Groups
Groups
Sign in
Groups
Groups
freemyanmar
Conversations
About
Send feedback
Help
Fwd:့ မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ ၂၇၀၀၀ကျပ်စီလျော့နေတာ
27 views
Skip to first unread message
phyowai -mmp
unread,
Jun 14, 2010, 2:14:55 PM
6/14/10
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to freem...@googlegroups.com
Forwarded message From:
လမ်းပြကြယ်
Subject:့ မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ ၂၇၀၀၀ကျပ်စီလျော့နေတာ
To:
လိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခုပြောပြချင်လို့ပါ၊
အခုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေကြေးလဲလှယ်မှုများ
မြင့်မားလာနေသည်နှင့် အမျှ နိုင်ငံတကာသုံးငွေတွေ တရားမဝင်လဲလှယ်ကြတာက
အပြစ်ကြီးတစ်ခုလို့ မတွေးထင်ကြတော့ပါဘူး၊ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့
ဘယ်သူမှ
တရားဝင်မလဲလှယ်ကြပါဘူး၊ အရပ်သားအချင်းချင်းလက်တို့စနစ်နဲ့ လဲလှယ်နေကြတာ
ဆယ်စုနှစ်ချီနေပါပြီ၊ ဒါကလည်း ခေတ်ရေစီးရဲ့လိုအပ်ချက် ဖြစ်နေလို့ပါ၊
တစ်ဒေါ်လာကို ပေါက်ဈေးဘယ်လောက်ဆိုပြီး ရောင်းသူဝယ်သူအချင်းချင်း ဒေါ်လာပေးကြ
မြန်မာငွေပေးကြ နဲ အရောင်းအဝယ်လုပ်ကြရာမှာ မြန်မာငွေကြေးကို လိမ်ကြတာပါ၊ ၊
ကြားဖူးနေတဲ့ တို့ဆေးဘာဆေးကိစ္စတွေနဲ့ လိမ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး၊
အခုလိမ်နည်းက ငွေကြေးရေတွက်ပုံကို အသုံးချပြီး ရိုးရိုးလေးနဲ့ကို လိမ်တာပါ၊ အသိ
အစ်ကိုကြီး တစ်ယောက်ကိုယ်တိုင်မြို့ထဲမှာ ဒေါ်လာကို မြန်မာငွေနဲ့သွားအလဲမှာ
ခံလိုက်ရတာပါ၊ အိမ်ရောက်မှ ရလာတဲ့ မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ
၂၇၀၀၀ကျပ်စီလျော့နေတာပါ၊ အရောင်းအဝယ် လုပ်နေတုန်း ကလည်းရွေလာပါတယ်၊
တစ်ခုတော့ရှိတယ်၊ တဖက်လူက ရဲလာတော့မယ် မြန်မြန်လုပ်ပါ လို့ ခဏခဏ ပြောနေတဲ့ကြားက
အလောတကြီးရေလာရတာပါ၊ စာဖတ်သူက မဖြစ်နိုင်ဘူးလို့ထင်ပါလိမ့်မယ်၊ဒါပေမဲ့
ခံရတဲ့သူက တကယ်ခံလာရတာပါ၊ အရောင်းအဝယ်ကိစ္စတွေမှာ တကယ်သတိထားစရာကိစ္စပါ၊
မြန်မာပြည်မှာ ငွေတစ်သိန်းအုပ်စီရင်
နှစ်မျိုးစည်းနိုင်ပါတယ်(တစ်ထောင်တန်ဖြင့်အလိမ်ခံခဲ့ရပါသဖြင့်တစ်ထောင်တန်ကိစ္စသာပြောပါမည်)ထောင်တန်
အရွက်တစ်ရာကို တစ်အုပ်လုပ်စည်းကြသလို ၊ထောင်တန်ဆယ်ရွက်ပါ သောင်းအုပ်
ဆယ်အုပ်
လုပ်ပြီးလည်းစည်းတတ်ကြပါတယ်၊အခုလိမ်နည်းက
အရွက်တစ်ရာထပ်စည်းထားတဲ့တစ်သိန်းအုပ်မှာ လိမ်လို့မရပါဘူး၊
သောင်းအုပ်ဆယ်အုပ်လုပ်ထားတဲ့တစ်သိန်းအုပ်မှာလိမ်တာပါ၊ အကြမ်းဖျင်းအားဖြင့်
သောင်းအုပ်ဆယ်အုပ်ပါတဲ့ တစ်သိန်းအုပ်ကို ရေတွက်ရင် သရေပင်အစည်း
မဖြေဘဲအရင်ဆုံး
သောင်းအုပ်ဆယ်အုပ်ပြည့်လားအရင် ရေတယ်၊ ပြီးမှ အတွင်းက
ထောင်တန်လေးတွေကိုရေမယ်၊ တစ်ရွက် နှစ်ရွက် သုံး လေး……. ရှစ်ရွက်
ကိုးရွက်ပြီးရင် တစ်အုပ်၊ နောက်ထပ်ကိုးရွက်ပြီးရင်တစ်အုပ်၊
ဒါမျိုးရေတွက်ကြတာပါ၊ကိုးရွက်နဲ့ ဆုံးရင်ပြီးတာဘဲ၊ ပြည့်တယ်ပေါ့၊
ကိုးရွက်ဘယ်နှစ်ကြိမ်ပါသွားလဲလို့တော့ မှတ်မထားတတ်ကြပါဘူး၊
အဲ့ဒီအားနည်းချက်ကြောင့် အလိမ်ခံရတာပါ၊ (စာရေးသူကိုယ်တိုင်လည်း အရင်က
အဲလိုမျိုးဘဲရေတွက်ပေမဲ့ ခုတော့ပြင်လိုက်ပါပြီ) အဲလိုမျိုးရေတွက်ရင်တော့
(၂၇၀၀၀)လျော့နေတဲ့ လိမ်ထားတဲ့ တစ်သိန်းအုပ်က သောင်းအုပ်ဆယ်အုပ်ပါမယ်၊
ပြီးရင်ကိုးရွက်ကိုးရွက် ကွက်တိဘဲဖြစ်နေမှာပါ၊ဘာလို့လဲဆိုတော့
မြန်မာငွေတစ်ထောင်တန် ၇၃ရွက်(73000/ks)ထဲ နဲ့တစ်သိန်းအုပ်ပုံစံရအောင်
စီထားလို့ပါ၊ အပေါ်က ငွေရွေနည်းအတိုင်းမရွေဘဲနဲ့၊
သောင်းအုပ်ဆယ်အုပ်ပြည့်မပြည့်စစ်ပြီးရင် ထောင်တန်
အရွက်ကိုးဆယ်ပြည့်မပြည့်ရေရင်တော့ အလိမ်ပေါ်မှာပါ၊ ထောင်တန်က
အရွက်ကိုးဆယ်မဟုတ်ဘဲ ခြောက်ဆယ့်သုံးရွက်ဘဲရှိနေလို့ပါ၊ ကိုးရွက်
(၇)ခါဘဲပါပါတယ်၊ စာဖတ်သူခေါင်းရှုပ်သွားမယ်ထင်ပါတယ်၊
အောက်ကငွေစီနည်းလေးဖတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ကိုယ်တိုင်
လုပ်ကြည့်လိုက်ရင် ပိုမြင်သာသွားမှာပါ၊ စာရေးသူလည်း ထောင်တန် (၇၃)ရွက်နဲ့
တော်တော်လေး အချိန်ပေး အလုပ်ရှုပ်လိုက်လို့ ထွက်လာတဲ့ နည်းလေးပါ
လိမ်နည်းသိနေ၍ အလိမ်မခံရစေရန်အတွက် ရည်ရွယ်ပါသည်၊ လိမ်နည်းရေးထားသည်ဟု
မမှတ်စေလိုပါ၊
တစ်ထောင်တန်၇၃ရွက်ဖြင့်တစ်သိန်းအုပ်ပုံစံရရန်
>>အရင်ဆုံး အရွက်၄၀ ယူပြီး တစ်သောင်းအုပ်လေးအုပ်လုပ်ပါ၊(ဒါကတော့
ပုံမှန်ငွေစီသလိုမျိုးပါ)ဒီလေးအုပ်ကို သပ်သပ်ပုံထားပါ
ဒါဆို(၇၃)ရွက်ထဲက (၃၃)ရွက်ကျန်ပါမယ်၊
>>ပြီးရင် ငါးရွက်ကိုထပ်ပြီး တစ်ရွက်နဲ့အုပ်ပါ၊ ခြောက်ထောင်အုပ်လို့ သုံးပါမယ်၊
ခြောက်ထောင်အုပ် သုံးအုပ်လုပ်ပါ၊ စောစောက သောင်းအုပ်နဲ့ မရောဘဲ
သပ်သပ်ပုံထားပါ(မဟုတ်တာ စလုပ်နေပါပြီ)
(၇၃)ရွက်ထဲက ( ၁၅) ရွက် ဘဲကျန်နေပါမယ်
>>နောက်တစ်ဆင့်က လေးရွက်ကိုထပ်ပြီး တစ်ရွက်နဲ့အုပ်ပါ၊
ငါးထောင်အုပ်လို့သုံးပါမယ်၊ ငါးထောင်အုပ်လည်း သုံးအုပ်လုပ်ပါ၊စောစောက
အုပ်တွေနဲ့ မရောဘဲ သပ်သပ်ပုံထားပါ၊
ဒီအဆင့်ပြီးသွားရင်တော့ (၇၃)ရွက်ကုန်ပါပြီ၊ သင့်ဆီမှာ လဲ ငွေအုပ်ပုံ
သုံးပုံရနေမှာပါ ( တစ်သောင်းအုပ်ပုံ၊ ခြောက်ထောင်အုပ်ပုံ၊ ငါးထောင်အုပ်ပုံ)
>>နောက်ဆုံးလုပ်ရမှာက အောက်က အစီစဉ်အတိုင်း တစ်အုပ်ပြီးတစ်အုပ်ထပ်စီဖို့ပါ၊
အစီစဉ်မလွဲဖို့ လိုပါမယ်၊
အရင်ဆုံး တစ်သောင်းအုပ်နှစ်အုပ်၊
ပြီးရင် ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်
(ရေတွက်တဲ့အခါ
အပေါ်အုပ်နှစ်ရွက်မပါဘဲ၊ နှစ်အုပ်ပေါင်းကိုးရွက်ဖြစ်နေရန်ဖြစ်သည်)
ပြီးရင်ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်
ပြီးရင်ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်
ပြီးရင် တစ်သောင်းအုပ်နှစ်အုပ် ၊
ပြီးရင်တော့ သရေပင်နဲ့ သိန်းအုပ်အုပ်သလိုပတ်ချီပစ်လိုက်၊ ပြီးရင်
ရွေကြည့်လိုက်ပါ၊ အပေါ်ကအတိုင်း အစီစဉ်မလွဲခဲ့ဘူး ဆိုရင်တော့ သင့် ရဲ့
၇၃ရွက်နဲ့သိန်းအုပ်က ၊ဆယ်အုပ်ပြည့်ပြီး၊ကိုးရွက်ကိုးရွက် အတိဖြစ်နေပါလိမ့်မယ်၊
လိမ်လည်သူသည် အထက်ပါနည်းကိုသုံးထားသလို ငွေရေတွက်ချိန်မှာလည်း စိတ်စော၊
စိတ်လောစေရန် ဘေးမှလုံ့ဆော်၍ ၎င်းတို့လိမ်လည်မှု အထမြောက်ရန် လုပ်ဆောင်ပါလိမ့်မယ်၊
ဤနည်းကိုဒေါ်လာဝယ်ရောင်းကိစ္စများတွင်သာမက အခြားသောနေရာများတွင်လည်း
သုံးနိုင်ကြောင်း ကို ဂရုပြုသင့်ပါသည်။
မည်သို့ပင်ဖြစ်စေ၊ ငွေကို ကိုးရွက်ကိုးရွက်ဟု မရေတွက်လျှင်၎င်း၊ (၂၇)ရွက်
တောင်လျော့နေတဲ့တစ်သိန်းအုပ်ဟာ သာမန်ထက် ထုအားဖြင့်ပါးနေကြောင်း သတိထားလျှင်၎င်း
ငွေကြေးအလိမ်ခံရခြင်းမှကင်းဝေးနိုင်မည်သာဖြစ်ပါသည်…
လိမ်ညာခံရခြင်းမှကင်းဝေးနိုင်စေရန်ရည်ရွယ်၍------
forward mail မှ ပြန်လည်ဖေါ်ပြပါသည်။
Reply all
Reply to author
Forward
0 new messages