Opening Ceremony of BAYDA Institute (Shan State, Burma) on 11/11/2011 & For more information please contact 095973021874

1 view
Skip to first unread message

Myo Thein

unread,
Nov 10, 2011, 7:53:34 PM11/10/11
to
Dear All,

You are cordially invited to the Opening Ceremony of BAYDA Institute (Shan State, Burma). BAYDA Institute will conduct CSO, Networking and Democracy (Intensive 5 days) courses and the ceremony will be opened by Director of BAYDA Institute Myo Yan Naung Thein. 

For more information please contact 095973021874

Thank you very much.

Yours truly,

BAYDA Institute

ဗေဒါ သင်တန်းကျောင်းယာယီကျောင်းခွဲ (ရှမ်းပြည်နယ်) ဖွင့်ပွဲ အခမ်းအနား သို့ ဖိတ်ကြားခြင်း

ဗေဒါ သင်တန်းကျောင်းမှ လူငယ်များ၏ အရည်အသွေး မြှင့်တင်ရေး သင်တန်းများ ဖြစ်သော လူမှုသိပံ္ပ ဘာသရပ်ကြီး များကို သင်ကြားပို့ချမည့် ဗေဒါ သင်တန်းကျောင်း ၏ယာယီကျောင်းခွဲ (ရှမ်းပြည်နယ်)ပထမ အပတ်စဉ်ဖွင့်ပွဲအခမ်းအနားသို့ဗေဒါကျောင်းညွန်ကြားရေးမှူးကိုမျိုးရန်နောင်သိမ်းမှတက်ရောက်ဖွင့်လှစ်သွားမည်ပီးလူကြီးမင်းများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

For more information please contact ဖုန်း:၀၉၅၉၇၃၀၂၁၈၇၄

နေရာ၊လောကမာန်အောင်ကျောင်းတိုက်၊စိန်ပန်းရပ်ကွက်၊တောင်ကြီးမြို့

အချိန်။နေ့လည်၁၁နာရီ

ရက်။၁၁-၁၁-၂၀၁၁

This message is sent on behalf of BAYDA Institute by Burma Democratic Concern (BDC).

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

The following are the collections of the BAYDA Related News.

“ပြည်သူတွေကို အေးမြတဲ့ အရိပ်အောက်ကို ပို့ပေးဖို့ဟာ ကျမတို့ရဲ့ တာဝန်ဖြစ်တယ်”

ဇွဲခန့် တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၈ မိနစ်
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္စျိမ) ။       ။ “ပြည်သူတွေကို အေးမြတဲ့ အရိပ်အောက်ကို ပို့ပေးဖို့ဟာ ကျမတို့ရဲ့ တာဝန် ဖြစ်တယ်” ဟု တနင်္လာနေ့က ပြုလုပ်သော ဗေဒါသင်တန်း ကျောင်းဆင်းပွဲနှင့် ဗေဒါစာကြည့်တိုက် ဖွင့်ပွဲ အခမ်းနားတွင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အပတ်စဉ်(၈) နိုင်ငံရေးသိပ္ပံ သင်တန်းဆင်းပွဲနှင့် ဗေဒါကျောင်း စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းပြင်ပ
ရောက်ရှိနေကြသည့် ပရိသတ်အား ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ငါးမိနစ်ခန့် ကြာ မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတနိုင်ငံရဲ့ အဓိက ရတနာတွေဟာ ပြည်သူတွေပါပဲ။ ပြည်သူတွေ တန်ဖိုးရှိမှ နိုင်ငံဟာ တန်ဖိုးရှိမှာပါ။ ကျမတို့ ဟာ သဘာဝ သံယံဇာတပစ္စည်းတွေကို အားမကိုးပါဘူး။ ပြည်သူတွေကိုပဲ အားကိုးပါတယ်။ ဒါကြောင့် ကျမတို့
ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးကို အထူးအလေးထားပါတယ်။ ဒီပြည်သူတွေဟာ ကျန်းမာရမယ်။ ပညာတတ် ရမယ်။ ဒါမှလဲ ကျမတို့ရဲ့ နိုင်ငံကို ထူထောင်နိုင်မယ်၊ တိုးတက်အောင်လုပ်နိုင်မယ်။ အဲဒီလိုလုပ်နိုင်မှ ကျမတို့
ပြည်သူတွေလဲ စိတ်ချမ်းသာနိုင်မယ်၊ ပြီးတော့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို ကိုယ်ကိုယ်တိုင် တည်ဆောက် နိုင်တဲ့
ပြည်သူတွေ ဖြစ်စေချင်တယ်။” ဟု သူ၏ မိန့်ခွန်းတွင် ပါရှိသည်။

bayda3
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသမီးတဦးက လုံခြုံရေး လူငယ်များကြားမှ ပန်းပေးနေသည်ကို တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းများတွင် ပညာရေးနှင့် ပက်သက်ပြောဆိုလေ့ရှိပြီး စာဖတ်ခန်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ အချို့ကို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ဗေဒါစာဖတ်ခန်းဖွင့်ပွဲ :: သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော NLD ဥက္ကဌ ဦးတင်ဦးကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဗေဒါကျောင်းသည် စွယ်စုံရ လေ့ကျင့်ရေးစင်တာတခုဖြစ်ပြီး ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ကျောင်းနေရာ မကြာခဏ ရွှေ့ပြောင်းခဲ့ရသည်။ ဗေဒါစာဖတ်ခန်းဖွင့်ပွဲ :: သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်း ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုနေသူများကြားတွင် တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဗေဒါကျောင်းသည် စွယ်စုံရ လေ့ကျင့်ရေးစင်တာ တခုဖြစ်ပြီး ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ကျောင်းနေရာ မကြာခဏ ရွှေ့ပြောင်းခဲ့ရသည်။

အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် ၄၅၃ သုမနလမ်း၊ ၁၆/(၃) ရပ်ကွက် ဗေဒါသင်တန်းကျောင်းတွင် နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ  ပြုလုပ်ခဲ့ပြီး NLD မှ ထိန်းတန်း ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် ပညာရေး ကွန်ယက်နှင့်
ဗေဒါကွန်ယက်မှ လူငယ်အများအပြား တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေး သိပ္ပံသင်တန်းမှ သင်တန်းသူ၊ သင်တန်းသား ၃၀ ဦးနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်း သင်တန်းမှ သင်တန်း သား ၁၅ ဦးတို့အား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ဗေဒါသင်တန်းတွင် တက်ရောက်နေကြသော လူငယ်များနှင့် ပတ်သက်၍ ဒေါ်စုက “အခု ဗေဒါ သင်တန်းမှာ ကျမ
တို့ လူငယ်တွေဟာ ပညာတိုးတက်ရေးအတွက် လုပ်နေတာကိုတွေ့ရတဲ့ အခါကျတော့ ကိုယ့်တန်ဖိုးကို ကိုယ်မြှင့် တင်နိုင်တဲ့ လူငယ်တွေဖြစ်မယ့်လမ်းကြောင်းပေါ်ကို ရောက်သွားပြီဆိုတာမြင်လို့ ကျမတို့ အင်မတန်မှ အားရပါ
တယ်။” ဟုလည်း ပြောကြားခဲ့သည်။

ဗေဒါသင်တန်းကျောင်းတွင် နိုင်ငံရေး သိပ္ပံသင်တန်းများကို အပတ်စဉ်များဖြင့် တလခွဲဖွင့်လှစ် ပို့ချပေးလျက်ရှိပြီး၊ အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) ဖွဲ့စည်းနည်း၊ ဖွဲ့စည်းပုံများကိုလဲ ရက်တို သင်တန်းများပေးပြီး သင်ကြားပို့ချ လျက်ရှိသည်။

“နိုင်ငံရေးကို တကယ်သိ၊ တကယ် ကျွမ်းကျင်နေမှဗျာ့။ တလခွဲသင်တန်းမှာတော့ အစပျိုးပေါ့ဗျာ။ သူတို့တွေကို စိတ်ဓါတ်လေး ထည့်ပေးလိုက်တာပေါ့။ ဆက်ပြီးတော့ လေ့လာကြမယ်။ ပြီးလို့ရှိရင် နိုင်ငံခြားကနေ ဘွဲ့တွေ ဒီဂရီ တွေယူကြမယ် ဆိုတဲ့ အဆင့်ထိဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဗေဒါ သင်တန်းကျောင်း အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမျိုးရန်နောင်သိန်းက မဇ္စျိမကို ပြောသည်။

အဆိုပါ သင်တန်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ NLD ပါတီဝင်များမှ လူရွေးချယ်ကာ ပို့ပေးပြီး သင်တန်း တက်ကြစေသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်း ဖွဲ့စည်းနည်း၊ ဖွဲ့စည်းပုံ နည်းနာ သင်တန်းများကို လူကြီးပိုင်းများ
သာ အများဆုံး တက်ရောက် သင်ကြားလျက် ရှိကြသည်။

စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အပတ်စဉ်တိုင်း ပြင်ပမှ စီးပွားရေးပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များ
နှင့် ဝါရင့် နိုင်ငံရေး သမားဟောင်းကြီးများကလည်း သင်တန်းသူ၊ သင်တန်းသားများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ကာ သင်တန်းများ ပို့ချပေးသည်။

ဗေဒါကျောင်းဖွင့်လှစ်ရခြင်းနှင့် ယခုလို့ သင်တန်းများ ပို့ချပေးရခြင်း ရည်ရွယ်ချက်များကို ကိုမျိုးရန်နောင်သိန်းက “အစိုးရကို မုန်းတီးတာတခုတည်းတင် နိုင်ငံရေးမဟုတ်တော့ဘူး၊ အစိုးရကို အတိုက်အခံလုပ်တာ၊ ထောင်ကျခံ တာတခုတည်းနဲ့တင် နိုင်ငံရေးလုပ်တာ မဟုတ်တော့ဘူး၊ ကျနော်တို့ ကိုယ်တိုင်ကလည်း ထောင်ကျခံခဲ့တယ်။ ဒါပေမယ့်လည်း အခြေအနေအားလုံးနဲ့ နိုင်ငံရေးကို သိရှိနားလည်ပြီးတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို စနစ်တကျ လုပ်တတ်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီအတွက်ကို ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ မြန်မာပြည် နိုင်ငံရေး
ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့အတွက်ကို ရည်ရွယ်ပါတယ်” ဟု ပြောသည်။

အထက်မြန်မာပြည် ကျောင်းခွဲအဖြစ် မန္တလေးမြို့တွင် ကျောင်းခွဲတခု ဖွင့်လှစ်ကာ လာမည့် နိုဝင်ဘာလ ခုနှစ်ရက်
နေ့တွင် သင်တန်းများပို့ချပေးမည်ဟုလည်း သူက ဆိုသည်။

ဗေဒါသင်တန်းကျောင်းကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ (၂ဝ) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသိပ္ပံ သင်တန်းများကို ပို့ချလာခဲ့သည်မှာ ယခုသင်တန်းဆင်းပွဲနှင့် ဆိုလျှင် အပတ်စဉ် ရှစ်ခုထိ ရှိပြီဖြစ်သည်။

သင်တန်းစဖွင့်ချိန်က အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ဗေဒါသင်တန်းကျောင်းကို နေရာအမျိုးမျိုး ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြရသည်။


ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

2011-10-31

ဒီကနေ့ မနက် ဆယ်နာရီက သင်္ဃန်းကျွန်း မြို့ နယ်မှာ ကျင်းပတဲ့ ဗေဒါ အခမဲ့ ပညာရေးကျောင်း စာကြည့်တိုက် ဖွင့်ပွဲ နဲ့  သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။

NLD

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ကျင်းပပြုလုပ်သည့် ဗေဒါ အခမဲ့ပညာရေးကျောင်း စာကြည့်တိုက်ဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စကားပြောဆိုနေစဉ်။

ကျောင်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့ နယ် ၁၆/၃ ရပ်ကွက၊် သုမန လမ်း၊ အမှတ် (၄၅၃) မှာ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ တာဝန်ခံ ဦးစောနိုင်းနိုင်း နဲ့ မြို့နယ်ခေါင်းဆောင်တွေ၊ ဗေဒါကျောင်း ကြီးကြပ်ရေး ကော်မတီဝင်တွေ၊ ဆရာ ဆရာမတွေ တက်ရောက်ခဲ့ကြ ပါတယ်။

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တယ်ဆိုတာ သိကြလို့ ကျောင်းရှေ့ မှာ လာရောက် ကြိုဆိုကြတဲ့ ပရိသတ် ငါးရာလောက် ရှိပြီး ၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ပရိသတ်ကို ကျောင်းအပေါ်ထပ် ဝရံတာကနေ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။

အခုလို သင်တန်းတွေ ဖွင့်လှစ်ရတာ ပြည်သူတွေ ပညာ တိုးတက် ရရှိပြီး၊ တန်ဖိုးရှိသူတွေ ဖြစ်အောင် ရည်ရွယ်ကြောင်း ဦးဆုံး ရှင်းလင်း ပြောဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ပြည်မှာ သဘာဝ သယံဇာတတွေထက် ပြည်သူတွေက ပိုပြီး တန်ဖိုးရှိကြောင်း၊ ပြည်သူတွေ ကျန်းမာသန်စွမ်းပြီး ပညာတတ်မှ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလို စွမ်းဆောင်နိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြည့်ဆည်းပေးနေတာ ဖြစ်ကြောင်း နိုင်ငံရေး လုပ်သူတွေ အနေနဲ့ ပြည်သူတွေ အပေါ် တန်ဖိုးထား လေးစားရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရဦးတင်ဦး နဲ့  ဗေဒါကျောင်း ကြီးကြပ်ရေး အဖွဲ့ဝင် ဦးစိုးမြင့်တို့ ကလည်း အမှာစကား ပြောကြားပါတယ်။

သင်တန်း ကြီးကြပ်ရေး ကော်မတီဝင် ဦးကိုကိုမြင့်နဲ့  ကိုမျိုးရန်နောင်သိန်းတို့ ကလည်း သင်တန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားကြပါတယ်။

အဲဒီနောက် နိုင်ငံရေးသိပ္ပံ အပတ်စဉ် (၈) တစ်လခွဲ သင်တန်းဆင်း ၂၆ ယောက်နဲ့ လူမှု အဖွဲ့အစည်းများ ဖွဲ့စည်းပုံ သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်း ၁၅ ယောက်၊ စုစုပေါင်း ၄၁ ယောက်ကို NLD ခေါင်းဆောင်များနဲ့ ကျောင်းကြီးကြပ်ရေး ကော်မတီဝင်တွေက သင်တန်းဆင်း လက်မှတ် ပေးအပ်လိုက် ပါတယ်။


Daw Aung San Suu Kyi's Speech at BAYDA Institute



http://www.irrawaddyblog.com/2011/10/blog-post_4551.html
ဒီနေ့ မနက်ပိုင်း သင်္ကန်းကျွန်းမြို့နယ်မှာ ပြုလုပ်တဲ့ ဗေဒါ အင်စတီကျု စာဖတ်ခန်း ဖွင့်ပွဲ အခမ်းအနားပုံတွေပါ။ (ဓာတ်ပုံ - NLD)











http://moemaka.com/2011/11/suu-said-people-have-suffered-enough-ပြည်သူတွေဟာ-အတော်က/

Suu said People have suffered enough – ပြည်သူတွေဟာ အတော်ကို အပူဒဏ်ခံနိုင်နေပြီ

ပြည်သူတွေကို အားကိုးတယ်၊ လူထုထောက်ခံမှဖြစ်မယ်။

ပြည်သူတွေဟာ အတော်ကို အပူဒဏ်ခံနိုင်နေပြီ။  နိုင်ငံတော်ရဲ့ ရှေ့မှာ ပြည်သူရှိတယ် …

ဒေါ်အောင်ဆန်းစုကြည်၊ အောက်တိုဘာ ၃၁၊ ဗေဒါစာကြည့်တိုက်ဖွင့်ပွဲတွင် ဟောပြော
အသံနှင့် ဓာတ်ပုံဖိုင်  – အင်န်အယ်ဒီပြန်ကြားရေး၊ နိုဝင်ဘာ ၁၊ ၂၀၁၁




Daw Aung San Suu Kyi's Speech for Upper Burma BAYDA Institute


ရန်ကုန်မြို့ ဗေဒါကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း

၂၀၁၁၊ အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်မြို့ ဗေဒါကျောင်း စာကြည့်တိုက်ဖွင့်ပွဲနဲ့ သင်တန်းဆင်းပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု - ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ပြီး အမှာစကားမိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ပါတယ်။ ထိုသို့ ပြောကြားချက်များအနက် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း အသံဖိုင်ကို အားလုံးအတွက် မျှဝေလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အသံဖိုင်   http://burmatoday.net/audio/111031_dassk.html


NLD Leaders attend Bayda Institute Library Opening Event

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဗေဒါကျောင်း စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက်


http://burmatoday.net/photo2005/2011/201110/111031_nld/content/01_large.html




--
Myo Thein
Director
Burma Democratic Concern (BDC)
myoth...@gmail.com
myot...@bdcburma.org
+44 208 493 9137
+44 787 788 2386
Skype: myo.thein19
Gtalk: myothein19



Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights. Burma Democratic Concern (BDC) is the registered company in UK, and register number is 6496926.  Register address: 2nd Floor, 145-157, St John Street, London, United Kingdom, EC1V 4PY.

Reply all
Reply to author
Forward
0 new messages