ပရဟိတဆိုတာ...
အငုံပန်းတွေ ပွင့်စေချင်တဲ့စိတ်
ကန္တာရကို မိုးသွန်းပေးတဲ့လက်
ကွက်လပ်မှန်သမျှ ဖြည့်ဆည်းပေးသောအရာ
... ပရဟိတဆိုတာ...
ကျီးကန်အုပ်လို စည်းလုံးမှု ခွန်အားဖြစ်ရေး
အတ္တနတ်ဆိုး အမြစ်ဖြုတ်သုတ်သင်ရေး
အမှောင်ဖုံး ကြယ်ကလေးများ အလင်းပွင့်ရေး
လမ်းလျှောက်နေသော တွဲလက်များဖြစ်ကြ။
ပရဟိတဆိုတာ...
ရေစက်ပေါင်းများစွာ စုစည်းထားသော ပင်လယ်
မေတ္တာတွေနဲ့ ဗြောင်းဆန်အောင် စီးဆင်း
ကမ္ဘာကြီးရဲ့ အနာရောဂါပျောက်စေတယ်။
ပရဟိတဆိုတာ...
သုဂတိဘုံ ထည့်သိမ်းထားသော မီးခံသေတ္တာရဲ့
လျှို့ ဝှက်နံပါတ်
လွယ်လွယ်ဖွင့်လို့တော့ မရဘူး။
ပရဟိတဆိုတာ...
ဘယ်ဘုရားဟောမဆို မဆန့်ကျင်
လိုက်နာဖွယ်ကောင်းသော ကျင့်စဉ်လမ်းမကြီး
အသားအရောင်ခွဲခြားမှု မီးပွိုင့်မရှိဘူး။
Credits: မဇ္ဈိမ