[Richard Aung] လေကြောင်းလိုင်းသုံးလိုင်း လေယာဉ်ငါးစီး ထပ်မံဝယ်ယူရန် တင်ပြ

47 views
Skip to first unread message

အောင်မျိုးကျော်

unread,
Oct 25, 2012, 7:43:22 AM10/25/12
to freem...@googlegroups.com

လေကြောင်းလိုင်းသုံးလိုင်း လေယာဉ်ငါးစီး ထပ်မံဝယ်ယူရန် တင်ပြ

ရန်ကုန်၊ အောက်တိုဘာ-၂၆
ပြည်တွင်းလေကြောင်းလိုင်းများတွင် လက်ရှိပျံသန်းပြေးဆွဲလျက်ရှိသော လေယာဉ် ၂၉ စီးအပြင် ထပ်မံ၍
လေယာဉ် ငါးစီးတိုးချဲ့ပျံသန်းရန် ဌာနသို့ တင်ပြထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း ၆ လိုင်း ပြေးဆွဲလျက်ရှိပြီး ငါးစီးအား ထပ်မံတိုးချဲ့ပျံသန်းမည် ဆိုပါ
က ပြည်တွင်းလေကြောင်းလိုင်းများ၌ လေယာဉ်စုစုပေါင်း ၃၄ စီးရှိလာမည် ဖြစ်သည်။

လေယာဉ်အစီးရေ ထပ်မံဖြည့်တင်းပြေးဆွဲမည် လေကြောင်းလိုင်းများတွင် မြန်မာ့လေကြောင်း၊  Air KBZ လေကြောင်းနှင့် Asia Wings
လေကြောင်းလိုင်းတို့ ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းများ၌ မြန်မာအဲဝေး၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှားဝင်း
လေကြောင်းလိုင်းတို့မှ ပြည်တွင်းခရီးစဉ်များ၌ ပျံသန်းပြေးဆွဲလျက်ရှိသည်။ အဆိုပါ လေကြောင်းလိုင်းများတွင် အသုံးပြုလျက်ရှိသော
လေယာဉ်အများစုမှာ ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နားမှု အမျာဆုံးဖြစ်ပြီး လေယာဉ်ရပ်နားရန် ၈ နေရာ အကျယ်အ၀န်းရှိသည်။

ရန်ကုန်လေဆိပ်၏ အကျယ်အ၀န်းမှာ မြေဧက ၁၀၀၀ ကျော်ရှိပြီး လေဆိပ်တစ်ခုလုံးအား တိုးချဲ့ပြုပြင်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်
ငန်းရှင်များအား လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ထားပြီး လုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်များကို အောက်တိုဘာ ၂၅ ရက်က လေကြောင်း
ပညာသိပံ္ပရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/25/2012 06:13:00 PM

nanda moe

unread,
May 12, 2013, 10:03:40 AM5/12/13
to freem...@googlegroups.com
freemyanmar@googlegroup ..မှအကိုအောင်မျိုးကျော်အခုတလောကျွန်တော်မေးထဲသတင်းတွေမရောက်ပဲဖြစ်နေလို့ ပါဘာဖြစ်လို့ များလဲ..ကျေးဇူးပြုပြီးအရင်လိုပဲပြန်ပို့ ပေးပါ......


2012/10/25 အောင်မျိုးကျော် <richar...@gmail.com>

--
မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင့် တိုက်ပွဲဝင်အံ့
မြန်မာပြည်တွင်း မှကြည့်ရှုမရသော လင့်များကို အောက်ပါ လိပ်စာအတွင်းဝင်ရောက်ဖွင့်လှစ် ကြည့်ရှုနိုင်ပါသည်။ http://free-myanmar.appspot.com
You received this message because you are subscribed to the Google
Groups "freemyanmar" group.
To post to this group, send email to freem...@googlegroups.com
To unsubscribe from this group, send email to
freemyanmar...@googlegroups.com
For more options, visit this group at
http://groups.google.com/group/freemyanmar?hl=en?hl=en

Reply all
Reply to author
Forward
0 new messages