ကွန်ပြူတာတစ်လုံးဟာ တိုးတက်လာတဲ့ ခေတ်ကာလကြီးမှာ အလွန်အသုံးဝင်တဲ့ ပစ္စည်းလေးပါ ...
ဒီလိုအသုံးဝင်ပေမယ့် သူလည်း လူလုပ်ထားတဲ့ စက်ပဲလေ ... နောက်ဆုံးတော့ သုံးမရအောင် ပျက်သွားတတ်တာပေါ့ ...
အော် .... ပြောရဦးမယ် ...
သုံးမရအောင် ပျက်သွားတယ် ဆိုတဲ့စကားက သိပ်တော့ မမှန်သေးဘူးနော် ...
သုံးတတ်သလိုသုံးရင်တော့ အသုံးတည့်နေသေးတာပါပဲ ...
ကဲ ... ကျုပ်ကတော့ ကွန်ပြူတာအပျက်အဟောင်းတစ်လုံးကို ဘယ်လိုသုံးမလဲဆိုတာ နမူနာပြလိုက်မယ် ....
အတုယူကြပေတော့ .........

ဒီလို ပန်းလေးတွေလုပ်ပြီး ရွာထဲက အပျိုကြီးမမ တွေကို ပိုးပန်းမယ်ဆိုရင်ရော ..... မဖြစ်ပေဘူးလား ... ?

ဒီလိုအရုပ်ကလေးလုပ်ပြီး သားသားလေး ဒရယ်တို့ ဝေယံတို့ သူရတို့ဆော့ဖို့ပေးလဲရတယ် ...
(တစ်ခုပဲရှိတာနော် မလုကြနဲ့ ... )

ဒီစက်ရုပ်ကလေးကလည်း တစ်ခုပဲ ရှိတာနော် မလုနဲ့ ...

ဒီမိကျောင်းရော ကြိုက်ကြလား

အီရတ်မှာသွားတိုက်မလို့ ထွင်ထားတာ ... ဟဲဟဲ ...

ဒီပန်းအိုးလေးက အပင်စိုက်ဝါသနာကြီးတဲ့ မကြီး gg အတွက် ... လက်ဆောင်ပေါ့ ...

နောက်ဆုံးသုံးမရရင် ဆေးလိပ်ပြာခွက်လုပ်မယ်ကွာ ....

အော် ... မေ့လို့ ကြွက်ရုပ်ကလေးတစ်ခုကျန်သေးတာပဲ ... ဒါလေးကတော့ ညီမလေး ကြယ်ပိစိ အပျင်းပြေ ဆော့ဖို့ ...

သုံးမရတဲ့အဆုံးတော့ ဒီလိုမျိုး ဟမ်းစတားလေးတွေ ထည့်မွေးကြတာပေါ့ ...

ဘယ်လိုမှ လုပ်မရရင် ဒီလို ဆေးလိပ်ခွက်လုပ်ပစ်လိုက်ပေတော့ ....

ဟောဒီ့အမေဘုတ်ကြီးကိုတော့ Coffee Maker သာ လုပ်ပစ်လိုက်မယ် ....
(အားပါး ... လှမှလှ ....)

စောစောကလုပ်ထားတဲ့ အမေဘုတ်ကြီး ရှော့ခ်ဖြစ်ပြီး မီးလောင်သွားတယ်ဗျာ ... ဒါနဲ့ နောက်ဆုံး အကင်ပဲ ကြော်စားဖို့ စီစဉ်လိုက်ရတော့တယ် ...
ကဲ ရွာသူ/ရွာသားအပေါင်းတို့ ကွန်ပြူတာတစ်လုံးရဲ့ အဖိုးတန်ပုံကို သိကြပြီလား ....?