[Richard Aung] မုံရွာမြို့ရှိအနှိပ်ခန်းများ စစ်ဆေးရေးလာမည်ကို ကြိုတင်သိရှိ

5 views
Skip to first unread message

အောင်မျိုးကျော်

unread,
Oct 27, 2012, 11:39:37 PM10/27/12
to freem...@googlegroups.com

မုံရွာမြို့ရှိအနှိပ်ခန်းများ စစ်ဆေးရေးလာမည်ကို ကြိုတင်သိရှိ

အောက်တိုဘာ ၂၄ ရက်နေ့တွင် စတင်ကာ မုံရွာမြို့ရှိ အနှိပ်ခန်းများအား ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် သတင်းကြိုတင် ရရှိခဲ့သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ကြသည်ဟု သိရသည်။

"လာစစ်မယ်ဆိုတာ ကြိုသိကတည်းက ကောင်မလေးတွေကို အနောက်က မီးခံတိုက်ထဲမှာ ဖွက်ထားလိုက်တယ်၊ အားလုံးကို ရှင်းထားလိုက်တယ်" ဟု 7 Star အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့ ၀င်စစ်တော့ အထဲမှာ ဘာမှမရှိဘူး၊ ဘီယာဘူးခွံတောင်မတွေ့ဘူး" ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခဲ့သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါတွင် ရန်ကုန်တိုင်းတွင်လည်း အနှိပ်ခန်းများအား တင်းကြပ်စွာ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိပြီး ဖမ်းဆီးရမိပါက ပုဒ်မ (၁၄၄) ဒေသန္တရအမိန့်ကို ဆန့်ကျင်မှုဖြင့် ထောင်ဒဏ်တစ်လအထိ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း မုံရွာမြို့တွင်မူ ထိုကဲ့သို့ ပုဒ်မ(၁၄၄) ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယခုကဲ့သို့ အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း မုံရွာမြို့ရှိအနှိပ်ခန်းများမူ ဆိုင်ရှေ့တွင် ပိတ်ထားသော်လည်း နောက်ဖေးပေါက်မှတစ်ဆင့် ဖောက်သည်များကို လက်ခံ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ အနှိပ်ခန်းများသည် ထိုင်းနိုင်ငံကဲ့သို့ လက်နှိပ်ပညာသင်တန်းဆင်းများမှ ၀န်ဆောင်မှုပေးသည် မဟုတ်ခြင်း၊ အများစုမှာ အနှိပ်ခန်းကို ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိခြင်း၊ ထို အနှိပ်ခန်းများမှ ပေးဆောင်ထားသော လိုင်းကြေးများမှာ နိုင်ငံတော်ဘဏ္ဍာသို့ ရောက်ရှိသည်မဟုတ်ဘဲ အောက်ခြေတွင် ပျောက်ကွယ်သွားသည့် ငွေများဖြစ်နေခြင်းကြောင့် ပြည်သူများအကြားတွင် ပြောဆိုစရာ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်။

မုံရွာမြို့ရှိ KTV နှင့် အနှိပ်ခန်းများ၏ တစ်ရက်တာဝင်ငွေမှာ ငါးသိန်းဝန်းကျင်ခန့်ရှိပြီး လိုင်းကြေးဟု ခေါ်သော သက်ဆိုင်ရာကို ပေးသွင်းရသည့်ငွေမှာ တစ်လလျှင် နှစ်ဆယ့်ငါးသိန်းမှ သိန်းသုံးဆယ်ကြား ပေးဆောင်ရကြောင်း အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။ ကာရာအိုကေ လိုင်စင်သာ ပြုလုပ်နိုင်ပြီး အနှိပ်ခန်းအတွက် လိုင်စင် ပြုလုပ်နိုင်ခွင့် မရှိသေးခြင်းကြောင့် လုပ်ကိုင်ခွင့်ရရန်အတွက် ထိုကဲ့သို့ လိုင်းကြေးပေးဆောင်နေကြရခြင်း ဖြစ်သည်။

အေးချမ်းမွန်မှ ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ThanLarWaddy Times



--
Posted By အောင်မျိုးကျော် to Richard Aung at 10/28/2012 10:09:00 AM
Reply all
Reply to author
Forward
0 new messages