http://www.humanright-myanmar.com
6 views
Skip to first unread message
Human Rights Myanmar
unread,
Nov 9, 2010, 8:22:05 AM11/9/10
to freem...@googlegroups.com
http://www.humanright-myanmar.com
Link to Human Rights Myanmar
တိုက်ပွဲများမပြီးသေးပါ နောက်ဆုံးရတိုက်ပွဲသတင်း
Posted: 09 Nov 2010 04:51 AM PST
မြန်မာစံတော်ချိန် ညနေ ၇ နာရီ
နံနက် ၁၁ ခန့်က ဝေါလေ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသ သို့ နအဖတပ်များအလုံးရင်းနဲ့ဝင်လာလို့ တိုက်ပွဲများဖြစ်ပွား
နေ့လယ် ၁၂ ခွဲခန့်လောက်က မြဝတီရှိ ဒီကေဘီအေတပ်များ ဆုတ်ခွာသွားကြပြီး ဝေါလေမှာယခုထိ တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရ
ဘုရားသုံးဆူ ဘက်တွင်လည်းတိုက်ပွဲများဆက်လက်ဖြစ် ဒီကေဘီအေနှင့် ကေအန်ယူပူးပေါင်း
ကေအင်ယူ တရားဝင်ကြေငြာ စစ်ရေးအရပူးပေါင်းခြင်း မရှိသေး
ယခုတိုက်ပွဲဝင် ဒီကေဘီအေ ရဲဘော်များအား နိင်ငံတကာရောက်မြန်နိင်ငံသားများ ငွေလှုတန်း
US ရောက်မြန်မာနိင်ငံသားများ အများဆုံးလှုတန်း သည်ဟုသိရ
ငွေများထဲ့ဝင်လှုတန်းကျောင်းသိရသဖြင့် တိုက်ပွဲဝင်ရဲဘော်များ အထူးဝမ်းသာ
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
လန်ဒန် မြန်မာသံရုံးရှေ့ ၌ ကျောင်းသားများ ၆နာရီကြာ ဒူးထောက် ဆန္ဒပြ နေကြပုံ
Posted: 08 Nov 2010 01:37 PM PST
                                                                      ၈.၁၁.၂၀၁၀
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
အလုံမြို့ နယ် မဲရေတွက်ရာ တွင် အများပြည်သူမ၀င်နိုင်စေရန် မဲရုံများပိတ်ရေ
Posted: 08 Nov 2010 01:07 PM PST
၁။ အလုံ စောရန်ပိုင်အနောက် သာသနာ့အလင်းရောင် ဓမ္မာရုံဝင်း
၂။ အလုံ စောရန်ပိုင်အနောက် အ.မ.က (၉) ကျောင်းဝင်း
၃။ အလုံ စောရန်ပိုင်အနောက် အ.မ.က (၁၁) ကျောင်းဝင်း
၅။ အလုံဌာနပိုင် ဓမ္မာရုံ                
အလုံမြို့နယ် မဲရေရာ တွင် အများပြည်သူမ၀င်နိုင်စေရန် မဲရုံများပိတ်ရေ၊ ပြည်သူများမကျေနပ်၊  အချို့ နေရာများတွင် ပြည်သူတို့ အားမောင်ထုတ်။ အလုံ အန်အယ်လ်ဒီ မှ လူကြီးများထံ တရာစွဲဆိုနိုင်ရန်တင်ပြထား။ လူကြီးများမှလဲ ဥပဒေ အတိုင်းဆောင်ရွက်မည်ဟုပြောကြား။   
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
DKBA မြ၀တီ မြို့ ၏ အရေးပါသည့် နေရာများ နှင့် ထက်ဝက်ကျော် ကိုသိမ်းမိ
Posted: 08 Nov 2010 09:40 AM PST
လက်နက် ကြိးများ ထိုင်း နိုင်ငံထဲ ထပ်မံကျရောက် လျှင် မြန်မာ နိုင်ငံဘက်သို့ ပြန်လည်ပစ်
ခတ်ရမည် ဟု ထိုင်း စစ်တိုင်းမှုး အမိန့် ပေး
မြ၀တီ ဘက်ကမ်းတွင် ပစ်ခတ်မှုများကြောင့် ထိုင်း စစ်သားများ အသင့်နေရာယူနေရစဉ်
မြန်မာ စစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီး ကျဉ် ထိုင်းနိုင်ငံထဲ သို့ ကျရောက်ပေါက်ကွဲစဉ်
နေ့ လည် ၁း၁၀ ထိုင်းလူမျိုးသုံး ဦး လက်နက်ကြီး ကျဉ်ထိ မှန် မှု ကြောင့် ပြင်းထန် စွာ ဒဏ်ရာရ
“The Thai army will retaliate with heavy weapons if the situation is out of control and affect Thai people,”
Col Supachoke said.
နေ့ လည် ၁း၀၀ ထိုင်း ပြည်သူများ ထိမှန် မှု ကြောင့် ထိုင်း အမှတ် ၅ ခြေမြန်တပ်ရင်းမှ ဆူပါချော့ကီ သာဝတ် ပီရာချိုင်း နှင့်
အဖွဲ့ လာရောက် တပ်ဆွဲ
၁၁း၀၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့်
ရဟတ် ယာဉ် မြ၀တီ မြို့ သို့ ရောက် ရှိ ဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို့ ပြော
၁၀း၄၅
မြ၀တီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ
နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ ဝင်များ
ဖမ်းဆီးထား (မြ၀တီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)
Updated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း
ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များ
က ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှု
များ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီး
သင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။
ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့်
FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်
မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့ တွင်းအပြန် အလှန် ပစ်ခတ်သံများ ကို
ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြင့်
ထားသည်။
ပေါ်တာဆွဲ ၍ မြ၀တီ ဘက် မပြန် နိုင်သည့် ရွာသားများ အား ထိုင်းနယ်ခြားစောင့်တပ် က စောင့်ရှောက်ပေးထားစဉ်
မြ၀တီ ရဲစခန်း အား ဒီကေဘီအေ တပ်ဖွဲ့ မှ ဗိုလ်မှုးချုပ် စောလားပွယ် သိမ်းပိုက်ထားစဉ်
http://freedomnewsgroup.com သတင်းကို ပြန်လည်မျှဝေခြင်းဖြစ်သည်။
Fighting on Thai-Myanmar border spills over into Thailand
DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ ၏ အရေးပါသည့် နေရာများ နှင့် ထက်ဝက်ကျော် ကိုသိမ်းမိ
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
ALL BURMA MONKS ALLIANCE (ABMA) ဂျာနယ် Vol.1/No.(19) ဖတ်ရှုနိုင်ပါပြီ
Posted: 08 Nov 2010 09:24 AM PST
ABMA Journal Volume 1 No 19
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
လူအခွင့်အရေးနှင့် အလှမ်းဝေးနေသည့် ရွေးကောက်ပွဲ Report (ND-Burma)
Posted: 08 Nov 2010 09:03 AM PST
In Burmase မြန်မာဘာသာဖြင့်
Media Release
On-going Political Repression Mars Pre-Election Period in Burma
Date: 8 November 2010
The Network for Human Rights Documentation - Burma (ND-Burma) today released its report, “Intimidation, imprisonment and repression: the road to military victory in the 2010 Elections” documenting human rights violations in Burma from January to October 2010.
“Ongoing political repression and other rights violations ahead of the 7 November elections in Burma, rule out the possibility of a free, fair, and credible vote,” ND Burma said today.
Political opposition candidates, the news media and voters need to feel safe to debate ideas and to express themselves and vote freely for the leaders of their choice. In Burma, ongoing and systematic violations prevent people from realising their basic civil and political rights.
“The lack of accountability for human rights violations by members of the police and military is a troubling backdrop to the elections”, said Tate Naing, ND-Burma Advisory Board member.
ND-Burma documented unlawful detention, torture, and extrajudicial killings committed by the regime, or with their acquiescence. Forced labour and land confiscation also marred the reporting period.
The electoral process is designed to be discriminatory, impartial and unfair, ensuring a military victory.
“Whatever the results, the most salient feature of the 2010 elections are not the months but the years of repression preceding it. The people of Burma have been robbed of their humanity, denied their fundamental freedoms, and a pervasive culture of fear prevails” said Han Gyi, Coordinator (ND-Burma).
During this year, ND-Burma documented over 875 human rights violations, of which, 247 were directly related to the elections as following.
Election Related Human Rights Violations (HRVs)
¡ Physical Violence (2 case)
¡ Arbitrary arrest and detention (15 cases)
¡ Forced labor (10 cases)
¡ Confiscation/ destruction of property (1 cases)
¡ Threats of violence, intimidation, or other forms of coercion (86 cases)
¡ Prevented from participating or standing for an election (45 case)
¡ Prevented from making an informed decision (34 cases)
¡ Denial of the right to freedom of expression, assembly, and association (31 cases)
¡ Denial of the right to freedom of movement (23 cases)
Human Rights Violations in Burma from January to October 2010
¡ Arbitrary/ illegal arrest/ detention (71 cases)
¡ Confiscation/ destruction of property (93 cases)
¡ Disappearances (9 cases)
¡ Forced labor (96 cases)
¡ Forced marriage (8 cases)
¡ Forced Prostitution (7 cases)
¡ Forced Relocation (18 cases)
¡ Human Trafficking (15 cases)
¡ Killings (24 cases)
¡ Obstruction of freedom of expression/ Assembly (111 cases)
¡ Obstruction of freedom of movement (32 cases)
¡ Other sexual violence (67cases)
¡ Rape (9 cases)
¡ Use of Child Soldiers (26 cases)
¡ Torture, Inhumane or degrading treatment (71 cases)
¡ Arbitrary Taxation/ Extortion (287 cases)
ND-Burma fieldworkers put themselves at great risk to document human rights abuses. As, the monitoring can not take place openly, the list of violations is in no way exhaustive but reflective of the human rights situation in Burma. ND- Burma’s report includes cases from all over the country and covers 16 categories of human rights violations.
The full report, “Intimidation, imprisonment and repression: the road to military victory in the 2010 Elections”, will be available at the ND Burma website http://www.nd-burma.org .
For further information, please contact -
Management Board – Cheery Zahau hre.c...@gmail.com (+66(0)849213423)
Management Board – Aue Mon aue...@gmail.com (+66(0)86 167 9741)
Coordinator – Han Gyi mgha...@gmail.com (+66 (0)81 961 5992)
--------
Network for Human Rights Documentation - Burma
PO Box 67
CMU Post Office
Chiang Mai 50202
Thailand
www.nd-burma.org
Click full Release
Click Full Report download
http://nd-burma.org/home.html
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
APF ဂျပန်သတင်းထောက် ပေးပို့သော မြဝတီ သတင်းမှတ်တမ်းပုံ
Posted: 08 Nov 2010 08:41 AM PST
za016.jpg
za001.jpg
za002.jpg
za003.jpg
za004.jpg
za005.jpg
za006.jpg
za007.jpg
za008.jpg
za009.jpg
za010.jpg
za011.jpg
za012.jpg
za013.jpg
This guy is a closer look at the Burmese (SPDC) was a sniper. Found to expand back to the hotel.
za014.jpg
za015.jpg
za017.jpg
za018.jpg
za019.jpg
za020.jpg
za021.jpg
za022.jpg
za023.jpg
za024.jpg
za025.jpg
za026.jpg
za027.jpg
za028.jpg
za029.jpg
za030.jpg
za031.jpg
za032.jpg
za033.jpg
za034.jpg
za035.jpg
za036.jpg
Photo / Aya Tomita kiyo Mu
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
မဲမသမာမှုများနှင့် မြ၀တီတိုက်ပွဲအပေါ် ဦးဝင်းတင် အမြင်
Posted: 08 Nov 2010 08:20 AM PST
U win tin 2_2.mp3
ဧရာဝတီ ဘလော့ဂ်မှ မျှဝေသည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
ထိုင်း channel 7 မှ မြ၀တီမြို့ တိုက်ပွဲ အခြေအနေ ထုတ်လွှင့်ချက်
Posted: 08 Nov 2010 04:53 AM PST
ဟံသာဝတီ
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
Human Rights Myanmar
unread,
Nov 10, 2010, 7:09:26 AM11/10/10
to freem...@googlegroups.com
DKBA နှင့် နအဖ တို့၏ မြဝတီမြို့ တိုက်ပွဲအတွက်နေပြည်တော် ညွှန်ကြားမှုအဆင့်ဆင့်
Posted: 09 Nov 2010 09:27 PM PST
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
မလိမ့်တပတ် တပ်က ကြိုတင်မဲတွေကို NDF ကန့်ကွက်ပြီ
Posted: 09 Nov 2010 09:55 AM PST
ပုံကိုနှိပ်၍ အကြီးချဲ့ဖတ်ရှုပါ
NDF
NDF
photo from The Irrawaddy's Blog
ဥပဒေမဲ့ ၊ တရားမဲ့ တပ်မှ ကောက်ယူထားသော ကြိုတင်မဲများကို NDF အနေဖြင့် ယုံကြည်မှုမရှိကြောင်းနှင့် ယုံကြည် လက်ခံနိုင်ခြင်း မရှိသဖြင့် အလေးအနက် ကန့်ကွက်ကြောင်းနှင့် ကြိုတင်မဲများကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပြီ ဖြစ်သည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
အော်ပီကြယ် ကာတွန်းများ ပြန်လည်မျှဝေပေးခြင်း (Fan Page's Photos)
Posted: 09 Nov 2010 08:54 AM PST
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs956.snc4/74916_121345494591650_116785225047677_134203_6122077_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs485.ash2/75815_121345991258267_116785225047677_134205_5969973_n.jpg
ကိုယ့်ကို မဲတည့်မယ့် ရပ်ကွက်လေးတစ်ခုကိုပဲ ကောင်းအောင် လုပ်ပြမယ့်သူဟာ ကျန်ရပ်ကွက်တွေနဲ့ တိုင်းပြည်အတွက် လုပ်နိုင်စွမ်းမရှိသူ ဖြစ်မယ်။
http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs405.ash2/68316_118283584897841_116785225047677_120307_2903160_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs936.snc4/74916_121345484591651_116785225047677_134200_7205885_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs476.ash2/74916_121345481258318_116785225047677_134199_6998444_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs823.snc4/68316_118283588231174_116785225047677_120308_2715198_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs823.snc4/68316_118283591564507_116785225047677_120309_6984395_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs476.ash2/74916_121345487924984_116785225047677_134201_1691917_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs936.snc4/74916_121345491258317_116785225047677_134202_7670430_n.jpg
--
hTp
--
san [ fa ]
Intern
Foundation for Education and Development [FED]
Khuk Khak, Phang Nga Province, Thailand
Grassroots Human Rights Education And Development
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
မဲအနိုင်အရှုံး Results ကို Weekly Eleven ရဲ့ Web Page ကနေပြန်ဖြုတ်ခိုင်း
Posted: 09 Nov 2010 06:46 AM PST
အခု စာမျက်နှာများဟာ Weekly Eleven ရဲ့ Web Page မှာ တင်ထားခဲ့တဲ့ မဲရုံအလိုက် အနိုင်အရှုံးစာရင်းအချို့ပါ။ ဒီစာရင်းတွေ အပါအ၀င် ရွေးကောက်ပွဲ စာမျက်နှာ တစ်ခုလုံးကို အဲဒီဝက်ဘ်ဆိုဒ်ကနေ လာဖြုတ်သွားပါတယ်။ ငွေကုန်လူပန်းခံပြီး လုပ်ထားရတဲ့ စာရင်းဖြစ်ပေမယ့်ဖြုတ်ခိုင်းတဲ့အခါ အလွယ်ပဲ ဖြုတ် ပေး။လိုက်ရပုံပေါ်ပါတယ်။
နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင် နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေး မရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ ဒီစာရင်းများကို မိမိဝန်းကျင်ရှိ ရန်ခုန်သံချင်းတူသူများထံ အမြန်ဝေပေးဖို့ အကြံပြုပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။
Early Results
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Human Rights Myanmar
unread,
Nov 11, 2010, 7:04:47 AM11/11/10
to freem...@googlegroups.com
DKBA ဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ
Posted: 10 Nov 2010 10:20 AM PST
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရနှင့် တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ဘက်မှ စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့က ကူ၍ တိုက်နိုင်ဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။
dkba01
၂၀၀၇ ခုနှစ်က စစ်ရေးပြ အခမ်းအနားတွင် တွေ့ရသော DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုနေခြင်း ဖြစ်သည်။
“နအဖရဲ့ တိုက်ခိုက်မှုဟာ ဆက်တက်လာမယ် ဆိုလို့ရှိရင်တော့ အဲဒီမှာ ရှိတဲ့ အဖွဲ့တွေအားလုံးဟာ ရှောင်လို့မရဘူး၊ အားလုံး လက်တွဲ တိုက်ရလိမ့်မယ်ထင်တယ်”ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ဧရာဝတီသို့ ပြောသည်။
ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ် ရပ်စဲထားသော စောသမူဟဲ၏ ဟောင်သရော အထူးဒေသ အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
“အဲဒီ နေရာမှာ သူသွား ကိုယ်သွားနဲ့ သွားလာနေကြတယ်။ နယ်မြေထဲမှာ တယောက်နဲ့ တယောက် ရန်မရှာဘဲနဲ့လေ၊ တယောက်နဲ့ တယောက် နားလည်ပြီးတော့ သွားလာနေကြတဲ့ အခါကျတော့ နယ်မြေက ကန့်သတ်ထားတာ မရှိဘူး၊ ၀င်လာ လို့ရှိရင် ဟိုတယောက်ကို တိုက်လို့ရှိရင် ဒီတယောက်ကို မကြည့်ဘဲနဲ့ တိုက်လို့ရမှာ မဟုတ်တဲ့ဟာတွေ ပေါ်လာရင် အားလုံးက ပြင်ထားရမှာပဲ၊ ပြင်ထားလို့ရှိရင်တော့ အားလုံးက သေနတ်ပေါက်မယ်လို့ ထင်တာပဲ”ဟု ဗိုလ်မှူး စောလှငွေက ဆက် ပြော သည်။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်သည့် အနေအထားရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ နံနက် ၄ နာရီခန့်မှ စတင်၍ DKBA တပ်ဖွဲ့ဝင်များနှင့် နအဖ တပ်များအကြား တနာရီကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
တိုက်ပွဲတွင် နအဖ စစ်သားများ ပတ်ခတ်မှုကြောင့် ၉ နှစ်အရွယ် မြန်မာ မိန်းကလေးတဦး ထိမှန်ခဲ့ရာ ထိုင်းဆေးရုံတွင် သေ ဆုံး သွားကြောင်း၊ DKBA ဘက်မှ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်သည့် နေရာတွင်ပင် သေဆုံး ကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။
ထိုင်းဘက်သို့ မြန်မာ စစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့် ထွက်ပြေးခိုလှုံလျက်ရှိပြီး ထိုင်းတာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့များက ကူညီနေကြောင်း သိရသည်။
အလားတူ ယမန်နေ့က မြန်မာ့ရုပ်သံတွင် မြဝတီမြို့အတွင်း နအဖ တပ်များ နှင့် DKBA တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲ သတင်း ကို ထုတ်လွှင့်ခဲ့ရာ“KNU အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တဖွဲ့က ဝင်ရောက် ပစ်ခတ်သည်”ဟူ၍ ကြေညာခဲ့သည်။
စစ်အစိုးရသည် DKBA တပ် မှန်သမျှကို ၎င်းတို့ လက်အောက်ခံဟု လူထုက ယုံကြည်စေရန်၊ အကြမ်းဖက်မှု မှန်သမျှ KNU ၏ လက်ချက်ဟု အထင်ရောက်စေရန် ကရင် တိုင်းရင်းသားချင်း သွေးခွဲသည့် ဝါဒဖြန့်လုပ်ငန်းများ စတင် လုပ်ဆောင်နေကြောင်း စစ်ရေး လေ့လာသူတချို့က သုံးသပ်သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယမန်နေ့က ပြန်လည် ရယူထားပြီး ဖြစ်သည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။ ၎င်း အဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/4794-dkba---- မှကူးယူမျှဝေသည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
>>>>> >>>> မည်သူ့မှာ တာဝန်ရှိ သနည်း ? <<<< <<<<<
Posted: 10 Nov 2010 07:44 AM PST
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ
၇.၁၁.၂၀၁၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းမြို့ မဲရုံ အမှတ် ၆ တွင် အသက် မပြည့်သေးသူကို ဖေါ်ပြပါ ယာယီ မှတ်ပုံတင် သက်သေခံ လက်မှတ်ကို တာဝန်သိ ပြည်သူ တစ်ဦးမှ လာရောက် ပေးအပ်ထားသည်ကို ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပြီး ဖေါ်ပြအပ်ပါသည် မဲပေးသူကိုလည်း ယင်းလက်မှတ်ဖြင့် ကြံ့ခိုင်ရေး ပါတီဝင်များက မဲပေးခိုင်းခဲ့ပါသည်။ မဲပေးပိုင်ခွင့် မရှိသူကို မဲပေးခိုင်ခြင်းသည် တရား ဥပဒေအရ အရေးယူရပါမည်။ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ အားလုံးမှာ တာဝန်ရှိသည်ဟု ယူဆပါသည်။ ၎င်း အဖြစ်အပျက်များ နေရာ တော်တော် များများတွင် ဖြစ်ပေါ် ခဲ့ပါသည်။
သက်ဆိုင်ရာမှ တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ခြင်း ရှိ မရှိကို စုံစမ်းမေးမြန်း ဖေါ်ထုတ် ပေးပါရန် တင်ပြ အပ်ပါသည်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဦးတင်မောင်အေး 01 243633 ကို ဆက်သွယ် မေးမြန်း နိုင်ပါသည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Human Rights Myanmar
unread,
Nov 12, 2010, 7:09:18 AM11/12/10
to freem...@googlegroups.com
ကြံ့ခိုင်ရေးပါတီမှ အမတ်နေရာ ၇၇ ရာခိုင်နှုန်း ရယူမှုကို NDF ပါတီမကြေနပ်
Posted: 11 Nov 2010 10:02 AM PST
အလုံမြို့နယ်တွင် မည်သူမှ မဝင်ရအမိန့်ထုန်လျှက် မဲစစ်နေစဉ်
HRM | ကြံ့ခိုင်ရေးပါတီမှ အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်နေရာ ၇၇ ရာခိုင်နှုန်း ရယူထားမှုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီဟာ ကျေနပ်မှုမရှိကြောင်း သိရသည်။ ဥပဒေမဲ့ ၊ တရားမဲ့ တပ်မှ ကောက်ယူထားသော ကြိုတင်မဲများကို NDF အနေဖြင့် ယုံကြည်မှုမရှိကြောင်းနှင့် ယုံကြည် လက်ခံနိုင်ခြင်း မရှိသဖြင့် အလေးအနက် ကန့်ကွက်ကြောင်းနှင့် ကြိုတင်မဲများကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပါသည်။
“နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ မြို့နယ်များအလိုက် မဲ ထည့်အပြီး သိရတဲ့ (Quick Poll) သဘော၊ မဲအရေအတွက်အရ ကျွန်တော်တို့ ပါတီကို ပြည်သူတွေက တခဲနက် အနိုင်မဲ ပေးလိုက်ကြပါတယ်။
ကြိုတင်မဲတွေဟာ ဆန္ဒမဲတွေရေတွက်ပြီး ည(၁၂)နာရီလောက်မှ ဥပဒေသတ်မှတ် ချိန်ထက် ကျော်လွန်ပြီး ရောက်လာကြပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို မှန်ကန်စွာ ထင်ဟပ်နိုင်ရေးအတွက် အဲဒီ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့၊ ပြန်လည်စီစစ်ပေးဖို့ လိုအပ်ကြောင်း ဗဟိုကော်မရှင်ကို တင်ပြကန့်ကွက်သွားမှာ ဖြစ်ပါတယ်။
ဒီလို တောင်းဆိုရခြင်းဟာ တခဲနက် မဲပေးပါလျှက် ရလဒ်ကောင်းမထွက်တာကို ပြည်သူတွေရဲ့ ပြင်းပြနေတဲ့ သိလိုမှုတွေနဲ့ ဒီကြိုတင်မဲတွေကြားက တွန်းထိုးအနိုင်ရလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရှေ့ဆက်ရမယ့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ မရှိစေဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာနိုင်ရေး ရှေးရှုတဲ့ ကျွန်တော်တို့ ပါတီရဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။”ဟု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပြခဲ့ပါသည်။
ယခု လွှတ်တော် အမတ်နေရာများကို မကြာသေးမီက စစ်တပ်မှထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ဦးသိန်းစိန် (USDP)နှင့်အတူ အခြား စစ်ခေါင်းဆောင်ဟောင်းများက ရရှိကြကြောင်းသိရပါသည်။ စစ်အုပ်စု၏ ဗဟိုကော်မရှင်အနေဖြင့် NDF ပါတီ လက်ရှိတောင်းဆိုချက်များကို တုံ့ပြန်ချက် တစုံတရာမှ မပေးသေးပါ။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Human Rights Myanmar
unread,
Nov 13, 2010, 7:04:26 AM11/13/10
to freem...@googlegroups.com
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က ပြောကြား
Posted: 13 Nov 2010 03:12 AM PST
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က လူထုကို ထုတ်ဖော်ပြောဆို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် လာရောက် စောင့်ဆိုင်းသည့် လူအုပ်မှာ များပြားသည့် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက မေတ္တာရပ်ခံ ပြောဆိုနေရ ကြောင်း သိရသည်။
လူအုပ်ထဲမှာ ကြံ့ဖွတ်တွေရောပါနေတယ်
ဒီပဲယင်းလို အဖြစ်မခံရအောင် အားလုံးမှာ တာဝန်ရှိသည်.......
လက်ရှိအခြေအနေအရ
နယ်အသီးသီးမှ နိုင်ငံရေးအဖွဲ့အစည်းများရန်ကုန်တွင် စုဝေးရောက်ရှိနေ .......
အဘတို့က လူစုခွဲခိုင်းထားပါတယ် ... ဒီနေ့ မိန်ခွန်း ပြောပေးနိုင်တော့မှာ မဟုတ်လောက်ဖူးလို့ သိရပါသည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
ပြည်ပရောက် ဒီမိုကရေစီ လိုလားသူများလည်း စုဝေးတောင်းဆို
Posted: 13 Nov 2010 02:51 AM PST
ဗီဒီယို - ကိုပွါး
ဂျပန်နိုင်ငံရှိ နအဖ အခွန်ရုံးရှေ့တွင် လူအင်အား အမြောက်အများဖြင့် ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်လို့ မရဖူး ဒီနေ့ လွှတ်ရမှာ
Posted: 13 Nov 2010 12:52 AM PST
ဓါတ်ပုံ - AP
မနေ့ကထက် လူတွေအရမ်းများများပြီး ကြွေးကြော်ဆုတောင်းသံများနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုနေကြပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်လို့ မရဖူး ဒီနေ့ လွှတ်ရမှာ ခြေအနေက ပိုမိုဆိုးရွားလာနိုင်ကြောင်း လာရောက်စောင့်ဆိုင်းနေသူ တစ်ဦးထံသို့ ဆက်သွယ်မေးမြန်းချက် အရ သိရသည်။ “လက်အခြေအနေအရ အစိုးရက တားမြစ်တာတော့ ဘာတစ်ခုမှ မပြောသေးဖူး၊ ရဲကားတွေ စစ်ကားတွေကတော့ အများကြီးပဲ၊ အဘတို့ (အဘဦးဝင်းတင်၊ အဘဦးတင်ဦး)လည်းရှိနေတယ်။ ဒီနေ့လည်း ငါတို့ ညအထိ စောင်ကြည့်ကြမှာ”ဟုဆိုသည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
DKBA မှ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည့် နအဖ စစ်ဗိုလ်နှင့် အင်တာဗျူး
Posted: 12 Nov 2010 12:16 PM PST
တဖက်နဲ့ တဖက် တိကျသေချာတဲ့ စေ့စပ် ညှိနှိုင်း မှုမရှိလို့ အခုလို တိုက်ပွဲတွေ မပြီးဆုံးသေးကြောင်း DSA ကျောင်းဆင်း အမှတ်စဉ် ၄၆ မှ ဗိုလ်ကြီးသက်နိုင်က ဖြေကြားသွားခဲ့သည်။
Video - sawkyawkwee (KIC)
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
မဲမသမာမှုကို တစညပါတီ မှတ်တမ်းတင် ထားသည်ကို irrawaddyblog မှမျှဝေ
Posted: 12 Nov 2010 09:50 AM PST
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် တစညကိုယ်စားလှယ်လောင်း ဒေါ်သောင်းသောင်းနု၏ မဲရုံစောင့်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သော ဦးကျော်တင့်၏ ထုတ်ဖော်ပြောဆိုချက်
ပုံကိုနှိပ်၍အကြီးချဲ့ဖတ်ရှုပါ
video
ရိုက်ကူး.....အညာဧရာ
url - irrawaddy
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့်ပြီး ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေသူများကို သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
ဆုံမှတ် ....................... .....................................
Posted: 12 Nov 2010 08:13 AM PST
အမေ..........
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...
ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
(ကမ္ဘာစိုးမင်း)
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Human Rights Myanmar
unread,
Nov 14, 2010, 7:07:43 AM11/14/10
to freem...@googlegroups.com
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက် နှင့် သတင်း ဓါတ်ပုံ အသံဖိုင်
Posted: 14 Nov 2010 02:02 AM PST
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
အသံဖိုင်း နားဆင်ရန်နှင့် ဒေါင်းလုပ် လုပ်ရန်
“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”
“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံး နိုင်ငံရေးဘဲ။ ကျမတို့ ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ အရှေ့က လုပ်နေတဲ့ သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်း ဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူး သိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူး သိတယ် ဆိုတာ ဘာလဲ။ တယောက်နဲ့ တယောက် သည်းခံ ရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ် ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”
“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”
“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”
“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’
“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’
“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”
“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”
“လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူတိုင်းလူတိုင်း အတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန် ကျေပွန် ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။
ကျမတို့ ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”
“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’
“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’
“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’
“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’
ဓါတ်ပုံ : မဇ္ဈိမ မှ ရယူပါသည်။
အသံဖိုင် ပို့ပေးသော ဗမာ့သွေး အားကျေးဇူးတင်ရှိပါသည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
မိုးမခ ( moemaka ) အင်တာနက် စာမျက်နှာမှ ပြန်လည် မျှဝေပေးသည်
Posted: 13 Nov 2010 06:24 AM PST
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ
နိုဝင်ဘာ ၁၃၊ ၂၀၁၀
AP သတင်းဌာန
နောက်ဆက်တွဲ ဓာတ်ပုံများကို သတင်း၏ အောက်ဆုံးတွင် ကြည့်နိုင်ပါသည်
ယနေ့ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှေ့မှ ပရိသတ်ကို နှုတ်ဆက်နေပုံ (photo: AFP)
မြန်မာစစ်အစိုးရက သူ၏ ပြိုင်ဘက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့သည့် ယနေ့တွင် လွှတ်ပေးလိုက်သည်။ သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာက သူ့အိမ်ရှေ့သို့ ၀မ်းသာအားရ စုဝေး ရောက်ရှိသွားသည်။
ပန်းပန်ထားသော ဒေါ်စုက ခြံတခါးဝသို့ ရောက်လာချိန်တွင် ပရိသတ်က ၀မ်းသာအားရ အော်ဟစ်ကြသည်။
ပရိတ်သတ်က ၅၀၀၀ ခန့် ရှိသည်။ ဒေါ်စုက သူတို့ကို ကျေးဇူးတင်စကား အနည်းငယ် ပြောကြားပြီး မနက်ဖြန် NLD ရုံးတွင် တွေ့ဆုံကြမည်ဟု ပြောဆိုလိုက်သည်။
အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော ဒေါ်စုသည် ၇ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၂ မှစပြီး စစ်တပ်က အုပ်ချုပ်ခဲ့သည့် မြန်မာပြည်တွင် ဒေါ်စုက ဒီမိုကရေစီ အရေး လှုပ်ရှားမှု၏ သင်္ကေတ ဖြစ်နေသည်။
ဒေါ်စု မလွတ်မြောက်မီ နေ့လယ်ပိုင်းက သတင်းထောက်တို့ကို ပြုံးပြနေကြသော ဒီမိုကရေစီအရေး လှုပ်ရှားသူများ (photo: AP)
စစ်တပ်၏ ပါတီက ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရပြီး တပတ်အကြာတွင် ကမ္ဘာကျော် အကျဉ်းသား လွတ်မြောက်လာခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို အနောက်နိုင်ငံတို့က လွတ်လပ်မျှတခြင်း မရှိဟု သတ်မှတ်ပြီး အာဏာရှင် အုပ်ချုပ်မှု ဆက်လက် တည်တံ့ရန် ပြုလုပ်သည့် ရွေးကောက်ပွဲဟု ဆိုကြသည်။
ဒေါ်စုသည် ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ထက်မနည်း ထိန်းသိမ်းခံခဲ့ရသည်။ ယနေ့ သူ့အား ထောက်ခံသူများက နေအိမ်အနီး နှင့် NLD ရုံးချုပ်တို့တွင် တနေကုန် စောင့်ဆိုင်းနေကြသည်။
သူ့အား လွှတ်ပေးတော့မည့် အချိန်တွင် လုံထိန်းများက နေအိမ်အနီးရှိ သံဆူးကြိုး အရံအတားများကို ဖယ်ရှားပေးလိုက်သဖြင့် စောင့်ဆိုင်းနေသူတို့က နေအိမ်ရှေ့သို့ သွားရောက် စုဝေးကြသည်။
သူ့အား လွှတ်ပေးလိုက်ခြင်းကို နိုင်ငံတကာမှ အဖွဲ့အစည်း အများအပြားက ချက်ခြင်း ကြိုဆိုကြသည်။ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ထိုသို့ လွှတ်ပေးသင့်သည်မှာ ကြာပြီဖြစ်သည်ဟု ဆိုသည်။
NLD အဖွဲ့ဝင်များ၊ ထောက်ခံသူများ၊ သတင်းသမားများအား သွားရောက် နှုတ်ဆက်၊ စကားပြောရန် ရောက်လာသည့် ဒေါ်စု
နေ့လယ်ပိုင်းက တွေ့ရသည့် ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းကို ပိတ်ထားသော လုံထိန်းများ
ယနေ့ သတင်းကောင်းကြောင့် အိန္ဒိယရောက် မြန်မာ့အရေး လှုပ်ရှားသူများ ၀မ်းသာအားရ ဖြစ်ပြီး မီးရှုးမီးပန်းများ ဖောက်ကြသည်
ဒေါ်စု အိမ်ရှေ့မှ ပရိသတ် နှင့် သတင်းသမားတို့၏ ကင်မရာများ
သတင်းကောင်းကြောင့် ၀မ်းသာနေသူများ၊ ဒေါ်စုအိမ်ရှေ့သို့ ပြေးသွားသူများ
ဒီပဲယင်း သတ်ကွင်းမှ လွတ်မြောက်ပြီး ၇ နှစ်ခွဲအကြာတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ အသံဖိုင်
Posted: 13 Nov 2010 05:13 AM PST
Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် - မတွေ့ရတာလည်း ကြာပြီ၊ ပြောစရာတွေလည်း အများကြီးပဲ။ အဲဒါတွေ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို လာခဲ့ကြပါတဲ့။ အားလုံး ကမ္ဘာမကြေ ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်ကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗေဒါရောင်အကျီနဲ့ နှင်းဆီပန်းအနီပန်ထားပါတယ်။ ခြံဝကနေ စကားပြောပါတယ်။ ပြည်သူက ပေးတဲ့ သစ်ခွပန်းကို ပန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြောပြသွားတာပါ။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Human Rights Myanmar
unread,
Nov 15, 2010, 7:03:02 AM11/15/10
to freem...@googlegroups.com
အမေစုနဲ့အတူ တခုတည်းသော နိုင်ငံရေးစုစည်းမှု ရယူဆောင်ရွက်ကြ
Posted: 14 Nov 2010 09:02 AM PST
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
TBS ဂျပန်သတင်းဌာနမှ ဒေါ်အောင်ဆန်းစုကြည် သတင်း ဗီဒီယိုမှတ်တမ်း ၂
Posted: 14 Nov 2010 08:40 AM PST
မနေ့က ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နေ့ခင်း NLD အဖွဲ့ချုပ်ရုံးရှေ့မှာ ပြည်သူလူထုနဲ့ အခုလို စကားပြောပေးခဲ့တာပါ။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
အမေစု Speech အသံဖိုင် ကြည်လင်စွာ နားစဉ်နိုင်ပြီ (Daw Aung San Suu Kyi)
Posted: 14 Nov 2010 08:25 AM PST
Quantcast
ပြုလုပ်ပေးတာ http://www.minthukha.net ကပါ စာအုပ်များဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
This posting includes an audio/video/photo media file: Download Now
You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Human Rights Myanmar
unread,
Nov 16, 2010, 7:12:09 AM11/16/10
to freem...@googlegroups.com
"I'm not free until the people are free" Daw Aung San Suu Kyi
Posted: 16 Nov 2010 03:42 AM PST
"I'm not free until the people are free"
"Dear Daw Aung San Suu Kyi,
You bring us the light.
You are the light for us.
We stand behind you.
We stand beside you.
We trust you. We love you.
--- Ashin Kovida
The struggle for Burma s freedom is far from over. Still, this past weekend we were all able to cry tears of joy. Aung San Suu Kyi is the symbol of hope for a better Burma, and to see her released after more than seven years under house arrest, so confident and triumphant, going straight back to work, gives us all new hope and a glimpse of what is possible for the future of Burma.
However, Aung San Suu Kyi has said: I m not free until the people are free . It is not enough for the regime to simply release Daw Aung San Suu Kyi. In releasing her, the regime must guarantee that they will respect and protect her political freedoms and human rights, as well as the freedom and human rights of all people of Burma.
Civil wars are still being fought in Burma, there are more than half a million internally displaced people, more than 2,200 political prisoners behind bars, widespread human rights violations as a systematic part of state policy continue unabated, and millions of Burmese refugees and migrants are living illegally in neighboring countries. They are unable to go home as long as there is no peace or freedom in Burma.
In the lead up to the elections held on 7 November 2010, the regime failed to demonstrate a commitment to respecting the human rights of the people of Burma, and instead continued to crack down on political activity, inflicting violent attacks on pro-democracy activists and ethnic communities. The regime manipulated the elections at all levels of the process, and took measures to further perpetuate and entrench the climate of fear throughout Burma in order to ensure an election victory for the regime-backed party, the Union Solidarity and Development Party (USDP).
We ask the international community to not forget these facts, and to act in accordance. Please support Daw Aung San Suu Kyi and the people of Burma in their struggle for true freedom and democracy!
Thank you all for your support,
May you be well and happy
The Best Friend
----------------------------------------------------------------------------------------------------------------------
The Best Friend was founded in 1999 in Burma by the monks King Zero and Ashin Sopaka. Please visit our website www.thebstfriend.org.
If you don't want to receive this Newsletter, sign out here
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
အမေစု NLD ရုံးချုပ်ရှေ့မိန့်ခွန်းကို စာသားဖြင့်ပြန်လည် မျှဝေခြင်း
Posted: 15 Nov 2010 04:14 AM PST
မိန့်ခွန်းအသံဟာကူးထားတာ အသံတွေရောပြီး ဝါးနေတဲ့ အတွက် သိပ်မကြည်လင်ဖူး ဖြစ်နေခဲ့ပါတယ်။ ဒီအတွက် ပြည်တွင်းကလည်း ဖတ်လို့ အဆင်ပြေအောင် စာသားသက်သက် စာရိုက်ပြီး အင်တာနက်ကနေ ဖြန့်ပေးတဲ့ The Voice ဂျာနယ်ကနေ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ (အသံ ဖြင့် ကြားလိုသူများအတွက်)
ကြားလား
ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)
ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ
(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)
လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။ ကျွန်မ အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ *သင်ယူရမယ်* ကျွန်မ ခဏ၊ ခဏ ပြောဖူးပါတယ်။ ကျွန်မတို့ လူငယ်တွေနဲ့ စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့ လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။
သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့ လုပ်စေလိုပါတယ်။ အဲလို ကျွန်မပြောတာဟာ မှန်ကန်တဲ့နည်းနဲ့ လုပ်ဖို့ ဘာဖြစ်လို့ လိုသလဲဆိုရင် သိပ်ပြီးတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီး၊ ဘာကြီး ဒီလိုပုံစံ ထွက်ချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့ နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့ ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။
အဲဒါကြောင့် မို့လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ ဒီတော့ တစ်ချို့က ကျွန်မကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကလည်း ပြည်သူရဲ့ အသံကို နားထောင်ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်းအော် နေတော့ ဘာတွေ ပြောကြမှန်း ကျွန်မမသိဘူး။ ပြည်သူတွေရဲ့ အသံတွေကို အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်နေတာ။
အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ
ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့ သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ကိစ္စမရှိဘူး မကြားရရင် ဆိုင်းဘုတ်ထောင်ပြီး ပြမယ်။
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် (အမှန်ခြစ်ပုံ) အောင်ဆန်းစုကြည်)
ကျွန်မတို့ အခု ပြည်သူတွေမှာ ပြည်သူတွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နားလည်နိုင်ပြီလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေ ပါမှပဲ ဘယ်ကိစ္စမဆို ပြီးပျောက်နိုင်တာမို့လို့ ကျွန်မတို့ တစ်တွေ ကျွန်မ စိတ်ကူးထဲမှာ ပြည်သူတွေ ကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလို စိတ်ဓာတ်နဲ့ ကျွန်မတို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါ ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။ ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့ ကြိုးစားမယ်။
အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျွန်မတို့ကိုလည်း ပြည်သူတွေက ကိုယ်လိုချင်တဲ့ ကိစ္စတွေ ဖြစ်မြောက် အောင်လို့ ကူညီရာရောက်ပါတယ်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။ အခု ကျွန်မထွက်လာတဲ့ အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့ ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့ ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ သိရအောင်။
(ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။)တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ ထားရမှန်းမသိဘူး။ မကြားရဘူးဆိုတဲ့သူတွေကို စာသားနဲ့ ထောင်ပြမယ်။
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်)
ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ် တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့ ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။
(မှန်လိုက်တာကွ - ပရိတ်သတ်ထဲမှ အသံ)
ပန်းကပေးရင်လည်း ပေးလိုက်လေ ဘာလို့ကိုင်ထားတာလဲ။(ပရိသတ် တစ်ဉီးထံတွင် ကိုင်ထားသော ပန်းစည်းကို လက်ညှိုးထိုးရင်းပြောကာ ထိုပရိသတ်က လက်ဆင့်ကမ်း လှမ်းပေးလိုက်သော ပန်းစည်းကို ဒေါ်အောင်ဆန်းစုကြည်ဘေးတွင် ရှိနေသူတစ်ဦးက ယူလိုက်သည်)
ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။(ပရိသတ်ထံမှ ရယ်သံများနှင့် လက်ခုပ်သံများ)
ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့ စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ခြင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။ ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။ တစ်ယောက်ပြီး တစ်ယောက် မိုက်ပေးပြီးတော့ ပြောကြတော့။ အဲဒီလိုဆိုလည်း ပြီးမှာ မဟုတ်ဘူး။
ပြီးတော့ အဲဒီလိုပြောတာ တွေက ကျွန်မတော့ သဘောကျတယ်။ တစ်ယောက်ထဲ ထပြီး ပြောတာတွေက အင်မတန် ငြီးငွေ့စရာကောင်းတယ်။ ဟိုဘက် ပြန်ပြော။ ဒီဘက်က ပြန်ပြောဆိုတော့ ပိုပြီးတော့လည်း စုံတယ်။ပိုပြီးတော့လည်း အားလုံးအတွက် ပိုပြီးတော့လည်း အားလုံးအတွက် တန်ဖိုးရှိတယ်။တစ်ယောက်ထဲက ပြောတာကို ကျန်တဲ့သူတွေက နားထောင်နေရတာ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ နည်းနည်း ဒီမိုကရေစီ မကျလို့။(ရယ်သံနှင့် လက်ခုပ်သံများ) ကျွန်မတို့ သွားပြီးတော့ ဒီလူထဲက တစ်ယောက်ကို လက်ညှိုးထိုးပြပါမယ်။ ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောတော့။(ပရိသတ်ထဲမှ အများအပြား လက်ထောင်ကြသည်)
"အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကြီးကို ရယူပိုင်ဆိုင် ချင်ပါတယ် ခင်ဗျား" (ပရိသတ်ထဲမှ လူငယ်တစ်ဉီးက ထလာကာ အရှေ့ထွက်ပြီးပြော)
ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြား-- ဟိုဘက်က ဘာပြသနာရှိလဲ ကူညီလို့ရမလား။ အနောက်က တိုးနေလို့လား။ (ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာချင်းဆိုင် ညာဘက်တွင်ရှိနေသော ပရိသတ်ဘက်ကို လှမ်းကြည့်ကာပြော)
"စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။"(ပရိသတ်များက အချင်းချင်း ညီညာစွာ အော်ပြောသံ)
သိပ်ပြီးတော့ မလောကြပါနဲ့။ နောက်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး စကားတွေ ပြောဖို့ အခွင့်အရေးတွေ ပေါ်လာမှာပါ။
ဒီတစ်ခါတည်း နဲ့ မဟုတ်ပါဘူး။ နောင် အကြိမ်ကြိမ် အခါခါ ရှိမှာပါ။ အဲဒီကျရင် စိတ်ရှည် လက်ရှည်နဲ့ သီးခံပေးကြပါ။ ဒီတစ်ခါ မကြားရမှ နောင်တစ်ခါ ပြန်လာမှာပေါ့။ တော်ကြာ ပြန်မလာဘဲ နေမယ်။ ကြာကြာ ပြောလို့ရှိရင် ပြည်သူတွေလည်း ပင်ပန်းမယ်လို့ ကျွန်မထင်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့ ပင်ပန်းတာ။ အဲဒီတော့ တော်တော်ကို ကျင့်သားရနေပြီပေါ့။
တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။ ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။ ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။
အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ အဲတော့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲလိုပဲ အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်သွားရမှာ ဒီလောကကြီးမှာ ကျေနပ်စရာ၊ ကျေနပ်စရာ အချိန်တွေဆိုတာ ဘယ်တော့မှမရှိဘူး။ သို့သော်လည်း ကျွန်မတို့အတွက်တော့ ကျေနပ်စရာ အချိန်တွေ အတိုင်းအတာ တစ်ခုထိတော့ လိုကိုလိုတယ်။ အဲဒီလို ကျေနပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိရောက်ဖို့တော့ အားလုံး ဝိုင်းတွန်းကြရမယ်။ မကြိုးစားဘဲနဲ့ မရဘူး။ ကျွန်မအနေနဲ့တော့ ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့ ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။ ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ ဒီမိုကရေစီ မဟုတ်ဘူးနော်။
(ဟေး၊ ဟေး-------------------------------)
ကျွန်မ တစ်ယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ အများနဲ့ အတူလုပ်မှာ။ ကျွန်မတို့ အပေါ်မှာ ကြင်နာမှု ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်။ ကျွန်မတို့ အားလုံး အတူတူ လုပ်မယ်။ တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ ကျွန်မတို့ ပြည်သူတွေက မနက် မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရမယ် မဟုတ်လား။ ဒီသတ္တိတွေကို အကျိုးရှိအောင်လို့ သုံးကြမယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိအောင် သုံးရမယ်။ ကိုယ်တစ်ယောက်ထဲအတွက် စဉ်းစားဖို့ မဖြစ်ဘူး။ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။
ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး(ရယ်လျက်)။ ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး။
ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့ ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။ ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ဆရာတော်ကြီးတစ်ပါးက ကျွန်မ ခပ်ငယ်ငယ်တုန်းက ဟောခဲ့ တယ်။ ကျေးဇူးပြုတဲ့သူ ဆိုတာ ရှားတယ်တဲ့။ ကျေးဇူးကို သိတတ်တဲ့သူဆိုတာ ရှားတယ်ပေါ့။ ကျွန်မ အဲဒီတုန်းက ငယ်တာကိုး အဲဒီစကားကို သိပ်သဘောမတူချင်ဘူး။ ဘာလဲဆိုတော့ ဟုတ်ပါပြီ ကျေးဇူး ပြုနိုင်တဲ့ သူဆိုတာ ရှားတယ်ဆိုတာ ကျွန်မ လက်ခံတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို ကျေးဇူး ပြုတယ်ဆိုတာ လူတိုင်းကလည်း ဒီလောက်ထိလုပ်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးသိတတ်တဲ့ သူဟာ ရှားတယ် ဆိုတာ ကျွန်မ သိပ်ပြီး လက်မခံပါဘူး။
လူပဲ၊ လူပဲပေါ့ လူဖြစ်မှ ကျေးဇူးသိရမှာပေါ့။ မဟုတ်ဘူးကွာ ငြင်းတဲ့သူက ရှိတယ်။ ကျေးဇူးသိတယ် ဆိုတဲ့ အဓိပ္ပါယ်က နောက်ကျတော့ ရိုးရိုးလေးပဲ။ အချင်းချင်းကို တန်ဖိုးထားတတ်တာပဲ။ အချင်းချင်းကို တန်ဖိုးထား တတ်လိုက်ရင် --- ဟာ နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။----- ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊ နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက် အဆင်ပြေမှာ။ ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။
(သိချင်ပါတယ်။---------- )
သိတန်သရွေ့လည်း သိမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။
(ထောက်ခံပါတယ်။------------------)
ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့် စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။ စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်ဆိုတာ အခု ဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပြီ။
(ညီပါတယ်။--- ညီညွတ်ရေး၊ ညီညွတ်ရေး ------- )
ကျွန်မတို့ ဘာပဲလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် ပြည်သူကို အသိပေးပါ့မယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဒါ--- အဖွဲ့ဝင်တွေနဲ့လည်း တွေ့ပြီးတော့ သေသေချာချာ ပြောပြီးတော့ ဆွေးနွေးတာ မရှိဘူး။ ပြောပြီး ဆွေးနွေးပြီး ကျွန်မက အဖွဲ့ချုပ်တစ်ခုထဲနဲ့ လုပ်မှာ မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ကျွန်မတို့ ဒီမိုကရေစီ အတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူကလဲ အဲဒီထဲမှာ ဝင်ပါ ပေးစေချင်တယ်။ တစ်ခုခု လုပ်ပြီလို့ ဆုံးဖြတ်လိုက်လို့ရှိရင် ကျွန်မတို့ ပြည်သူကို ပြောပြမယ်။ ရှင်းပြမယ်။ တစ်ခါ တစ်လေ ဆိုရင် ပြည်သူက ကျွန်မတို့ လုပ်တဲ့ကိစ္စတွေကို ပြည်သူက သဘောမတူတာလည်း ရှိမယ်။ ဒါကတော့ ဒီလိုပဲ။ လူတိုင်းတော့ တစ်သဘောတည်း မဖြစ်နိုင်ဘူး။ အဲဒီသဘောမတူတာကို လက်ခံနိုင်တာ လည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။ ဒါပေမယ့်လည်း ကျွန်မတို့ ရှင်းပြမယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီလိုလုပ်ရသလဲ။
ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ ပြည်သူတွေရဲ့ နားလည်မှု ပြည်သူတွေရဲ့ ထောက်ခံမှု အဲဒါတွေကို ရယူပြီး တော့ ဆက်လုပ်သွားမယ်။ အခုချိန်မှာ တိတိကျကျ မပြောနိုင်တာကို ကျွန်မ တောင်းပန်ပါတယ်။ ဒီအချိန်မှာ အခုပဲ ထွက်လာပြီးတော့ ဒါလုပ်မယ်၊ ဒါလုပ်မယ်၊ ဒါလုပ်မယ် ပြောတာလည်း ဒါ မစဉ်းစား၊ မဆင်ခြင်ဘဲနဲ့ ပြောတဲ့စကားလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအချိုးအကွေ့မှာ ပြည်သူတွေရဲ့ အသံတွေကို အများကြီး ကြားချင်ပါတယ်။ အဲဒီအသံတွေကို နားထောင်ပြီးတော့ ရှေ့ခရီးကို ဘယ်လို ဆက်ပြီးတော့ သွားမလဲ ဆိုတာ။ သွားသင့်လဲ ဆိုတာ ကျွန်မတို့ ဆုံးဖြတ်မယ်။ ဒါပေမယ့် စောစောက ကျွန်မတို့ ပြောသလိုပဲ အရေးကြီးဆုံးဟာ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတို့ လုပ်မယ်။ ဒီမိုကရေစီလိုချင်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ လက်တွဲပြီး တော့ လုပ်မယ်။ နောက်ပြီးတော့ ကျွန်မတို့ဟာ ဒီကျွန်မတို့ နိုင်ငံမှာ ရင်ကြားစေ့ရေး အတွက် ကျွန်မတို့ လုပ် သွားမယ်။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။
သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။ ကျွန်မ ပြောချင်တယ်နော်။ ဟို အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။
(ကြိုက်တယ်၊ ကြိုက်တယ်----------)
ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့ မှတ်ထားကြမှ။ ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား။
(ပေးမယ်ဟေ့--- ပေးမယ်--------------)
------------ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။
နောက်ပြီးတော့ မှာပါရစေ။ မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ------------------ ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမယ်။ ကျွန်မက အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်တယ်။ ဒီနည်းကို သွားကို သွားရမယ် ဆိုတာ ကျွန်မယုံကြည်တယ်။ ထောက်ခံနေတဲ့ သူတွေရှေ့မှာ
(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)
ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ဒီလောကကြီးမှာ အလုပ် အများဆုံး (လက်ခုပ်သံများ-----)
အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ ကဏ္ဍအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန် တစ်ယောက်ကို တစ်ယောက် ကောင်း ကောင်း မွန်မွန် ဆက်ဆံပြီး လုပ်ဆောင်သွားစေချင်တယ်။ အဲဒီလိုကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံ သလို ပြည်သူတွေအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တယ်။
(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)
ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး
(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)
ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။ ကိုယ် မကြိုက်လို့ အားလုံး မကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူး ပြောရင်လည်း စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ ။
(လက်ခုပ်သံများ မစဲ---)
လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မက လုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။ အခုလည်း ပြည်သူတွေကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။
(လက်ခုပ်သံများ ဆူညံလျက်)
သိက္ခာကို ထိန်းသိမ်းရမယ်။ အဲဒါကို ပြောတာ။ ပြည်သူတွေအတွက်ပဲ လုပ်ပေး၊ ပြည်သူတွေ အတွက်ပဲ လုပ်ပေးလို့။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ နိုင်ငံတိုးတက်မှာ။ ကျွန်မတို့ နိုင်ငံ မတိုးတက်လား။ တိုးတက်လားဆိုတာ။ ကျွန်မထက် ပြည်သူတွေ ပိုပြီးတော့ သိတယ်။ မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။
လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။
(ဟုတ်ပါတယ်။ ဟုတ်ပါတယ် -------------------)
ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။
(လက်ခုပ်သြဘာသံများ ဆူညံလျက်)
ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။ အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတိုင်ကို ရောက်အောင် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။ လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။ ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့ တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုချင်တယ်။ အားလုံး အမြန်ဆုံး လုပ်နိုင်ပါစေလို့ ကျွန်မတို့ ပြည်သူတွေက ဝိုင်းပြီး ---------
(လက်ခုပ်သံ သြဘာသံများ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသော အသံများ မစဲတော့ပေ။)
ပြီးပါပြီ။ ။
(မှတ်ချက်။ ။ ပရိသတ်များ၏ သြဘာသံများ၊ လက်ခုပ်သံများ၊ အသံကူးယူမှု ချို့ယွင်းချက်များကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင် အကျအပေါက်အချို့ ကျန်ရှိနိုင်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။)
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Reply all
Reply to author
Forward
0 new messages