ဒို့ ခေတ်လူငယ်

13 views
Skip to first unread message

Human Truth

unread,
Jan 31, 2012, 9:32:23 PM1/31/12
to

ဒို့ ခေတ်လူငယ်

Posted by barnay on January 20, 2011

်မြန်မာ Tutorials ကနေ ယူထားတာပါလူငယ်တစ်ယောက်ကို ပြောချင်သော စကားလေးများ

ကျနော်ဒီခေါင်းစဉ်ကိုတပ်လိုက်လို့ ကျနော်လူကြီးဖြစ်နေသလားလို့ စဉ်းစားစရာပါ ဟုတ်ကဲ့ လူငယ်လေးတွေထက်စာရင် လူကြီးပါ.. ခုခေတ်ဆယ်ကျော်သက်တွေထက်စာရင် လူကြီးတစ်ယောက်လို ကျနော် နေနေရလို့ပါပဲ .. ဘာလို့ ဒီအကြောင်းရေးချင်တာလဲဆိုရင် တခါတခါ ညီငယ် ညီမငယ်တွေကို ဒါတွေ သိစေချင်တယ် လုပ်စေချင်တယ် ဘယ်အရာက မှားတယ် ဘယ်အရာက မှန်တယ်ပေါ့ ကိုယ့် ဦးနှောက်နဲ့ နိုင်သလောက် တွေးတောပေးတဲ့သဘောပါ … လူငယ်အများစုက သူတို့လုပ်နေတဲ့ အကြောင်းအရာတစ်ခုခုကို မှားသလား မှန်သလား မစဉ်းစားဘူး လုပ်ချင်စိတ်ကို ဦးတည်နေကြတာများတယ် အဲ့ဒီမှာ မမှားသင့်တဲ့ အမှားတွေ မှားကုန်ရော .အချိန်မလင့်သင့်ပဲ လင့်ကုန်ရော .. ဒီတော့ ရသင့်တဲ့ အကျိုးတွေ နည်းကုန်တာပေါ့ဗျာ…. တန်ဖိုးတွေလည်း လျော့ကုန်ရော ……… အဲ့ဒီမှာ အတွေးတစ်ခုပေါ်မိတာက သူတို့လေးတွေ အဲ့ဒီ “အမှားနေရာမှာ…. အမှန်လေးနဲ့ အစားထိုးပြီး ပိုင်ဆိုင်လိုက်မယ်ဆိုရင်” ဆိုတဲ့ အတွေး အဲ့ဒီလိုပိုင်ဆိုင်လိုက်မယ်ဆိုရင် သူတို့ရဲ့ ရလဒ်က သူတို့ဘဝအတွက် အထွဋ်အထိပ် .. သူတို့ပတ်ဝန်းကျင်အတွက် မှီခိုရာ .. သူတို့နိုင်ငံအတွက် အားတွေ ဖြစ်လာကြမယ်ဆိုတာ အပြောအားထက် လုပ်အားက သက်သေထူသွားပါလိမ့်မယ် … ခုခေတ် လူငယ်တွေ အများစုမှာ မလုပ်သင့်တာကို လုပ်နေတာတွေ မျက်စိရှေ့မှာတွေ့နေရတယ် ..တချို့က သူတို့မှားမှန်းလည်း သူတို့သိတယ်……..။  တချို့က မိဘရဲ့ အခွင့်အရေးပေးမှုရှိလို့ မသိတတ်ကြတာများတယ် ….. ဒါပေမဲ့ သိချင်စိတ်ကလေးတွေရှိတယ်….။ .အဲ့လို အမှားမြန်းသိပေမဲ့ ဘာလို့ အမှန်မလုပ်သလဲ. ..?   မလုပ်ဖြစ်လဲ….?  ဆိုတာကတော့ တွေးစရာပါ ……။      (၁) အချက်အနေနဲ့ကတော့ သူတို့ ပတ်ဝန်းကျင်ပါ … ဘာလို့ပတ်ဝန်းကျင်ကိုထည့်ပြောသလဲဆိုရင် လူအများစုက ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝ ရှိလို့ပါပဲ……။ စကားပုံတောင် လက်ကိုင်ထားသေးတာပဲ .. “တံငါနားနီး … တံငါ ၊ မုဆိုးနားနီး …မုဆိုး” ဆိုပြီးတော့လေ ရှေးလူကြီးတွေ ချန်ထားခဲ့တာ…….။ အမှန်တော့ ပတ်ဝန်းကျင်အတိုင်း လိုက်ပြောင်းလဲတယ်ဆိုတာက ကိုယ်ပိုင် ခံယူချက်မရှိသူတွေပါ ခံယူချက် ပြင်းပြတဲ့သူတွေကြ ပတ်ဝန်းကျင်ရိုက်ခတ်မှုကို ပြန်တွန်းလှန်နိုင်ကြတယ်လေ…..အဓိက ဆိုလိုချင်တာကတော့  အဲ့ဒီသဘောလေးပါ……….။ (၂)အချက်ကတော့ သူတို့လေ့လာတဲ့ အရာ နဲ့ စာပေပါပဲ  …….။ ဥပမာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စာအုပ်စာပေ ဖတ်တဲ့သူနဲ့  မဖတ်တဲ့သူမှာ … မည်သူက အတွေးသာမလဲ စဉ်းစားကြည့် … …။ စကားပြောတဲ့အရာမှာကိုပဲ စကားလုံကြွယ်သူနဲ့ မကြွယ်သူ ကွဲပြားသွားလိမ့်မယ် ..။ စကားကြွယ်သူရဲ့ ပြောသံကိုလူတိုင်း နာခံချင်သလို စကားကြမ်းသူရဲ့ ပြောစကားကို လူတိုင်း လိုအပ်တာထက် ပိုမနာခံချင်ကြဘူး…..။  ဒါသဘာဝပဲ အမှန်တရားပဲ စကားကြွယ်သူက ပြောရမဲ့ အကြောင်းအရာချင်းအတူတူ ဘယ်သို့ဘယ်ပုံပြောရင် လူတွေ နားဝင်လွယ်တယ်ဆိုတာ သိတယ်……..။  စကားမကြွယ်သူကတော့ ဘယ်လောက် အကြာင်းအရာကောင်းကောင်း သူပြောချက်က မထိမိဘူးဆိုရင် အရာရောက်နည်းလိမ့်မယ် ..ဒီအကြောင်းအရာတွေကို စာအုပ်စာပေတော်တော်များများမှာ ဖော်ပြထားတာ တွေ့ပါလိမ့်မယ် ……။    နောက် .. ချိုသာတဲ့စကား .. ချိုသာတဲ့စကားကို လူမပြောနဲ့ဗျာ အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်လေးတွေတောင် ဘာသံပါလဲဆိုတာ မသိပေမဲ့ ချိုသာမှု၊ နားဝင်ဖြောင့်မှုတွေကို ခွဲခြားပြီး တုံ့ပြန်တတ်တယ် ….။ အိမ်မှာ ခွေတစ်ကောင်ရှိတယ်ဆိုပါစို့ဗျာ … သူ့နာမည် “နီမ” ဆိုပြီး ပေးထားတယ် သူ့ကို ကိုယ့်အနားခေါ်မယ်ဆိုရင်..  “နီမ နီမ လာ.. လာ..” လို့ခေါ်လိုက်ရင် သူက အမြီး ကလေး လှုပ်ပြီး မျက်နှာလေးက ပြုံးပြီး ပြေးလာပါလိမ့်မယ် …. ။ အဲ့လိုမဟုတ်ပဲ .. “ဟဲ့… နီမ… လာအုံး!” ဆိုပြီး ခေါ်ကြည့်ပါလား .. လာချင်မှာမဟုတ်ဘူး လာတယ်ဆိုရင်လည်း သခင်က ရိုက်မှာစိုးလို့သာ လာတာ .. အဲ့လို အိမ်မွေးတိရိစ္ဆာန်လေးတွေတောင် ချိုသာတဲ့ အသံကိုခွဲခြားတတ်သေးရင် ကျနော်တို့ လူတွေက ဘယ်အရာကို ပိုနှစ်သက်မလဲဆိုတာ တွေးကြည့်စရာတောင် မလိုပဲ ကိုယ့်ကိုယ်ကိုမေးရုံဖြင့် သိနိုင်ပါတယ် .. ဟုတ်ကဲ့ .. ဒီတော့ စာများများဖတ်ပါ … လူငယ်တွေ စာဖတ်ပါက အသိပညာ တိုးတက်ရုံမဟုတ်ပဲ လူနေမှု အဆင့်အတန်းလည်းမြင့်မားလာပါလိမ့်မယ်.. တိုင်းပြည်လည်း လူငယ် တစ်ယောက်.. တစ်ယောက်.. နဲ့ အများပေါင်းပြီး တိုင်းပြည်တိုးတက်မှု အဆင့်အထိ အထောက်အပံ ဖြစ်သွားပါလိမ့်မယ် … ဒီတော့ လူငယ်တွေကို အကြံပေးချင်ပါတယ် .. စာကြည့်တိုက်ကို နှစ်သက်တတ်ကြပါစေဗျာ .. နှစ်သက်ရုံတင်မကပဲ စာကြည့်တိုက် ဖြစ်မြောက်ရေးတွေမှာ အားတက်သရော ကူညီတတ်ပါစေ အဖွဲ့လိုက်ဖြစ်ဖြစ် ထူထောင်နိုင်ပါစေ…..။ ဒါမှ တို့တိုင်းပြည် အညွန့်ထွက်လာမှာပါ ..။  စာတတ်သူ များလာမှ အနာဂတ်ဟာလည်းထွန်းပြောင်လာမှာပါ …။  အားပေးပါတယ် .. အဲ့လိုလုပ်ရပ်တွေအတွက် ဝမ်းမြောက်ပါတယ်….။  နောက် နံပါတ်  (၃) အနေနဲ့ ပြောချင်တာကတော့ နားလည်ခြင်းပါပဲ…။ နားလည်ခြင်းမှာ ဘယ်လိုလဲ မေးစရာရှိပါတယ် နားလည်မှု အမျိုးမျိုးကွဲပြားပါလိမ့်မယ် .. ကျောင်းစာပေကိုနားလည်ခြင်း ၊သူငယ်ချင်းအချင်းချင်း နားလည်ခြင်း၊ မိဘနဲ့ သားသမီး ကြား နားလည်ခြင်း ၊ လူမှုရေး နာလည်ခြင်း ၊ ရိုင်းပင်းကူညီမှု တွေမှာ နားလည်ခြင်း  ၊ နိုင်ငံရေး နားလည်ခြင်း(ဒီနေရာမှာ နိုင်ငံရေးဆိုတာက ကိုဟာ ကိုယ့်နိုင်ငံထဲနေပြီး မျက်စိပိတ် နားပိတ် ဖြစ်နေတာမျိုးကို .. ကျနော် မလိုလားဘူး .. မဟုတ်တာကိုလုပ်ခိုင်းခြင်းမဟုတ် .. ဘယ်ဟာတွေက ကိုယ့်နိုင်ငံအတွက် သင့်လျှော်လဲ ဆိုတာမျိုး ပါ .. စာဖတ်သူ တလွဲမတွေးစေချင်လို့ ဖြေရှင်းချက်ပေးထားတာပါ  :)   ) ၊ နောက်ဆုံး ကိုယ့်အခြေအနေနဲ့ ကိုယ့်ဘဝကို နားလည်ခြင်းပါ … .. ဟုတ်ကဲ့ .. ဒီလို နားလည်ခြင်းတွေက ခက်ထန်တဲ့ နှလုံးသားမှာ အတွေ့ရနည်းပါတယ် .. ကိုယ့်ကိုယ်ကိုလည်း မခက်ထန်ပါစေနဲ့ … စိတ်ဖိအားတွေကိုလည်း အများကြီးယူပြီး ကိုယ့်ကိုယ်ကို ဖိမထားပါနဲ့.. အရာရာဟာ အချိန်ကုန်တာနဲ့ အမျှ ဘာမှ မဟုတ်သွားဘူးဆိုတာ ဖြတ်သန်းပြီးမှ သိလာပါလိမ့်မယ် .. .. ငယ်ငယ်က တွေးခဲ့တယ် တွေးဖူးတယ် ခုလည်းတွေးနေတုန်းပဲ .. စိုးရိမ်မှုတွေကို . အချိန်တန်ရင် သူ့အလျှောက်ဖြစ်သွားမှာပါ ငါလုပ်နိုင်ပါတယ်လို့ အကောင်းဘက်က တွေးထားပေမဲ့ အကြောင်းအရာ တခုခုမှာ စိုးရိမ်စိတ်ဆိုတာကတော့ ရှိစမြဲပဲ … အဲ့ဒီနေရာမှာ သာမန်လူနဲ့ စိတ်တည်ငြိမ်တဲ့လူ ကွဲပြားသွားတယ်ဗျာ … သာမန်လူက စိုးရိမ်မှု အပြည့်နဲ့ ကြုံနေရတဲ့ ပြဿနာကို ဖြတ်သန်းတယ် သွေးပူပူနဲ့ လုပ်ဆောင်တယ် … သွေးပူနေတော့ အမှားအမှန် ခွဲခြားနိုင်စွမ်းမှာ နှလုံးသားက ဦးစီးပြီး ဖြစ်သင့် လုပ်သင့်တာကို မလုပ်ဖြစ်တတ်ဖြစ်သွားတယ်….။ အဲ့မှာ မမှားသင့်ပဲ မှားသွားတယ်ဆိုတဲ့ အသိ အရာရာ ဖြစ်ပြီးမှ သိတယ် ……။  နောက် တည်ငြိမ်သူ …သူကတော့ ခေါင်းအေးအေး ထားတယ် သူ့ကိုယ်သူ သတိပေးတယ် “ငါစိတ်တည်ငြိမ်အောင်ထားမယ် … ငါခေါင်းအေးအေးထားထားတယ် ” လို့ သူ့ကိုသူသတိပေးတယ် ဖြစ်လာသမျှ ပြဿနာကို “ငါလုပ်နိုင်တယ်” လို့ ယုံကြည်မှု အပြည့်နဲ့ သူဖြတ်သန်းတယ် စိတ်လှုပ်ရှားမှုမရှိဘူး သူ့လုပ်ရပ်တွေကို သူ ကျေနပ်နေတတ်တယ် …။ အဲ့ဒီမှာ လုပ်သင့်တာကို သူ ပြတ်ပြတ်သားသား ယုံကြည်မှု အပြည့်နဲ့  သူလုပ်ဆောင်တယ်  … ..။ အရာရာ ပြီးမြောက်သွားတဲ့ အချိန်မှာ သူဆီမှာကျန်နေခဲ့တာကတော့ ကိုယ့်ကိုယ်ကို ကျေနပ်ခြင်း ၊ ယုံကြည်မှု ပိုလာခြင်းတွေ သူ ရရှိလိုက်တယ် …..။  အဲ့ဒီလို နောက်အကြိမ်တွေမှာလည် သူကျေညက်ခဲ့တဲ့ သင်ခန်းစာတွေအတိုင်း သူလုပ်ဆောင်ဖြစ်တယ် …..။ အဲ့ဒီ အဖြေနှစ်ခုမှာ တည်ငြိမ်ခြင်းနှင့် မတည်ငြိမ်ခြင်း ..ကွဲပြားသွားတယ်. …။ ဟုတ်တယ် .. အမှန် လူ့သားရဲ့ စီးပွားရေး လောကမှာ၊ အဖွဲ့အစည်းလောကမှာ အဲ့ဒါတွေက “စကားပြောသွားတာပါ” ….။  ဟုတ်ကဲ့ .. ပြောချင်ပါတယ် .. ခုပြောနေပါတယ် … ကျနော့ကိုယ်ကို ကျနော်နဲ့ လူငယ်တွေကိုလေ … “တည်ငြိမ်ခြင်းနှင့် အောင်မြင်ခြင်း ဖြစ်လာဖို့ … ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ရှိဖို့ ပထမ လိုပါတယ်” လို့ ပြောလိုပါတယ် …..။  ပြောချင်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပဲ … ဒါပေမဲ့ လုပ်ဖြစ်ဖို့ဆိုတာကတော့ လက်တွေ့ ဖြတ်သန်းကြည့်ပြီးမှ ဘယ်သို့ဘယ်ပုံရှိတယ်ဆိုတာသိလာပါလိမ့်မယ် ….။ ဒီနေရာမှာ တည်ငြိမ်ခြင်းဖြစ်စေဖို့ နည်းလမ်းတစ်ခု ပေးချင်ပါတယ်…။ ကျနော်လည်း အမှတ်ရမှ တွေးကြည့် လုပ်ကြည့်မိတာပဲ အဲ့နည်းလမ်းကို …။  မလုပ်တော့ မသိ မတည်ငြိမ်ပေါ့ဗျာ ..။  နည်းလမ်းက… လက်ရှိဖြစ်နေတဲ့ ကိုယ့်စိတ် .. ကိုယ့်လှုပ်ရှားမှု… ကိုယ့်အတွေးကို ကိုယ်ကိုယ်တိုင်က သိနေအောင် လုပ်ခြင်း ဖြစ်ပါတယ် ဒီနည်းလမ်းက လွယ်သလိုလိုနဲ့ .. တကယ်ကြ မလုပ်ဖြစ်တာ သတိမထားဖြစ်တာ .. ညီငယ် ညီမငယ်များကို အဲ့နည်းလမ်းလေး သုံးစေချင်တယ်ဗျာ .. တကယ်လုပ်ဖြစ်ရင်တော့ တော်တော် အကျိုးများပါတယ် .. သူ့ကို ခုခေတ် စာပေခေါ်နေကြ “သတိပဌာန်” လို့ ခေါ်ကြပါတယ် …။ ခုတွေ့နေရတာက သတိပဌာန်လို့ သုံးလိုက်ရင် စာကြီးပေကြီး ဆန်ပြီး စိတ်ထဲ မထားတတ်ကြတာများတယ်  ပါဠိသဘောသက်ရောက်သွားပြီး ကျနော်အပါအဝင် လူငယ်အများစုက ကိုယ်နဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ကြတယ်လေ (အဲ့ဒါ .. ကျနော့်အတွေးမှာ ဖြစ်မိတာပါ) …။  အမှန်မှာတော့ အဲ့နည်းလမ်းက စီးပွားရေးအတွက်သာမက တဘဝလုံးအတွက်ပါ ခိုင်ခိုင်ခန့်ခန့် ရပ်တည်နေစေမယ်ဆိုတာ ကျနော် အတတ်သိတယ်ဗျာ… (မလုပ်နိုင်သေးတာခက် :P ) ။ လူငယ်တွေကို ပြောချင်နေတာက အများသားဗျာ နောက်ထပ်လည်း ပြောချင်တာရှိပြောမယ်နော်… ခုကတော့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုနေသင့်တယ်ဆိုတာကို ကိုယ်ကိုယ်တိုင် သိထားမှ လူ့ဘဝကြီး တန်ဖိုးတက်လာမှာပါ…… ။ လူငယ်တစ်ယောက်အနေနဲ့ .ရှိသင့်တာက …….

၁။ ကိုယ့်ကိုယ်ကို သိပါ။

၂။ ကိုယ်ဘာလိုချင်လဲ ဆိုတာ သိပါ။

၃။ ကိုယ်လိုချင်တဲ့အရာကိုဘယ်လမ်းက သွားရင်ရောက်နိုင်မလဲဆိုတာ သိပါ။

၎။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ကြားမှာ ချိုမြိန်တဲ့ အသီးပင် ၊ ပန်းပင်များကို စိုက်ပျိုးတတ်ပါစေ။

၅။ ရိုးသားခြင်း ရဲ့ သဘောတရား အဓိပ္ပါယ်ကို နားလည်ပါ။

၆။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။

၇။ ဘဝကို လှပအောင် ဖန်တီးပါ။

၈။ အပြုံးတွေကို ဝေငှပါ။

၉။ လူ့ဘဝ ဘာဆိုတာကို နားလည်ပါ ။

၁၀။ ကိုယ် ဘာတွေလုပ်သင့်လဲ ဆိုတာကို သိနေဖို့ လိုပါတယ်။

အဲ့ဒါတွေကတော့ ပြောချင်တဲ့ စကားလေးတွေရဲ့ အစိတ်အပိုင်း အနည်းငယ်ပါ .. နောက်လည်း အလျင်သင့်ရင် ပြောပါအုံးမယ်… ခုတော့ “တော်သေးပြီ” လို့ အဆုံးသတ်ပါရစေဗျာ…

ကိုယ်စိတ်နှလုံးရွှင်ပြုံးချမ်းမြေ့ပါစေ…..

20-January-2011

ဘာနေ……

--
စက္ကန့်တိုင်း ပြေးလွှားနေတာ သတိထားပါ
အချိန်စက်ဝန်းက သင့်ကို အဖက်မလုပ်တတ်ဘူး
ဒီနေ့အတွက် လက်မထောင်နိုင်အောင် ကောင်းမှု တစ်ခု သင်ပြုပါ
နောက်နေ့အတွက်သည် နောက်နေ့ ဖြစ်လာမဲ့သင့်အတွက်မို့
ဒီနေ့ သင်ဟာ ဒီနေ့အတွက်ပဲ ဖြစ်တယ်ဆိုတာကို လုံးဝ မမေ့နဲ့ ။
http://barnay.wordpress.com
http://goo.gl/S1sYv

smile girl

unread,
Jan 31, 2012, 11:05:56 PM1/31/12
to friendshi...@googlegroups.com, Barnay
ကျေးဇူးအများကြီးတင်ပါတယ် ကိုဘာနေ...အရမ်းကောင်းပါတယ်။။။။။ တည်ငြိမ်မှုဖြင့် အောင်မြင်ခြင်းသို့ ဆိုတဲ့ စာကြောင်းကို တော်တော်နှစ်သက်တယ်....

နောက်ပိုင်းလဲ ဒီလိုမျိုးလူငယ်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ စာပေတွေ များများရေးနိုင်ပါစေလို့ .....:) take good care!

2012/2/1 Human Truth <barn...@googlemail.com>
--
သင်သည် friendships Group ရဲ့ အဖွဲ့ဝင် ဖြစ်သောကြောင့် မေးလ်ရရှိခြင်းဖြစ်ပါသည်
သင့်ဆီမှာ မေးပို့ချင်ရင်တော့ ဒီလိပ်စာကိုပို့ပါ . friendshi...@googlegroups.com
အီးမေးလ်များ ရောက်ရှိတာကို လက်မခံချင်ရင်တော့ ဒီလိပ်စာကိုမေးပို့နိုင်ပါသည်
friendshipsmyan...@googlegroups.com
ဒီထက် အကြောင်းအရာများကို သိချင်ဖတ်ချင်ရင် ဒီကို ဆက်သွားနိုင်ပါသည်
http://groups.google.com/group/friendshipsmyanmar?hl=en?hl=en
လှပသော နေ့ရက်များအဖြစ် ဖန်တီးနိုင်ကြပါစေ...
Admin
barnay

Reply all
Reply to author
Forward
0 new messages