ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများအတွက် စီမံကိန်း အဆိုပြုလွှာရေးဆွဲရေး သင်တန်း
မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ဖွံ့ဖြိုးရေးနှင့် လူမှုရေးအထောက်အပံ့များကို ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများက ထိရောက်စွာနှင့် အောင်မြင်စွာ ဆွဲဆောင်ရယူနိုင်ရေးအတွက်လိုအပ်သည့် စီမံကိန်းအဆိုပြုလွှာရေးဆွဲနည်းသင်တန်းကို ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်း (Capacity Building Initiative CBI) နှင့် အမေရိကန်နိုင်ငံအခြေစိုက် Project Hope တို့ပူးပေါင်းပြီး ရန်ကုန်မြို့တွင် ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ရက်နေ့ထိ ဖွင့်လှစ်ပို့ချရန် စီစဉ်ထားပါသည်။ စိတ်ဝင်စားသောပြည်တွင်း လူမှုရေးအဖွဲ့အစည်းများတက်ရောက်နိုင်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက စွမ်းရည်ရှေ့ဆောင်လူမှုရေးအသင်း (Capacity Building Initiative CBI) ဖုန်း ၀၁ ၅၀၁၃၇၉။ ၀၉ ၄၅၀၀၀ ၃၀၄၂ တို့သို့လည်းကောင်း cbitr...@cbiinmyanmar.org နှင့် cbi...@myanmar.com.mm သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။