Fwd: သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြု

16 views
Skip to first unread message

Echo Echo

unread,
May 15, 2011, 10:34:35 AM5/15/11
to We Love, Snow Queen, Phone Myint Kyaw, Wai Yan Kaung, Nyi Ma Lay, Sandi, Rosy, Theint Hay Thi, Htet Yar Zar, Htet Yar Zar, Ko Saw Htet Aung, Thet Oo Wai, Phyo Wai, Ma Su Nge, Ma Su Hlaing, Thura Aung, Khine Myat Noe Tun, Ko Hein Htet, Khine Myat Noe Tun, funnyegress5batch, face.chaw, Zin Wint War Hnin, Zin Wint War Hnin, 5e002
--

သင်္ကန်းကျွန်း မြို့နယ်နေ အသက် ၂၀ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် Online
Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး
တစ်ဦးနှင့် ချစ်သူ ဖြစ်သွားကြပြီး အမျိုးသားလေး၏ ချိန်းဆို ကမ်းလှမ်းမှုအရ
၂၁.၈.၂၀၁၀ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည်
၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည် ဟူ၏။

နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေးသောက်လက်စမှ
မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့်နေရာ
ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါသွားခဲ့သည် ဟူ၏။

အမူးပြေစဉ် သတိရလာသော အခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင်
ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ
ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်က တစ်ဖက်၊ အားချင်း မမျှသည်က တစ်ကြောင်း
တို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော် သွားခဲ့သည် ဟူ၏။

နောက်တစ်နေ့ နံနက် ၇ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာသည်
အမျိုးသားလေး၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏ အိမ်သို့ ပြန်လာပြီး မိဘများကို
ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁၀ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့်
တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁၀ ပြစ်မှုပုဒ်မ ၃၇၆ အရ
အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း
မှုခင်းသတင်း ဂျာနယ်အရ သိရသည်။

MM Daily NEWS မှ

--
အောင်မြင်မှုခရီးဝေးကြီးသွားမဲ့သူဟာ
ခလုတ်ကလေးတစ်ချက်တိုက်မိရုံနဲ့
ခရီးစဉ်ကြီးတစ်ခုလုံးကိုဖျက်မပစ်သင့်ဘူး။
*မီယောဇင်*

--

Reply all
Reply to author
Forward
0 new messages