ကြေကွဲခြင်း အပိုင်းအစ အနည်းငယ်

42 views
Skip to first unread message

Human Truth

unread,
Sep 15, 2010, 11:06:31 AM9/15/10
to

Tuesday, December 29, 2009

၇။ ကြေကွဲခြင်း အပိုင်းအစ အနည်းငယ်

လူသားနှင့်ပတ်သက်ပြီး ကြေကွဲခြင်းသည် နှလုံးသာကို ဗဟိုပြုပြီး ဖြစ်ပွားသော စိတ်ဒဏ်တစ်ရပ်ဖြစ်တယ်လို ဆိုချင်တယ်ဗျာ နှလုံးသားကြေကွဲရာမှာ အမျိုးမျိုးရှိတတ်ပါတယ် တစ်ချို့က ချစ်သူနှင့်ပတ်သက်၍ . တစ်ချို့က မိသားစုနှင့်ပတ်သက်၍ . တစ်ချို့က ကိုယ်ကိုယ်တိုင်နှင့်ပတ်သက်၍. အဖုံဖုံပေါ့ ..........

ကြေကွဲခြင်းဆိုသည့် အရာသည် ကောင်းတာမဟုတ် ဆိုးတာပဲဖြစ်ပါတယ် လူသားတစ်ယောက်အနေနဲ့ အဆိုးအကောင်းနှစ်ခုမှာ အကောင်းကိုပဲလက်ခံချင်ကြတာချည်းပါပဲ. ဒါကြောင့် ကြေကွဲနေခြင်းကို မကောင်းလို့ ယူဆချင်ပါတယ် ဘာလို့လဲဆိုရင် သူရဲ့ ရလဒ်က စိတ်ကို ပင်ပန်းစေမယ် တွေးလေ စိတ်ထဲ ပိုပင်ပန်းလေပဲ  ဥပမာ အချစ်ကြောင့် ကြေကွဲတဲ့ လူငယ်တစ်ယောက်ဟာ ချစ်သူက ပစ်သွားလို့ စိတ်ထိခိုက်ပြီး ကြေကွဲမယ်ပေါ့. သူကြေကွဲတယ်ဆိုရင် ပထမဦးဆုံး ဆုံးရှုံးမှာက ကြေကွဲရမဲ့ အချိန် နောက် ကြေကွဲလို့ စိတ်ထိခိုက်ရင် စိတ်စွမ်းရည် လျော့ကြခြင်း နောက် ကြေကွဲခြင်း ခံစားချက်က ဖုံးနေတော့ သူ့အနာဂတ်တက်လမ်းအတွက် ဖုံးနေမည် နောက် ပျော်ရွှင်ခြင်းကို သူရှုံးမည် နောက် အထီးကျန်ခြင်းကို သူရမည် အဲ့လိုနဲ့ ကောင်းကျိုး မရပဲ ဆိုးကျိုးတွေသာ ဖြစ်ပေါ်မည် ဒါကြောင် လူတိုင်း အရှုံးထဲက အမြတ်ထုတ်နိုင်အောင်ကြိုးစားရမည်. တစ်ချို့ လည်း ရှိတတ်တယ် “ငါ လွတ်လွတ်လပ်လပ် ကျေကျေနပ်နပ် ကြေကွဲ ချင်လို့ပါကွာတဲ့ အဲ့ဒါနဲ့ ဇာတ်လမ်းကစရော ယောက်ျားလေးဆိုရင် အရက်သောက်တတ်ဖို့က များတယ် ဒါမျိုးဆိုရင်တော့ ဆိုးတယ်လို့ပြောရမှာပဲ ကြာလာရင် ကျန်းမာရေးထိခိုက်နိုင်တယ် ကျနော် တို့ ခု ဖြတ်သန်းနေတဲ့ လောကကြီးအတွင်းမှာ အများစုက မကောင်းမှန်းသိလိုက်သားနဲ့ လုပ်လုပ်နေကြတာ .သူတို့ကို မေးကြည့်ရင် ”ဒါကောင်းလား ဆိုရင် မကောင်းဘူး ပဲ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ဒါကိုလုပ်နေတော့ “ခက်တယ်” လို့ပဲ ပြောရမှာပဲဗျာ...ဥပမာ အရက်သမားတစ်ယောက်ကိုမေးကြည့် အရက်သောက်တာ ကောင်းလားလို့ ဆိုရင် သူက မကောင်းဘူး မသောက်နဲ့ လို့လာလိမ့်မယ် ဒါပေမဲ့ သူကတော့ သောက်နေကြပဲ ဆက်သောက်တယ် .နားလည်ရ ခက်တယ်နော် . မကောင်းမှန်းသိလိုက်သားနဲ့ လက်ခံပြီးလုပ်နေတာ လူတွေရဲ့ စိတ်ပဲ .... ယေဘုယျ တွေးကြည့်မယ်ဆိုရင် လူတွေရဲ့စိတ်က မကောင်းတဲ့ဘက်ကိုပဲ အမြဲတွေးနေ မွေ့လျော်နေကြတာ များပါတယ် . ကျနော် စိတ်အထင် ဥပမာလေးနဲ့ပြောမယ်ဆိုရင်  ကမ္ဘာရဲ့ ဆွဲအားကြောင့် လုံးဝန်းတဲ့ အရာဝတ္ထု တစ်ခုကို မညီညာတဲ့ နေရာမှာထားမယ်ဆိုရင် ထိုအလုံးဟာ မြင့်ရာကိုမတက်ဘူး နိမ့်ရာကိုပဲ ဦးတည်နေတာလေ ဒါမျိုးပဲ လူတွေလည်း အများအားဖြင့် နိမ့်ရာကိုပဲ ဦးတည်နေတာများပါတယ် တစ်ချို့လူတွေ တော်တော် တော်ပါတယ် သူတို့ကိုသူတို့ ဦးစည်းနိုင်ကြတယ် .. သူတို့ကိုတော့ လေးစားပါတယ် ဘ၀တစ်ခုမှာ လူတိုင်းကြေကွဲခြင်း အနည်းငယ်တော့ တွေ့စမြဲပါပဲ လူငယ်ဆိုရင် ပထမဆုံးချစ်သူနဲ့လွဲခဲ့တယ်ဆိုရင် သူ့မှာ ကြေကွဲခြင်းကတော့ ဖြစ်သွားပြီ အဲ့ဒီအချိန်မှာ သူဟာ သူ့ကိုယ်သူ ကယ်နိုင်မှ ခေါင်းထောင်လာနိုင်လိမ့်မယ် . ကျနော်ကတော့ ဒီလိုတွေးထားတယ် အချစ်ကြောင့် လက်လွပ်စံပယ် ပျက်စီးသွားတာတွေက သူတို့ဘ၀မှာ ဖြတ်သန်းစဉ်အတွင်းမှာ အချစ်ကို ကိုးကွယ် မိကြလို့လို့ ယူဆချင်တယ်ဗျာ လူသားတစ်ယောက်အနေနဲ့ ဘ၀တစ်ခုတာအတွင်း အချစ်ကို ကိုးကွယ်ဖို့မဟုတ် မိမိကိုယ်ကိုယ်ကိုးကွယ်ဖို့သာဖြစ်တယ်လို့ သိအောင်ပြောချင်ပါတယ် .. ကြေကွဲစရာဇာတ်လမ်းလေးအကြောင်း ပြောတာထက် ကြေကွဲတာထက် ပိုကောင်းတာ လုပ်နိုင်ဖို့ ပြောတာက ပိုပြီး အဓိပ္ပါယ်ရှိပြီး အကျိုးရှိမယ်ထင်ပါတယ် . အများစုကတော့ ဇာတ်လမ်းကိုပိုကြိုက်တယ်ဗျ ဘာလို့လဲဆိုတော့ သူတို့စိတ်တွေက အဲ့လို ခံစားမှု ရေးရာမှာ ပိုနေတတ်ကြလို့လေဗျာ.... သတိတစ်ခုပေးချင်ပါတယ် .. ဘ၀မှာ လူဖြစ်လာတာဟာ ကြေကွဲ စိတ်ဆင်းရဲ ငိုကြွေးနေဖို့မဟုတ် အသက်ရှင်ရပ်တည်ပျော်ရွှင်နေဖို့ဆိုတာ အဓိကပါ . အကယ်၍ ကြုံလာရင်လည်း ဘယ်အရာက အလုပ်သင့်ဆုံးလည်းဆိုတာကို ကိုယ့်ကိုယ်ကို သိနေဖို့လိုပါတယ်  .. ကောင်းတာတွေ အားလုံးဟာ သိတာက လွယ်ပါတယ် လုပ်ဖို့က ခက်တယ်ဗျ . အကယ်၍ လုပ်ဖို့ လွယ်တယ်ဆိုရင် လူတိုင်းလုပ်နိုင်လို့ ကမ္ဘာကြီးတောင်အေးချမ်းနေလောက်ပြီဗျာ.. ဥပမာ ကြီပွားဖို့မလွယ်သလိုပေါ့ဗျာ ကြီးပွားဖို့လွယ်တယ်ဆိုရင်လည်း လူတိုင်းကြီးပွားကြမှာပေါ့ ဗျာ. သူ့နေရာနဲ့ သူ စိတ်ရှည်သည်းခံမှုတွေက ကြီးစိုးသွားကြတာချည်းပါပဲ တကယ်ပါ ဖြစ်စေချင်တာက ဦးနှောက်နဲ့နှလုံးသားကို အချိုးကျကျပေါင်းစပ်နိုင်ဖို့ အဓိကလို့ ပြောချင်ပါတယ်...သူငယ်ချင်းရေ ..ဒို့တတွေ ရေစက်ရှိလို့ သိခဲ့ကြတာလို့ ယူဆပြီး သင့်ရင်ထဲရှိတာတွေကို ရင်ဖွင့်ရင်း အကြံဥာဏ်တွေ မျှဝေကြရအောင်စို့လား . နော်
Posted by ဘာနေ ... at 9:20 AM

0 comments:

copy from http://barnaychallod.blogspot.com
--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဘာနေ......။


Reply all
Reply to author
Forward
0 new messages