နောက်တစ်ခါကြုံ၇င်
လက်မနှေးနဲ့
အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ၀ံပုလွေတစ်ကောင်ဟာ တွေ့သွားပါရော.
. . ဒါကြောင့် သူ့ကို စားတော့မှာ ဖြစ်တယ်. . ဒါပေမယ့် ခွေးက သူ့ကို အခု
မစားချင်ပါနဲ့ လို့ ဆိုတယ်. .
အခုစားနေရင် ကျွန်တော်ဟာ ပိန်ပိန်သေးသေးပဲ ဖြစ်နေမယ်. . ဒါပေမယ့် ခင်ဗျား
ခဏကလေး စောင့်မယ်ဆိုရင် ကျွန်တော့ရဲ့ သခင်အိမ်မျာ လက်ထပ်မင်္ဂလာပွဲ
ပြုလုပ်မှာမို့ ကျွန်တော့အဖို့စားစရာတွေ အများကြီး စားရလိမ့်မယ်. .
ကျွန်တော်ဝဖြိုးလာမယ်. . . ဒီအချိန်မှာ စားရင် ခင်ဗျားဟာ ကျွန်တော့်ရဲက
အသားကို များများ စားရမှာပေါ့. .
ဝံပုလွေက ဒါကိုလက်ခံမိတယ် . . . သူ့အစာကို နောက်မှပဲ စားတော့မယ်ဆိုပြီး
ထွက်သွားပါတယ်. . .
ရက်အနည်းငယ်ကြာတဲ့အခါ. . .သူရောက်လာတယ်. . .
ခွေးဟာ အိမ်ခေါင်မိုးပေါ်မှာ အိပ်နေတာကြောင့် ၀ံပုလွေက " ပြောဆိုထားတဲ့
ကတိအတိုင်း အောက်ကို ဆင်းခဲ့ပါ . . ."လို့ လှမ်းခေါ်လိုက်တယ်. .
ဒါကိုခွေးက "နောက်တစ်ခါ ကျွန်တော်မြေကြီးပေါ်မှာ အိပ်နေတာ တွေ့ရင်
လက်ထပ်မင်္ဂလာပွဲ ပြုလုပ်တဲ့ အချိန်ထိ စောင့်မနေပါနဲ့ . . "
လို့ပြန်ပြောလိုက်တယ်. .
.... (အသက်ဘေး အန္တရယ်က
လွတ်မြောက်ခဲ့သူဟာ သူ့ဘ၀မှာ အလားတူ အန္တရယ်မျိုး ကြုံတွေ့တဲ့အခါ
သတိပြုတတ်နေပြီ)....
လှောင်ချိုင့်ထဲကငှက်
ပြတင်းအနီး လှောင်ချိုင့်ထဲမှာ ရှိတဲ့ ငှက်ဟာ ညဘက်မှာ အမြဲ သီချင်းဆိုဆိုနေတယ်. .
ဒါကို လင်းနို့က ကြားပြီး သူ့ဆီပျံလာတယ်
ဘာကြောင့် "နေ့ဘက်မှာ သီချင်းမဆိုသလဲ. . မင်းသီချင်းဆိုတာကို ညဘက်မှာ
တော့ ကြားနေရတယ်. . လို့. . " မေးပါတယ်. .
ငှက်က "အကြောင်းရှိလို့ ညဘက်သီချင်းဆိုတာပါ ဆိုပြီး "ရှင်းပြလိုက်တယ်. .
"ညဘက်မှသာ ကျုပ်က သီချင်းဆိုတယ်လေ. . . နေ့ဘက်မှာ သီချင်းဆိုရင် ရန်သူက
မြင်နိုင်တာကိုး တဲ့
အခုမှတော့ နေ့နဲက ည ဆင်ခြင်နေဖို့၊ ရွေးနေဖို့ မလိုတော့ပါဘူး. . .
.လှောင်ချိုင့်ထဲ မရောင်ခင်ကသာ ဒါကို သတိပြုရမှာပါ. . " လို့
လင်းနို့ကပြောပါတယ်...
သူအသိနောက်ကျသွားတာကို လင်းနို့ပြောမှာပဲ သင်ခန်းစာရလိုက်တော့တယ်........
........။
....(ဒီပုံပြင်လေးကတော့ အမှားကို
ပြုမိပြီးမှ ၀မ်းနည်းဖို့ရာ မလိုပါဘူးလို့ပြောတာပါ. . နောင်တ မရခင် က
ဆင်ခြင်ရမှာပေါ့)......
ခွေးအတွက်
စာရင်းမပါ
လားနဲ့ ခွေးတို့ ခရီးအတူလာကြရင်း တံဆိပ်ပိတ်ထားတဲ့ စာခေါက်တစ်ခုကို
မြေကြီးပေါ်မှာတွေ့တယ်. . .လားဟာ ကောက်ယူပြီး စာရွက်ခေါက်ကို ဖြန့်လျှက်
ကျယ်လောင်စွာ ဖတ်လိုက်တယ်. . . ဒါကိုခွေးက နားထောင်နေတာပေါ. . .
စာထဲမှာ နွားစာ အမျိုးမျိုးအကြောင်းပဲ ပါလာတယ်. . . ကောက်ရိုးမြက်၊
ဖွဲနုတွေ ဖြစ်တယ်. . . သူ့သွားရည်ကျစရာ စာရင်းမတွေ့တာမို့ ခွေးက "စာကို
ကျော်ဖတ်ကြည့်ပါဦး မိတ်ဆွေရယ်. . . .. ခင်ဗျား တစ်ကြောင်း
နှစ်ကြောင်းလောက် ကျော်ဖတ်ရင် အသားတုံးတွေ ၊ အရိုးတွေပါတာ
တွေ့ပါလိမ့်မယ်. . . " တဲ့. .
ဒါပေမယ့် လားက စာကို အစမှ အဆုံး ဖတ်ပြီးတဲ့နောက် ခွေးအတွက် အစာ စာရင်း
မပါဘူးဆိုတာသိပါတယ်. . . ဒီတော့ ခွေးက "ဒီစာကို လွှင့်ပစ်လိုက်စမ်းဗျာ . .
. . ဘာမှ အသုံးမကျတဲ့ စက္ကူစုတ်ပါ. . . ." လို့ ဆိုလိုက်သတဲ့ . . .
ဒီပုံပြင်လေးက တော့ . ကိုယ့်အကျိုးမပါရင် စိတ်မ၀င်စားတတ်တဲ့
သဘာဝကို ဖော်ပြတာပါ. . .
လင်းယုန်မ နှင့် မြေခွေးမ
လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ
နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင်
မှာ နေကြတယ်. .
သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . . မြေခွေးမက အပင် အောက်ချုံ
ထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားတယ်. . . တစ်နေ့တော့ မြေခွေးမ
အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး
မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . . ဒါကြောင့် လင်းယုန်မနှင့်
သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်. . .
မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက
တစ်မျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တစ်မျိုးနဲ့ အတော်
ခံစားရတယ်. . .ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့
ဖမ်းနိုင်ပါ့မလဲ. .
သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . . ဒါပေမယ့်
မကြာပါဘူးလေ. . မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့သူကို
အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. .
လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . .ဒါကိုလင်းယုန်မက
တစ်ဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း
ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... အဲဒီအချိန် မှာ
လေပြင်းကျလာတဲ့အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့
သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရော တဲ့. . .
အတောင်မစုံ မပျံနိုင်သေးတဲ့ . . . ငှက်ပေါက်ကလေးတွေဟာ မီးလောင်
ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်. . ဒီအချိန်မှာ မြေခွေးမဟာ
ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ
အားလုံးကို စားပစ်လိုက်တယ်. .
(ဒီပုံပြင်ကလေးကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က
အားနည်းချက်ရှိလို့ ဒဏ်မခတ်နိုင်ပေမယ့်. . . ဘုရားသခင် ရဲ့
အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ပြောတာပါ. . . )
ဧရာဝတီစာကြည့် တိုက် မှ ကူးယူဖော်ပြပါသည်.....။