ဒီကဗျာ မဖတ်မိစေနဲ့ ဒီကဗျာပေးဖတ်လိုက်

91 views
Skip to first unread message

CEH

unread,
Jan 24, 2013, 11:16:25 PM1/24/13
to freemyanmar
ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်လိုက်သော အမေရိကန်ရောက် ကွန်မြူနစ်ကဗျာဆရာကြီး
ကိုအောင်ဝေး(ခ)ရီး စပျစ်သီးရောင်းတဲ့ ကဗျာအား
ပြည်တွင်းလူငယ်ကဗျာဆရာတစ်ဦးမှ ပြန်လည်ချေပလိုက်သော..
မုံလာဥကို ပေးဖတ်လိုက်...


Chit Aung Hla Patrick ((ဒီကဗျာ ကို ဖတ်ဖြစ်အောင်ဖတ်ပလိုက်))

တချို့ က မုန်လာဥဖြစ်တယ်
တချို့ က မာမီဖြစ်တယ်။
ခေတ်ကြီးကိုက
စွတ်အော်တတ်ရင် လွှတ်တော်အမတ်ဖြစ်။
တချို့ က လက်ဝေခံတော်လှန်ရေး
တချို့ က လော်ဘီတော်လှန်ရေး။

နေပြည်တော်က ဘတ်စကားမဖြစ်ဘူး
နေပြည်တော်က ဆိုင်ကယ်ဖြစ်နေတယ်။
တချို့ က ဘက်ဂီယာထိုးမှာစိုး
တချို့ က အော်တိုဂီယာချိန်းမှာစိုး။
မြစ်ကြီးက ဘယ်ကိုမှမစီးတော့ တာ
သောင်(တောင်)ထွန်းနေလို့ ။

တချို့ က တွေ့ ရာပုလင်း ကောက်မော့ 
တချို့ က ပုဆိုးတောင်မပါဘူး မှောက်လို့ ။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးဘဲလုပ်တော့မယ်။
တချို့ က အနတ္တလက္ခနသုတ်ကိုရွက်လို့ 
တချို့ က ငါးရာ့ ငါးဆယ်နိပါတ်တွေဖတ်လို့ ။

ဗမာပြည်မှာ ကဗျာဆရာတွေကရှား
ဗမာပြည်မှာ လဘာဂျာတွေကများ။
တချို့ က လွှတ်တော်ဒုက္ခသည်
တချို့ က ချွတ်ဖော်ဒုက္ခသည်။

တောမီးကို သစ်မှောင်ခိုတွေမှ ငြှိမ်းလို့ ရမယ်
အရန်မီးသတ်နဲ့ မရဘူး။
တချို့ က အစာအိမ်နာအသည်းခိုက်
တချို့ က မသာအိမ်မှာဖဲရိုက်။
ကြည့်စမ်း- အချောင်းသမားတွေ
ပန်းခြံထဲမှာ သစ်ပင်ပေါ်တက်ပီးထိုင်လို့ ။

တချို့ က အရင်ကမှားခဲ့ ပါတယ်တဲ့ 
တချို့ က တရုပ်ကိုလဲကြောက်ရတယ်တဲ့ ။
ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊အေဘီစီဒီ ကျက်နေရပေါ့ တဲ့
မန္တလေးကစကား၊ လမ်းမတော်ကကြား။
တချို့ က အမျိုးသားချင်းအတူပေါင်းသင်းရေး
တချို့ က လက်မထပ်ဘဲအတူနေလို့ ရရေး။

ယောက်ျားကိုသတ်ရင်သတ်၊ မသတ်ရင် သူ့ မယားက ကိုယ့်ကိုသတ်မှာပဲ
ရိုးမက မုဆိုးကြီးကတွတ်ပီ၊ ခင်ဗျားအခုလိပ်ဂေါင်းရှိသေးလား။
တချို့ က အမေရိကားမှာပဲ အသက်ရှင်နေ
တချို့ က တောထဲမှာတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးမြစ်(၆)ကျပ်ဘိုးက သူ့ အတွက်ညစာလား။

တချို့ က ကားမစီးနိုင်လို့  လမ်းလျှောက်တယ်
တချို့ ကအဖမ်းခံရမှာစိုးလို့  နိုင်ငံခြားထွက်သွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ နိုင်ငံခြားကို အမြန်ဆုံးရောက်ဘို့ ပဲ
ကြွက်ကိုဘယ်သူ တွင်းတူးပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တကယ်လွတ်လာတော့  သူခိုးဂျပိုးတွေဖြစ်နေတယ်။

(ကချင်) စစ်ပွဲဖြစ်ဖို့ ကျချင်မှာစစ်လေယဉ်မရှိ
အစိုးရမှာပဲ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်(နိုဗယ်ဆုကြီး)
တချို့ က တောထဲမှာနေခြင်းကိုငြင်းပယ်
တချို့ က အမေရိကန်သွားဘို့ သဘောတူ။
ခေတ်က သန်းခေါင်စ၇င်းမရှိလို့ ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ ပုံစံ ၁၀ ကိုင်ပီး တန်းလန်းကြီး။

တချို့ က ဆိုက္ကားသမား
တချို့ က အရက်သမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ အောင်ဝေး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က ထုတ်စည်းတိုးမယ်
တချို့ က ဒိုးဇက်ကစားမယ်။

ဘယ်ခရေပင်မှာ
ထိန်ပင်နဲ့ ရေဝေးကို လမ်းခွဲရမှာလဲ။
တချို့ က ဘက်စကားမမီ၊ မှတ်တိုင်သေးခွပန်း
တချို့ က ခွေးအမှီးမှာ နို့ ဆီခွက်ကိုကြိုးနဲ့ ချီ်။
ဘယ်တော့ ပလာတာရမှာလဲ
မေးကိုမေးဦးမှာ။

ဒီကဗျာ
အောင်ဝေးကြီး ကိုပေးဖတ်လိုက်။
သူက မုန်လာဥနဲ့ လဲ ဖြစ်တယ်
သူက ကြက်ဟင်းခါးသီးနဲ့ လဲဖြစ်တယ်။ ။
.......ကဗျာရေးသူ .. https://www.facebook.com/ptkzzz

( ဒါကတော့ မုံလာဥရေးလိုက်တဲ့ကဗျာပါ)
http://www.facebook.com/photo.php?fbid=448588735208667&set=a.109995239068020.9703.100001726321824&type=1&theater


အောင်ဝေးမှ ဒေါ်အောင်ဆန်းစုကြည်မဖတ်မိစေရန် ပေးပို့သောကဗျာ

“ ဒီကဗျာ မဖတ်မိစေနဲ့ ” 

တချို့ က စပျစ်သီးဖြစ်တယ်
တချို့ က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။ေ
တချို့ က လက်ဝေခံဒီမိုကရေစီ
တချို့ က လက်ကျန်ဒီမိုကရေစီ။

ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို့ က နောက်ပြန်လှည့်မှာစိုး
တချို့ က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
ထောင်(ထောင်)နဲ့ ငြိလို့ ။

တချို့ က စွယ်စုံကျော်ထင်
တချို့ က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို့ က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို့ က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။

ဗမာပြည်မှာ နာရီတွေကရှား
ဗမာပြည်မှာ နာဇီတွေကများ။
တချို့ က စစ်ဘေးဒုက္ခသည်
တချို့ က ရဲဘေးဒုက္ခသည်။

တောမီးကို တောမီးနဲ့ မှ ငြှိမ်းလို့ ရမယ်
ရေသန့် ဘူးနဲ့ မရဘူး။
တချို့ က ရွာလွန်ရွက်တိုက်
တချို့ က ရွာပြင်ကြက်တိုက်။
ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို့ ။

တချို့ က တရားအားထုတ်
တချို့ က မျက်ကန်းမျိုးချစ်။
“ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊ ပိုအဖမ်းခံနေရပေါ့ “ တဲ့
လမ်းဘေးကစကား၊ လမ်းပေါ်ကကြား။
တချို့ က အမျိုးသားပြန်လည်သင့်မြတ်ရေ
တချို့ က အမျိုးသားပြန်လည်တိုက်ခိုက်ရေး။

“ကျားကိုသတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကိုသတ်မှာပဲ“
ရိုးမက မုဆိုးကြီးကိုဖိုးဇုံ၊ ခင်ဗျားအခုရှိသေးလား။
တချို့ က အတိတ်မှာပဲ အသက်ရှင်နေ
တချို့ က အနာဂတ်အတွက် ကြိုတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးလူမျိုး(၆)သန်းက ဟင်းရွက်ကန်စွန်းတွေလား။

တချို့ က ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တယ်
တချို့ ကငြိမ်းချမ်းရေးအတွက် နိုင်ငံခြားသွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ အစိုးရ မကောင်းကြောင်းပြောတာပဲ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တချို့ က အော်တဲ့လက်ကိုပြန်ကိုက်တယ်။

(ကချင်) စစ်ရပ်ဖို့ လူထုမှာတာဝန်မရှိ
အစိုးရမှာပဲ ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်)
တချို့ က ငြင်းပယ်ခြင်းကိုငြင်းပယ်
တချို့ က သဘောမတူကြောင်းသဘောတူ။
ခေတ်က ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ လေထဲမှာ အိုက်တင်တန်းလန်းကြီး။

တချို့ က လေလံသမား
တချို့ က ဖျံဖမ်းသမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ ဒေါက်တာဇီဗားဂိုး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က လစ်ဘရယ်
တချို့ က ညစ်ပုပ်ကပ်ကျယ်။

ဘယ်ညောင်ပင်မှာ
ဘယ်ရာဇ၀င်ကို လမ်းခွဲရမှာလဲ။
တချို့ က ရထားမမီ၊ ဘူတာမီးနဲ့ ရှို့ 
တချို့ က ခွေးကတက်မှာ ကော်ကျို ပိုစတာကပ်။
ဘယ်တော့ အာဏာရမှာလဲ
မမေးတော့ပါဘူး။

ဒီကဗျာ
လေဒီကြီး မဖတ်မိစေနဲ့ ။
သူက စပျစ်သီးဖြစ်တယ်
သူက စန်းစန်းတင့်ဖြစ်တယ်။ ။

အောင်ဝေး
ဇန် ၂၃ - ၁၃
Reply all
Reply to author
Forward
0 new messages