ဆွေးနွေးပွဲဖိတ်ကြားခြင်း
သက်ဆိုင်ရာပညာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၊ ပညာရှင်များကို ပြည်တွင်းအဖွဲ့အစည်းများနှင့် ဆက်စပ်ပေးပြီးအသိပညာ၊အတွေ့အကြုံများဖလှယ်၊ လက်ဆင့်ကမ်းနိုင်စေရန်အတွက်အပတ်စဉ် စနေနေ့တိုင်း Share Spaceအစီအစဉ်ကိုဆောင်ရွက်လျက်ရှိပါသည်။
ယခုအပတ်တွင် “How to open your consciousness to become a successful professional” ခေါင်းစဉ်ဖြင့် စီမံခန့်ခွဲသူများ၊ အဖွဲ့အစည်းအား ဦးဆောင်ဦးရွက်ပြုသူများ၊ လူငယ်ထုများသည် Intelligence Quotient/ Emotional Quotient ၏အရေးပါမှုကို သတိထားသိရှိခြင်းအားဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ခြင်း၏ ရွေးချယ်မှုတွင်သာမက ၊ လူအများစုအား စီမံခန့်ခွဲသည့်အခါတွင် ပိုမိုထိရောက်သော ဦးဆောင်မှုရရှိနိုင်မည့် အကြောင်းကို Local Resource Centre မှ Executive Director ဒေါ်ပန်စီထွန်းသိန်းက ရှင်းလင်းတင်ပြ ဆွေးနွေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ စီမံခန့်ခွဲမှုနှင့် ဦးဆောင်မှု ဆိုင်ရာအရည်အသွေးမြှင့်တင်ပေးသည့် အဖွဲ့အစည်းများ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းနှင့် ကွန်ယက်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ဆရာမ နှင့် နည်းပြများ၊ သတင်း မီဒီယာများအပါအ၀င် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ ဒီဇင်ဘာလ ၁၄ ရက် (စနေနေ့)
အချိန်။ ။ ညနေ ၂ နာရီမှ ၅နာရီအထိ
နေရာ။ ။ အစည်းအဝေးခန်းမ (၁)၊ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre)
ဆက်သွယ်ရန်- ၀၉ ၇၃၁၈၁၀၄၁
Naw Aye Mya Nyein @ Gu Gu
Information and Communication Officer
Ph: 09 731 810 41
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့
Naw Aye Mya Nyein @ Gu Gu
Information and Communication Officer
Ph: 09 731 810 41
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့