Hi... Hi.... Hello

3 views
Skip to first unread message

ဘာနေ

unread,
Sep 9, 2010, 4:36:12 AM9/9/10
to Friendships
Hi ... Hi..
How are you?
i am fine.
u?
fine too!

........ ဒီလို အင်တာနက်တွေ အသုံးပြုလာတာတွင်ကျယ်လာတော့
ဆက်သွယ်မှုတွေသည်လည်း များသထက်များလာ လူ လူချင်း အသိတွေလည်းများလာတယ်လေ
ပတ်ဝန်းကျင်ကို ထွက်မကြည့်ပဲ ကွန်ပြူတာရှေ့ကနေ ဘယ်လိုအခြေအနေရှိလည်း
သိရတယ် နောက် ထူးခြားဆန်းပြားတဲ့ တီထွင်မှုလေးတွေ ဘလော့ဂါတွေ ရေးတဲ့
စာမျက်နှာတွေကိုလည်း ထိတွေ့ခွင့် နားလည်ခွင့် သိရှိခံစားခွင့်တွေလည်း
ကျယ်ပြန်လာပြန်ပါလေရော ဒါဟာ နည်းပညာ အင်တာနက် ရဲ့ အကျိုးဆက်ပေါ့ ..
အဲ့ဒီမှာ ဆက်သွယ်ရေးအများဆုံးအနေနဲ့ Google က ထုတ်ထားတဲ့ G mail & G talk
တွေဟာ ခု ခေတ်မှာ တော်တော်ကိုပဲ အားထားစရာ ဖြစ်လာပါလေရော....
G talk မှာ Chatting ဆိုတဲ့ နှုတ်ဆက်စကားတွေ အလာပ သလာပ
စကားတွေနဲ့ တင်းကြမ်းပြည့်နှက် စည်ပင်လာပါတော့တယ် . အဲ့လို အကောင်းဘက်က
ဖြစ်လာသလို တစ်ချို့ တစ်ချို့တွေရဲ့ မသိမှု စကားတွေကြောင့်
သဘောထားကွဲလွဲမှု ပဋိပက္ခတွေ ဖြစ်လာတတ်ပြန်ပါလေရော .. ဒီလိုဘာကြောင့်
ဖြစ်လာသလဲ တွေးကြည့်ရင် နှစ်ဘက်လုံးမျာ လူလူချင်းနားလည်မှု နယ်ပယ်မှ
လွတ်ထွက်သွားကြလို့ပါပဲ .. လောကမှာ သက်ရောက်မှုမှန်သမျှမှာ
ပြန်လည်သက်ရောက်မှုတွေ ရှိကြပါတယ် ဒါကိုသိထားဖို့လိုပါတယ် ဥပမာ
ကိုယ်မသိတဲ့ သူတစ်ယောက်ကို စိတ်ပါလက်ပါ ပြုံးပြလိုက်မယ်ဆိုရင် တစ်ဘက်လူဟာ
ပြန်ပြုံးမပြပဲကိုမနေနိုင်တော့ပါဘူး ... နောက်ကိုယ်က
ခပ်တည်တည်နေမယ်ဆိုရင် တစ်ဘက်လူကလည်း ပိုတောင် တည်တည်နေလိုက်သေး (သူမှ
မနှုက်ဆက်တာ ငါက ဘာလို့ နှုက်ဆက်နေရမှာတုံး) ဆိုတဲ့ အပြုအမူတွေ
ဖြစ်လာပါလေရော... ကိုယ်က ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီးပြောမယ်ဆိုရင်
တစ်ဘက်လူကလည်း ဘယ်နေမလဲ မတစ်ထောင်သားပဲ သည်းခံခြင်းပါရမီ ဒီမှာ မရှိလို့
တုံ့ပြန်မှုနဲ့ ကြွေးကြော်လာပါလိမ့်မယ် .. အဲ့လိုဖြစ်တဲ့ အချိန်မှာ
ပညာရှိပီပီ နေတတ်ဖို့နဲ့ လုပ်ဆောင်ဖို့က ခဲယဉ်းပါလိမ့်မယ် ..
သူပြောသလိုသာ လိုက်ပြောလိုက်ရင်လည်း ကိုယ့်မှာ တနေ့တာအတွက် စိတ်အဉ်မှာ
အမဲစက်ပါသွားပါလိမ့်မယ် . သတိထားဖို့လိုပါတယ်. တစ်ဘက်လူဘယ်လောက်
မကောင်းပြောပြော သူ့အတွက် ကောင်းမယ်ထင်တာလေးတွေကို စိတ်ကိုထိန်းပြီး
ပြေပြလိုက်ပါ ..ဒီလိုတုံ့ပြန်လိုက်တဲ့အတွက် တစ်ဘက်လူဟာ
စကားကြမ်းကြမ်းတွေ ကြာကြာ မပြောနိုင်ပါဘူး သူအထင်ကြီးထားတဲ့
သူ့အတ္တမာနတွေ ခွေယိုင်ပျော့ဆင်းလာပါလိမ့်မယ် ဒါဘာကြောင့်လဲ? ဘာလို့လဲ?
ဆိုရင် လူတိုင်းမှာ ခံစားမှု နှလုံးသားရှိတယ် အဲ့နှလုံးသားက
သူတွေ့ရှိသည့်အလျှာက် ပျော်တာ ပျင်းတာ အိပ်ချင်တာ မုန်းတာ ချစ်တာ
အေးချမ်းတာ ရယ်စရာ စသည့် အရောင်များအဖြစ် ပြောင်းလဲသွားတတ်လို့ပါပဲ ..
ဒီအချက်တွေကြောင့် နှလုံးသားဟာ ခံစားမှုရဲ့ အုပ်စိုးမှုအောက်မှာ
ရှိနေပါတယ် .အဲ့ဒီမှာ မကောင်းစကားများ ပြောသူဟာ သူ့ကိုယ်သူ
ရှက်လာပါလိမ့်မယ် အဲနောက်တော့ တောင်းပန်တဲ့ အဆင့်ထိ ဖြစ်လာပါလိမ့်မယ် ...
ဒါဟာ ဘကြောင့်လဲ ဆိုရင် ကိုယ်ပြောလိုက်တဲ့ စကားလုံးတွေဟာ တစ်ဘက်လူကို
ရိုက်ခတ်သွားလို့ပါပဲ အဲ့ဒီကောင်းစကားလေးများနှင့် ဆက်ဆံခြင်းကို
မေတ္တာလို့ ခေါ်ပါတယ် .. အဲ့ဒီမေတ္တာဆိုတဲ့ သူတစ်ပါး ကို ကောင်းစေလို့တဲ့
အချက်ကြောင့်ပဲ ကျနော်တို့တတွေရဲ့ ပတ်ဝန်းကျင်ဟာ သာယာနှစ်သက်မှုလေးတွေနဲ့
ပြည့်နှက်လာပါတော့တယ် .
. .. ကဲ.. သူငယ်ချင်း . ဒို့တတွေလည်း အဲ့လို အေးချမ်းမှု
ရောင်ပြန်တွေ ကြင်နာတဲ့ ရောင်ပြန်တွေကို အလိုရှိတယ်ဆိုရင်
ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားကြပါပြီ . တစ်ဘက်လူက နှုက်ဆက်လာတဲ့ အချိန်မှာ
သူလည်းလူသားတစ်ယောက်ပဲ ဆိုတဲ့ အသိနဲ့ ပြန်လည်တုံ့ပြန်တတ်ဖို့
မမေ့ပါနဲ့ .
ခုလို အင်တာနက်ဆက်သွယ်မှုနဲ့ အသုံးပြုတဲ့ ခေတ်မှာ ချတ်တင်(chatting)
တွေထဲက သူငယ်ချင်းများကို နွေးထွေးစွာ ဆက်ဆံတတ်ပါစေလို့ ဆန္ဒပြုရင်း....
Hi ... Hi..... Hello ဆိုတဲ့ ဒီ ပို့စ်ကို .. Good bye! နဲ့
နှုက်ဆက်လိုက်ပါတယ် ....။ Good Bye!!!!!.

ဘာနေ

Reply all
Reply to author
Forward
0 new messages