ပညာသင် ထောက်ပံ့ကြေး ကနေဒါ ဒေါ်လာ ၂၅၀ဝ ကမ်းလှမ်းလာသည့် Ontario International College

5 views
Skip to first unread message

khai pi

unread,
Apr 5, 2012, 7:08:12 PM4/5/12
to Teklwi, Gual Nam

ပညာသင် ထောက်ပံ့ကြေး ကနေဒါ ဒေါ်လာ ၂၅၀ဝ ကမ်းလှမ်းလာသည့် Ontario International College

3:56 AM  Education  No comments

05 Apr 2012  |By itTimes

ပညာသင် ထောက်ပံ့ကြေး ကနေဒါ ဒေါ်လာ ၂၅၀ဝ ကမ်းလှမ်းလာသည့် Ontario International College
ကနေဒါ နိုင်ငံရှိ Ontario International College မှ မြန်မာ နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ဆု ရွေးချယ် ရာတွင် ကျောင်း သား၊ ကျောင်းသူ များ၏ သင်ယူပြီးမြောက်ခဲ့သော ပညာ အရည်အချင်း မြင့်မားမှုနှင့် အင်္ဂလိပ်စာ အဆင့် ကောင်းမွန်မှုကို သုံးသပ်၍ ဇွန်လတွင် ဖွင့်လှစ်မည့် OSSD Program အတွက် ကနေဒါဒေါ်လာ ၁,ဝ၀ဝ မှ ၂,၅၀ဝ အထိ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့် လျှောက်ထားရန် လိုအပ်ချက်
OSSD တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နာရီ ၄၀ အစုအဖွဲ့လိုက် သင်ခန်းစာ ဆွေးနွေးခြင်း ပြုလုပ်ရမည်ဖြစ်ပြီး Compulsory Credits (Total of 18) နှင့် Optional Credits (Total of 12) စုစုပေါင်း 30 Credits ရရှိမှသာ Diploma အောင်မြင်မည် ဖြစ်သည်။

အင်္ဂလိပ်စာ လိုအပ်ချက် ရှိသော ကျောင်းသားများ အတွက် Basic မှ Advance အထိ Level ၅ ခုပါဝင်သော ESL Program ကို သင်ကြား ပို့ချပေးသည်။ Level တစ်ခုကို တစ်ပတ်ကြာ တက်ရောက်ရမည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာ လိုအပ်ချက် Level များ အလိုက် တက်ရောက်ရမည်ဖြစ်သည်။

OSSD (Ontario Secondary School Diploma) Program လျှောက်ထားလိုသူများသည် IELTS 5.5 အနည်းဆုံး ရရှိထားပြီး တက္က သိုလ်ဝင်တန်း အောင်မြင် ထားသူ (သို့မဟုတ်) တက္ကသိုလ်ပထမနှစ်အောင်မြင် ထားရသူဖြစ်ရမည်ဖြစ်သည်။

လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
www.oicedu.ca
အဆိုပါ Scholarship အသေးစိတ် အချက်အလက်နှင့် လျှောက်ထား လိုသူများ အနေဖြင့် Crown Education ဖုန်း-၅၂၃၈၃၂ တွင် ဆက်သွယ် စုံစမ်း မေးမြန်း နိုင်သည်။

--
God is good
Reply all
Reply to author
Forward
0 new messages