ဒေါ်အောင်ဆန်းစုကြည်လက်ဆောင်နဲ့ ဝေဒပညာရှင်တစ်ဦးအမြင်...

17 views
Skip to first unread message

demo waiyen

unread,
Mar 25, 2010, 2:24:02 PM3/25/10
to freem...@googlegroups.com

ဒေါ်အောင်ဆန်းစုကြည်လက်ဆောင်နဲ့ ဝေဒပညာရှင်တစ်ဦးအမြင်...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ " ဆိုတဲ့... ဖော်ပြပါ.. သတင်းမှန်ကန်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်က ခြံထဲမှာစိုက်တဲ့ ခြံထွက်ဗူးသီး၊ သရက်သီးနဲ့ ကဒက်ချဉ်တို့ကို ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် လက်ဆောင် ပေးလိုက်ပါတယ်တဲ့... နောက် ဒေါ်အောင်ဆန်းစုကြည်က As Joke ဆိုပြီး ဗူးဆိုရင် ဖရုံ မသီးဘူး”ဆိုတဲ့ စကားကို ပြောလိုက်ပါသေးတယ်တဲ့ ဒါကြောင့် ဒီသတင်းဟာ မှန်ကန်ပါကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြန်လည် ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ လက်ဆောင်နဲ့ ပတ်သတ်ပြီး မိတ်ဆွေ ဝေဒပညာရှင် တစ်ယောက်နဲ့ အမှတ်မထင် စကားစပ်မိရာမှာ ထိုဗေဒင်ပညာရှင် ယခုလို နိမိတ်ကောက်ပေးသွားပါတယ်... သူရဲ့ပြောစကား ကတော့ " ဆရာတို့ နိမိတ်ကောက်တဲ့ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးတန်းတန်း ပေးလိုက်တာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးရိုးသာမာန် လူတစ်ယောက် မဟုတ်ပဲ ကမ္ဘာသိ လူထုခေါင်းဆောင်တစ်ယောက် ဆိုတော့ နိမိတ်တွေနဲ့ သက်ဆိုင်နေပါတယ်။

အသံထွက် ဗူး(ဘူး)ဆိုထဲက ငြင်းပယ်တဲ့ ဆန်ကျင်တဲ့ လက္ခဏာဆောင်တယ်။ အားလုံးဒီရွေးကောက်ပွဲကို ငြင်းပယ်ကြလိမ့်မယ်။ နောက် သရက်နဲ့ သန်းရွှေက ထပ်တူကျနေတယ်။ နောက် ကဒက်ချဉ်မှာ အသံထွက် ကဒက်(ကတတ်)ဆိုတာ မြန်မာစကားမှာ ကတက်ဆိုတာ ခွေးကတက် ဆိုတာရှိတယ်.. လှေကားအောက်ခြေ ဖိနပ်ချွတ်တဲ့ နေရာပေါ့ .. ချဉ်ဆိုတာက မုန်းတဲ့ အသွင်ဆောင်တယ်။ ဒါကြောင့် အားလုံးကိုခြုံလိုက်ရင် ဗိုလ်သန်းရွှေလုပ်မယ့် ဒီရွေးကောက်ပွဲဟာ အားလုံးရဲ့ ငြင်းပယ်မှုကိုခံရနိုင်ပြီး သူကိုယ်တိုင်လည်း အားလုံးရဲ့ချဉ်ဖတ်ဘဝကိုရောက်ပြီး လှေကားအောက် ခွေးကတက် ကို ရောက်မယ်။ တနည်းခွေးကျကျမယ်လို့ ဆရာတော့ အဲ့လိုပဲ နိမိတ်အဖြစ်မြင်တယ် ... ဆရာကတော့ အသံနဲ့သက်ဆိုင်တဲ့ အသံထွက် နိမိတ်အမြင်ကို ပြောပြတာပါလို့"
ပြောဆိုသွားပါတယ်။

ဒါကတော့ရင်နှီးတဲ့ ဝေဒပညာရှင်တစ်ယောက်ရဲ့ အမြင်ကိုတင်ပြလိုက်တာပါ။ အောက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ရဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ NLD ရုံးမှာ သတင်းထောက်အချို့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။ ထူးခြားတာကတော့ အဲဒီနေ့မှာပဲ… ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် သူမ၏ ခြံထွက် ဗူးသီးကြီးတလုံးကိုပါ ..... လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုးသမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံတိကျ သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "
Reply all
Reply to author
Forward
0 new messages