ပျော်စေပျက်စေကလက်စေ

19 views
Skip to first unread message

CEH

unread,
Dec 14, 2012, 6:55:29 AM12/14/12
to freemyanmar
PP:ဟလို ဟုတ်ကဲ့ စီတီးအက်ဖ်အမ်ကလား သီချင်းတောင်းချင်လို့ ပါ။

FM: ဟုတ်ကဲ့ ဘာသီချင်းများတောင်းချင်ပါလဲ ခင်ဗျာ။

PP:ဟုတ်ကဲ့ သီချင်း ၃ ပုဒ်တောင်းချင်ပါတယ်။

FM:ဟုတ်ကဲ့ ရပါတယ် ပြောပါခင်ဗျာ။

PP: ပထမ တစ်ပုဒ်က ထွန်းထွန်း( Examplz) ရဲ့ ရဲတွေလာနေပြီ ဆိုတဲ့ သီချင်းပါခင်ဗျာ။

FM: ဟုတ်ကဲ့ ဘယ်သူ့ အတွက်တောင်းချင်တာလဲ ခင်ဗျာ။

PP: ဟုတ်ကဲ့ လက်ပံတောင်းက မီးပူဇော်ခံလိုက်ရတဲ့ သံဃာတော်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ညီအစ်ကို မောင်နှမတွေပါ။

FM: ဘုရား ဘုရား ဟုတ်ကဲ့ပါ အစ်ကို နောက်တစ်ပုဒ်ကရောခင်ဗျာ။ ( ON AIR ကြီးကွာ မထူးဘူး ဆက်မေးရမှာပဲ)

PP: ကိုကြီးအငဲရဲ့ မီးမရှို့ နဲ့ ဆိုတဲ့ သီချင်းပါခင်ဗျာ။

FM: ( ဂလု) အဲ အဲဒီသီချင်းကရော သက်ဆိုင်သူများရှိပါသလား ခင်ဗျာ။

PP: ဟုတ်ကဲ့ အနောက်တန်ခါးဝဆီက ကိုကိုဘင်ဂါလီတို့ ကို နားထောင်ပေးပါလို့ ပြောပေးပါခင်ဗျာ။

FM: ( မြန်မြန်ပြီးမှပဲ) ဟုတ်ကဲ့ ဟုတ်ကဲ့ နောက်ဆုံးတစ်ပုဒ်ကရောခင်ဗျာ။

PP: ဟုတ် ဒီအပုဒ်ကတော့ တစ်ဦးတစ်ယောက်တည်း အတွက်တောင်းဆိုချင်ပါတယ်။

FM: ဟုတ်ဟုတ် ဘာသီချင်းများလဲ ခင်ဗျာ။

PP: မြန်မာသံစဉ်လေးပါ ခင်ဗျာ။ ပိုးအိစံရဲ့  " နေနိုင်သူကြီး "ကို သက်ဆိုင်သူ အတွက် တောင်းချင်ပါတယ် ခင်ဗျာ။

FM: ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ။ ကျွန်တော်တို့ ထုတ်လွှင့်ပေးပါ့မယ်( ဘုရား ဘုရား အမှုပတ်တော့မယ်ထင်တယ်)

PP: ဟေ့လူ ခဏနေဦး ကျုပ်သက်ဆိုင်သူ နာမည်လေးတော့ သေချာထည့်ပြောပေးပါဦး။

FM: ( ဒီလူအတော်ကွိုင်ရှာတယ် ဒွတ်ခတွေ ဒန့် ဆွဲကုန်တော့မယ်) အဲ ပြောပါ ခင်ဗျာ ပြောပါ ခင်ဗျာ့ သက်ဆိုင်သူက............?

PP: ကျုပ်တို့ ကို ချစ်သလိုလို မချစ်သလိုလိုနဲ့ မာယာတွေ ထွေပြားနေတယ် နိုင်ငံတော် သမ္မတကြီးပါ ခင်ဗျာ.............။

FM: ဂလောက်( ဖုန်းချသံ)။

ပျော်စေပျက်စေပေါ့။ ပေါ့ပေါ့ပါးပါးပဲ ....ရယ်ရယ်မောမောပေါ့။

Credit- A Mon Moon, Via - Suthe Phyu, ကမ္ဘာ့ဖျာ။

Reply all
Reply to author
Forward
0 new messages