် အထက်ပိုင်းတွင် ထပ်မံ ဆောက်လုပ်သော ဆည်ဖြစ်ကြောင်း သိရသည်။
““ပထမက သင့်တော်တဲ့ လျော်ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူ ထားတာပါ။ သူတို့ ကလည်း အကျပ် ကိုင်မှုတွေရှိတယ်၊ ပြောင်း ရွှေ့ခိုင်းတဲ့အချိန်မှာ မပြောင်းပေးရင် လျော် ကြေးရမှာ မဟုတ်ဘူး။ ပြီးတော့ လယ်ယာ မြေတွေကို အစားထိုး ပြန်ပေးမယ် လို့လည်း ပြောတယ်။ အခုထိတော့ မရသေးဘူး”” ဟု ပင်လောင်း ဒေသခံ ဦးညွန့်ဝင်းက ပြောသည်။အဆိုပါ ဆည်တည်ဆောက် ရန်အတွက် ကျေးရွာ (၂၃) ရွာရွှေ့ပြောင်းခံခဲ့ရပြီး၊ ပြောင်း ရွှေ့ရာ နေရာများမှာ တောင်ပေါ် ဒေသများ ဖြစ်နေခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ ခြင်း၊ သောက်သုံးရေများ ခက်ခဲခြင်း၊ ကျောင်း နှင့် ဝေးကွာခြင်း၊ လျော်ကြေးပေးလျော်မှုများ ကို အလွဲသုံးစား ပြုလုပ်မှုကြောင့် ဒေသခံများ လျော်ကြေး အပြည့်အ၀ မရရှိခြင်းများ ကြုံ တွေ့နေရကြောင်း ၎င်းင်းက ထပ်မံပြောသည်။ အထက် ပေါင်းလောင်း ဆည်တည် ဆောက်ရန် အတွက် ဒေသခံ များရွှေ့ပြောင်းမှု ကို ၂၀၀၆ ခုနှစ်တွင် ကြေညာမှုပြုလုပ်ထား သော်လည်း ပြောင်းရွှေ့ခိုင်းခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ် ဧပြီလမှစ၍ နှစ်လ အတွင်းအပြီး ပြောင်းရွှေ့ ခိုင်းမှုများ ပြုလုပ် ထားကြောင်း သိရသည်။
ှSource: http://www.messengernewsjournal.com/News/Local/detail.php?id=6487
၁၂။ မိတီ်္ထလာ မြို့နယ် လုံးကျွတ် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပေးအပ်
November 05 2013, Tuesday
မိတီ်္ထလာ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ ကြီးမှူး၍ မိတီ်္ထလာမြို့ နယ်လုံးကျွတ် လယ်ယာမြေ လုပ်ပိုင်ခွင့် ပေးအပ်ပွဲ အခမ်း အနားကို နိုဝင်ဘာလ (၃) ရက်နေ့ နံနက်က တောမကျေးရွာ ဈေးကုန်း ဘုန်းတော်ကြီး ကျောင်း သာသနာ့ ဗိမာန်တွင် ကျင်းပခဲ့သည်။
ကျေးရွာ အုပ်စု ၅၇ အုပ်စုမှ ကျေးရွာ အုပ်ချုပ် ရေးမှူး များအား ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး၊ မန္တလေးတိုင်း ဒေသကြီး မိတီ်္ထလာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ ခရိုင် မြေစာရင်း ဦးစီးမှူး ဦးဝင်းကိုကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ် မြေစာရင်းမှူး ဦးသိန်းထွန်းဇော် မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးစန်းလွင်နှင့် တာဝန် ရှိသူများက လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ ၇ များကို ပေးအပ်ခဲ့သည်။
Source: http://www.messengernewsjournal.com/News/Local/detail.php?id=6478
Created on Saturday, 26 October 2013 01:33
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
တောင်ငူလေဆိပ်နှင့် တောင်ငူဘူတာ ကြီးတို့နှင့် နီးစပ်သည့် နေရာရှိ လယ်ယာမြေနှင့် ဥယျာဉ်မြေ ဧရိယာ ဧက ၄၈၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ် မြို့တော် အမည်ရှိ စီမံကိန်းကို Kaytumadi Development Public Co.,Ltd မှ အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။
၁၅။ ကျေးရွာများတွင် လယ်သမားခုံရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံ စာတင်မည်
October 24 2013, Thursday
မြေယာကော်မတီ၏ ဆုံးဖြတ်ချက်များ တွင် အငြင်းပွားမှုများ ရှိနေပါက ထောက်ပြ နိုင်ရန် အတွက်ကျေးရွာလယ်သမားခုံရုံးများ ဖွင့်ခွင့်ရရှိရန်၊ နိုင်ငံတော်သမ်္မတထံ မကြာမီ ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း၊
November 01 2013, Friday
၂၀၁၂ ခုနှစ် မတ်လ (၃၀) ရက်နေ့က နိုင်ငံတော် သမ္မတက လက်မှတ်ရေး ထိုးထုတ်ပြန် ခဲ့ပြီး ၃၁.၈.၂၀၁၂ ရက်နေ့ က စတင် အာဏာ တည်ကြောင်း သတ်မှတ် ထားသည့် လယ်ယာ မြေ ဥပဒေ ပုဒ်မ- ၆ တွင် လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ထုတ်ပေး မည်ဖြစ်ပြီး ပုဒ်မ- ၉ တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူ၏ အခွင့်အရေး များအကြောင်း ပြဋ္ဌာန်း ထားရှိသည် ကို တွေ့ရှိရ မည် ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း က တိုင်းဒေသကြီး နှင့် ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူ ရေးဝန်ကြီးများ လယ်ယာမြေ ဥပဒေ၊ မြေလွတ်မြေ လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေများ နှင့် နည်း ဥပဒေများ ဆိုင်ရာ သင်တန်း ဖွင့်ပွဲ အခမ်းအနား အမှာ စကားပြောကြား ခဲ့ခြင်းကို (၈.၉.၂၀၁၂) ရက်နေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ နောက်ကျောဖုံး စာမျက်နှာ တွင် “လယ်ယာမြေ လုပ်ပိုင်ခွင့် အခွင့်အရေး ကို ဥပဒေ နှင့် အညီ သားစဉ် မြေးဆက် ခိုင်မာစွာ ရရှိစေရန် အဓိက ဦးတည်ရည်ရွယ်”၊ “တောင်သူ လယ်သမားများ ၏ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း သည် အခြေခံ အကျဆုံး နှင့် အရေးကြီး ဆုံး လုပ်ငန်းဖြစ်”ဟု ခေါင်းစီးတင် လျက် ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။
Source : http://www.messengernewsjournal.com/News/Article/detail.php?id=6338
လက်တွေ့တွင် အချို့သော မတူကွဲပြား ကြသည့် လူများ သို့မဟုတ် အုပ်စုများက ဘက်စုံ အခွင့်အရေး များကို ကိုင်ထားကြခြင်း ရှိနိုင်သည်။ ယင်းမှာ အခွင့်အရေးဟူ သည့် ထင်းစည်း တစ်စည်းအဖြစ် အမြင်ဖြစ် စေသည်။
မြေယာ၏ တူညီသော မြေကွက် အတွက် မတူညီသော အခွင့်အရေးများ (မြေယာ ရောင်းချဖို့ အခွင့် အရေး၊ အငှား စာချုပ်ဖြင့် မြေယာ အသုံးပြုဖို့ အခွင့်အရေး သို့မဟုတ် မြေယာပေါ်မှ ဖြတ်သန်း သွား လာဖို့ အခွင့်အရေး စသည်)ကို ထင်းစည်း ထဲမှ ထင်းချောင်းများ အဖြစ် ရှုမြင်ရ လိမ့်မည်။ အခွင့်အရေး တစ်ခု ချင်းစီ ကို မတူကွဲပြား သောအဖွဲ့တို့က ရရှိ ကိုင်ဆောင် ထားကြ လိမ့်မည်။
သာဓက အားဖြင့် အခွင့် အရေးများ ဟူသည့် ထင်းစည်းကို သီးသန့်ဖြစ်သော စကားရပ် များနှင့် အခြေအနေ များဖြင့် မြေယာ အသုံးပြုဖို့ အခွင့် အရေးများ ကို ငှားရမ်းသူ သို့မဟုတ် အကျိုးတူ စိုက် ပျိုးသူသို့ ငှားရမ်းခြင်း သို့မဟုတ် အကျိုးတူ စိုက်ပျိုးခြင်း သဘောတူညီချက် အနေဖြင့် ပိုင်ရှင်နှင့် ငှားရမ်းသူ တို့ အကြား ခွဲဝေကြခြင်းဖြစ်သည်။ ငှားရမ်းမှု တို့သည် ၉၉၉ နှစ် သက်တမ်းရှိသော တရားဝင် ငှားရမ်းခွင့်မှ သည် တရားမ၀င် သော ရာသီ အလိုက် သဘော တူညီမှု အထိ ကျယ်ပြန့် လိမ့်မည်ဖြစ်သည်။
Source: http://www.messengernewsjournal.com/News/Article/detail.php?id=6616
၁၈။ ကျောက်ဖြူမှာ လယ်ယာမြေဧက ၂၀၀ လောက် စစ်တပ်သိမ်းယူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စုမှာ ရဲတပ်ရင်းချထားမယ့် အစီအစဉ်အတွက် လယ်မြေဧကပေါင်း ၂၀၀ လောက်ကို သိမ်းယူလိုက်တယ်လို့ အုန်တောကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီလယ်ယာမြေတွေဟာ လက်ရှိဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သိမ်းယူခဲ့တာလို့ အုန်းတောရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေအတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက လယ်မြေဧက ၂ဝဝ ကျော်ကို နေပြည်တော်ကောင်စီက တစ်ဆင့် တောင်သူတွေဆီ ပြန်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
နေပြည်တော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးရဲထွဋ်က ပြောခဲ့တာပါ။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ရသည့် ကျေးရွာများအတွက် တောင်ယာမြေများ ဖော်ထုတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ပြောသည်။
၎င်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့်ရွာပေါင်း ၂၃ ရွာ၊ အိမ်ခြေပေါင်း ၂,၅၂၄ အိမ်ရှိပြီး ကျေးရွာအားလုံးကို လျော်ကြေးပေးပြီးဖြစ်ကြောင်း၊ ရွှေ့ပြောင်းကျေးရွာ ၂၃ ရွာအတွက် ကုန်ကျငွေ ၂၅ ဘီလျံခန့်ရှိပြီး စီမံကိန်းကုန်ကျစရိတ်ဖြင့်တွက်ချက်ပါက ၁၀ ရာခိုင်နှုန်းခန့်ရှိ ကြောင်း ၎င်းက ပြောသည်။
၂၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအားနည်းချက်အပေါ် ဝေဖန်သုံးသပ်မှုများရှိလာ
အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည် ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့်တောင်သူလယ်သမား အခွင့်အရေး ကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၏ အားနည်းချက်များအပေါ် ဥပဒေပညာရှင်များနှင့် ကဏ္ဍအချို့မှပညာရှင်များ က ဝေဖန်သုံးသပ်မှုများ ရှိလာခဲ့သည်။
ယင်းဥပဒေတွင် တောင်သူလယ် သမားကို အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပင် ထောက်ပြဖွယ်ရာများ ရှိနေသည့်အပေါ် နေပြည်တော်ရှိ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “တောင်သူလယ်သမားဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မှာကတည်းက ထောက်ပြစရာတွေ ရှိနေပါတယ်။ ထွန်၊ စိုက်၊ ရိတ်ပြီး လယ်ကို တကယ်ကိုယ်တိုင် လုပ်ကိုင်အသက်မွေးတဲ့သူကိုမှ တောင်သူလယ်သမားလို့ သတ်မှတ်လို့ရပါတယ်။ အခုဥပဒေမှာ ကလုံးခေါ်လိုက်တယ်။ လယ် ယာလုပ်တဲ့သူရော၊ အဖွဲ့အစည်းတွေလည်း ပါတယ်။ တောင်သူတွေရဲ့ လယ်ယာမြေ တွေကို လက်ဝါးကြီးအုပ်အပိုင်စီးပြီး မြေကိုရရှိထားတဲ့သူတွေလည်း ပါနေတော့ လုံးခြာလည်ပတ်နေတယ်”ဟု သုံးသပ်သည်။
ှSource: တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအားနည်းချက်အပေါ် ဝေဖန်သုံးသပ်မှုများရှိလာ
လယ်သမားအရေးကို ဆောင်ရွက်ပေးနေသည့်တက်ကြွလှုပ်ရှားသူများ၏ အကြံပြုချက်များ လွဲမှားမှုကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ် ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ပြောကြားသည်။
နှစ်ပေါင်း ၂၀ ကျော်တိုင် အမှောင် ကျရောက်နေသည့် လယ်သမားများသည် ပွင့်လင်းစွာပြောဆိုခွင့်ရှိသော ယနေ့ခေတ်တွင် ၎င်းင်းတို့၏ဒုက္ခမျိုးစုံကို တောင်းဆိုတင်ပြ ခွင့်ရှိလာရာ အသိပညာချို့တဲ့သော လယ်သမားများအနေဖြင့် အကူအညီချိတ်ဆက်ပေးနိုင်မည့်သူများကို အားကိုးတကြီး လိုလားလာကြစဉ်အဆိုပါ ပြဿနာရပ်များကို ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ လယ်သမားသမဂ္ဂများမှာလည်း များစွာပေါ်ပေါက်လာ သည်။
Source: တက်ကြွဆောင်ရွက်သူများ၏ လွဲမှားသည့်အကြံပြုချက်များက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်နိုင်
၂၃။ သတ္တုတူးဖော်ရေးကြောင့် စိုက်ပျိုးမြေမဆုံးရှုံးနိုင်ဟုဆို
သတ္တု တူးဖော်ရေးလုပ်ငန်းများကြောင့် စိုက်ပျိုးမြေဆုံးရှုံးမှုကို ဖြစ်စေမည်မဟုတ် ကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောသည်။
၁၉၉၄ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် သတ္တု ဥပဒေဟောင်းကို ၇၀ ရာခိုင်နှုန်းဝန်းကျင် အထိပြောင်းလဲ သွားမည်ဖြစ်သော်လည်း သတ္တုလုပ်ငန်းများအတွက် ဥပဒေဟောင်းတွင် ပြဋ္ဌာန်း ထားသည့် မြေအသုံးချမှုဆိုင်ရာ မူဝါဒ ဆက်လက်ပါဝင်လာမည်ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
ှSource : သတ္တုတူးဖော်ရေးကြောင့် စိုက်ပျိုးမြေမဆုံးရှုံးနိုင်ဟုဆို
ဒဂုံဆိပ်ကမ်းမြို့နယ် မြို့သစ်နှင့် အရှေ့ပိုင်းမြို့နယ်တို့တွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် စိုက်ပျိုးရေးအထူးဇုန်များမှ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်ထား မှုအပေါ် ကန့်ကွက်လွှာ တင်ပြသွားမည်ဖြစ်ကြောင်း ကျီစုအရှေ့ကျေးရွာ အုပ်စုမှလယ်သမားများက အောက်တိုဘာလ ၂၃ ရက်နေ့က ကျီစုအရှေ့ကျေးရွာတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ ကန့်ကွက်လွှာများကို လယ် သိမ်းခံရသော လယ်သမားများက စုစည်းမည်ဖြစ်ကာ ယခု ရက်ပိုင်းအတွင်း တင်ပြမည်ဖြစ်ကြောင်း လည်းေေ ၎င်းတို့ကပြောသည်။
ှSource: လုပ်ပိုင်ခွင့်လျှောက်သည့် ကုမ္ပဏီများကို ကန့်ကွက်စာတင်
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် လယ်ယာမြေများ သိမ်းဆည်းရာတွင် ကျေးရွာရွှေ့ပြောင်းစရိတ် ထုတ်ပေးခြင်းနှင့် မြေယာလျော်ကြေးများပေးခဲ့ကြောင်း အောက်တိုဘာ ၁ ရက် နေ့ ပြည်ထောင်စု လွှတ်တော်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားခဲ့သော်လည်း ထောက်ပံ့ကြေးနှင့် သီးနှံလျော် ကြေးသာရရှိခဲ့ခြင်းဖြစ်ပြီး မြေယာလျော်ကြေး မရရှိခဲ့ကြောင်း သိမ်းဆည်းခံတောင်သူများက ပြောသည်။
“ဒီလျော်ကြေးတွေပေးတုန်းကလည်း နစ်နာကြေးလို့ ပြောပြီးပေးတာ။ ဘာအတွက်ပေးတာလဲမေးတော့ ဘာမှမမေးနဲ့ နစ်နာကြေးပေးတာ၊ ပေးတာပဲယူထား၊ မယူလည်း သိမ်းမှာ၊ ယူလည်းသိမ်းမှာလို့ပြောတယ်ရခိုင်ပြည်နယ်ရှိ မေယုတောင်တွင် တရားမ၀င်သစ်ခုတ်မှုများကြောင့် သစ်တောများပြုန်းတီးလျက်ရှိကြောင်း ဒေသခံများကပြောကြားသည်။
မေယုတောင်တွင် အာဏာပိုင်များနှင့် ပူးပေါင်း၍ တရားမ၀င်သစ်ခုတ်မှုများ ပြုလုပ်သည့်အတွက် သစ်တောများပြုန်းတီးလျက်ရှိပြီး ပြည်နယ်လွှတ်တော်တွင် တင်ပြထားကာ ဒေသခံများက တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက ရှင်းလင်းပြောကြားသည်။
ှSource: http://www.7daynewsjournal.com/article/12265
Back in September 2011 when President Thein Sein issued a decree ordering that construction of the Myitsone dam “be suspended in the time of our government,” the announcement was met with widespread applause both internationally and at home. The ambitious project, which involves building a 152-meter-tall hydroelectric dam at the confluence of the two rivers that form the Irrawaddy, is the brainchild of a giant Chinese state-owned firm, China Power International (CPI).
Source: http://www.irrawaddy.org/burma/myitsone-dam-project-hold-far-dead.html
4.Fear of Pagoda Damage Draws Protests at Letpadaung Mine
By LAWI WENG / THE IRRAWADDY| Tuesday, November 5, 2013Amid rumors that the pagoda was damaged in a blast last Thursday, protests have been ongoing near the offices of Chinese mining company Wanbao.
Source: http://www.irrawaddy.org/burma/fear-pagoda-damage-draws-protests-letpadaung-mine.html
5. Anger as army destroys paddy fields
The Tatmadaw has incensed residents in Nay Pyi Taw’s Lewe township by destroying 2.5 acres of paddy owned by local farmers and threatening to charge a man who took photos of the incident.
In a separate incident in Lewe township two days earlier, soldiers upped the ante in a dispute with farmers by fencing off 231 acres of disputed land.
In both cases the soldiers said they were acting on the instructions of their superiors.
--
Khin Myo Kyi @ Myo Myo
Resource Center Officer
Food Security Working Group (FSWG)
No.114, Dana Theikdi Street, Gadamar Road, Ward No.8,
Mayangone Township (Near Kabar Aye Post Office), Yangon 11061, Myanmar
LL: + 95 (9) 425026461, 425026462
Fax: 09 73031749
Skype: khinmyokyi17