BREAKING NEWS

12 views
Skip to first unread message

CEH

unread,
Nov 28, 2012, 4:52:50 PM11/28/12
to freemyanmar
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား 
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။
ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော
EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
လက်ပန်းတောင်းတောင် စီမံကိန်းတွင် ရှိနေသည့် သပိတ်စခန်းများကို ယနေ့ နံနက် ၃နာရီကျော်ကျော်ခန့် တွင် ရာချီသော ရဲတပ်ဖွဲ့ ဝင်များက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုန်းများဖြင့် ၀င်ရောက် စီးနင်း ဖြိုခွဲခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။
နောက်ဆက်တွဲ သတင်းများကို ဆက်လက် စုံစမ်းကာ တင်ပြသွားပါမည်။

CEH

unread,
Nov 28, 2012, 5:42:10 PM11/28/12
to freemyanmar
လက်ပံတောင်းအရေးပေါ်သတင်း ၁၁
ဝမ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်းအတိအကျ ရရှိပါသည်။

ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေအတွက်မှာ (၅)ပါး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၁၀

သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။

ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်က ၀ိုင်းထားကြောင်း သတင်းရရှိပါသည်။
Reply all
Reply to author
Forward
0 new messages