24 Apr 2012 | By Venus News Journal
အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ဆုများ လျှောက်ထားနိုင်
အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် တက်ရောက် သင်ကြား နိုင်မည့် ပညာ
သင်ဆုများ အတွက် မြန်မာနိုင်ငံမှ ကျောင်းသား/ ကျောင်းသူများ စတင်
လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်သည်။
ခေါ်ယူသည့် ပညာသင်ဆုများမှာ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် တစ်ခုခုမှ
မဟာဘွဲ့ရယူနိုင်မည့် ဖူးလ်ဘရိုက် နိုင်ငံရပ်ခြား ကျောင်းသား ပညာသင်
ထောက်ပံ့ မှု အစီအစဉ်နှင့် အမေရိကန် ပြည်ထောင်စုတွင် တစ်နှစ်ကြာ ဘွဲ့လွန်
အဆင့် ပညာရပ်များ၊ သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံများ လေ့လာနိုင်မည့်
Hubert H . Humphrey Fellowship ပညာသင် ဆုများ စတင် လျှောက်ထားနိုင်ကြောင်း
အဆိုပါကြေညာချက်တွင် ဖော်ပြသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် ဖူးလ်ဘရိုက် နိုင်ငံရပ်ခြား ကျောင်းသား ပညာသင်
ထောက်ပံ့မှု အစီအစဉ်အတွက် အရွေးချယ် ခံရပါက ၄င်းကျောင်းသား ကျောင်း သူများ၏
ပညာရေး စရိတ်၊ နေရာ ထိုင်ခင်းစရိတ်၊ အခြေခံကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရမှု
အကျိုးခံစားခွင့်၊ စာအုပ် စာတမ်းကြေး၊ ခရီးစရိတ်နှင့် ဖူးလ်ဘရိုက် အထောက်
အကူပြု အစီအစဉ်များ တက် ရောက်ခွင့်တို့ကို ၄င်းအစီအစဉ်မှထောက်ပံ့
ကျခံပေးမည်ဖြစ်သည်။
ဖူးလ်ဘရိုက် ပညာသင်ဆု လျှောက် ထားရန်အတွက်လိုအပ်သောအချက်များမှာ-
-မြန်မာနိုင်ငံသားဖြစ်ရမည်။အခြား နိုင်ငံများမှ နိုင်ငံသားများ မြန်မာနိုင်ငံ မှ လျှောက်ထားခွင့်မရှိ။
-၂၀၁၁ ခုနှစ် မေ ၃၁ ရက်မတိုင်မီ ဘွဲ့ တစ်ခုခုရရှိထားရမည် ဖြစ်ပြီးပညာရည် အဆင့်မြင့်မားမှု ထူးချွန်မှတ် တမ်းများရရှိသူ ဖြစ်ရမည်။
-အင်္ဂလိပ်စာ TOEFL ရမှတ် အနိမ့် ဆုံး ၅၇၅မှတ် (သို့) IELTS ၆ ဒသမ ၅ နှင့် အထက် ရရှိထားသူဖြစ်ရမည်။
-လျှောက်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သော ဘွဲ့ရထားသူ (သို့) သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံရှိ ထားသူ ဖြစ်ရမည်။
-အမေရိကန် ပြည်ထောင်စုတွင် နေထိုင် ဖူးသူ (သို့) ရောက်ဖူးသူမဖြစ်ရပါ။
-အမေရိကန် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ ရထားသူ(သို့)ဘွဲ့သင်တန်းအတွက်
ကျောင်းအပ်ထားသည် မဖြစ်ရပါ။ ဖူးလ်ဘရိုက်ပညာသင်ဆုအတွက့်ျငစ ဇွန် ၁၈ ရက်တွင်
နောက်ဆုံး ထားလျှောက် ထားရမည်ဖြစ်ပြီး လျှောက်လွှာ ပုံစံများကို
http://burma.usembassy.gov/scholarships.html နှင့် E.mail လိပ်စာ RangoonUSECA@ State .gov သို့ တောင်းခံ လျှောက်ထား နိုင်သည်။
၎င်းပညာသင်ဆုအတွက်အသေးစိတ် အချက်အလက်များအား ဧပြီ ၂၇ ရက်၊ မေ ၂၅ ရက် ညနေ ၅
နာရီအချိန်တွင် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌လည်း နှင့် ကောင်း၊ မေ ၃
ရက်တွင် မွန်းလွဲ ၃နာရီခွဲ တွင် မန္တလေး၊ ချမ်းအေးသာစံရှိ ဂျက်မာ
ဆင်စင်တာ၌လည်းကောင်း ဟောပြောမည် ဖြစ် သည်။
ထို့ပြင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် Hubert H. Humphrey Fellowship
အစီအစဉ်အတွက် လုပ်ငန်းခွင် အသီးသီးတွင် အောင်မြင်လျက်ရှိသော
မြန်မာနိုင်ငံသားများ အမေရိကန်ပြည် ထောင်စုတွင် တစ်နှစ်ကြာဘွဲ့လွန် အဆင့်
ပညာရပ်များနှင့် သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံများ လေ့လာနိုင်မည်ဖြစ် သည်။
၎င်းအစီအစဉ်တွင် ရွေးချယ်ခံရပါက အပြည်ပြည် ဆိုင်ရာနှင့် ပြည်တွင်းခရီး
စရိတ်များ၊ ပညာရေးစရိတ်၊ ကျန်းမာရေး နှင့်ထိခိုက်မှုအာမခံ၊
လစဉ်ထောက်ပံ့ကြေး၊ စာအုပ် စာတမ်းနှင့် သင်ထောက်ကူ ပစ္စည်း စရိတ်၊
အခြားဆက်စပ်စရိတ်တို့ကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ၄င်းပညာသင် ဆုသည်
ဘွဲ့သင်တန်းမဟုတ်သကဲ့သို့ ထောက်ပံ့ ကြေးသက်တမ်း တိုးခွင့်မရှိပေ။
--
God is good