မောင်ညီမလေးတို့ ရေ .. ဒီတစ်ပတ် ဦးဦး ပြောပြမဲ
့ပုံပြင်လေးကတော့ " အရုဏ်ဦးမှာ လူးသည့် အာ" ဆိုတဲ့
ပုံပြင်လေးပေါ့ကွယ်... ။
ဟိုးးးးးး..... ရှေးရှေးတုန်းက.. ဘာတိုင်းပြည်ကြီးကို ဘာမင်းကြီး
ထီးနန်းသိမ်းပိုက်ပြီး အုပ်ချုပ်နေထိုင်တဲ့ ကာလမှာပေါ့ကွယ်....
တစ်နေ့ မှာ ဘာမင်းတရားကြီးဟာ အင်တာနေရှင်နယ် ညီလာခံ ကို နံနက် ၄ နာရီ
ဝေလီဝေလင်း အရုဏ်ဦးမှာ ကျင်းပနေတုန်း ...
" အာာာာာလူး လာမပေးနဲ့ .. လေ .. နည်းနည်းလျှော့.. အာာာာာလူး..လာမပေးနဲ့ ..
လေ နည်းနည်းလျှော့.."
ဆိုပြီး နန်းရင်ပြင်ရဲ့ အပြင်ဘက်က ဆူဆူပူပူ ဆန္ဒပြတဲ့ အသံတွေကို
ကြားလိုက်ရသတဲ့..။ အဲဒါနဲ့ ပဲ .... ဘေးမှာ ရှိတဲ့ တောက်တယ်ကျင်း (
tao-teh-ching ) ၀န်ကြီးကို ဘဇာကြောင့် ဘာတွေဖြစ်နေတာလဲလို့ မေး လိုက်တဲ့
အခါမှာ .. တောက်တယ်ကျင်း က မြန်မာ့ရိုးရာ ပုံတော်စုံ ကားချပ်ကို အပြန်ပြန်
အလှန်လှန် ရောမွှေပြီး တစ်ချပ်ကို မျက်စိစုံမှိတ်ပြီး ရွေးလိုက်သတဲ့.. ။
ရွေးထားတဲ့ ကဒ်ပြားကိုလည်း ညီလာခံမှာ တက်ရောက်နေတဲ့ သူတွေ
အားလုံးကိုလှမ်းပြလိုက်တယ်.. ပြီးတော့ အဲဒီ ကဒ်ကို တစ်ချက်
လှမ်းရှိုးပြီးတဲ့အခါမှာတော့ ဘာမင်းတရားကြီးကို ...
" မှန်လှပါဖလား...နိမိတ်ပုံကတော့ ဝေသန္တယာ မင်းကြီးကို တိုင်းသူပြည်သားတွေက
နှင်ထုတ်တဲ့ ကားချပ်ပါ ဘုရား..။ ပြောရမယ်ဆိုရင်တော့ ဆူချင်ပူချင်တဲ့လူတွေက
မီဒီယမ် (Medium) နဲ့ ထိုးစစ်ဆင်နေတာပါ ဖလား.." လို့  ဘွတ်ရွှတ်ဒွတ်ဒက်
အသံနဲ့ သံတော်ဦး တင်လိုက်တဲ့အခါမှာတော့ ဘာမင်းတရားကြီးဟာ
မျက်မှောင်တော်တွေ ရှုံ့  တွပြီး ဝေခွဲမရဖြစ်နေတာပေါ့ကွယ် ။
မောင်ညီမလေးတို့ တွေ သိကြတဲ့အတိုင်းပဲ လေ.. ဘာမင်းတရားကြီးဟာ
ဘွတ်ရွှတ်ဒွတ်ဒက် တွေဆိုရင် တံတွေးစဉ်လွန်းလို့ ... ဘာပြည်သူပြည်သားတွေ
ဘွတ်ရွှတ်ဒွတ်ဒက်တွေကို ဘာတိုင်းပြည်ကြီးတစ်ခုလုံး ပြောမိရင်
တံတွေးရေကြောမှာ ပက်လက်မြောသွားမှာ စိုးရိမ်တာကြောင့် တိုင်းပြည်တစ်ခုလုံး
ဘွတ်ရွှတ်ဒွတ်ဒက် မပြောနိုင်အောင် ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ လည်း
ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာအောင် ဘာရီးယား.. ဘာရုတ် နိုင်ငံက
ဇာတ်လမ်းတွဲတွေကို ဘာတိုင်းပြည်က စကားနဲ့ စာတမ်းထိုးပြခဲ့တယ် မဟုတ်လား..။
အဲဒါကြောင့်လည်း ဘာမင်းတရားကြီးဟာ အိမ်နီးချင်းနိုင်ငံရဲ့ စကားမဟုတ်တော့
ရွှေဘောတော် မကျ ဖြစ်ပြီး...
" မီဒီယမ် ဆိုတာ ဘဇာမျိုးလဲကွဲ့ .. ငါ့ကို မြန်မြန်လျှောက်တင်စမ်း" လို
့မိန့် တော်မူသတဲ့..။
" မှန်လှပါဖလား.. မီဒီယမ် (Medium) ဆိုတာ ကြားခံနယ် တစ်ခုပါ ဖလား" လို
့တောက်တယ်ကျင်း ၀န်ကြီး က ပြန်လည် လျှောက်ထားလိုက်သတဲ့.. "
တစ်ဆက်တည်းမှာပဲ.." ဆူချင် ပူချင်တဲ့ ၀ိညာဉ်တွေက.. ဆန္ဒပြချင်တဲ့ အခါမှာ
အဲဒီ မီဒီယမ်ကို ၀င်ပူးပြီး ဆန္ဒတွေ ထုတ်ပြတာပါဖလား.. ၀င်ပူးခံရတဲ့
ဘာတိုင်းပြည်သူတွေမှာ အပြစ်မရှိကြောင်းပါ ဖလား" လို့  တောက်တယ်ကျင်း
ဝန်ကြီးက ပြောသတဲ့..။ အဲဒီအခါမှာ ဘာမင်းတရားကြီးဟာ ဒေါသတွေ
အကြီးအကျယ်ထွက်ပြီး သကာလ....
" သယ်ယ်ယ်ယ်ယ်...ဘဇာကြောင့် ငါကိုယ်တော်ကို ဆန္ဒပြရတာတုန်း..
ဘာတိုင်းပြည်ကြီးကို အေးချမ်း သာယာအောင်၊ ဖွံ့ ဖြိုး တိုးတက်အောင် နေ့ မအား
ညမနား ဆောင်ရွက်နေတဲ့ မျက်နှာကိုမှ မထောက်.. အနောက်ကို မျှော်တဲ့
ပုဆိန်ရိုးတွေ .." လို့  အမျက်တော်ရှ တော်မူသတဲ့..။ အဲဒါနဲ့ ပဲ ..
ညီလာခံမှာ ရောက်နေတဲ့ ဘဏ္ဍာရေးမှူး က ...
" မှန်လှပါ.. ရွှေစိတ်တော် ထိန်းတော်မူပါဖလား... အခုကိစ္စကလည်း
အရှင်မင်းတရားကြီး နိုင်ငံတော် ဘဏ္ဍာတွေကို အလွဲသုံးစား လုပ်တဲ့အမှုပါဖလား...
ခုနက နိမိတ်ပုံကို ပဲ ကြည့်တော်မူပါဖလား .. နိုင်ငံတော် ဘဏ္ဍာတွေကို
လှူတန်းတာ၊ မရှိဆင်းရဲသားတွေကို ပေးဝေလို့ ပြည်သူပြည်သားတွေ မခံမရပ်နိုင်
ဖြစ်တဲ့ပုံလေ..။ အဲဒီတော့ ဘာမင်းတရားကြီးဟာ နိုင်ငံတော်ရဲ့ ရတနာတွေ ၊
ရေနံတွေ ၊ မြေယာ တွေကို အိမ်နီးချင်း နိုင်ငံကို ရောင်းစား..စား..စား.."
လို့ ပြောလို့ မှ မဆုံးသေးဘူး .. ဘာမင်းတရားကြီးက...
" တော်.. တန် .. တိတ် ... အကြာ်ပန်းကန် ဖိတ်... နင့်ဂျီးတော်နဲ့ အိပ်..
ဘဇာ့ကြောင့် ငါကိုယ်တော်မြတ်ရဲ့ ဒါန သီလ တွေကို အထင်လွဲနေရတာတုန်း...။
တိုင်းပြည် ဘဏ္ဍာတွေကို ရောင်းစားတာမဟုတ်ဘူးကွဲ့ .. သူများကို ပေးပြစ်တာ ။
ဒါန လုပ်နေတာ .. လှူဒါန်းနေတာ.. ။ ဘာဝနာ...တရား အားထုတ် (တရုပ်အားထား)
နေတာ..။ ငါလို ဘုန်းကံကြီးမားတဲ့ ကိုယ်တော်ကို အပြစ်မြင်နေတာ ဒင်းတို
့တစ်တွေ ငရဲတွေ ငကန်တွေ ကြီးကုန်တော့ မှာပေါ့ကလား.. ဘုရား..ဘုရား.." လို
့ရင်ဘတ်ကြီးဖိပြီး ဘာပြည်သူ ပြည်သားတွေအတွက် ရင်လေး နေပါလေရောကွယ်..။
အဲဒီအခါမှာ တရားရေးရာဝန်ကြီး က
" မှန်လှပါ... ဘုန်းတော်ကြောင့် ဘွတ်ရွှတ်ဒွတ်ဒက် မကျွမ်းတော့ Fraud နဲ့ 
Free မှားယွင်းမိသွားတယ် ထင်ပါတယ် ဖလား ... " လို့ 
လျှောက်တင်နေချိန်မှာပဲ.. ဘာမင်းတရားကြီးက .
" ဒါဆိုရင် ပြည်သူတွေ အလုပ်လုပ်လို့ ရလာတဲ့ငွေတွေ၊ ၀န်ထမ်းလစာတွေထဲက
ဆောင်ရမဲ့ အခွန်တော်တွေ ၊ လုပ်ငန်းတွေက ပေးဆက်ရမဲ့ အခွန်တော်တွေ၊ မြေခွန်၊
ယာခွန်၊ အရောင်းခွန် ၊ အ၀ယ်ခွန်တွေ က ဘာလို့  ကိုယ်တော်မြတ်ရဲ့ ဘဏ္ဍာ
တိုက်ထဲကို မ၀င်လာရတာလဲကွဲ့ .. ဘဏ္ဍာတိုက်မှာလည်း ဘဏ္ဍာတွေ တစ်နေ့ တစ်ခြား
ခမ်းကုန်ပြီဆိုတာ မောင်မင်း မသိလေရော့လား..." လို
့ပြန်ပြီးမေးလိုက်တဲ့အခါမှာ
" မှန်ပါ.. ရွှေဘုန်းသခင်ရဲ့ သဘောတော်အတိုင်း .. ဘာတိုင်းပြည်သူ ပြည်သားတွေက
အခွန်တော်ဝန်ကြီးနဲံ ပေါင်းပြီး (၇) ရက် (၇) လီ .. ၅၂ ပတ် တိတိ
အလှူဒါနပေးနေလို့ ပါ ဖလား.." လို့  တရားရေးရာဝန်ကြီးက
လျှောက်တင်လိုက်သတဲ့.. အဲဒီအချိန်မှာပဲ ...
ဓမ္မရေးရာ ၀န်ကြီးကလည်း.. သျှောင်လေးကို အသာပင့်ပြီး ...
" မှန်လှပါဘုရား..
ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာ
ပါလိမ့်မယ်... ဖလား " လို့  လျှောက်တင် လေသတဲ့..။ အဲသလို
လျှောက်တင်လိုက်တော့ .. ဘာမင်းတရားကြီးဟာ .....
" သယ်... ရာရာစစ .. ဒင်းကများ ငါ့ကို... ကိုယ်ပြုသည့်ကံ ပဲ့တင်သံ
လာလုပ်နေသေးတယ်.. ဒီမှာ ၀န်မင်း.. ငါကိုယ်တော်မြတ်က လေဖြတ်.. အဲလေ..
ကံဖြတ်နေတာကွဲ့ ...။ ကံမှာ အဟောသိကံဆိုတာ ရှိတယ်.. အဟောသိကံဆိုတာ ဘာမှ
အကျိုးမပေးဖြစ်တော့တဲ့ ကံပေါ့.. အဲဒီကံမျိုးဖြစ်အောင် ၊ တစ်ခြားကံတွေ
အကျိုးပေးခွင့်မသာအောင် ငါကိုယ်တော်မြတ် လုပ်နေတာ မောင်မင်း
မသိလေရော့သလား......" လို့  ကံအကြောင်းကို ရှင်းပြလိုက်သတဲ့ ။
ဓမ္မရေးရာအမတ်ကလည်း.. အားကျမခံ...
" မှန်ပါ... ဘုန်းတော်ကြောင့် ကြက်ဆူ ပင်တွေ နဲ့  လုပ်ထားတာ ဖြစ်မယ်
ထင်ကြောင်းပါဖလား.." လို့ သူ့  အထင်အမြင်ကို ပြောလိုက်တဲ့အခါမှာတော့
ဘာမင်းတရားကြီးက..
" တယ် .. ဒီဝန်မင်း.. ပြောလေကဲလေ.. မန်းလေ ပြဲလေဖြစ်နေပြန်ပြီ.. ဒီ ကြက်ဆူ
နဲ့ ဘာမှ မဆိုင်ဘူး..။ သူ့  ဟာသူ ဟိုဘ၀တုန်းက ကြက်ကလေး ငှက်ကလေးတွေ
ဖမ်းပြီး လှောင်ချိုင့်ထဲ ထည့်ထားလို့ အခုဘ၀မှာ ဒီလို
အချုပ်အနှောင်ခံရတာဟာ.. ကံကံရဲ့  အကျိုးခံစားနေရတာပေါ့ကွဲ့ .. ဟင်းဟင်း..
ကဲ. ဒီမှာ ကံဆိုတာ ဘယ်လိုအကျိုးပေးသလဲ ပြမယ်.. ဟေ့.. တောက်တယ်ကျင်း
ဝန်မင်း.. ငါကိုယ်တော်မြတ်အတွက် နိမိတ်ပုံတစ်ပုံရွေးလိုက်စမ်း ...." လို့ 
ပြောလိုက်တဲ့အခါ ၀န်မင်းဟာ ကလဖန်ထိုးပြီး ကားချပ်တစ်ချပ်ကို
ဆွဲထုတ်ပြလိုက်တော့တာပေါ့ကွယ်..
မောင်ညီမလေးတို့ ရေ... နိမိတ်ပုံက ဘာပြောသလဲဆိုတော့ ဆင်ဖြူရတနာ
ဆိုက်ရောက်လာတဲ့ ပုံပေါ့ကွယ်..
အဲဒီပုံကို မြင်တာနဲ့ ဘာမင်းတရားကြီးဟာ
" တွေ့ တယ်မဟုတ်လားး ၀န်မင်းရဲ့ .. ငါကိုယ်တော်မြတ် ဘုန်းတော်ကြောင့်
ဆင်ဖြူရတနာ ဆိုက်ရောက်လာရမယ် လို့ နိမိတ်ပုံ ထွက်လာတော့ ဆင်ဖြူရှင်မင်း
ဖြစ်ရတော့မှာပါကလား ကွယ်ရို့ " .. လို့  လက်သီးလက်မောင်းတန်းပြီး
ပြောလိုက်တဲ့အခါမှာတော့ .. ညီလာခံမှာ ခစားနေတဲ့ လေတပ်ဝန်ကြီးက..
" မှန်ပါ.. ဘုန်းတော်ကြောင့် .. ဆင်ဖြူတော် လို့ အမည်ပေးထားတဲ့
ဖော်ကာလေယာဉ် ကြီး တစ်မြန်နေ့ ကပဲ နေပူတယ် မြို့ တော်ကြီးကို
ဆင်းသက်ရောက်ရှိလာကြောင်းပါဖလား.. " လို့ သံတော်ဦး တင်လိုက်တဲ့အခါမှာပဲ
ဘာမင်းတရားကြီးဟာ ရွှေဘော်တော်တွေကျပြီး လေတပ်ဝန်ကြီးကို BP က ထုတ်တဲ့
လေယာဉ်ဆီ တစ်ပီပါ ဆုတော်လာဘ်တော် ဆုချလိုက်သတဲ့..။ ဆုချပြီးတာနဲ့  အနားမှာ
ခစားနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ကို
" မောင်မင်း.. ငါကိုယ်တော်မြတ် က ၃ ကြိမ်တိတိ ဘာလသမ္မဂ္ဂကနေ ပြန်ခေါ်တာ
ဘဇာကြောင့် မောင်မင်းမပြန်လာရတာလဲ. . ငါကိုယ်တော်မြတ် မှာထားတဲ့
ခြေနင်းစင်္ကြာကော အကြံအဖန်ထုလို့  ရပြီလားကွဲ့ မင်းကြီးရဲ့ .. အခု
ငါကိုယ်တော် မြတ်စီးဖို့ အတွက် ရောက်နေတဲ့ ဆင်ဖြူတော် က အာရှတစ်ခွင်ဘဲ
လှည့်လို့ ရတယ်ကွဲ့ .. ငါကိုယ်တော်မြတ်.. အနောက်နိုင်ငံတွေကို
တိုင်းခန်းလှည့်လည်ဖို့ စပါယ်ရှယ်မှာထားတဲ့ ခြေနင်းစင်္ကြာ အခြေအနေကို
လျှောက်တင်စမ်း မင်းကြီး.." လို့ သံတော်ဦးတင်ခိုင်းတဲ့အခါမှာ.. ၀န်ကြီးက
" မှန်လှပါ.. အနောက်နိုင်ငံတွေက အရှင်မင်းကြီးရဲ့ ခြေနင်းစင်္ကြာ (ခေါ်) ဗီဇာ
ကို ဘန်းထားတာကြောင့် အခုအခြေအနေမှာတော့ ခြေနင်းစင်္ကြာဟာ အင်ထုလို
့မလွယ်လှပါဖလား... အရှင်မင်းကြီးရဲ့  ကံဇာတာဟာ စင်္ကာပူမှာ
အလုပ်သွားလုပ်နေတဲ့ ဘာတိုင်းပြည်သူပြည်သားတွေ ရဲ့ ခြေနင်းစင်္ကြလောက်တောင်
မကောင်းတာမို့ ကံကောင်းအောင်တော့ တစ်ခုခု လုပ်ဖို့ လိုနေကြောင်းပါဖလား "
လို့  လျှောက်တင်လိုက်တဲ့ အခါမှာ ဘာမင်းတရားကြီးဟာ PHD ဘွဲ့ ကို အသပြာငွေ ၅
သိန်းနဲ့ အိန္ဒိယကနေ မှာပြီး ၀ယ်ပေးထားတဲ့ ဗေဒင်ဝန်ကြီး ကို... အကြံဥာဏ်
တောင်းခံလိုက်တဲ့အခါမှာ... ၀န်ကြီးက..
" မှန်လှပါ.. အရင်တစ်ခေါက်တုန်းကတော့ ကြက်ဆူပင် စိုက်တာ မအောင်မြင်ပေမဲ့ ..
ဒီတစ်ခေါက်တော့ Medium ကြားခံကို အသုံးပြုပြီး စိုက်ရပါမယ်ဘုရား.." လို
့ဖြေလိုက်တဲ့အခါမှာ
" လျှောက်တင်စမ်း .. မောင်မင်း " လို့  ခွင့်ပေးလိုက်တဲ့အခါမှာ..
ဗေဒင်ဝန်ကြီးက
" မှန်ပါ.. ဒီတစ်ခေါက်တော့ ကံကောင်းရုံတင်မဟုတ်ဘဲ အသက်ရှည်ဖို့ အတွက်နဲ့ 
ရွေးကောက်ပွဲအတွက်.. အာလူးစိုက်ပါဘုရား.. အရုဏ် မှာ စိုက်ပါ...အာယု ယတြာလို
့ခေါ်ပါတယ် မင်းကြီး..။ ဗေဒင်မှာ ဓာတ်တူ နံတူ ဆေးဖက်ယူဆိုတာ
ရှိပါတယ်ဘုရား.. အာယု - အာလူး .. အရုဏ် ဟာ နံတူဖြစ်တာမို့ ဆေးဖက်အတွက် ၊
ရွေးကောက်ပွဲ အတွက် အလွန်ပဲ သင့်လျော်လှ ကြောင်းပါ ဖလား... " လို့ 
လျှောက်တင်လိုက်တဲ့ အခါမှာ ဘာမင်းတရားကြီးဟာ အားရ၀မ်းသာစွာနဲ့ ပဲ...
စိုက်ပျိုးရေးဝန်ကြီး နဲ့  ပြန်ကြားရေးဝန်ကြီးကို အာလူးစိုက်ဖို့ အတွက်..
" အရုဏ်ဦးမှာလူးသည့်အာ " ဆိုတဲ့ ပရောဂျက်ကြီးကို လက်မှတ်
ထိုးပေးလိုက်ပါလေရောကွယ်...။
မောင်ညီမလေးတို့ ရေ.. ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်...