MPT က ဖုန်း အင်တာနက် ငွေကောက်ခံမှု ရက်ကို ပြောင်းလဲ

20 views
Skip to first unread message

CEH

unread,
Nov 30, 2012, 9:07:41 AM11/30/12
to freemyanmar

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်

 

ရန်ကုန်(မဇ္ဈိမ)။   ။ဖုန်းဖြင့် အင်တာနက်အသုံးပြုမှုကို  ဒီဇင်ဘာလတွင် Download ပမာဏဖြင့် စတင်ကောက်ခံမည်ဟု ကြေငြာခဲ့သည်ကို တစ်လနောက်ဆုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ယနေ့ကြေငြာလိုက်သည်။

 

အင်တာနက် လူမှုကွန်ယက်များတွင် အင်တာနက်အသုံးပြုခကို Download ပမာဏဖြင့် မြန်မာ့ဆက်သွယ်ရေးက ကောက်ခံမည့် နှုန်းထားသည် များလွန်းသဖြင့် ဆန္ဒပြမည်ဟု အသံများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ပြန်လည်ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

 

လာမည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် အင်တာနက်အသုံးပြုခကို Download ပမာဏဖြင့်သာ ကောက်ခံမည်ဖြစ်သော်လည်း နှုန်းထားများမှာမူ ယခင်သတ်မှတ်ထားသည့် နှုန်းမဟုတ်တော့ဘဲ ပြောင်းလဲပြင်ဆင် သတ်မှတ်မည်ဟုကြေငြာချက်တွင်ဖော်ပြထားသည်။

 

နှုန်းထားသစ်ကိုလည်းထပ်မံကြေငြာပေးမည်ဟု ဆိုသည်။

Reply all
Reply to author
Forward
0 new messages