သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း && သတင်း - FNG

211 views
Skip to first unread message

Human Truth

unread,
Sep 14, 2010, 12:55:33 AM9/14/10
to




သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည် ။ ဦးသန်းဝင်း ဖုန်း ၀၉၅၀၇၀၁၅၇ ။

လက်ဆင့်ကမ်းမျှဝေပေးပါ
ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ့ တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။



သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။
(Dr . Lai Chiu-Nan နည်းပေးသည် )
ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို့  လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
သည်းခြေကျောက်သည် လူတိုင်း၏စိုးရိမ်သည့်အချက်တော့မဟုတ်ပါ ။သို့ ရာတွင် လူတိုင်းတွင်ရှိသည့်အရာဖြစ်သဖြင့် ကျွန်ုပ်တို့ အားလုံးသည် စိုးရိမ်သင့်ပေသည် ။ ထို့ အပြင် သည်းခြေကျောက်သည် ကင်ဆာရောဂါဖြစ်စေနိုင်သည် ။ Chiu-Nan က “ ကင်ဆာရောဂါဆိုသည်မှာ မည်သည့်အခါမျှ ရှေးဦးဆုံး ဖြစ်သောရောဂါ မဟုတ်ပါ ။” ဟုထောက်ပြခဲ့ပါသည် ။ “ အများအားဖြင့် ကင်ဆာဖြစ်စေသော အခြားပြသနာအများအပြားရှိပါသည် ။ တရုတ်ပြည်တွင် ကျွန်မ၏ သုတေသနပြုချက်အရ ကင်ဆာရောဂါ ဝေဒနာသည်များသည် အများအား ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွေ့ ရှိရပါသည်။ ကျွန်ုပ်တို့ အားလုံးတွင် သည်းခြေကျောက်များရှိပါသည် ။ အကြီး အသေးနှင့် အနည်းအများသာ ကွာခြားပါသည် ။
သည်းခြေကျောက်တည်သောရောဂါ၏ လက္ခဏာ တစ်ခုမှာ အစာကို များများစားပြီးနောက် ဝမ်းပိုက် ပြည့်အင့် ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်ပါသည် ။ အစာမကြေသကဲ့သို့ လည်း ခံစားရပါသည် ။ အကယ်၍ ရောဂါအခြေအနေဆိုးပါက အသည်းတဝှိုက်တွင် နာကျင်မှုကို ခံစားရပါမည် ” ဟုလည်း ပြောပြပါသည် ။
အကယ်၍ သင့်တွင် သည်တွင် သည်းခြေကျောက်တည်နေသည်ဟုထင်လျှင် သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းကို Dr . Lai Chiu-Nan က အောက်ပါအတိုင်း နည်းပေးထားပါသည် ။
အသည်းနှင့် သည်းခြေကျောက်တို့ သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည် ဖြစ်ရာ အောက်ပါကုသနည်း ( သို့ မဟုတ် ) ဆေးနည်းသည် အသည်းအားနည်းသူများ အတွက်လည်း သင့်လျှော်ပါသည် ။

စနစ်တကျ စားသောက်နေထိုင်ခြင်းဖြင့် ကုသနည်း ( သို့ မဟုတ် ) ဆေးနည်း ။
၁ ။ ပထမ (၅) ရက်တွင် နေ့ စဉ် ပန်းသီးဖျော်ရည် (Apple Juice ) ၄ ခွက် သောက်ပါ ။ ( သို့ မဟုတ် ) ပန်းသီး လေး၊ ငါး လုံး စားပါ ။ ( ပန်းသီး ဖျော်ရည် သို့ မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက်နိုင်သည်) ။ ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ထို ၅ ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ ။

၂ ။ ၆ ရက် မြောက်သောနေ့ တွင် ညစာ မစားဘဲ နေပါ ။

၃ ။ ထိုနေ့ ည ၆ နာရီတွင် ဆားခါး ( Epsom salt ) (MgSO4 ) တစ်ဇွန်းကို ရေ နွေးနွေး တစ်ဖန်ခွက်နှင့် သောက်ပါ ။

၎။ ည ၈ နာရီတွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
ဆားခါးသည် သည်းခြေအိတ် ပြွန်များကို ပွင့်စေပါသည် ။

၅။ ည ၁၀ နုာရီတွင် သံလွင်ဆီ ( သို့ မဟုတ် ) နှမ်းဆီ ပန်းကန်လုံး တစ်ဝက် ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံး တစ်ဝက် နှင့် သောက်ပါ ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရော မွှေပြီးမှ သောက်ပါ ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့ စွာ ထွက်စေနိုင်ပါသည် ။

( မှတ်ချက် ။ ။ ပန်းကန် တစ်လုံးစာ = ၂၅၀ မီလီ လီတာ ။
သံပုရာရည် ပန်းကန်လုံး တစ်ဝက် = သံပုရာသီး ၁၀ လုံး ခန့်  )

နောက် တစ်နေ့  ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင် ကျောက်တုံးများကို တွေ့ ရပါမည် ။ Dr . Lai Chiu-Nan က “ များသောအားဖြင့် ကျောက်တွေက မစင်ရဲ့  အပေါ်ပိုင်းမှာ ရှိတတ်ပါတယ် ။ရေတွက်ကြည့်ချင်ရင်လည်းရပါတယ် ။ ကျောက်တုံး ၄၀ - ၅၀ ကနေ ၁၀၀ လောက် အထိ ကျတဲ့လူတွေလည်း တွေ့ ဖူးပါတယ် ။ တကယ်များတာပါ ” ဟု မှတ်ချက်ချပါသည် ။

ဤ ဆေးနည်းကိုအခြားသူများသို့  လက်ဆင့်ကမ်း၍ အခမဲ့  မျှဝေပေးခြင်းဖြင့် ကူညီပါ ။

(ဤဆေးနည်းကို ဦးသန်းဝင်း က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့  ပြန်ဆိုထားပါသည် ။)
...................................................................................................................................................................................................................
ဦးသန်းဝင်း ဆိုသူမှာ အငြိမ်းစား အင်ဂျင်နီယာကြီး တစ်ဦးဖြစ်သည် ။ သူ၏ ဇနီးမှာလည်း အင်ဂျင်နီယာ ဖြစ်ပြီး နှစ်ဦးစလုံး ဖေါ်ရွေကြသည်။ဘုရား တရားကြည်ညိုကြသည် ။ သူကိုယ်တိုင် သည်းခြေကျောက်တည်ခြင်း ဝေဒနာကို နာကျင်စွာ ခံစားခဲ့ရပြီး ဆရာဝန်များဖြင့် ပြသရာ ခွဲစိတ်ကုသဖို့  ပြောသဖြင့် ၂၀၁၀ ဇွန်လ ဆန်းတွင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ရာ မှ သူ၏ မိတ်ဆွေ တစ်ဦးက အင်တာနက်တွင် ရှာဖွေ တွေ့ ရှိသော အထက်ပါ ဆေးနည်းအား ကူးယူ ပြသ သဖြင့် ၊ ထိုနည်းအတိုင်း စားသုံးခဲ့ရာ၊ မခွဲ မစိတ် မနာမကျင်ပဲ ၊ တပါတ်ခန့် သာ ကြာမြင့်သော အချိန်ဖြင့် သည်းခြေကျောက်များ ပျောက်ကင်းခဲ့ရပါသည် ။ သို့ ဖြစ်၍ သူ့ လို ခံစားနေကြရသော ဝေဒနာသည် လူအများ တွင် ဤရောဂါမှ ပျောက်ကင်းစေလိုသော စေတနာ မေတ္တာ တို့ ဖြင့် ၊ အခကြေးငွေ လုံးဝ ( လုံးဝ ) မယူပဲ ၊ သူ့  ကိုယ်ပိုင် အချိန် ၊ကာယ၊ ဥာဏအားနှင့် ငွေကြေး စိုက်ထုတ်ကာ ဤဆေး အညွှန်း ၊ နည်းလမ်း ၊ သောက်သုံးပုံ အသေးစိတ်ကို စိတ်ရှည် လက်ရှည် ဖြင့် ရှင်းလင်း ပြောကြား ပေး နေပါသည် ။သူ့ ထံသို့  လူကိုယ်တိုင် သွားရောက် မေးကြားလိုပါက ဖုန်းဖြင့် တစ်ရက် ကြိုတင် ရက်ချိန်းယူနိုင်ပါသည် ။တခြားအချိန်တွင် ဆက်သွယ်သူများလွန်လှ၍ သူ့ ဖုန်းကို ပိတ်ထားတတ်သဖြင့် နေ့ လည်ပိုင်း ကျော်လွန်ပြီးမှ ဆက်ပါ ။

အကြံပေးချက် ။ ။
ပန်းသီးဝယ်ယူရာတွင် အလုံးကြီး အခွံနီ က ပိုကောင်းသည် ။ တရုပ်ပြည်မှ ဝင်သည် ။ရန်ကုန်တွင် နေသူများ အတွက် သီရိမင်္ဂလာ ဈေး ၊ ဒိုင်တွင် ဝယ်ပါက စီးတီးမတ် ထက် တစ်ဝက်မျှ သက်သာသည် ။ တစ်နေ့  ၅ လုံး ဆိုတော့ ၅ရက်စာ ၂၅ လုံး ၊ အခွံမခွာပဲ ဝါးစားနိုင်ပါက ပိုကောင်းသည် ။ အများကြီး စားရမည် ဖြစ်သဖြင့် တစ်ချို့ သူများ ပါးစပ်နာ နိုင်သည်။ ပွန်းပဲ့ နိုင်သည် ။ အစိတ်သေးသေး အတုံးသေးသေးလေးများ စိတ်ပြီး မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁လုံး တမြုံ့ မြုံ့  ဝါးစားပါ ၊ လုံးဝ မဝါးနိုင်တော့ပါက သစ်သီးဖျော်စက် ဖြင့် ကြိတ်ပြီး စားပါ ။ သံဓါတ်များသော သစ်သီး ဖြစ်သဖြင့် အရောင်အဆင်းတော့ မလှမပ ဖြစ်နေမည် ၊ဝမ်းလည်းချုပ်စေတတ်သည် ။ ရောဂါပျောက်ရန် ကြိုးစားပြီး စားပေးပါ ။ သံလွင်ဆီမှာ ဝယ်ရမလွယ် ( သို့မဟုတ် ) ဈေးပိုကြီးတတ်သဖြင့် နှမ်းဆီ ကို သုံးပါ ။ အာနိသင်ခြင်းတူတူပင်ဖြစ်သည် ။

ဝမ်းမခိုင်သော ညီမငယ်လေးတယောက်လည်း ထိုနည်းအတိုင်း လိုက်နာ စားသုံးခဲ့ရာမှ ဆားခါးနှင့် နှမ်းဆီ ၊ သံပုရာရည် များ မသောက်ရသေးမီ (၅ ) ရက်မြောက် နေ့ တွင်စတင်၍ ဝမ်းထဲမှတဆင့် သည်းခြေကျောက်များ ထွက်ကျပြီး ၊ နောက် တစ်ရက် ဆားခါး ၊ နှမ်းဆီ ၊ သံပုရာရည် အစွမ်းကြောင့် ဆက်လက် ဝမ်းလျှော သည် ။ ယခုအခါတွင် သည်းခြေ ကျောက် နှိပ်စက်မှုကြောင့် နာကျင်မှု များ ကင်းဝေးကာ စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်နေပြီ ဖြစ်ပါသည် ။( သူ့ ဓါတ်ပုံများကို တင်ပြလိုသော်လည်း ခွင့်ပြုချက် မရသဖြင့် အဆိုပါ ကျောက်တုံး မျိုး ဆင်တူများ ၊ ပုံများ ကို အင်တာ နက်တွင် ရှာဖွေ ပြီး ကူးယူ ဖေါ်ပြလိုက်ရပါသည် )

အလားတူ ဝေဒနာ ခံစားနေကြရသူများလည်း မခွဲမစိတ်ရပဲ သည်းခြေကျောက် ရောဂါမှ ပျောက်ကင်းနိုင်ကြပါစေ ။ ကျောက်ဖို့ကောင်းပေမဲ့ ကျောက်စရာ မလိုတော့တဲ့ ဒီကျောက်တုံးများကြောင့် သည်းခြေအိတ် ဖယ်ထုတ်ခံရပြီး အမှတ်သည်းခြေ မရှိသူများ အဖြစ်မှ လွတ်ကင်းကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည် ။





To:




ဒီတစ်ပတ် သတင်းဓာတ်ပုံ

စစ်တပ်မှ လက်နက် အားကိုးဖြင့် အနိုင်ကျင့် စော်ကားပြီး လူငယ် နှစ်ဦး ကိုသတ်ဖြတ်ပြီးနောက် တွင် ပဲခူးမြို့  ၏ ရှေးဟောင်း ဂိုဏ်ကြီး တစ်ခု ဖြစ်သည့် ဥဿာရာမ ဂိုဏ်းမှာ စစ်တပ် ကို ပညာပေး ရန် အတွက် ပြန်လည် ဖွဲ့ စည်းလိုက်သည်ဟု သိရသည်။

အင်အားကြီး နိုင်ငံတစ်ခု ၏ အကူအညီ ကိုသာမရ ပါက ရွေးကောက်ပွဲ သည် ရေစုန် မျောသွား နိုင်သည် ကို စိုးရိမ်သောကြောင့် အသက်ကြီး မှ အိမ်နီးချင်း နိုင်ငံများ တွင် ပုတီး၊ပြဒါး လျှောက်လုပ်နေရသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

ဗုံးတွေ့ မှု ကြောင့် ဈေးဝယ်သူ အလာနည်း၍ ရောင်းအား သိသာစွာ ကျသွားသည့် ဗိုလ်ချုပ် အောင်ဆန်းဈေး

Sofy တစ်ရှုး ကုမ္ပဏီမှ ကျင်းပသည့် "Idol Search 2010" ပြိုင်ပွဲတွင် ဒေါ်လာ ၁၀၀၀ ဆုရရှိခဲ့သည့် ဟေမန်ကျော်မင်း နှင့် သူငယ်ချင်းများ အဆိုအက အဖွဲ့ 

လူမှုရေးလုပ်ငန်း များ တွင် တစ်တပ်တစ်အား ပါဝင်ခဲ့စဉ်က ချီးမွမ်းမခံရဘဲ စစ်အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွင် ပါဝင်မိရာမှ ဝေဖန်ရှုံချမှုကို ခံနေရသည့် ၀ိုင်းစုခိုင်သိန်း သည် လူကြိုက်များမှု ရှိနေဆဲဖြစ်သည်

ရန်ကုန်မြစ်ရေ တက်မှု ကြောင့် ကမ်းနားလမ်း အနိမ့်ပိုင်း ဒေသများ မှ ရေဖုံးလွှမ်းခြင်း ခံနေရသည်။ AP Photo

ပြည်ပ ဖျော်ဖြေရေး ပွဲစဉ် တစ်ခုဉ် တွေ့ ရသည့် ၀ိုင်းစုခိုင်သိန်း

မဲဆောက်တွင် စစ်ဆင်ရေး တစ်ရပ်အနေဖြင့် မြန်မာလူမျိုးများ အားဖမ်းဆီးနေသောကြောင့် မြန်မာ အလုပ်သမား အများ စုဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်း ခွင် များ မှာ ရပ်နား ထားရသည်

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်ထားသော်လည်း ထိုင်းနိုင်ငံတွင်း သို့ မြန်မာ များက ဤသို့ ခိုးဝင်မှုများ ရှိနေဆဲ့ ဖြစ်သည်


ရုံဝင်ခဈေး အများ ဆုံးရုပ်ရှင် ရုံ မြန်မာ နိုင်ငံဉ် ဖွင့်လှစ်




ပြသမှု နည်းပညာ ခေတ်နောက်ကျကျန်နေသည့် မြန်မာနိုင်ငံ၏ ရုပ်ရှင် ရုံ တစ်ခု အားဤ သို့ တွေ့ ရစဉ်

အနိမ့်ဆုံး ရုံဝင်ခသည် ပင်လျှင် ၁၅၀၀
ကျပ်ခန့် ကျသင့်သည့် ရုပ်ရှင် ရုံအား မြန်မာနိုင်ငံ
ရန်ကုန် မြို့ဉ် စတင် ဖွင့်လှစ် တော့ မည် ဟု သတင်းရရှိသည်။Junction Center (Maw Tin)
ဉ် Junction Cineplex ဟု အမည်ပေးထား သည့် ဈေးဝယ်ဌာန ဉ် တွဲ ဖက်ထားသည့် ခုံ ၂၂၀
ဆန့် ရုံ နှစ်ရုံ ဉ် လူဦးရေ ၄၆၀ခန့် ဆန့် သည် ဟု
ရုပ်ရှင် ရုံ အကြိုဖွင့် ပွဲဉ် တက်ရောက်လာသည့်
စာနယ်ဇင်း ဆရာများ ကို ပြောသည်။

သမ္မတရုပ်ရှင်ရုံ

Junction Cineplex ရုပ်ရှင် ရုံသည် ရုပ်ရှင်ရုံ တည်ရှိ ရာ Junction Center (Maw Tin) သည်
Shopping Center လည်းပါရှိသဖြင့် မြန်မာ နိုင်ငံ၏ ပထမဦး ဆုံး ရှော့ပင်း စင်တာ နှင့် တွဲ ဖက်
နေသည့် ရုပ်ရှင် ရုံဟုညွှန်းဆို ထားသည်။ တနေ့ လျှင် ရုပ်ရှင် ငါးပွဲ ပြသမည် ဖြစ်ပြီး ရုံဝင်ခ နှုန်း
ထား များ မှာ အနိမ့်ဆုံး ၁၅၀၀ မှအမြင့် ဆုံး ၆၅၀၀  ဈေးနှုန်း ရှိသည် ဟု သတ် မှတ် ထားသည်။

အမေရိကန် နိုင်တ၀ှမ်း တွင် ဖွင့်လှစ် ထားသည့် နာမည်ကျော် Megaplex ရုပ်ရှင် များသည် ပင်
ရုံဝင်ခ (ကြိုက်သည့် အတန်းမှ ကြည့်) ၈ ဒေါ်လာ ခန့် သာ ရှိပြီး ဂျပန် တိုကျိုမြို့ ရှိ ရုပ်ရှင် ရုံများမှာ
မူ အမေရိကန်ဆယ်ဒေါ်လာခန့် ဝင်ကြေးရှိသည်။ထိုနိုင်ငံ များ ၏ရုပ်ရှင် ရုံများ မှာ မြန်မာရုပ်ရှင်ရုံ
များထက် ဈေးနှုန်းမြင့် သော်လည်း ရုံဝင်ခ ကြေးမှာ ၎င်းတို့  နိုင်ငံ၏ လုပ်ခ လစာ မှာ အနိမ့်ဆုံး
တစ်နာရီ ၀င်ငွေ ထက်ပင် နည်းပါးနေသေးသည်။

လက်ရှိ ရန်ကုန် မြို့ တွင် သမ္မတ ဟိုတယ် နှင့် တွဲဖက်နေသည့် သမ္မတ ရုပ်ရှင် ရုံမှာ လူကြိုက် အများ
ဆုံးဖြစ် ပြီး ရန်ကုန်မြို့ ရှိ ရုပ်ရှင် ရုံများ တွင် ဗုံးပေါက်ကွဲ မည် ကို စိုးရိမ် သောကြောင့် လုံခြုံရေး
အထူးတင်းကျပ်ထားသည်။


နယ်စပ်ကုန်သွယ်မှုပိတ်သော်လည်း ဌာနဆိုင်ရာအရာရှိတို့  အကျိုးဖြစ်


အောင်မြင် ၊မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးပိတ်ထားသော်လည်း
လိုင်စင်မဲ့ကားများ၊ အထည်အလိပ်,စားသောက်ကုန်များကို မြန်မာဘက်ခြမ်းသို့ ညစဉ်
တရားမ၀င်ကူးသန်း ရောင်းဝယ်လျက်ရှိသည်။မြ၀တီမှတဆင့် ရန်ကုန်မြို့သို့ နေ့စဉ်နည်း
လမ်းမျိုးစုံနှင့် ပို့ ဆောင်မှု ကြောင့် မြ၀တီ၊ ဘားအံတွင် တာဝန်ကျ အစိုးရအရာရှိတို့မှာ ၀င်ငွေကျပ်သိန်းရာချီဝင်နေကြကြောင်း မြ၀တီ အာဏာပိုင် တို့နီးစပ်သော ငွေလွှဲဟွန်ဒီ
လုပ်ငန်း လုပ်ကိုင်နေသောမြန်မာကုန်သည်တဦးက FNG သို့ ပြောသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားသော်လည်း စားသောက်ကုန်၊အထည်အလိပ်တွေကို
သက်ဆိုင်ရာ အာဏာပိုင် တို့ကို ငွေပေးပြီး ရန်ကုန်သို့နေ့စဉ်ပို့ဆောင်နေကြောင်း၊ ငွေပေးသော်လည်း အာဏာပိုင်အဖွဲ့ခြင်းငွေခွဲယူမှု မပြေလည်လျင် ကုန်ပစ္စည်းရော၊ကားပါအသိမ်းခံရမှုများရှိကြောင်း
လည်း ပြောပြပါသည်။ ၁၀ရက်နေ့က မြ၀တီမြို့နေ မောင်စိုး နှင့်မောင်ရှစ်တို့ ဟာ ယာဉ်အမှတ်
၈(င)၂၀၀၉၊၈(င)၃၀၃၂ ကား(၂)စီး ပေါ်မှာ ကားအင်ဂျင် အလုံး (၃၀) တင်ပြီး  အဖွဲ့စုံကိုငွေပေးပြီး ရန်ကုန်ကိုဆင်းသွားတာ ဘားအံ အရောက်မှာဖမ်းခံရကြောင်း၊ ထိုသို့အဖမ်းခံရခြင်းကြောင့် ဘားအံ ခရက မှ ဗိုလ်မှုးဇော်မင်းကို သိန်း၁၅၀၊ ခရက အတွင်းရေးမှုး ဦးအောင်ချိုဦးကို သိန်း ၅၀၊ နယ်စပ်ကုန်သွယ်ရေး ညွှန်မှုးဗိုလ်မှုးကြီးဝင်းမြင့် ကိုသိန်း၂၀ ပေးပြီးမှ ပစ္စည်းများပြန်ရကြောင်း ပြောပြပါသည်။

ယ္ခင်ကမြ၀တီ- ဘားအံလမ်းကြောင်းတွင် DKBA ကုန်တင်ကားများကို ကုန်ပစ္စည်းအပ်လိုက်ပါက လမ်းခရီးချောမွေ့မှုပိုကောင်းကြောင်း ပြောပြပါသည်။

မြန်မာနယ်စပ်ကုန်သွယ်ရေးဌာနမှ တာချီလိတ်နယ်စပ်၊ကော့သောင်းနယ်စပ်မှ ကုန်သွယ်ရေးဂိတ်များ
ဖွင့်ထားပြီး ထိုလမ်းကြောင်းမှသာ ကုန်သွယ်မှုပြုကြရန် ကုန်သည်များကို တရားဝင်ညွှန့်ကြား ထားသော်လည်း ကုန်သွယ်လမ်းခရီးအဆမတန်၇ှည်လျားမှုကြောင့် ကုန်ကျစရိတ်များ ၂ဆကျော်ခန့် ပိုမိုသောကြောင့် ကုန်သည်အများစုမှာ စိတ်ဝင်စားမှုမရှိလှကြောင်း သိရသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေးပိတ်ထားမှုကြောင့် စစ်တပ်၊ရဲ၊မရက၊ခရက၊နယ်စပ်ကုန် သွယ်မှုနှင့်သက်ဆိုင်သောဌာနများမှာ ကျပ်ငွေသိန်းရာချီပြီးဝင်ငွေရရှိနေကြကြောင်း ဒေသခံများကပြောပြပါသည်။ တရားမ၀င်လိုင်စင်မဲ့ ကားများ သယ်ဆောင်မှုတွင် စစ်ဗိုလ်ချုပ်များရဲ့ သားသမီးများ၊ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သောစီးပွားရေးသမားကြီးများသာ လုပ်ဆောင်နိုင်ကြောင်းသိရသည်။

မဲဆောက-်မြ၀တီ နယ်စပ်တံတားမပိတ်ခင်က နယ်ခြားဂိတ်အားလုံး ဂိတ် ( ၂၀ ) ကျော်ရှိပြီး၊
ယ္ခုအခါ DKBA လက်မှ မြန်မာစစ်တပ် နှင့် ရဲ ကလွှဲပြောင်းယူခဲ့ပြီး အချို့ဂိတ်များကို တရားမ၀င်
ဖွင့်လှစ်လျက်ရှိသည်။ ယ္ခင်က မြ၀တီမှ မဲဆောက်မြို့သို့ သွားလျင် ဂိတ်ကြေး ကျပ်၁၀၀၀၊ လှေခ
ကျပ်၅၀၀ ကုန်ကျခဲ့ပြီး ယ္ခုအခါ ဂိတ်ကြေး အထွက် ၃၀၀၀ကျပ်၊အ၀င် ၁၀၀၀ကျပ်၊ လှေခအသွားအပြန် ၂၀၀၀ကျပ်၊အဆမတန် ကုန်ကျမှုများ၂လအတွင်း မြင့်တက်လာကြောင်း မြ၀တီ-မဲဆောက်နေ့စဉ်ကုန်သွယ်ရေးအတွက်လာရောက်နေသူများကပြောပြပါသည်။


မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင် မှုကြောင့် မြန်မာအလုပ်သမားတို့ အခက်တွေ့ 


Quantcast

မဲဆောက်မြို့ ဘတ်ဆောင်ခွဲ အရပ်ရှိ အိုမီဂါ
အထည်ချုပ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ
ဝန်းကျင်ခန့်မှစတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား
ခဲ့သည်။မီးလောင် ကျွမ်းသည့် စက်ရုံမှာ မြန်မာ
ရွှေ့ပြောင်း အလုပ်သမား အများစု အလုပ် နေသည့်
စက်ရုံဖြစ်သည်။ စက်ရုံတွင် အလုပ်လုပ်နေသည့်
မြန်မာ အလုပ်သမားများမှာမီးလောင်ကျွမ်းမှု ကြောင့်
စက်ရုံ ရပ်နားလျှင် အလုပ်အအကိုင် များ ဆုံးရှုံးမည်
ကို စိုးရိမ်နေကြသည်။

မီးလောင် ကျွမ်းမှု ဖြစ်ပြီးနောက် အထည်ချုပ် စက်ရုံ ကို ဤသို့ တွေ့ ရသည်။

မီးစတင်လောင်ကျွမ်းမှု အကြောင်းရင်းကို အတိအကျမသိရသေးဟု မဲဆောက် ရဲမှုးကြီး ကပြောသည်။
၎ နာရီ ၁၅ မိနစ်ခန့်တွင် စက်ရုံမီးလောင်နေသောအဆောက်အဦအတွင်းတွင် ပိတ်ဖြတ်ခုံအမှတ် ၁၀နှင့်
၁၁ ကြားရှိ ပိတ်အုပ်များကို မီးလောင်ရာမှ စတင်သိရှိခဲ့ကြခြင်းဖြစ်ပြီး စက်ရုံကြီးတစ်ရုံလုံးနီးပါး မီးလောင်
ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်း မှု ကြောင့် စက်ရုံတစ်ခု လုံး ဆုံးရရှုံးခဲ့ရသည့် မဲဆောက် ရှိ အိုမီဂါ အထည်ချုပ် စက်ရုံ

နံနက် ၈နာရီခွဲတွင် မီးသတ်ကားများ စက်ရုံအလုပ်သမားများ ၀ိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့်
မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းတွင် အလုပ်သမားအချို့  ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း သေဆုံးသူမ
ရှိဟု သိရသည်။ မီးလောင်မှုကြောင့် ဘတ်သန်း ၅၀ကျော်ဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု စက်ရုံတာဝန်ခံများမှ
Freedom News Group ကို ပြောပြသဖြင့် သိရှိရသည်။

နောက်ဆုံး ရရှိ သော သတင်းများ အရ အလုပ်သမား များ ကို ၇ ရက် လစာငွေ ပေးပြီး အလုပ် မှ ရပ်နားထား
သည် ဟု သတင်း ရရှိသည်။







--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဘာနေ......။


004-maesot-contruction.jpg
pic_2838.jpg
sany1114.jpg
sany1117.jpg
3550119632_090943d06b.jpg
hotshot-in-thamada-cinema.jpg
40957_1563933896227_1171740809_2874473_1325086_n.jpg
2876972301_b5821fcda2_o.jpg
capt-4ee5624015ca4115a06235267036b1f3-4ee5624015ca4115a06235267036b1f3-0.jpg
images.jpg
large_bago_towns-cktower.jpg
photo-0001.jpg
r698988635.jpg
r2509234523.jpg
Reply all
Reply to author
Forward
0 new messages