အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်

4 views
Skip to first unread message

Myo Thein

unread,
Dec 30, 2011, 9:05:39 AM12/30/11
to
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်

by အမှန်တရားချစ်သူ (မြန်မာနိုင်ငံ) 
30 December 2011

ကိုဆောင်းဦးလှိုင်ရဲ့ အိုင်ဒီယာ၊ ကိုမျိုးရန်နောင်သိန်းရဲ့ အကောင်အထည်ဖော်မှုဦးဇော်ဝင်း( Metal Zone ) ရဲ့ ကြိုးပမ်းမှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့်ဈေးရောင်းပွဲတော်ဖြစ်ပေါ်လာပုံ

အောက်တိုဘာလ ၃၁ရက်နေ့က ဗေဒါ နိုင်ငံရေး သိပံ သင်တန်းကျောင်း နိုင်ငံရေးသိပံ သင်တန်း အပတ်စဉ်(၈) သင်တန်းဆင်းပွဲ အခမ်းအနားနှင့် ဗေဒါစာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနား တို့ကို ပြုလုပ်ခဲ့တယ်။

အဲဒီအခမ်းအနားကို အနုပညာရှင်တွေထဲက တစ်ချို့ကို ဖိတ်ကြားခဲ့ရာမှာ ကိုဆောင်းဦးလှိုင် တက်ရောက်လာခဲ့ပါတယ်။ 

အဲဒီအခမ်းအနားမှာဒေါ်အောင်ဆန်းစုကြည်က ကိုဆောင်းဦးလှိုင်ကို သားက ဘာတာဝန်ယူထားလဲ လို့မေးတဲ့အခါ ကိုဆောင်းဦးလှိုင်က ရန်ပုံငွေ ရှာဖွေရေးတာဝန်ယူထားလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

နောက်နေ့မှာပဲ ကိုဆောင်းဦးလှိုင်နဲ့ ကိုမျိုးရန်နောင်သိန်းတို့ ရန်ပုံငွေ ရှာဖွေရေးနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးကြပါတယ်။

ကိုမျိုးရန်နောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ကွန်ရက်အတွင်းမှာရှိတဲ့ ကျောင်းတွေရဲ့ ရံပုံငွေ မဖူလုံမှုကို ဖြည့်ဆည်းဖို့အတွက် ရံပုံငွေရှာဖွေရေး ဈေး ရောင်းပွဲတော်တစ်ခု ပြုလုပ်လိုကြောင်း ကိုဆောင်းဦးလှိုင်ကို ပြောခဲ့ပါတယ်။ 

အဲဒီရံပုံငွေရှာဖွေရေး ပွဲတော်ကို ဂီတဖျော်ဖြေပွဲ ရံပုံငွေရှာလိုကြောင်း ကိုမျိုးရန်နောင်သိန်းက ကိုဆောင်းဦးလှိုင်ကို ပြောပြခဲ့ ပါတယ်။ 

အဲဒီရံပုံငွေရှာဖွေပွဲကို ပညာရေးကွန်ရက် တစ်နှစ်ပတ်လည်ပြည့် အထိမ်းအမှတ်အဖြစ်ဗေဒါ အင်စတီကျု တစ်နှစ်ပြည့်တဲ့ ၂၁.၁၁.၂၀၁၁ နေ့မှာ ကျင်းပလိုကြောင်းကိုဆောင်းဦးလှိုင်ကို ဆွေးနွေးတဲ့ အခါ ကိုဆောင်းဦးလှိုင်က နိုဝင်ဘာ၂၁ရက်နေ့ဟာ အလွန်နီးကပ်နေပြီ ဖြစ်တဲ့အတွက် ဂီတ ဖျော်ဖြေပွဲကို ပွဲအသေးလေးအဖြစ်ပဲ ပြုလုပ်လိုကြောင်း နောက်ထပ်ပွဲအကြီးကြီးတစ်ခုကို မြန်မာပြည်မှာရှိတဲ့ အမေစုကိုချစ်တဲ့ ဒီမိုကရေစီကိုလိုလားတဲ့ အဆိုတော်တွေနဲ့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပလိုကြောင်း ပြောဆိုခဲ့ပါတယ်။ 

အဲဒီလိုနဲ့ ရန်ကုန်မြို့ ပြည်လမ်းပေါ်က ယုဒသန် ပညာရေးကွန်ရက်တစ်နှစ်ပြည့်အထိမ်းအမှတ် ဈေးရောင်းပွဲတော် ကျင်းပဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို စီစဉ်နေတဲ့ အကြောင်းကို အမေဒေါ်အောင်ဆန်းစုကြည်က ကိုမျိုးရန်နောင် သိန်းနှင့် ကိုဖြိုးမင်းသိန်းကို သူမ၏နေအိမ်မှာ ခေါ်တွေတဲ့နေ့ ၁၅.၁၁.၂၀၁၁ ရက်နေ့မှာ ကိုမျိုးရန်နောင်သိန်းက အမေဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဆွေးနွေးတဲ့အခါမှာ အမေဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းသဘောတူလက်ခံပြီး သူကိုယ်တိုင်တက်ရောက်ဖွင့်လှစ်မယ်ဆိုတဲ့ အကြောင်းပြောဆိုခဲ့ ပါတယ်။

ဒီလိုနှင့် ၂၁.၁၁.၂၀၁၁ ရက်နေ့မှာ အမေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့တဲ့ ပညာရေးကွန်ရက်တစ်နှစ်ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ 

မနက် ၉ နာရီမှ ညနေ မိုးချုပ်တဲ့အထိ စည်စည်ကားကား ကျင်းပ နိုင်ခဲ့တဲ့ ပွဲပါ။ အဲဒီပွဲ ကျင်းပတဲ့ နေ့မှာပဲ အမေဒေါ်အောင်ဆန်းစုကြည်က တေးစီးရီးတစ်ခု ပြုလုပ်ရန်အတွက် ဂီတအနုပညာရှင်များနှင့် တွေ့ဆုံလိုကြောင်း ကိုမျိုးရန်နောင်သိန်းကို ပြောကြား တာဝန်ပေးအပ်ခဲ့ပါတယ်။ 

ကိုမျိုးရန်နောင်သိန်းကကိုဆောင်းဦးလှိုင်နှင့် တိုင်ပင်ပြီး နိုဝင်ဘာ ၂၅ရက်နေ့ မှာ အမေဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များတွေ့ဆုံပွဲကို စီစဉ်ပေးခဲ့ပါတယ်။

၂၀၁၁ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဂီတအနုပညာရှင် များနှင့် အမေဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုရဲ့ အဓိက အကြောင်းအရာ ကတော့ အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေး အသွင်နဲ့ တေးစီးရီးတစ်ခု ပြုလုပ်ဖို့ပါပဲ။ အဲဒီတွေ့ဆုံ တဲ့ပွဲမှာ Metal Zone တီးဝိုင်းက ဦးဇော်ဝင်းလည်း ပါဝင်ပါတယ်။

ဦးဇော်ဝင်းက Stage Show တစ်ခုပြု လုပ်သင့်ကြောင်း အမေဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုလာပါတယ်။ အဲဒီအချိန်မှာ ကိုမျိုးရန်နောင် သိန်းက Stage Show ပွဲကြီးတစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်း အမေဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ပါတယ်။ 

ဒီလိုနဲ့အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်ကို ကိုမျိုးရန်နောင်သိန်း ရရှိခဲ့ပြီး အဲဒီ တာဝန်ကိုလည်း ဆက်လက်ထမ်းဆောင်ရပါတော့တယ်။ ကိုမျိုးရန်နောင်သိန်း အမေ ဒေါ် အောင်ဆန်းစုကြည်ကို တင်ပြခဲ့တဲ့အချက်က ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အောင်ဆန်း အားကစားကွင်းမှာ ပြုလုပ်ရန် စီစဉ်ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ရက်နေ့ အမေအိမ်မှာ တွေ့ပြီး နောက်နေ့ နိုဝင်ဘာ ၂၆ရက်နေ့မှ ဦးဇော်ဝင်းနှင့် ကိုမျိုးရန်နောင်သိန်းတို့ ဦးဇော်ဝင်းအိမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဦးဇော်ဝင်းက အနုပညာရှင်တွေဘက်ကို တာဝန်ယူခဲ့ပြီး ကိုမျိုးရန်နောင်သိန်းက ပွဲစီစဉ်ကျင်းပရေးကို တာဝန်ယူခဲ့ပါတယ်။ အဲဒီလိုနဲ့ ကိုမျိုးရန်နောင်သိန်းနှင့် ဦးဇော်ဝင်းတို့ ကြိုးစားလိုက်ကြတာ အောင်ဆန်းကွင်းကနေ သုဝဏ ကွင်းအထိရောက်ရှိသွားပါတယ်။ 

သုဝဏ မိုးလုံ လေလုံအားကစားကွင်းထဲမှာ ဒီဇင်ဘာ ၁၅ရက်နေ့ ပွဲကျင်းပဖို့ ဦးဇော်ဝင်း၊ကိုဆောင်းဦးလှိုင်နှင့် ကိုမျိုးရန်နောင်သိန်းတို့ အပြင်းအထန်ကြိုးစားခဲ့ကြ ပါတယ်။

ထူးခြားဆန်းကြယ်တဲ့ အကြောင်းအချက် မျိုးစုံ နှင့် ဒီဇင်ဘာ ၁၅ရက်နေ့ ပွဲတော် ပျက်ပြယ်သွားခဲ့ပါတယ်။

(ပျယ်ပြယ်သွားရခြင်းအကြောင်းအရင်းကို သိချင်ရင် ကိုမျိုးရန်နောင်သိန်းကို ဖုန်းဆက်မေးကြည့်ကြပါ။ သူပြောပြပါလိမ့်မယ်။)

ဒီလိုနှင့် ကိုဆောင်းဦးရဲ့အိုင်ဒီယာ၊ ကိုမျိုးရန်နောင်သိန်းရဲ့ အကောင်အထည်ဖော်မှု ဦးဇော်ဝင်းMetal Zone ရဲ့ ကြိုးပမ်းမှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ကို ဒီကနေ့ ၃၀.၁၂.၂၀၁၂ နေ့ သောကြာနေ့မှာ Myanmar Convention Center (MCC) မှာ ပြုလုပ်ပါတော့မယ်။ 

တိုင်းရင်းသားတွေရဲ့ပညာရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြတဲ့ ကိုဆောင်းဦးလှိုင်၊ ဦးဇော်ဝင်း၊ကိုမျိုးရန်နောင်သိန်း တို့ကို အစဉ် ထာဝရ ဦးညွတ်လျက်ပါ…. (အတင်းဝင်ရောက်နေရာယူသူများကိုတော့ လုံးဝ အသိအမှတ်မပြုပါ)

အမှန်တရားချစ်သူ (မြန်မာနိုင်ငံ)

This is the email I received from the email and re-sharing it. Thank you very much.
Reply all
Reply to author
Forward
0 new messages