[Richard Aung] သစ်အချောထည်စက်ရုံ အလုပ်သမားတွေရဲ့ နှစ်ပတ်ကြာဆန္ဒပြပွဲ

1 view
Skip to first unread message

အောင်မျိုးကျော်

unread,
Nov 8, 2012, 6:12:25 AM11/8/12
to freem...@googlegroups.com

အလုပ်သမား ဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးဖို့ မျှော်လင့်ချက်နဲ့ ပြောင်းရွေ့ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီဆန္ဒပြအလုပ်သမား ၁၅၀ ကျော်ဟာ ခရီးသည်တင် ကားနှစ်စီးနဲ့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ တော်ဝင် ကုမ္ပဏီရုံးချုပ်ကို သွားရောက် ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် တော်ဝင်ကုမ္မဏီရုံးချုပ်ရှေ့မှာ ကုမ္ပဏ်ီဝန်ထမ်း ၅၀ကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတယ်လို့ ကြားသိရတဲ့အတွက် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးရှေ့ကို ရွှေ့ပြောင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြနေတဲ့တလျှောက် အလုပ်သမားတစ်ချို့ဟာ နေ့ရောညပါ စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့အတွက် အခုဆိုရင် အလုပ်သမား (၄)ဦးဟာ အစာရေစာ ပြတ်လတ်ပြီး ရွှေပြည်သာဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။



--
Posted By အောင်မျိုးကျော် to Richard Aung at 11/08/2012 05:42:00 PM

Reply all
Reply to author
Forward
0 new messages