http://www.humanright-myanmar.com

22 views
Skip to first unread message

Human Rights Myanmar

unread,
Aug 31, 2010, 8:24:40 AM8/31/10
to freem...@googlegroups.com

http://www.humanright-myanmar.com

Link to Human Rights Myanmar

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

Posted: 30 Aug 2010 09:49 AM PDT

ရဲဘော်ဖိုးသံချောင်း ( ခေတ်ပြိုင် အင်တာနက် စာမျက်နှာတွင် ရေးသားဖော်ပြချက် )

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေအနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်းထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။


အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ်ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင်အာဏာကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင်တယောက်လက်ကို လွှဲခဲ့တာသာဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင်နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည်အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့တွက်ရင် မှားတယ်လို့ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလိုခြေလှမ်းမျိုးကို လှမ်းတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုးဆိုရင် ဘာမှမလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။ ဒီတော့ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိတယ်ဆိုတာမျိုး ဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖဗိုလ်ချုပ်တွေ မလုပ်တာသေချာပါတယ်။ ဒါတင်မက နအဖလုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တင်ခွင့်ရှိတဲ့ အမတ်နေရာ (၂၀) ရာခိုင်နှုန်းကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ခါးတောင်းကျိုက်ထားသူကြီးတွေ တယောက်ပြီးတယောက် ဘေးထိုင်သွားအောင် လုပ်နေတာကြည့်ရင် ဒါကို အလွယ်နဲ့သဘောပေါက်နိုင်ပါတယ်။ အခုနောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဘက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင် ပစ်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာနေပါပေါ့လား။

အလားတူပဲ အဲဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန်ထိုးပွဲလည်း ဗိုလ်သန်းရွှေအနေနဲ့ မီးမသေရင်မလုပ်ပါဘူး။ အကုန် သူ့ခြေသူ့လက် ပြင်ဆင်ပြီးမှ လှမ်းတဲ့ခြေလှမ်းဖြစ်မှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင် လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူးမထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျစီမံချက်ဖြစ်ပါတယ်။ အဲတော့ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်းအနေနဲ့ အဲဒီငကန်းနေရာ ငစွေနေရာယူတဲ့ကိစ္စမျိုးထဲမှာ မျောပါသွားလို့မဖြစ်ပါဘူး။ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာ နအဖစစ်အစိုးရကို ကြံဖန်အမှတ်ပေးချင်တဲ့ အရင်အမေရိကန်သံအရာရှိဟောင်းဆိုတဲ့ လူမျိုးကသာ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလို ပုဂ္ဂိုလ်ပြောတာကို သတိထားနားထောင်ကြည့်ပါ။ စစ်အာဏာရှင်တွေအကြောင်းကို နောကျေနေတယ်လို့ ဆိုလောက်တဲ့သူက ဒါမျိုးတွေဟာ ဘာမှမဆန်းဘူး၊ ဘာမှတွက် မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ်သဘောကျကြတယ်လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလိုခံခက်ဖြစ်တာတွေရှိမှာပါ။ ဒီတကွေ့မှာ နအဖစစ်အုပ်စု တခုလုံးအဖို့ကတော့ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင်ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေ တဦးချင်းအဖို့တော့ သူဌေးဖြစ်ခွေးဖြစ် ပုံအော ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆရှုံးသွားတဲ့ စစ်တပ်ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့်ခံနိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန်ရှက်ရှက်ကြီး မှီဝဲဖူးထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာရချင်မယ်၊ ရပြီးသားကို လက်မလွှတ်ချင်တာကတော့ အထူးပြောနေစရာမလိုပါဘူး။ သူတို့ဟာ ဦးပုညရေးသလိုပဲ အာဏာကလေး တရွေးလောက်ရှိရင် “အင်မတိအင်မတန်၊ စံချင်တိုင်းစံရတယ်” ဆိုတာကို ကောင်းကောင်းသိနေကြတယ်ဆိုတာကို ဗိုလ်သန်းရွှေအသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ သူ့လူတွေအတွက် ခြေမမြဲလက်မြဲအောင် စီမံပေးထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန်သဲသန်လာမယ့်၊ ပေါက်ကွဲထွက်လာမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ နအဖဗိုလ်ချုပ်တွေအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိဖွယ်ရာသိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ်ဆိုရင် ဒါဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းရေးအတွက်ပဲဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင်အခန်းလောက်ပဲပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ် ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ကြောင်း သမိုင်းအတွေ့အကြုံတွေအရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အကျိုးအရှိနိုင်ဆုံးဟာ လူထုလှုပ်ရှားမှုရဲ့ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါကို ဗိုလ်နေ၀င်းကအစ ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာသိမ်းခိုင်းလိုက်တာဟာ သူတို့စစ်တပ်ထဲက တချို့လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီးတွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့လုံးဝ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ အမြန်ဆုံး ဖြေရှင်းပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ထိပ်သီးတွေ လုပ်နေတာတွေကို ကျေနပ်ကြတာမဟုတ်ပါဘူး။ ကိုယ်ကအနာခံပြီး သူတို့ကအသာစံနေကြလို့ မကျေနပ်တာမျိုးရှိသလို နိုင်ငံရေးအရ လေးလေးနက်နက်သဘောပေါက်ပြီး တနေ့မှာ သမိုင်းတရားခံဖြစ်မှာကို မလိုလားသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ်ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံးတုန်းကတော့ လမ်းမပေါ်က လူထုတွေထဲ ၀င်ပေါင်းလို့ရပါရဲ့၊ အခုတော့ ဘာမှမရှိဘူးဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာမမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဘက်မှာပဲ ရှိနေပါတယ်။ ကိုယ်ကဘာမှမလုပ်ဘဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီးဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူးဆိုတာလိုပါပဲ။

( ထိပ်တန်းအာဏာရှင် ) ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး

Posted: 30 Aug 2010 09:30 AM PDT

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။

ခေတ်ပြိုင် website မှ ပြန်လည်ကူးယူမျှဝေသည်။
You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Human Rights Myanmar

unread,
Sep 1, 2010, 8:13:27 AM9/1/10
to freem...@googlegroups.com

ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက်စွဲ

Posted: 31 Aug 2010 07:21 PM PDT

This posting includes an audio/video/photo media file: Download Now

မရမ်းချောင်းမှ ဝေဒနာသည်တို့၏ ကျိုက်ထီးရိုး ခရီးစဉ် ကုန်ကျငွေနှင့်အလှူရှင်များ

Posted: 31 Aug 2010 07:16 AM PDT

တစ်ချိန်က အနာကြီးရောဂါကို ခံစားခဲ့ရပြီး အတိဒုက္ခရောက်ခဲ့ကြသော မရမ်းချောင်းပရဟိတ ဂေဟာမှ မသန်စွမ်း ဝေဒနာသည်များကို မြတ်စွာဘုရား၏ ဆံတော်ရှင်စစ် ကိန်းဝပ် စံပယ်ရာ ကျိုက်ထီးရိုး ဘုရားသို့ မနက်ဖြန် ပရိသတ်တို့၏ လှူဒါန်းငွေဖြင့် ပို့ဆောင်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။
ဝဒနာသည်တို့ အနေဖြင့် သာမန်လူများကဲ့သို့ သူတို့ ကိုးကွယ်ရာ ဗုဒ္ဓဘာသာ အပေါ် အသက်နှင့် ခန္ဓာကိုယ် ကိုပင် ပဓာနမထားဘဲ ကြည်ညိုသူများ ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့် အနာကြီးရောဂါ ဝေဒနာကို ခံစားခဲ့ရသောကြောင့် ကျိုက်ထီးရိုး ဘုရားဆိုသည်ကို စိတ်ကူးလေးဖြင့်ပင် မဖူးရဲသူများဖြစ်ပြီး လူတော မတိုးရဲသော ဘ၀အဖြစ်ပင် လူဖြစ်ကျိုး မနပ်စွာဖြင့် လူ့လောကကိုစွန့်ခွါရန် အဆင်သင့်ပြင်ဆင် ထားကြရသူများ ဖြစ်သော်လည်း မတ်ဖန်မှ လူငယ် ပရိသတ်တို့၏ စွမ်းအားဖြင့် သူတို့သည် အပယ်ခံများ မဟုတ်ကြောင်း အကြိမ်ကြိမ် စိတ်ဓါတ်ခွန်အားများ ပေးနိုင်ပြီး ဖြစ်သလို ယခုလည်း သူတို့တစ်တွေအတွက် စိတ်ကူးလေးဖြင့်ပင် မဖူးရတော့ဟု မျှော်မှန်းထားသည့် ကျိုက်ထီးရိုး ဘုရားကို မျက်ဝါးထင်ထင် ဖူးတွေ့နိုင်ရန် မတ်ဖန်မှ ပရိသတ်တို့ အားကိုးဖြင့် စတင် စီစဉ်ပေးနေပြီ ဖြစ်သည်။

ကျိုက်ထီးရိုးဘုရား ဆိုသောနေရာမှာ မိုးလကင်းလွတ် သီတင်းကျွတ်ချိန် မှစပြီး မိုးတွင်းကာလ မတိုင်မချင်း ကြက်ပျံမကျ စည်ကားသော ဒေသ တစ်ခုလည်းဖြစ်သဖြင့် သာမန်လူတို့က ဖယ်ကျင် ထားသော ဝေဒနာသည်တို့ အနေဖြင့် အများပြည်သူ မဖူးကြသော ယခုလို မိုးတွင်းချိန်ခါသည်သာ အကောင်းဆုံးဖြစ်သည်။ ကြုံဆုံနေသဖြင့် အကြောင်းအရာလေး တစ်ခု တင်ပြချင်မိသည်။ စာရေးသူတို့ မတ်ဖန်မှ အယ်ဒီတာ ကိုဟိဏ်းခန့် မကြာခင် ရက်ပိုင်းက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံလေးဖြစ်ပြီး မနေ့က စာရေးသူကို ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။ ပုဇွန်တောင်ဈေးမှ တောင်ဥက္လာဖက်သို့ စီးသော လိုင်းကားပေါ်တွင် လွယ်အိတ်ထဲသို့ လက်တစ်ဖက်ထည့်ထားသော အရွယ်ရောက်ပြီးသည့် အမျိုးသားတစ်ယောက် ကားပေါ်တက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာလေးပြုံးပြုံး ပြုံးပြုံးဖြင့် အခြားသူများကို ဖေါ်ရွေသောပုံ မျက်နှာလုပ်နေသောပုံဖြင့် ကားစီးနေသည်။ ကားအဆောင့်တွင် လွယ်အိတ်ထဲ ထည့်ထားသော လက်ကလေးက အပြင်သို့ ထွက်လာသဖြင့် လက်တစ်ဖက် မကောင်းသော သူ တစ်ချိန်က အနာကြီးရောဂါ ခံစားခဲ့ဖူးသူမှန်း အခြား ခရီးသွားများ သိသွားပြီး ချက်ခြင်း ဘေးသို့ရှဲသွားခဲ့သည်ကို ကိုဟိဏ်းခန့်မျက်စိနဲ့ပင် မြင်နေရသည်။ နောက်တစ်မှတ်တိုင်တွင် ကျန်သူများ ကားပေါ်မှ ဆင်းသွားသည်ကို ဝေဒနာသည် အစ်ကိုက မျက်နှာပျက်စွာ၊ အားနာစွာဖြင့် ကြည့်နေသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ သူတို့တစ်တွေ ဘယ်ဘ၀ ကုသိုလ်ကြောင့် ယခုကဲ့သို့ လူဖြစ်လာပြီး အခြားသူများကဲ့သို့ လူတောမတိုးရသော ဘ၀ဖြစ်ခဲ့ကြပါသနည်း။ .....

တစ်ချိန်က ခံစားခဲ့ကြရသော အနာကြီးရောဂါကို စနစ်တကျကုသမှု ခံယူခဲ့ပြီး အနာကြီး ရောဂါပိုး သေပြီးသော မသန်စွမ်း ဝေဒနာသည်တို့ထံမှ ရောဂါပိုးများ ထပ်မံမကူးစက်နိုင်တော့ကြောင်း သာမန်လူတွေ မသိကြသဖြင့်လည်း ယခုကဲ့သို့ ခွဲခြားဆက်ဆံ နေကြသေးခြင်း ဖြစ်သည်။ သူတို့က ခွဲခြားဆက်ဆံသည်က အကြောင်း မဟုတ်သော်လည်း မသန်စွမ်း ဝေဒနာသည်တို့ အတွက်မူ ခံရခက်လှသော အကြောင်းအရာ ဖြစ်သည်။ သူတို့သည်လည်း လူတွေပင် မဟုတ်ပါလော.. လူဖြစ်လာရခြင်း အတူတူ အဘယ့်ကြောင့် သူတို့ကြမှ ယခုကဲ့သို့ လူဖြစ်ကျိုးမနပ် ဖြစ်နေရသနည်း... ဟူသည့် မေးခွန်းပေါင်းများစွာကို မကြာခဏ မေးနေရန်ထက် တတ်နိုင်သည့် နည်းဖြင့် သူတို့ကို မေတ္တာပေးနေရန်သာ စိတ်ပိုင်းဖြတ်ထားသော မတ်ဖန်အနေဖြင့် ယခုလဲ ကျိုက်ထီးရိုးတောင်ကလပ်သို့ ဝေဒနာသည်တို့ကို ပို့ဆောင်ပေးတော့မည် ဖြစ်သည်။ သာမန်အားဖြင့် လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်။ သို့သော် မဖြစ်နိုင်သော ကိစ္စလည်းမဟုတ်ပေ။

နေ့ချင်းပြန်ခရီးဖြင့် ကျိုက်ထီးရိုး ဘုရားဖူးသွားရန်အတွက် မှာ လှည်းကူးမှ ကင်မွန်းစခန်းအထိ ၂ နာရီ ကင်မွန်းစခန်းမှ တောင်ပေါ်အထိ ၄၅ မိနစ် ခန့်သာ မောင်းရမည် ဖြစ်သည်။

ဘယ်လောက်ကုန်ကျနိုင်သလဲ။။.

လှည်းကူးမှ ကင်းမွန်းစခန်းအထိ အသွားအတွက် စီးတီးဘတ်စ်စ်ကား ငှါးရမည် ဖြစ်ရာ လူ ၄၄ ယောက်အတွက် ကားခ သုံးသိန်း ကုန်ကျမည် ဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးတောင်ပေါ်အထိ ကားဖြင့် တက်နိုင်သော အနေအထား ဖြစ်နေပြီး ကားတစ်စင်းလျင် အတက် တစ်သိန်းခွဲခန့် အဆင်းတစ်သိန်းခွဲခန့် ထပ်မံကုန်ကျမည် ဖြစ်သဖြင့် ဝေဒနာသည် ၄၄ ယောက်ကို ကျိုက်ထီးရိုး ဘုရားသို့ ပို့ဆောင်ပေးရန် ကုန်ကျငွေ ၆ သိန်းအထိ ရှိလာမည်ဖြစ်သည်။ ကျိုက်ထီးရိုး ဘုရားဖူးရန်အတွက်သာ အဓိက ရည်ရွယ်ထားခြင်း ဖြစ်ပြီး ထမင်းအတွက် ကုန်ကျစရိတ် ပိုမကုန်စေရန် ဂေဟာမှ ထမင်းထုတ်များ ထုတ်ပေးလိုက်မည် ဖြစ်ပြီး ညစာကို ဂေဟာတွင် ပြန်စားချိန်မှီစေရန်သာ စီစဉ်ထားသည်။ ဂေဟာမှ ထမင်းထုတ်အတွက် ကုန်ကျငွေ တစ်သိန်းခန့် ကုန်ကျဦးမည်ဖြစ်သဖြင့် ၄၄ ယောက်အတွက် စုစုပေါင်းကုန်ကျငွေ ၇ သိန်း ဖြစ်လာပေမည်။ ဝေဒနာသည် ၉၀ ခန့် အတွက်ဆိုလျင် ၂ ဆဖြစ်လာမည် ဖြစ်သဖြင့် ၁၃ သိန်းကျော် ခန့်ကုန်ကျမည်ဟု အကြမ်းဖျင်း ခန့်မှန်းထားပါသည်။

ဝေဒနာသည် ဘယ်လောက်ရှိသလဲ...
မူလ အစီအစဉ်အရ အသက် ၅၀ ကျော် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ဝေဒနာသည်များသာ ဘုရားဖူးနိုင်ရန် ရည်ရွယ်ထားပြီး ဂေဟာတွင် အသက်ငါးဆယ်ကျော် အဘိုးအဘွား ၇၀ ကျော်ခန့် ရှိနေသဖြင့် လိုက်အေ့စ် ကားတစ်စီး၊ ရွာထဲမှ ဒိုင်နာ ဂတ်စ်ကား တစ်စီးဖြင့် ပို့ပေးရန် စီစဉ်ထားရာ လေးသိန်းပတ်ဝန်းကျင်ဖြင့် အဆင်ပြေနိုင်မည်ဟု မျှော်မှန်းထားသော်လည်း အဘိုးအဘွားတို့မှာ လက်မရှိ ခြေမရှိသည့် အနေအထားများ ဖြစ်နေသဖြင့် လမ်းခရီးတစ်လျောက် သက်တောင့်သက်သာစွာ ထိုင်စီးနိုင်စေရန်အတွက် စီစဉ်မှသာလျင် သင့်တော်မည်ဟု နောက်ဆုံး ဆုံးဖြတ်ခဲ့မိသဖြင့် ပါရမီ စီးတီးဘတ်စ်ကား တစ်စီးသာ ငှါးလိုက်ရန် ဆုံးဖြတ်ပြီး ကားခ စုံးစမ်းကြည့်ရာ ၃ သိန်းအထိ ကုန်ကျနိုင်ကြောင်း သိရှိခဲ့ရသည်။ မလေးရှားနိုင်ငံ ရတနာ ရာမကျောင်းမှ ဆရာတော် ဥုးစရိယက ဝေဒနာသည်များကို ကျိုက်ထီးရိုးဘရားသို့ ပို့ဆောင်ရန်အတွက် ဆရာတော့် ကိုယ်ပိုင်ငွေဖြင့် လှူဒါန်းထည့်ဝင်ခဲ့သလို ဒါယိကာများထံ အကြောင်းကြားပြီး အလှူငွေ စုခဲ့ရာ လေးသိန်းအထိ ဝေဒနာသည်များ ဘုရားဖူးခရီးအတွက် စာရေးသူထံ ငွေလွဲထားပြီးဖြစ်ကာ ဖြစ်နိုင်ပါလျင် ဝေဒနာသည်များ အားလုံးသာမက ဘာသာမတူသည့် ဝေဒနာသည်များ လိုက်လိုပါလျင်လည်း လိုက်နိုင်ရန် စီစဉ်ပေးပါရန် မေတ္တာရပ်ခံလာသဖြင့် ဂေဟာရှိ ဝေဒနာသည် ၉၆ ယောက်စလုံးမှ လိုက်ပါလိုသူ အားလုံးကို လိုက်ပို့ရန် စိတ်ကူးထားခဲ့ပြီ ဖြစ်သည်။


ဘယ်နေ့ ထွက်မလဲ..
ကျိုက်ထီးရိုးတောင်ပေါ်တွင် လူသူရှင်းသည့် ယခုအချိန်သည် ဝေဒနာသည်တို့ကို ကျိုက်ထီးရိုး တောင်ပေါ်သို့ ပို့ဆောင်ပေးရန် အကောင်းဆုံး အချိန်ဖြစ်နေသဖြင့် စက်တင်ဘာလ ၆ ရက်နေ့နံနက် စောစောရန်ကုန်မှ ထွက်ခွါရန် စီစဉ်ထားသည်။

မတ်ဖန်မှ ပရိသတ်တွေရော လိုက်ပါနိုင်မလား
ဝေဒနာသည်တို့အတွက်သာ အလှူငွေကို အသုံးပြုမည်ဖြစ်သဖြင့် မတ်ဖန်ပရိသတ်တို့ အနေဖြင့် လိုက်ပါနိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း ဝေဒနာသည်တို့မှာ မသန်စွမ်းများဖြစ်ကြပါသဖြင့် လှေခါးထစ်များတွင် အတက်အဆင်း ခက်ခဲကြမည်ဖြစ်သည်။ ကားရပ်သည့်နေရာနှင့် ကျိုက်ထီးရိုး ရင်ပြင်မှာ အတော်လေး ဝေးသေးပြီး လှေခါးထစ်များပေး တက်ရမည်ဖြစ်သလို ဖိနပ်မစီးရသော အနေအထားအရ ခြေထောက်တွင် အနာရှိသော ဝေဒနာသည်တို့ လမ်းလျောက်နိုင်မည် မဟုတ်ပေ။ ဘီးတပ် ကုလားထိုင် ဆိုသည်မှာလည်း ဂေဟာတွင် ဆယ့်နှစ်စုံသာ အကောင်းရှိတော့သဖြင့် ဘေးလူအတွဲမှာ မရှိမဖြစ် လိုအပ်နေသော အနေအထားဖြစ်သဖြင့် ကျင်နာတတ်သော မတ်ဖန်မှ အကျိုးတော်ဆောင် ပရိသတ်တို့ မပါမဖြစ် ပါစေ့ချင်နေသည်။ ပရိသတ်တို့ကလည်း ဝေဒနာသည်တို့ကို ပြုစုရန် လိုက်ပါလိုပါသည်ဟု ဆိုထားသဖြင့် ကားခအနည်းငယ် ကောက်ခံပြီး လိုက်ပါ ပြုစုစေသော နည်းကို ကျင်းသုံးရန် စီစဉ်ထားသည်။ ပရိသတ် ၁၈ ယောက်ခန့် လိုက်ပါနိုင်ရန် Mutdfan.com က အနာကြီးရောဂါ ဝေဒနာသည်များကို ကူညီစောင့်ရှောက်ရန် စုပေါင်းငွေဖြင့် ၀ယ်ယူထားသော လိုက်အေ့စ် ဇုံထုတ်ကားဖြင့် လိုက်ပို့မည်ဖြစ်ပြီး ကားခ တစ်ဦးလျင် ၈၀၀၀ ကျပ်ခန့် ထည့်ဝင် စေမည်ဖြစ်သည်။ တောင်ပေါ်သို့ အကျိုးတော်ဆောင် အဖွဲ့ မိမိတို့ အစီအစဉ် လိုင်းကားဖြင့် (လိုင်းကားခ အသွားအပြန် ၆၀၀၀ ကျပ်) တက်လိုက်ပါမည် ဖြစ်သလို တောင်ပေါ်တွင် ဝေဒနာသည်တို့နှင့် ဆုံရန်လည်း စီစဉ်ထားသည်။ ဝေဒနာသည်တို့ တောင်အောက် ပြန်ဆင်းသွားသည့် အချိန်တွင် လိုင်းကားဖြင့်ပင် တောင်အောက်သို့ ပြန်ဆင်းပြီး ရန်ကုန်သို့ နေ့ချင်းပြန်ခရီး ပြန်ကြရန်လည်း အကြမ်းဖျင်း စီစဉ်ထားပါကြောင်းနှင့် လိုက်ပါလိုသော အကျိုးတောင်ဆောင်များ အနေဖြင့်

ကိုလမင်းသာ(laminth...@gmail.com)
ကိုဂျင်ဂျင်း(moela...@gmail.com)
ပန့် လ်သရဲ(punkb...@gmail.com) တို့ထံတွင် ကြိုတင် စာရင်းပေးနိုင်ပါကြောင်း....

ဝေဒနာသည်တို့ ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်အတွက် အလှူရှင်များစာရင်း

ဆရာတော်ဥူးစရိယနှင့် စေတနာရှင်များ (မလေးရှား) 400,000 ကျပ်
ကိုတော်တီ -Mutdfan.com နှင့် ဇနီး (USA) 120 $
ကိုသော်မင်းထွန်း- Mutdfan.com (ရုရှား) 50,000 ကျပ်
Kyang Wang - Mutdfan.com (ထိုင်း) 400 ဘတ်
Emirates- Mutdfan.com (စင်္ကာပူ) 70 s$
့Yuki - Mutdfan.com (ဂျပန်) 50,000 ကျပ်

ကိုသိန်းကို+ မအိအိဖြူ ၀မ်ငါးသောင်း
ကိုကျော်သက်ခိုင် ၀မ်တစ်သိန်း
ကိုဖြိုးတင့် ( Phyo ) ၀မ် ငါးသောင်း
ကိုဝေလင်းအောင် (တာတီး) ၀မ်ငါးသောင်း
ကိုဂျာရတ် ၀မ်ငါးသောင်း

......
အံ့ဖွယ် ကျိုက်ထီးရိုးဘုရား ဗွီဒီယို ကြည့်ရှုလိုပါက နှိပ်ပါ။(Click Here)

အလှူငွေ ထည့်ဝင်လိုသူများ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။.

1. ဦးဇော်လွင်ဝင်း၊
(Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း -559377 Ext: 6413

ပြည်တွင်းဘဏ်မှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် သို့ သွားပြီး အောက်ပါ အကောင့်နံပတ်သို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။

Saving Account
Account No. 0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name. U ZAW LWIN WIN

2.ကိုလမင်းသာ(laminth...@gmail.com)
3.ကိုဂျင်ဂျင်း(moela...@gmail.com)
4.ပန့် လ်သရဲ(punkb...@gmail.com)

ပြည်ပနိုင်ငံများအတွက်

တရုတ်
(明吐温) (Min Tun Tun Win) ( မှူးသခင် )
(mtt...@gmail.com)
ဘဏ်အကောင့် - 622202 4402007152733 -ICBC Bank (中国工商银行)
ဖုန်းနံပါတ် - 0086- 15882297927

စင်္ကာပူနိုင်ငံ၊
ကိုဘိုမြင့်ထွေး (bomyinthtwe@gmail)
ph - +6590855717

ကိုအောင်သူရိန်ထွန်း (atrt.ndw@gmail)
+6590574689

မခင်မျိုးဝင်း (tsuyuko.mm@gmail)
ph +6581546163

မလေးရှား နိုင်ငံ
ကိုအောင်စိုးမိုး
aungsoem...@gmail.com, ဖုန်းနံပါတ် +60162042905

ထိုင်းနိုင်ငံ-
အ၀မ် (Mutdfan.com), ahwang.m...@gmail.com

ရုရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသန့်စင် (MSU)
kothant.ndw@gmail
+79268464225

ကိုသက်ထွန်းဦး (MPEI)
+79037894871
minc...@gmail.com

ကိုရီးယားနိုင်ငံ။
ကိုထူးကိုကို (ကိုဂျာရက်) ဖုန်းနံပါတ် ..010 34346184
ကိုစိုးထိုက် arsenal...@gmail.com Ph : 010 27131184

ဂျပန်နိုင်ငံ
ကိုယူကီ yukijp (Mutdfan.com) မေးလ်က princel...@gmail.com ဖုန်းနံပါတ်က 008108034308993
မ၀တ်ရည်တင်ဦး (Ma Wuityi Tin Oo) Bank Acoount - 768-1110393-0 1 ph +81 90 6493 1636 tomok...@gmail.com

Written By : ဇော်ဇော် at 2010-08-30 on 08:36:54

အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလျှုငွေ သွားရောက်ပေးပို့ 

Posted: 31 Aug 2010 07:12 AM PDT

အကျဉ်းကျေ၇ွှဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလျှုငွေ သွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း ဓါတ်ပုံပါ။
နိုင်ငံရေး အကျဉ်းကျခံ များအတွတ် လျှုဒါန်းလိုသူများ skype = shwekyaungtharr / email = shwekya...@gamil.com / phone = 0044 7915157660 သို့ တိုက်၇ိုက် ဆက်သွယ် လျှူဒါန်းနိုင်ပါသည်။ လျှူဒါန်းငွေအတိုင်း ရည်ရွယ်သူထံသို့  အတိအကျ သွားေ၇ာက်ပေးပို့ သွားမည် ဖြစ်ပါသည်။ မှတ်တမ်း ဓါတ်ပုံ BP





Human Rights Myanmar

unread,
Sep 2, 2010, 8:10:44 AM9/2/10
to freem...@googlegroups.com

ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူ ဖိုးလပြည့် က အာဏာကို ဆက်ခံမည် မဟုတ်ဟုဆို

Posted: 01 Sep 2010 09:56 PM PDT


မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ်အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးက ပြင်သစ်နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်
ဟိန်းခိုင်ထွန်း | ဗိုလ်ချုပ်မှူးကြီး ဘ၀ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုးထုတ် သွားမည့် မြန်မာ စစ် ခေါင်းဆောင်၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာ လွှဲပေးရန် အကြောင်းဖန် ပါလာ ပါကလည်း သူ့အနေဖြင့် လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း ယခု သီတင်းပတ် အတွင်းက သူငယ်ချင်း ဖြစ်သူများအား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့သည်။


ရန်ကုန် မော်တော်ကား ပြပွဲ တစ်ခုတွင် ဖိုးလပြည့်အား တွေ့ ရစဉ်
အသက် ၇၈ နှစ် အရွယ်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသက် ၂၀ အရွယ် အရွယ် မြေးအား အာဏာလွှဲပေး နိုင်သည်ဟု သတင်းများ ထွက်ပေါ် နေချိန်တွင် ဖိုးလပြည့် က ထိုကဲ့သို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီဟု သတင်း ထွက်ပေါ် နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေတစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစားကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြ မောင်းနှင် ပြသသည့် ပွဲတွင် သူ့အား ရဟတ်ယာဉ်မောင်း လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိပြီး သူ၏ သူငယ်ချင်း အချို့ကိုလည်း အလှည့်ကျစီ နောက်ခုံတွင် လိုက်ပါ စီးနင်း စေသည်ဟု သိရသည်။


အဘွားဖြစ်သူနှင့် အတူ
အသက် ၂၀ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ၏ မွေးနေ့ လက်ဆောင် ဖြစ်သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲတွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊ မော်တော်ဘုတ် မောင်းနှင်ခြင်းနှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်း တို့ကိုသာ စိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု စွမ်းရည်ပြ ပြိုင်ပွဲများကို ၀င်ခြင်သည်ဟု သိရသည်။

ဖိုးလပြည့်သည် ရဟတ်ယာဉ်ကို အတော်အသင့် မောင်းနှင်တတ်နေပြီး ယခု မွေးနေ့ လက်ဆောက် ရသည့် ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင်ခြင်သောလည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။

၎င်းသည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မောဟုလည်း ထိုနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင် ၀ယ်ပေးသော်လည်း ရန်ကုန်မြို့နေ ပြည်သူ အများစုမှာ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။

source by : FREEDOM NEWS GROUP

ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ပါ-ချုပ်၏ ယုတ်မာမှု

Posted: 01 Sep 2010 08:17 AM PDT

(ဟိန်းနိုင်-မန်း) | ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) YECO တွင် ၂၉.၇.၂၀၁၀ နေ့ က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပပါသည်။ မိုးသည်းထန်စွာ ရွာသဖြင့် အနည်းငယ်သာ စိုက်ပျိုးဖြစ်ပါသည်။ ၃၀.၇.၂၀၁၀ နေ့ တွင် ပါမောက္ခချုပ်နှင့်ဝန်ထမ်းထုတွေ့ ဆုံပွဲတွင် ယခုတက္ကသိုလ်၏အကြီးဆုံးသော ပါမောက္ခချုပ်သည် ၃၁.၇.၂၀၁၀(စနေနေ့)နှင့် ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် YCEO ရွာသာကြီးနယ်မြေ ဝန်ထမ်းအိမ်ရာတွင်နေထိုင်သော ဝန်ထမ်းအယောက်သုံးဆယ်အား ကျန်ရှိသောသစ်ပင် ၂၀၀၀ အား တစ်အိမ်ထောင်လျှင် အပင်ရှစ်ဆယ်နှုန်းဖြင့် စိုက်ပျိုးရန် မှာကြားခဲ့ပါသည်။

ဝန်ထမ်းအိမ်ရာနေ မိသားစုများထဲတွင် နယ်မြေဌာနမှ အလုပ်သမားမှူး၏ မိသားစုလည်းပါဝင်ခဲ့သည်။၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့  နံနက် ကိုးနာရီ-မိနစ်နှစ်ဆယ်တွင် အလုပ်သမားမှူး၏သားဖြစ်သူ မောင်မောင်(အမည်ရင်းမဟုတ်)........ လယ်ကွင်းထဲတွင်သစ်ပင်စိုက်ပျိုးနေစဉ်မြွေကိုက်ခံခဲ့ရပါသည်။ဦးအောင်(အမည်ရင်းမဟုတ်)၏သား ထိုမြွေကိုက်ခံရသူမောင်မောင်အား ကျန်သောအပင်စိုက်နေသောဝန်ထမ်းများက ထမ်းပိုးကာဆေးရုံသို့ ပို့ ရန် ကျောင်းရှေ့တွင် ကားကြုံရရန် ၁နာရီခန့် စောင့်ရပါသည်။
ပထမကားတစ်စီးသည် လူမဆန်စွာဖြင့် မတင်ခေါ်ဘဲ ထားခဲ့ပါသည်။ဒုတိယကားမှ စေတနာကောင်းစွာဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးအထိ လိုက်ပို့ ခဲ့ပါသည်။

မောင်မောင်၏မိသားစုတွင်ဆေးကုသရန် ငွေကြေးမပြည့်စုံခြင်း။စီးပွားရေးတက္ကသိုလ်မှ မထောက်ပံ့ခြင်း တို့ ကြောင့် ဆေးရုံတက်ရောက်ခဲ့ပြီး နောက်တစ်ရက်အကြာ- ၂.၈.၂၀၁၀ နံနက် ရှစ်နာရီခွဲတွင် မြွေကိုက်ခံရသူ ကွယ်လွန်ခဲ့ပါသည်။

 ၄.၈.၂၀၁၀ တွင် ရေဝေးသုသာန်တွင် သဂြိုလ်ခဲ့ရာ အခန်းငှားခ+ရေခဲတိုက် ထားခ+အလောင်းသယ်ယူခ+မီးသဂြိုလ်ခ =ကျပ်ငွေခြောက်သောင်းကုန်ကျပါသည်။ ထိုကလေး၏အသုဘတွင် ရေဝေးသွားရန် YECO မှ ကားတစ်စီးသာ ပေးပါသည်။မလုံလောက်သဖြင့်ပြင်ပမှ ကားတစ်စီးလျှင် တစ်သောင်းခွဲကျပ်ဖြင့် ကားသုံးစီးထပ်မံငှားရမ်းရသဖြင့် လေးသောင်းခွဲ ကုန်ကျပါသည်။

၅.၈.၂၀၁၀ တွင် YECO ပါမောက္ခချုပ် ဒေါက်တာ............က မောင်.........အတွက် အသုဘကူငွေများကို သင်ကြားရေးနှင့်စီမံဌာန အရာရှိများကို ကောက်ခံခိုင်းကာ ရငွေများကို သူ့ ထံ လာအပ်ရန်ပြောကြားခဲ့ပါသည်။ ထိုကလေးအတွက် ကူငွေသည် နှစ်သိန်းခွဲတိတိရရှိပါသည်။ ထိုငွေထဲမှ တက္ကသိုလ်မှ စိုက်ထားငွေ တစ်သိန်းငါးထောင်ကျပ်ကို နှုတ်ယူခဲ့ပါသည်။ ကျန်ငွေတစ်သိန်းလေးသောင်းငါးထောင်ကျပ်ထဲမှ ရက်လည်ပြုလုပ်ရန်အတွက် အလုပ်သမားမှူးဦး........၏မိသားစုထံသို့  ငါးသောင်းကျပ်တိတိသာ ပေးပါသည်။ ကျန်ငွေကို ထိုပါမောက္ခချုပ်မှ ယူထားပါသည်။(ဘာလုပ်ဖို့ လဲမသိပါ။)

YECO ရွာသာကြီးတွင် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်ရာတွင် သားတစ်ယောက်ဆုံးရှုံးခဲ့သော ထိုငွေကြေးမပြည့်စုံသည့် အလုပ်သမားမှူးဦး........မိသားစုသည် အသုဘ ကူငွေမှလည်း ဖြတ်တောက်ခံရသည့်အတွက် ဒုက္ခပင်လယ်ဝေနေကြပါသည်။ ငိုကြွေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါ။ နစ်နာကြေး-ထောက်ပံ့ကြေး မရရှိသည့်အပြင်... အသုဘကူငွေမှ ဖြတ်တောက်ခံရပါသည်။ထို YECO ၏ ပါမောက္ခချုပ်က အသုဘရှင် ဦး...အား-- ကျောင်းကနေ ဘာမှမျှော်လင့်မနေနဲ့ ။အရာရှိတွေ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်မယ်။အသုဘလိုက်ပို့ စရာ မလိုဘူး..ဟု ပင် အမိန့် ထုတ်ပြန်ခဲ့ပါသေးသည်။ ထို YECO ၏ ပါမောက္ခချုပ် ယုတ်မာမှုကို လူထုသိရှိရန်အတွက် Forward မေးလ်ဖြင့် ပေးပို့ပါသည်။

(ဟိန်းနိုင်-မန္တလေး)

Human Rights Myanmar

unread,
Sep 3, 2010, 8:11:20 AM9/3/10
to freem...@googlegroups.com

စာကိုချေပ လူကိုကျေမှ . . .

Posted: 02 Sep 2010 07:03 PM PDT

ရှေ့ဆောင်းပါး “ငါးငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ” ရဲ့ အဆက်လို့ ဆိုတော့ သတင်းလို ရေးမယ် ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ်တပ်ရ မယ်ထင်တယ်။

ကျွန်တော့်ရဲ့ မီဒီယာတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ရေး ဆောင်းပါးကို တုံ့ပြန်မှု အများအပြား ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမား တချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့ သတင်းဌာနတွေ အတွင်းက အထက်အောက် ပညာပြ ဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်း ဆိုင်ရာ ဖောက်ပြားမှုတချို့ကိုပါ ဖွင့်ဟလာကြပါတယ်။

သတင်းသမားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့်ကတော့ စာရှည်ရေးပြီး တုံ့ပြန် လာပါတယ်။ သူ့စာရဲ့ အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက် ထုတ်ထားတာပါပဲ။ ကျနော့် အမြင် မှာတော့ သူ့စာပါ အချက်တွေဟာ အကျကောက် ဝေဖန်ရေး လို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာ မလိုဘူးလို့ ဆုံးဖြတ် ပါတယ်။ ကိုမောင်မောင်မြင့် ကိုလဲ ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စ ပြီးပြီလို့ပဲ စိတ်မှတ်ထား လိုက်ပါတယ်။

သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာ အကြောင်းက ပေါ်လာပြန်တယ်။ အကြောင်း ကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တစ်ကိုယ်တော် အင်တာဗျူးပြီး ကျနော့် ဆောင်းပါးပါ အချက်အလက် တွေကို အမည် မဖေါ်ပြပဲ ထုချေသွားပါတယ်။ တကိုယ်တော် ဗျူးပြီး တဖက်သတ် ပြောသွားတာက ပြဿနာ မဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေ ထဲက အချက် တချို့ကတော့ တုံ့ပြန် ချေလှယ်ဖို့ လိုအပ်လာ ပါတယ်။ အင်တာဗျူးပါ အဓိက ချေလှယ် ဆွေးနွေးချင်တဲ့ အချက် သုံးချက် ကတော့ (၁) မီဒီယာကို တပါတီ လက်ကိုင်တုတ် ဖြစ်ဖို့ ပြောတယ် ဆိုတဲ့ အချက်နဲ့ ကြားနေမယ် ဆိုတဲ့ အချက်။ (၂) ဝါဒဖြန့်ချီရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထား အမြင်နဲ့ တင်ပြချက်။ (၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွှမ်းသွားတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကိုမောင်မောင်မြင့် အင်တာဗျူး ပထမပိုင်းမှာ မေးတဲ့သူက ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူတွေက သူတို့ရဲ့ လှုပ်ရှားမှု၊ သူတို့ရဲ့အသံကို မီဒီယာတွေက ထုတ်လွှင့်မှု နည်းပါး လာတယ်လို့ စွပ်စွဲနေတယ်။ အဲဒါ ဘယ်လိုလဲလို့ ပင့်ထောင် မေးခွန်းထုတ် လိုက်ပါတယ်။ ဒီတော့မှ ဖြေကြားသူက ပြည်ပလှုပ်ရှားသူ တွေက မီဒီယာတွေကို “ သူတို့ရဲ့ အာဘော်တခု အနေနဲ့ ရပ်တည် စေချင်ပါတယ်။” လို့ ပြောသွား ပါတယ်။ “ဒီလို ပါတီတခုရဲ့ လက်ကိုင်တုတ် အနေနဲ့ မဖြစ်နိုင်ဘူး” လို့ ဆက်ပြောသွားပါတယ်။ ဒါဟာ ကျနော့်ဆောင်းပါးပါ အချက်အလက် တွေနဲ့ကော ရည်ရွယ်ချက်နဲ့ပါ လုံးဝကွဲလွဲပါတယ်။ တလွဲအဓိပ္ပါယ် ကောက်ပြီး တဖက်သတ် ထုချေထားတာ ဖြစ်ပါတယ်။ လူအများအကြား ဖြစ်ပေါ်နေတဲ့ မီဒီယာတွေ အပေါ် မေးခွန်းထုတ်စရာအမြင်တွေကို လမ်းလွှဲဖို့ ကြိုးစားတဲ့ မေးဖြေတွေပဲ ဖြစ်ပါတယ်။

ကျနော့် ဆောင်းပါး အချုပ်က သတင်း မီဒီယာသမားတွေ အနေနဲ့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ကာလကလို အဖိနှိပ်ခံ လူထုဖက်က ရပ်တည်ဖို့ တိုက်တွန်း ထားတာသာ ဖြစ်ပါတယ်။ ကျနော့် ဆောင်းပါး အဆုံးမှာ ဒါကို အတိအလင်း ရေးထားပါတယ်။ ပါတီတခုရဲ့ လက်ကိုင်တုတ် ဖြစ်ရမယ်လို့ အဓိပ္ပါယ် သက်ရောက် စေတဲ့ အချက် တစိုးတစိ မပါဘူးလို့ အာမခံနိုင်ပါတယ်။ ဒီကြားကမှ ဒီလိုအဓိပ္ပါယ် မျိုးလို့ အနက်ဖွင့် မေးဖြေ သွားကြတဲ့ သတင်းသမား နှစ်ဦးရဲ့ အတွေးအမြင်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပါတယ်။ ကိုမောင်မောင်မြင့် စာပါ ကျနော့်ရဲ့ ပြောရေး ဆိုခွင့် အတွက် အသက်ပေး ကာကွယ်မယ် ဆိုတာ ဘယ်လို ဖြစ်သွားရတာလဲ။

ကြားနေချင်ပါတယ်လို့ ဆိုနေကြတဲ့ သတင်းသမားတချို့ကို မေးခွန်းတခု တင်ချင်ပါတယ်။ လူနဲ့လူချင်းကြားက ပြဿနာ၊ အမှားအမှန် ဆုံးဖြတ်ရွေးချယ်ရမယ့် ပဋိပက္ခတွေမှာ သတင်းသမား တွေဟာ ဘယ်လောက်များ ကြားကျအောင် နေနိုင်ပါသလဲ။ ဘယ်လို ကြားကျအောင် နေကြမလဲ။ ဘယ်လို သီလ၊ သမာဓိတွေနဲ့ ကြားကျအောင် ရွေးချယ်မလဲ။

လူဆိုတာ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အချက်အလက်တွေကို မြင်ကြားသိမှတ်ပြီး နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း မကောင်းခြင်းကို ဝေဖန်ခွဲခြားသတ်မှတ်ပြီး သင့်တော်သလို သူ့စိတ်ခြေခံအတိုင်း တုံ့ပြန်တတ်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူရဲ့ ဆုံးဖြတ်သတ်မှတ်ပြီး တုံ့ပြန်ချက်တွေရဲ့ အမှားအမှန်နဲ့ ဘက်ရွေးချယ်မှုဟာ သူ့ရဲ့ ပညာ၊ သီလ၊ သမာဓိနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ကိုယ့်ဆန္ဒကို ထိန်းချုပ်ပြီး အမှားအမှန်၊ အဆိုးအကောင်း ခွဲခြားသတ်မှတ်မှုကို ရှောင်ကျဉ်ခြင်း (သို့) ကြားနေခြင်း ဆိုတာ ဥပေက္ခာတရားကို လက်ကိုင်ပြုခြင်း လို့ယူကောက်နိုင်ပါတယ်။ ကျနော်သိသလောက် ဗုဒ္ဓတရားအလိုအရတော့ ဥပေက္ခာ တရားကို လက်ကိုင် ပြုနိုင်တယ်ဆိုတာ ဘုရား ရဟန္တာများရဲ့အရာ၊ သီလ၊ သမာဓိနဲ့ ပညာအားကြီး သူတွေရဲ့အရာလို့ ဆိုပါတယ်။ ဒီနေ့ သတင်း မီဒီယာ သမားများဟာ သာမန်ပုထုဇဉ် လူသားတွေသာ ဖြစ်ပါတယ်။ ကလျာဏ ဖြစ်သလား၊ အန္ဓဖြစ်သလား ခွဲချင်ရင် ဆက်ခွဲကြည့် နိုင်ပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ သတင်းသမားတွေလည်း သူလိုကိုယ်လို ပတ်ဝန်းကျင်က အဖြစ်အပျက်တွေအပေါ် အကောင်းအဆိုး၊ အမှန်အမှား၊ ကြိုက်ခြင်း မကြိုက်ခြင်းစတဲ့ ခွဲခြားတုံ့ပြန်ခြင်း ဆန္ဒစွဲတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။

သတင်းသမားတွေ ဆန္ဒစွဲနဲ့ မကင်းနိုင်တာကို သာဓကပြပါဦးမယ်။ ကျနော်တို့ ABSL အနေနဲ့ ဗမာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေကို တတ်စွမ်းသလောက်နဲ့ လုပ်ခဲ့ကြတယ်၊ လုပ်နေကြတယ်။ ပြည်ပသတင်းမီဒီယာတွေမှာ ပါတဲ့အခါ ပါတယ်၊ မပါတဲ့အခါ မပါဘူး။ တခါတလေ ပါပြန်ရင်လည်း ပုံပျက်ပန်းပျက်နဲ့ ပါလာတတ်တယ်။ အခု RFA သတင်းထောက်ဖြစ်နေတဲ့ ကိုညိုဆိုရင် ကျနော်တို့ လှုပ်ရှားမှုတခုပြီးတိုင်း သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒါမတရားဘူး၊ ဒါဘက်လိုက်တာ၊ ဒါစော်ကားတာ စသည်ဖြင့် ခံစားဒေါသပေါက်ကွဲတာ မကြာခဏပဲ။ ကျနော်ကိုယ်တိုင်လည်း ခံပြင်းပေမဲ့ သူ့ကို ဒါတွေကို ဂရုမစိုက်ဖို့၊ ကျနော်တို့ လှုပ်ရှား ဆောင်ရွက်တဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ဖို့ဖြစ်တယ်။ အိန္ဒိယနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ တိုင်းပြည် အခြေအနေကို သိအောင် ဖော်ထုတ်ဖို့ဖြစ်တယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြခံရတာဟာ အစွန်းထွက် အကျိုး ရလာဒ်သာ ဖြစ်တယ်လို့ ဖျောင်းဖျ ခဲ့ပါတယ်။

စိတ်ထိခိုက် နာကျင် ခံစားရလွန်းလို့ မမေ့နိုင်တဲ့ သတင်းသမားရဲ့ ဆန္ဒစွဲနဲ့ ကျနော်တို့ အပေါ် ပြုခဲ့တဲ့ စော်ကားမှု တခုကို ရင်ဖွင့်ချင် ပါသေးတယ်။ ၂၀၀၇ သံဃာ့အရေးခင်းအပြီးမှာ ABSL က ဗုဒ္ဓဂါယာမှာ တပတ်ကြာ ထိုင်သပိတ် လုပ်ခဲ့ပါတယ်။ အိန္ဒိယ၊ ယိုးဒယား၊ သီရိလင်္ကာ၊ တိဗက်၊ ဂျပန်၊ ကိုးရီးယား၊ ကမ္ဘောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တချို့ရက်တွေမှာ ငါးဆယ်လောက်၊ တချို့ရက်တွေမှာ တစ်ရာလောက် ပါဝင်ခဲ့ကြတယ်။ အဲဒီသတင်းကို အိန္ဒိယမှာ ဌာနခွဲရော၊ သတင်းထောက် တွေရော ရှိနေတဲ့ DVB က “ ဗုဒ္ဓဂါယာမှာ လူသုံးဆယ်ခန့် လူတစုက ထိုင်သပိတ် လုပ်နေတယ်” လို့ လုပ်ချသွားပါတယ်။ အဲဒီ့ သတင်းပိုဒ် ကလေးကို ဖတ်ပြီး ကျနော့်ခေါင်းထဲ ဖျတ်ကနဲ ဝင်လာတာကတော့ မဆလက ကျနော့်တို့ကို အပုပ်ချခဲ့တဲ့ စကားလုံးတခုပါ။ ရှစ်လေးလုံးမတိုင်ခင် ကျနော်တို့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲ၊ တရားပွဲတွေကို လုပ်ကြတယ်။ မဆလရေဒီယိုကနေ ကျနော်တို့ကို ကျောင်းသားဆိုးတစုက အလှူခံပုံးတွေ ဖောက်တယ်လို့ လိမ်ညာအပုပ်ချခဲ့တယ်။ အသုံးအနှုန်းက DVB နဲ့ မဆလ ရေဒီယိုနဲ့ ကွက်တိအံကျ တူနေတယ်။ လူတစုလို့ သုံးနှုန်းတယ်ဆိုတာ ချိုးနှိမ်လိုတဲ့ ကဲ့ရဲ့လိုတဲ့ သဘောဆောင်တယ်ဆိုတာ သတင်းသမား တွေ မသိလေရော့သလား။ စိတ်ထဲမှာ အတော်ထိခိုက်မိပြီး လုပ်ရဲလိုက်ကြတာ၊ လုပ်ရက်လိုက် ကြတာလို့ပဲ အောက်မေ့ပါတယ်။ ကျနော်တို့ ဘာပြဿနာမှ မလုပ်ခဲ့ပါ။ အဲဒီသတင်းဌာနရဲ့ မူဝါဒသဘောထား မဟုတ်ဘူးလို့ပဲ မှတ်ယူခဲ့ပါတယ်။ ကာယကံရှင် သတင်းသမားရဲ့ ဆန္ဒစွဲ အမှားလို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။

ကျနော့် တဦးချင်း အမြင် ပြောရရင် ဘက်လိုက်မှု ကင်းတဲ့ သတင်း မီဒီယာ ဌာနရယ်လို့ မရှိပါ။ ဒီနေ့ ကမ္ဘာ့ သတင်း လောကကြီးရဲ့ ဦးဆောင် ဌာနတွေဖြစ်တဲ့ BBC၊ CNN၊ AP၊ AFP စတဲ့ ဌာနကြီးတွေက ပြောနေတဲ့ ဘက်လိုက်မှု ကင်းရှင်း ရမယ် ဆိုတာဟာ စကားအရာ (Rhetoric) သာဖြစ်ပါတယ်။ ဘက်လိုက်တယ်၊ မလိုက်ဘူး၊ ဘယ်ဘက် လိုက်မယ် ဆိုတာဟာ ပြဿနာ အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ သူတို့ အကျိုးစီးပွား အတိမ်အနက် ပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။ ကွဲပြားတတ်ပါတယ်။ အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းဌာနကြီးတွေ ဘက်လိုက် ခဲ့ကြတယ်။ အမေရိကန်တွေ အီရတ်ကို သိမ်းပြီး စစ်တိုက်ရတဲ့ သူတို့အကြောင်းပြချက် ဖြစ်တဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးများ ရှိတယ်ဆိုတာ သက်သေ ရှာမရတဲ့ အခါ သတင်း ဌာနကြီးတွေ ဘက်လိုက်ခဲ့တာ “ဗူး” ပေါ်သလို ပေါ်သွားခဲ့တယ်။ တချို့ BBC ဝန်ထမ်းတွေ နှုတ်ထွက်သွားခဲ့ကြတယ်။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ဘက်လိုက် ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ဂျာဇီးဒါး (Aljazeera) သတင်းဌာန ပေါ်ပေါက်လာတာ၊ ကမ္ဘာ့သတင်းမီဒီယာလောကမှာ အလျင်အမြန် နေရာ ရလာတာဟာ အရှေ့အလယ်ပိုင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး အထက်က သတင်းဌာနကြီးတွေရဲ့ ဘက်လိုက်မှု အကျိုး ရလာဒ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ သတင်းသမား ဆိုတာလည်း ခံစားချက်နဲ့ မကင်းနိုင်ပါဘူး၊ ဆန္ဒစွဲနဲ့ မကင်းနိုင်ပါဘူး။ ဘက်လိုက်မှု ကင်းအောင် နေလို့မရနိုင်ပါ။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေနဲ့ မကင်းနိုင်သည့်အတူ ဘက်လိုက်ရင်တောင် အမှန်တရားဖက်က လိုက်ကြဖို့ အဖိနှိပ်ခံ လူများစုဘက်က လိုက်ကြဘို့ လိုပါတယ်။

ဒုတိယ ချေလည် ဆွေးနွေးချင်တဲ့ အင်တာဗျူးပါ ဒါဝ ဖြန့်ချီရေးနဲ့ ပတ်သက်တဲ့ အမြင်ဖြစ် ပါတယ်။ သတင်းသမားသမဂ္ဂ ဥက္ကဋ္ဌ ကိုယ်တိုင်က ဝါဒ ဖြန့်ချီရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဓိပ္ပါယ်လို့ ထင်မြင် ယူဆနေတာဟာ အတော် စိတ်မကောင်း စရာပါ။ Not for Nothing ဘာအတွက်မှ မဟုတ်ရင် ဘာမှ မဟုတ်ဘူးတဲ့။ ယဉ်ကျေးမှုခေတ် လူတွေမှာ ရည်ရွယ်ချက်မဲ့ စုဖွဲ့လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ကူးသန်း ရောင်းဝယ်ရေးတွေ၊ သတင်း မီဒီယာတွေ၊ စာနယ်ဇင်းတွေ လုပ်ကြတယ်။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လုပ်ကြတာပါ။ အခြေခံ မူဝါဒတွေလည်း ကိုယ်စီ ရှိတတ်ပါတယ်။ အဲဒီလို ဦးတည်ချက်တွေ ပေါက်မြောက်ဖို့ အတွက် အဲဒီအခြေခံမူတွေ အတွေးအမြင်ဝါဒတွေ လူအများ ကြားမှာ ပြန့်ပွားဖို့ လိုအပ်ပါတယ်။ ဒီလို ပြန့်ပွားဖို့အတွက် လူထု ဆက်သွယ်ရေး ယန္တရားတွေ ဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သတင်း၊ စာနယ်ဇင်းများကို အသုံးချ ဆောင်ရွက်ကြတယ်။ ဒါ လူမှုရေး လောကထဲက ဝါဒဖြန့်ချီရေး ဖြစ်ပါတယ်။ ခရစ်ယာန် တွေရဲ့ သတင်းကောင်း (Gospel) တို့ ဧဝံဂေလိ (Evangel) တို့ဆိုတာ ခရစ်တော်ရဲ့ လူလူချင်း မေတ္တာထားရေး တရားတွေ ပြန့်ပွားဖို့ ဝါဒဖြန့်ချီတာဖြစ်ပါတယ်။ ဗုဒ္ဓ ဘုရားရှင်ကလည်း သူ့ရဲ့ပထမဆုံးရဟန်းတွေကစလို့ သံဃာတော်တွေကို သစ္စာ လေးပါး တရား ပြန့်ပွားဖို့ တလမ်းကို တပါးစီသာ ကြွချီဟောကြားဖြန့်ချီဖို့ ညွန်ကြား ခဲ့ပါတယ်။ ဒါတွေဟာ ဘာသာရေးထဲက ဝါဒ ဖြန့်ချီရေးပဲဖြစ်ပါတယ်။

ဒါကြောင့် ဝါဒ ဖြန့်ချီရေး ဆိုတဲ့ ဝေါဟာရဟာ ဖက်ဆစ် အာဏာရှင်တွေ သုံးစွဲခဲ့လို့ ဆိုရှယ်လစ် ဆိုတဲ့ ဝေါဟာရလို လူထုအကြား ရေပန်း မစားတော့ ပေမယ့် အနှစ်သာရ အားဖြင့် ကောင်းတဲ့ သဘောဖြစ်ပါတယ်။ အလိမ်အညာ များနဲ့ မကောင်းတဲ့ ဒုစရိုက်ကိုသာ ပြန့်ပွားစေရင် အကုသိုလ် မကောင်းမှု ဖြစ်သလို ကောင်းတဲ့ သုစရိုက်တရား သမ္မာတရားတွေကို ဖြောင့်မတ်မှန်ကန် ဟောပြောပို့ချ ပြန့်ပွား စေမယ် ဆိုရင် ကုသိုလ် ဖြစ်တဲ့ ကောင်းတဲ့ ဝါဒ ဖြန့်ချီရေးပဲ ဖြစ်ပါတယ်။

နေ့စဉ် ရိုက်နှက် ခံနေရတဲ့ မောင်ဖြူ့ အကြောင်းကို ဒီနေ့ မောင်ဖြူ ရိုက်ခံရတယ်။ ဘယ်သူက ရိုက်တယ်၊ ဘယ်နှစ်ချက် ရိုက်တယ်၊ တုတ်က ကြီးတယ် သေးတယ် ဆိုတဲ့ အချက်အလက်လောက် ပေးရုံနဲ့ သတင်းသမားရဲ့ တာဝန်ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ ဒီလောက် ကတော့ ပွဲရုံ၊ တာလီစာရေး အဆင့်ပဲ ရှိပါတယ်။ အရိုက်ခံရတဲ့ အကြောင်းအရင်းတွေ အရိုက်ခံရတဲ့ ဘေးက လွတ်ကြောင်း နည်းနာတွေ၊ သင်္ခန်းစာ တွေပါ လူထုအကြား ပြန့်ပွား စေနိုင်မှ သတင်းသမားတာဝန် ပြည့်စုံပါတယ်။ ဒါကြောင့် သတင်း စာနယ်ဇင်း သမားတွေမှာ ဝါဒဖြန့်ချီရေး တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်း သတင်း သမားတွေ လူထု အကျိုးပြု စာပေသမား တွေကို ကိုယ့်ဦး စွန်းဖုတ်ကို မီးရှို့ပြီး လောကကို အလင်းရောင် ပေးနေတဲ့ ဖယောင်းတိုင်လို လူစားတွေလို့ ထောပနာပြုကြတယ်။ သတင်း စာနယ်ဇင်း သမားတွေ ရွေးချယ်ရမှာက ဘယ်သူတွေကို ကိုယ်စားပြုမလဲ၊ ဘယ်တရားကို ကိုယ်စားပြုမလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီနေ့ မျိုးချစ် စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကတော့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး အသိပညာတွေ ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။

တတိယ အချက် ဆွေးနွေးချင်တာက DVB ရဲ့ ဖောက်ပြန် မှားယွင်းမှုကို အားပေး ထောက်ခံ သွားခြင်း ဖြစ်ပါတယ်။ ကိုမောင်မောင်မြင့် က DVB ရဲ့ သတင်း ထုတ်လွှင့်မှုတွေ တိုးတက် လာတာဟာ NCGUB ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်စွာ ရပ်တည်လာလို့ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကောက်ချက်ဖြစ်သလို ဖောက်ပြန် မှားယွင်းမှုကို အားပေး အားမြှောက် ဖြစ်စေတဲ့ စကား ဖြစ်ပါတယ်။ DVB ရဲ့ ထုတ်လွှင့်မူတွေ အဆင့်အတန်း တိုးတက် လာတာဟာ ပြည်တွင်းနဲ့ နယ်ခြား သတင်းသမားတွေ (တကယ်တော့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေပါ) ရဲ့ ဘဝနဲ့ရင်းပြီး စွန့်စားဆောင်ရွက်မှုတွေနဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံ မြင့်မား လာတာကြောင့်ပဲ ဖြစ်ပါတယ်။ NCGUB ရဲ့ ဝါဒဖြန့်ချီရေး အသံလွှင့်ဌာန အဖြစ်ကနေ သစ္စာ ဖောက်ထွက်ပြီး သီးခြား လွတ်လပ်စွာ ဆောင်ရွက် လာလို့ မဟုတ်ပါဘူး။ လူထုက ဒီမိုကရက်တစ် အသံ ဆိုပြီး ယုံကြည် ထောက်ခံ အားပေး ပြီးသားဖြစ်ပါတယ်။ NCGUB ကလည်း ဘာလုပ်ရမယ်၊ ဘာတွေ လွှင့်လို့ နေ့စဉ်ညွှန်ကြား စွက်ဖက် နေတယ်လို့ မကြားမိပါဘူး။ လုပ်ငန်း ဆောင်ရွက် နေတဲ့ ပုံစံက ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့မိပါ။ သတင်းသမား သမဂ္ဂဥက္ကဋ္ဌတယောက်အနေနဲ့ ဒီလိုဖောက်ပြန်မှားယွင်းမှုကို အားပေး အားမြှောက်ဖြစ်စေတဲ့ စကားမျိုးကို မပြောသင့်ပါ။ သစ္စာမတည်တဲ့ အိမ်ထောင်ရှင် တယောက်ရဲ့ ဖောက်ပြားမှုကို စွန်တယ်၊ စွမ်းတယ်လို့ ချီးမွမ်းသလိုပါပဲ။

ကျနော် ငွေတပြား တချပ်မရဘဲ ဒီနေ့ခေတ် အခြေအနေ အရ လူမုန်းများ ရန်သူမွေးတဲ့ ဝေဖန်ရေး ဆောင်းပါးတွေ ရေးနေတာဟာ မျှော်လင့်ချက် နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုက ကျနော်တို့ တော်လှန်ရေးအတွင်း ပြုပြင် ပြောင်းလဲရေးနဲ့ တခုက နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာ ရရှိစေရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရုပ်သဘော အရ ခိုင်မာသလို ရှိပေမဲ့ စိတ်ဓာတ်ရေးရာ အရ (နိုင်ငံရေးအရ) မခိုင်မာဘူးလို့ မြင်ပါတယ်။ သူတို့မှာ ကြောက်စိတ်နဲ့ လက်နက်က လွဲလို့ ဘာမှ မရှိပါဘူး။ နိုင်ငံရေးသမား အမြောက်အများကို ဖမ်းဆီး ထားရတာက သာဓက ဆောင်ပါတယ်။ ဒီလိုမခိုင်တဲ့ စစ်အုပ်စုကို အနှစ် (၂၀) ကျော်အထိ ကျနော်တို့ အနိုင်မယူနိုင်တာဟာ ကျနော်တို့ရဲ့ ညံ့ဖျင်းချက်ကြောင့် ဖြစ်ပါတယ်။ စုစည်းမှု အားနည်းလို့ဖြစ်ပါတယ်။ စုစည်းမှု အားနည်းစေတာ ဟာလည်း ရော့ရဲတဲ့ ဦးဆောင်မှု ဘုံလုပ်ငန်းစဉ် ကင်းမဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်ရှိ ဦးဆောင်မှု ပုံစံနဲ့ လုပ်ဟန်တွေနဲ့တော့ အောင်ပွဲနဲ့ ကင်းဝေး နေဦးမှာပဲ ဖြစ်တယ်။ တော်လှန်ရေး အတွင်းက ဖောက်ပြန်မှားယွင်းမှုတွေကို အမြန်ဆုံး ရှင်းထုတ်ပြီး တိကျပြတ်သားတဲ့ ဘုံလမ်းစဉ်နဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို လိုအပ်နေပြီဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်ကော ကျနော်တို့ အတွက်ပါ အချိန် သိပ်မရှိ တော့ပါ။ စစ်အုပ်စုအောက်မှာ ကြာလေ တိုင်းပြည်အလုံးစုံ ပျက်သုဉ်း ရေးအန္တရာယ်နဲ့ နီးလေဖြစ်ပါတယ်။ စစ်အုပ်စုကတော့ သူ့ကိုယ်ကျိုး အာဏာက လွဲရင် တိုင်းပြည်နဲ့ လူမျိုး ဘာတွေဖြစ်နေနေ စိတ်မဝင်စားတော့ ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လဲ သဘာဝပေးတဲ့ အသက်အရွယ်က အတော် ရင့်ရော်လာကြပြီ။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေတောင် လေးဆယ်တမ်း ငါးဆယ်တမ်း ဆိုတော့ ဗမာပြည် သက်တမ်းနဲ့ တွက်ရင် အချိန် သိပ်မကျန်တော့ပါ။ ဒီတော့ ကျနော်တို့ သက်တမ်းအတွင်း တိုက်ပွဲ ပြီးဆုံးစေလိုရင် ကျနော်တို့ အမှားတွေ အမြန် ပြင်ပြီး အမြန်စုစည်းဖို့ လိုအပ်ပါတယ်။

မိတ်ဆွေတယောက်ကတော့ ကျနော့်မျှော်မှန်းချက် ပြည့်မြောက်ဖို့ ခဲယဉ်းတယ်။ အလကားနေ လူမုန်းမခံဖို့ စေတနာနဲ့ ပြောလာပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်တော့ ဒီမျှော်လင့်ချက် မဖြစ်ခဲ့ ရင်တောင် ကျနော့်ရဲ့ ဝေဖန်စာတွေဟာ နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာ အဖြစ် အသုံးဝင် နေလိမ့်မယ်လို့ မျှော်လင့်နေပါသေးတယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်က (ဆိုပါစို့) အကြိမ် တရာမြောက် စမ်းသပ်မှု မအောင်မမြင် ဖြစ်သွားပြီး သူ့ဆရာကို သတင်းပို့ပါတယ်။ သူ့ဆရာက အေးကောင်းတယ်။ တို့မဖြစ်နိုင်တဲ့ နည်းလမ်းတရာတွေ့ထားပြီဆိုတော့ ဒီနည်းလမ်း တရာကို ဖယ်လိုက်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ပိုနီးစပ်လာပြီ အားပေးပါတယ်။ ကျနော့်ဝေဖန်စာတွေက ကျနော်တို့အမှားတွေ၊ ကျနော်တို့ တွေ့ခဲ့ (လုပ်ခဲ့) တဲ့ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို နောင်မျိုးဆက်တွေ အတွက် ရှောင်ရန် သင်္ခန်းစာတွေ အဖြစ် အသုံးဝင်နေပါလိမ့်မယ်။ နောင်အောင်ပွဲ ခံမယ့် မျိုးဆက်သစ်တွေအတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီထူထောင်မယ်ဆိုရင် ထူထောင်မယ့်သူတွေက အရင် ဒီမိုကရက် ဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်အယူဆတွေ သဟဇာတပြုပြီး အတူတကွ ရပ်တည်လှုပ်ရှားတဲ့ စနစ်ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန် စစ်ကြောခြင်းဆိုတာ မတူကွဲပြားမှုတွေ ကြားက အဓိကပေါင်းကူးဆက်သွယ်ရေးဖြစ်ပါတယ်။ ချိန်ခွင်လျှာလည်း ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်မှုတွေကို ရင့်ကျက်မှု၊ သည်းခံမှု၊ စနစ်တကျတုံ့ပြန်မှုတွေနဲ့ လက်ခံကျင့်သုံးဖို့ လိုပါတယ်။ မှားယွင်းတဲ့ ဝေဖန်မှု သို့မဟုတ် ကွဲလွဲတဲ့ အမြင်အယူအဆတွေကို စာပါ အချက်အလက်တွေအလိုက် အကျိုးသင့်အကြောင်းသင့် မချေလှယ်ပဲ လူကိုမကျေ ချေကို ချေမယ် ဆိုတာမျိုးနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျက်စီးသွားတတ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကိစ္စရပ်တွေမှာ တာဝန်ယူနေသူများ၊ ပါဝင်ပတ်သက်နေသူများဟာ ဝေဖန်ရေးနဲ့ မကင်းနိုင်ပါဘူး။ ဝေဖန်ရေး ဆိုတာကလည်း အများနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ အများအကျိုးကို မျှော်ပြီး ဝေဖန်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အမည်တပ် ဖော်ထုတ် ဝေဖန်ရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်အားသာချက် သို့မဟုတ် လုပ်ပိုင်ခွင့် အသုံးချပြီး စာကိုမချေ လူကို ချေမယ် ဆိုရင်တော့ အများအကျိုးလည်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာ လုပ်ပိုင်ခွင့် အာဏာဆိုတာ အများအကျိုး အတွက် ဆောင်ရွက်ဖို့ တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပ်နှင်း ထားတာဖြစ်ပါတယ်။ ဒါကို အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက
“ကျနော်ဟာ အိန္ဒိယရဲ့ ပထမဆုံး အစေခံ နံပါတ် (၁) ဖြစ်ပါတယ်။” လို့ သူ့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ ဖွင့်ဟ ဝန်ခံ ထားပါတယ်။ ကျနော်တို့ အသွေးအသား တွေထဲမှာ စွဲဝင်နေတဲ့ “ကိုယ်နဲ့ မဆိုင်ရင် အသာငြိမ်နေ ဆိုင်လို့ မနိုင်ရင် သီးခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်”
ဆိုတဲ့ မဆလ အမူအကျင့်တွေကို မချေချွတ် နိုင်သေး သရွေ့တော့ ကိုယ့်တာဝန် ကိုယ်မကျေနိုင်ဘဲ ဒီမိုကရေစီ အောင်ပွဲဆိုတာလည်း အလှမ်းဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ရခဲ့ရင်လည်း ဗိုလ်ချုပ် အောင်ဆန်း ပြောသလို **** ဒီမိုကရေစီပဲ ဖြစ်နေဦးမှာပါ။

ဒါကြောင့် တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့ကြားမှာ မှန်ကန်တဲ့ အပြန်အလှန် ဝေဖန်ရေး ရှိဖို့ လိုပါတယ်။ ဘုရားရှင် ကိုယ်တိုင်က ကိုယ့်အမှားကို ထောက်ပြတဲ့ သူကို မြေတွင်းထဲက ရွှေအိုးကြီး တွေကို ဖော်ပေးတဲ့ သူလို ကျေးဇူးတင် လိုက်စမ်းပါလို့ ဟောကြားပြီး ဝေဖန်ရေးကို အားပေးခဲ့ပါတယ်။ ဆရာ အစဉ်ဆက် တို့ကလည်း ဝေဖန်ရေး ဆိုတာ အကောင်းဆုံး လမ်းပြလို့ ဆိုမိန့် ခဲ့ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းကို တည်ဆောက်ပြီး အောင်ပွဲ ရယူဖို့ အတွက် အပြန်အလှန် ဝေဖန် စစ်ကြောမှုကို ကျနော်တို့ လက်ခံနိုင်ဖို့ ကြိုးစား ရပါလိမ့်မယ်။ မပြည့်စုံတဲ့ လူတယောက်သာ ဖြစ်တဲ့ ကျနော့်ရဲ့ ဝေဖန်မှုတွေမှာလည်း အလွန်အကျွံတွေ အလွဲအမှားတွေနဲ့ ကင်းစင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန် ခံရသူများ ကကော စာဖတ်သူများကပါ ဘယ်ဟာ၊ ဘယ်လို မှားတယ်၊ ဘယ်ဟာ ဘာ့ကြောင့် လက်မခံ နိုင်ဘူးလို့ စာကိုချေလည် ဝေဖန် တည့်မတ် ပေးကြဖို့ လိုပါတယ်။ ဒါဆို ကျနော်တို့ အဖြေမှန်ကို ရရှိပြီး စာရေးခြင်း၊ ဖတ်ခြင်း၊ ပြန်လှန် ဝေဖန်ခြင်းများကနေ တော်လှန်ရေး အတွက် တစုံတရာ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒါကြောင့် ဝေဖန်ရေးမှာ စာကိုပဲချေ လူကိုကျေဖို့ လိုအပ်ပါတယ် ဆိုတဲ့ အကြောင်း သြဓိဿမေတ္တာ အနောဓိဿ မေတ္တာများနဲ့ စေတနာ စကား လက်ဆောင် ပါးလိုက်ပါတယ်။

ရဲဘော်ကျော်သန်း
Kyaw_t...@yahoo.com
1.9.2010

This posting includes an audio/video/photo media file: Download Now

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

Posted: 02 Sep 2010 08:49 AM PDT

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ၏ လူထုပညာပေးရေး လှုပ်ရှားမှု အစီအစဉ်တခုအဖြစ်

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)အမည်ဖြင့် ဘလော့ဂ်တခုကို ယနေ့ (၂-၉-၂ဝ၁ဝ) မှစ၍ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ မှတ်သားဖွယ် အချက်အလက် ဗဟုသုတမျိုးစုံကို ပြည်တွင်းပြည်ပသို့ အင်တာနက်မှတဆင့် ဖြန့်ချိပေးနေပြီ ဖြစ်ကြောင်း သိရပါသည်။

အောက်ပါ လင့်ခ်အတိုင်း သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://2010ebc.wordpress.com/

ဘလော့ဂ်၏ နည်းပညာရပ်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများ၊ ဗဟုသုတ ပြည့်စုံသူများအနေဖြင့်


1. ဘလော့ဂ်၏ လိုအပ်ချက်များကို အကြံပေးခြင်း၊

2. ကိုယ်တိုင်ရေး ဆောင်းပါးများ ပေးပို့ခြင်းနှင့်

3. သိမှတ်ဖွယ် ဗဟုသု အချက်အလက်များ ပေးပို့ခြင်း


တို့ကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကြိုဆိုလျက်ရှိကြောင်းသိရပါသည်။

Human Rights Myanmar

unread,
Sep 4, 2010, 8:23:44 AM9/4/10
to freem...@googlegroups.com

အထက် ဗမာပြည် သောသုဇနဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ်

Posted: 03 Sep 2010 08:12 PM PDT

RFA | ပခုက္ကူ သံဃာ အရေးအခင်း ၃ နှစ်ပြည့်ချိန်က စပြီး၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အနိုင်ရဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို အကြမ်းမဖက် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အထက်ဗမာပြည် သောသုဇန ဘိက္ခူ သံဃာ့ အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။

၂၀ဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော သံဃာနှင့် လူထု လှုပ်ရှားမှုတွင် သပိတ်ကို မှောက်၍ ကိုင်ဆောင် စီတန်းလှည့်လည်ကြသော သံဃာများ ဖြစ်ပါသည်။ (Photo: AFP)
လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့ဟာ ရွှေဝါရောင် တော်လှန်ရေးကြီးကို စတင် ဖြစ်ပေါ်စေခဲ့တဲ့ ပခုက္ကူ သံဃာတော် အရေးအခင်း ၃ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ကြောင်း အစချီထားတဲ့ ကြေညာချက်ကို ဦးဆောင် သံဃာတပါးဖြစ်တဲ့ ဦးသောဘိတက အခုလို အမိန့်ရှိပါတယ်။

“၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်၊ ၆ ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီ ဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်း ကြံ့ဖွံ့ လူမိုက်များ၏ ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ဖန်တီးလျက်ရှိသည်။”

ဒါ့ကြောင့် သံဃာတော်တွေကို စော်ကားထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်အာဏာရှင်တွေကို လာမဲ့ ရွေးကောက်ပွဲ မတိုင်မီ အကြမ်း မဖက် နည်းလမ်း ပေါင်းစုံနဲ့ စတင် ဆန့်ကျင် သွားကြဖို့ တိုက်တွန်း ထားပါတယ်။

“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့် ပတ်လည် ၅ ရက် ၆ ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင် ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်း နှိုးဆော်အပ်သည်။ သောသုဇနသမဂ္ဂ၊ ပခုက္ကူ။” အထက်ဗမာပြည် သံဃာတော်တွေအနေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေတာကို ဒီကနေ့ စလို့လုပ်ဆောင်မှာ ဖြစ်ြပီး၊ ရရာနည်းလမ်းနဲ့ ဆန္ဒပြ ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

source by : RFA

နံနက်ခင်း သတင်း ဂျာနယ်မှ အမှားများ

Posted: 03 Sep 2010 07:50 PM PDT

နံနက်ခင်း သတင်း ဂျာနယ်မှ ကိုကိုလီး တစ်ကျော့ပြန်လာဦးမည်။ ဆိုတဲ့ သတင်းက တော်တော် ထူးဆန်းတယ် ...
ကိုကိုလီး တဲ့လား.. ဘာတွေလဲဗျ... ဘယ်စိစစ်ရေးကမှ မစစ်ဘူးလား? အဲဒါ တရုတ်မ အဆိုတော်ပါ။ ပုံမှာ သေချာ ကြည့်ပါ

အနုပညာသည် ၄ ဦးအား လုပ်အားပေး သင်တန်းပေး ခြင်းများ ပိတ်ပင်ခြင်းသာဖြစ်

Posted: 03 Sep 2010 12:29 PM PDT

‎မနေ့က RFA သတင်းဌာနမှ "အနုပညာသည်လေးဦးအား ရုပ်ရှင်ရိုက်ကူးခွင့်များ ပိတ်ပင်လိုက်သည်" ဟုကိုကျော်သူမှ ပြောကြားသည် ဆိုသည်မှာ မှားယွင်းနေကြောင်း ဦးကျော်သူ၏ face book တွင် ရှင်းပြထားပါသည်။
အမှန်တကယ်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အခမဲ့ သရုပ်ဆောင်သင်တန်း အား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများ ကိုပိတ်ပင်ခြင်းသာဖြစ်ကြောင်း သိရပါသည်။ အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးမှာ မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ တို့ ဖြစ်သည်။
အဆိုပါ အခမဲ့ သရုပ်ဆောင်သင်တန်း အား ၂၀၁၀ ခုနှစ်၊ မတ်စ်လဆန်းပိုင်းတွင် စတင် ဖွင့်လစ်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်သူ၏ အနုပညာအသိုင်းအ၀န်းထဲမှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသော ၀ါရင့်သရုပ် ဆောင်များဖြစ်ကြသော မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ (အသင်းသူ) တို့၏ အကူ အညီနှင့် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တရားဝင် စာထုတ်ပြီး တားမြစ် ပိတ်ပင်ခြင်း မဟုတ်ပဲ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းများ ပြုလုပ်နေတာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်ကြောင်း ဦးကျော်သူမှ ပြောပြသွားပါသည်။

လူမှုရေးလုပ်ရာ၌
- မိမိကိုယ်ကို နှိမ့်ချဆက်ဆံရေး၊
- ကာယံကံရှင်ကို ညင်သာရိုသေနွေးထွေးစွာဆက်ဆံရေး၊
- တစ်ဖက်လူ၏ဆက်ဆံရေးသည် မချေမငံဆက်ဆံလာပါက ဒေါသ ရှေ့မထားရေး၊
- မိမိတို့အသင်း၏ လုပ်ဆောင်ပေးမှု အတိုင်းအတာကို ကာယကံရှင် တို့ သဘောပေါက်နားလည်မှု ရှိသည်အထိ ပြောဆိုဆက်ဆံရေး၊
- ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို မြေ၀ယ်မကျလက်ကိုင်ကျင့်သုံးရေး၊

စသည့်အချက်များအပြင် ကိုယ်နုတ်အမူအရာ အလွန်အရေးကြီးကြောင်း မျိုးဆက်သစ်လူငယ်တို့ သဘော ပေါက်လာပြီဖြစ်၍ ရှေ့ဆက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး၊ မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း မင်္ဂလာစကားလက် ဆင့်ကမ်းလိုက်ရပါကြောင်း face book တွင့် ဖော်ပြထားပါသည်။


Human Rights Myanmar

unread,
Sep 6, 2010, 8:26:29 AM9/6/10
to freem...@googlegroups.com

အပြစ်မဲ့ ကျောင်းသား လူငယ် နှစ်ယောက် သေဆုံး ရပြန်ပြီတဲ့

Posted: 05 Sep 2010 08:27 PM PDT

မောင်ကျောင်းသား


ကြားလိုက်ရ ပြန်ပြီ..၊ ပစ်သတ် လိုက်ကြ ပြန်ပြီတဲ့ ၊ ပဲခူးမှာ စစ်တပ်က ပစ်သတ်လို့ အပြစ်မဲ့ ကျောင်းသား လူငယ် နှစ်ယောက် သေဆုံး ရပြန်ပြီတဲ့ ၊ အကြောင်း အရာအပြည့်အစုံ မဖတ်ရခင် သတင်း ခေါင်းစဉ် မှာတင် တောက်ခေါက် ၊ အသား တဆတ်ဆတ် တုန်နေအောင် ဒေါသထွက် ခံစား လိုက်ရပါတယ် ၊ နိုင်နေတယ် ဆိုပြီး ထင်တိုင်း ကြဲနေ လိုက်တာကွာ ၊ စစ်အာဏာရှင် တွေရဲ့ အောက်မှာ ငါတို့ ပြည်သူတွေ ကျောင်းသားတွေရဲ့ အသက်ဟာ တိရိစ္ဆာန်တွေ လောက်မှ တန်ဘိုး မရှိတော့ ဘူးလား ၊ ဥပဒေမဲ့ သတ်ချင်တိုင်း သတ်နေတာကို ငါတို့ ကျောင်းသား လူငယ်တွေ ဒီလိုပဲ ငြိမ်ခံ နေကြတော့မှာလား ။

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ ည၁၂ နာရီ လောက်မှာ၊ ပဲခူး မြို့လယ်ခေါင် ဇိုင်းဂနိုင်း တောင်ပိုင်းမှာ ရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေ ဆိုင်ကနေ မူးပြီး ထွက်လာတဲ့ ခလရ-၅၉ (ပဲခူး ဘူတာ လုံခြုံရေး ယူထားတဲ့ နယ်မြေခံတပ်)က အရာရှိ နှစ်ယောက် ငှားစီးတဲ့ ဆိုင်ကယ်နဲ့ ကျောင်းသား လူငယ် ငါးယောက် စီးလာတဲ့ သုံးဘီး ဆိုင်ကယ်(ပဲခူး အခေါ် တုတ်တုတ်) ချိတ်မိ စကားများရန် ဖြစ်ကြ ရာက စစ်ဗိုလ် နှစ်ယောက်က ပါလာတဲ့ စကားပြောစက်နဲ့ သိပ်မဝေးတဲ့ တပ်အထိုင် ရှိရာ ပဲခူးဘူတာက စစ်သားတွေကို လှမ်းခေါ် လိုက်ပြီး ချက်ခြင်းလို ရောက်လာချိန်မှာ ပစ်မိန့်ပေးခဲ့လို့ စစ်သားတွေက အချက်ပေါင်း များစွာ ပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသား လူငယ် နှစ်ယောက် ဖြစ်တဲ့ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ် ။

ပဲခူးမြို့ ဇိုင်းဂနိုင်း(တောင်) ရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ်၂၀၀နေ အဘ ဦးမြတ်သူရဲ့သား မောင်အောင်သူဟိန်းက ၆ချက် ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ်ကွက်၊ မြလမ်း၊ အိမ်အမှတ် ၁၇၇ နေ အဘ ဦးဟုတ်ကြည်ရဲ့သား မောင်စိုးပိုင်ဇော်က ၄ချက် ထိမှန် ခဲ့ပါတယ်၊ မြလမ်းထိပ်မှာပဲ ပစ်ခတ်မှု ဖြစ်တာ ဖြစ်ပြီး သွေးသံ တရဲရဲ လမ်းမပေါ် လဲကျ သွားကြချိန်မှာ စစ်သား တယောက်က “ စစ်တပ် ကို စမ်းချင်တဲ့ကောင် စမ်း သေချင်းဆိုးနဲ့ သေသွားမယ်” လို့ ကြိမ်းမောင်း အော်ဟစ်ပါတယ် ၊ ရဲတွေ ရောက်လာချိန်မှာ စစ်တပ် က ရှောင်ထွက် သွားပြီး ဘယ်သူမှ ထွက်ကြည့်လို့ မရအောင် ရဲတွေက ပိတ်ဆို့ ပေးထားပါတယ် ၊ အလောင်းကို ဆေးရုံ သယ်တာ တောင် ကောင်းကောင်း မွန်မွန် ဆေးရုံကားနဲ့ မသယ်ပဲ ဆိုက္ကားနဲ့ ဖြစ်သလို သယ်ခဲ့ပါတယ် ။

၅.၉.၂၀၁၀ နေ့မှာ ချက်ချင်း အသုဘ စီစဉ်ဘို့ အာဏာပိုင်တွေက ဖိအား ပေးခဲ့ပါတယ် ၊ မိဘတွေ အဝေး ရောက်နေလို့ ပြန်လာချိန် ရအောင် စောင့်ခွင့် ပေးပါ ၊ အိမ် ပြန်သယ်ခွင့် ပေးပါလို့ သက်ဆိုင်ရာ မိသားစုဝင်တွေက အာဏာပိုင် အဆင့်ဆင့်ဆီ ခွင့်တောင်း ခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကိုဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေ ရဲ့ထုံးစံအတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါ ဘူး၊ ပဲခူး တမြို့လုံး အုတ်အော် သောင်းနင်း ဖြစ်ပြီး ထောင်ဂဏန်း ရှိမဲ့ လူထုက ပဲခူး ဆေးရုံ ရင်ခွဲရုံ ကို သတင်း စုံစမ်း သွားရောက် လေ့လာ ကြပေမဲ့ ရဲလုံခြုံရေး အများအပြားနဲ့ အရပ်ဝတ် ထောက်လှမ်းရေး တွေက တားဆီး ပိတ်ပင် ခဲ့ပါတယ်တဲ့ ။

သတင်း အပြည့်အစုံ ဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ ထပ်တူ ကြေကွဲ စိတ်မကောင်း ဖြစ်စိတ်၊ နာကျည်း ခံပြင်း စိတ်တွေကြောင့် ဒင်းတို့ကိုနိုင် အောင်ပြန် မတိုက်နိုင်သေးတဲ့ အခြေအနေကိုပဲ တနုံ့နုံ့တွေး အားမလို အားမရ ဖြစ်နေမိပါတယ်၊ စစ်အာဏာရှင် တွေရဲ့ ဒီ့ထက်ဆိုးတဲ့ လုပ်ရပ်တွေနဲ့ ဖြစ်စဉ်တွေကို အခါခါ မြင်ဘူး ကိုယ်တိုင်လဲ ခံစားဘူး ပါရဲ့ ၊ ဟောဒီ နှလုံးသားက ထုံကျင် အသားကျ မနေဘူး ၊ ကြားလိုက် ရတိုင်း နာတယ် ၊ မြင်လိုက် ရတိုင်း နာတယ် ၊ တွေးမိ တိုင်းလဲ နာတယ်ဗျာ ။

ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းဇိမ် တည်တံ့ခိုင်မြဲရေးဆိုတဲ့ သတင်း စာတွေ တီဗွီ ဖန်သားပြင်တွေ ပေါ်က ဟန်ဆောင် ပန်ဆောင် ပြောပြောနေတဲ့ စကားတွေ ဘယ်မှာလဲ ၊ ဒါလား တရား ဥပဒေ စိုးမိုး တာ ၊ ဒါလား ပြည်သူတွေကို ကာကွယ် စောင့်ရှောက်တာ ၊ ဆင်းရဲ မွဲတေမှု တွေကြောင့် မလူးသာ မလွန့်သာတဲ့ ပြည်သူတွေကို ပိပြား နေအောင် နင်းဖိထားပြီး အများ ပြည်သူ မမြင်ကွယ်ရာ ကျေးလက် တောရွာတွေမှာ ထင်သလို လုယက် ၊ မုဒိန်းကျင့် လူသတ် လုပ်နေတဲ့ ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိ ပြောင်ပြောင် တင်းတင်း အတင့်ရဲ ကျူးလွန်လာတာ တုန့်ပြန်မှု မရှိ ငြိမ်ခံနေကြ ရင်တော့ ရုပ်ရှင်တွေ ဗွီံဒီယိုတွေ ထဲတွေ့ဘူးတဲ့ ဖက်စစ် ခေတ်ဂျပန်တွေထက် ဆိုးလာ တော့မယ် ။

“စစ်တပ်ဆိုတာ လက်နက် အားကိုး တန်ခိုးပြဘို့ မဟုတ်ဘူး ၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်ဘို့ မဟုတ်ဘူး ၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲ ဖြစ်ရမယ် ၊ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှ မဖြစ်ရဘူး ” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းသာ သက်ရှိ ထင်ရှား ရှိလို့ စစ်တပ်ရဲ့ ဒီလို ရက်စက် ယုတ်မာမှုတွေကို သာသိရင် ဆရာတင် ခေါ်လာခဲ့တဲ့ ဂျပန်ကို ပြန်ချ သလို သူတည်ထောင် ခဲ့တဲ့ စစ်တပ်ကို “ရရာ လက်နက်နဲ့ ပြန်ချကြတော့”လို့ ပြည်သူကို နှိုးဆော်ပြီး သူ ကိုယ်တိုင် တော်လှန်စစ်ကို ဦးဆောင် ဆင်နွှဲမယ် ထင်ပါရဲ့ ။

“ညီအကိုတို့ ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး ၊ မတွေဝေနဲ့ ” တဲ့ ၊ ဒီလောက် ထပ်ထပ်သတ်ပြီး သွေးဟောင်း တို့စွန်း ခဲ့တဲ့ မြေပေါ် သွေးသစ်တွေ အကြိမ်ကြိမ် စီးနေတာ အပြစ်မဲ့ ကျောင်းသား လူငယ်တွေ ခုလို ရက်ရက်စက်စက် အသတ်ခံရ မှုမျိုးကို မကြုံဘူး မခံစားဘူးလို့ ကိုယ်ချင်း မစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူ စဉ်းစားကြဘို့လိုပါပြီ ။

၁၉၈၈ ကျွန်တော်တို့ ခေတ်ကတော့ လက်သဲဆိတ် ခံရချိန်မှာ လက်ထိပ် သာမက ရင်ထဲ အသဲထဲ သွေးသားထဲကပါ နာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာ ရရှိသည် အထိ တိုက်ပွဲ ၀င်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန် စက်မှု တက္ကသိုလ် ၀န်းထဲမှာ ခုလို ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ ရမှုကနေ ကျောင်းသားသပိတ် ၊ နောက်ဆုံး လူထု အုံကြွမှုကြီး ဆက်ဖြစ်ပြီး စိန်လွင်လို စစ်ခေါင်းဆောင် အစိုးရတွေနဲ့ နေ၀င်းရဲ့ တပါတီ အာဏာရှင် စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော်တို့ တာဝန် မကျေခဲ့ပါဘူး ၊ ကျွန်တော်တို့ မြင်ခဲ့မှီခဲ့တဲ့ ကိုဖုန်းမော် ကိုစိုးနိုင်က စလို့ ၁၉၈၈ မတ်လမှာ အသတ်ခံ ခဲ့ရတဲ့ ကျောင်းသားတွေ ၊ ၁၉၈၈ ဇွန်လမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ ၊ ပြည်သူတွေ ၊ ဒီပဲရင်းမှာ မတရား ရိုက်သတ်ခံရတဲ့ ကျောင်းသား လူငယ်တွေ ၊ ၂၀၀၇ စက်တင်ဘာမှာ ပစ်သတ် ခံရတဲ့ သံဃာတော်တွေ ၊ ကျောင်းသားလူငယ်တွေ ၊ တောထဲ တောင်ထဲမှာ ကျဆုံး သေဆုံး ခဲ့တဲ့ ကျောင်းသား တွေ ၊ အကျဉ်းထောင် တွေထဲမှာ သေဆုံးခဲ့ရသူတွေ အတွက် ကျွန်တော်တို့တာဝန်မကျေသေးပါဘူး ၊ သူတို့ သေဆုံး ခဲ့ရမှုတွေ အတွက် တရား မျှတမှုကို မဖြစ်စေသေး သမျှ ကျွန်တော်တို့ တာဝန်ကြေပြီ မခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်နေရဦးမှာပါ ။
စစ်အာဏာရှင် သက်တာ ရှည်ခဲ့ပြီ ၊ အနိဌာရုံတွေ များပြီ ၊ လူပုံ အလယ် ရက်ရက် စက်စက် ပစ်သတ်တာ မျိုးကြောင့် မဟုတ်ပဲလဲ စစ်အာဏာရှင် တွေကြောင့် နေ့စဉ် လူတွေ သေနေကြပါတယ် ၊ ဆင်းရဲ မွဲတေမှုကြောင့် အဟာရချို့တဲ့ ၊ နောက်ဆက်တွဲ ရောဂါ ဘယ ထူပြော ၊ ဆေးကုသ စရိတ် မတတ်နိုင်တော့ ရောဂါက နိုင်သွားပြီး တဖြည်းဖြည်း သေ ၊ အဲလို ပြည်သူ တွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေး မီးမဖွားနိုင်လို့ သေတယ် ၊ မြွေဆိပ် မိလို့ သေတယ် ၊ ဆေးရုံကို အချိန်မှီ မရောက်လို့ သေတယ် ၊ ဆေးရုံမှာ ဆေးမရှိလို့ သေတယ် ၊ ဆေးရုံ ဆေးခန်းကို မရှိလို့ သေတယ် ၊ ဆရာဝန် မရှိလို့ သေတယ် ၊ ၀ဋ်ကြွေး မဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေ ဘာဖြစ် နေနေ ငတေမာပြီးရော ကိုယ်ကျိုး ရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေ သတ်တာ ။
နာတယ်..၊ လက်ထိပ်ကတင် မဟုတ်ဘူး ၊ ရင်ထဲ အသဲထဲ သွေးသား ထဲကပါ နာတယ် ၊ ခုလို ရက်ရက် စက်စက် ပစ်သတ် ခံရတာမျိုး ပိုနာတယ် ၊ မကြေ.. ဘယ်တော့မှ မကြေ.. တစ်သက် ကမ္ဘာ မကြေ..။

စစ်အာဏာရှင် စနစ်ကျဆုံးသည်ထိ
မောင်ကျောင်းသား

“စစ်အာဏာရှင် ပျက်ပြိုကာ အတည် ပြည်သူ့ ခေတ်မှာ တို့တတွေ ကျောင်းတက်မည်”

Posted: 05 Sep 2010 07:35 PM PDT

မောင်ကျောင်းသား

( ငါတို့၏ ဦးခေါင်းများသည် သွေးချင်းချင်း နီသည် သို့သော် ညွှတ်ကား မညွှတ်နိုင်ပြီ ) ၂ ဒီမိုကရေစီ ပညာရေး သွေးနဲ့ အရင်းတည် ဒီမိုကရေစီ တော်လှန်ရေး ပေါင်းကူး ပေးမည် ၊ စစ်အာဏာရှင် ပျက်ပြိုကာ အတည် ပြည်သူ့ ခေတ်မှာ တို့တတွေ ကျောင်းတက်မည် ၊ မီး လောင်ပြင် တစ်ပြင်မှာ အတည် ထွန်းသစ်တဲ့ တက္ကသိုလ် တို့ဆောက်မည်၊ ညီညာ တိုက် ပွဲသို့ချီ ပြည်သာ လက်တွဲ ဆောက်တည် (နီလဲပဲနီသည် ချွန်လဲပဲ ချွန်သည် ကျောင်းသား သမိုင်းသစ် တည်)၂ ၊ ဒီမိုကရေစီ ပညာရေး သွေးနဲ့ အရင်းတည် ၊ ဒီမိုကရေစီ အောင်ပွဲ မုချရမည်….။

ကျွန်တော် ထောင်ထဲ ရောက်ခဲ့ရတဲ့ အချိန် အတူနေခဲ့ရတဲ့ နောင်တော် ကျောင်းသားကြီးတွေ ဆိုပြခဲ့တဲ့ သီချင်းတပုဒ်ရဲ့ စာသား အပိုင်းစတချို့ပါ ၊ စာသင်ခန်းထဲမှာပဲ ရှိနေရဦးမဲ့ အခြေခံပညာ ကျောင်းသား ဘ၀ကနေ ပြည်သူတွေ ဆင်းရဲမွဲတေ နေမှုတွေ အတွက် စစ်အာဏာရှင် တိုက်ဖျက်ရေး ခရီးလမ်းပေါ် လျှောက်လှမ်းရင်း ထောင်ဆိုတဲ့ ဖိနှိပ်ချယ်ချယ်ရေး ယန္တယားရဲ့ အမြင့်ဆုံး နေရာကို ရောက်ခဲ့ ရချိန်မှာ အဲဒီလို သီချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ် မာန်တင်း စေနိုင်ခဲ့ပါတယ် ။

ဒီသီချင်းလေးရဲ့ အဓိပ္ပါယ်နဲ့ လေးနက်မှုမျိုးကို ကျွန်တော်တို့ ၁၉၈၉ နှစ်ဆန်းပိုင်း လောက်ထဲက စဉ်းစား ဆုံးဖြတ်ခဲ့ ပြီးပါပြီ ၊ “ ကျောင်းတွေ ပြန်ဖွင့်ပြီ ” လို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက သွေးစွန်းနေတဲ့ လက်တွေ ကမ်းထားပြီး ကြိုဆို သယောင်လုပ် ပြနေချိန်မှာ ကျွန်တော်တို့ တိုက်ပွဲဝင် အခြေခံပညာ ကျောင်းသားတွေ ကြားမှာကို ကျောင်းပြန်တက်ရေး မတက်ရေး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ ။

ဒီမိုကရေစီ ရရှိရေး - ဒို့အရေး ၊ စစ်အာဏာရှင် စနစ် ကျဆုံးရေး - ဒို့အရေး ကြွေးကြော် တိုက်ပွဲ ၀င်ရင်း စစ်အာဏာရှင်လက် ပါးစေတွေရဲ့ ရက်ရက် စက်စက် ပစ်ခတ်မှုကြောင့် ဦးနှောက် ဖတ်တွေ ဟိုတစ သည်တစ ပြန့်ကြဲနေအောင် ဦးခေါင်းပွင့်ထွက် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကရော အေးအေးချမ်းချမ်း စာမသင်ချင်ပဲ နေပါ့မလား၊ စစ်အာဏာရှင်တွေ ရဲ့ အနိုင်အထက်ပြုမှုကို ရရာ လက်နက် ဆွဲကိုင် ပြန်ခံချမယ်လို့ ကျောင်းသား တပ်မတော်ဖွဲ့ စည်းပြီး တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ မိသားစု တွေနဲ့လဲ တကွဲ တပြားဖြစ်၊ ဒုက္ခမျိုးစုံ ခံနေကြတဲ့ ဆရာဝန်လောင်း ဆေးတက္ကသိုလ် ကျောင်းသားတွေ ၊ အင်ဂျင်နီယာလောင်း စက်မှု တက္ကလိုလ် ကျောင်းသားတွေ ၊ တခြားတခြားသော ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့ ကျောင်းသားတွေ ၊ အားလုံး အားလုံး ကရော စာသင်ခန်းနဲ့ မိဘ အရိပ်အာဝါသ အောက်မှာ နွေးနွေး ထွေးထွေး မနေချင်ပဲနေမလား ၊ စစ်ထောက်လှမ်းရေး တွေရဲ့ စစ်ကြောရေး စခန်းတွေမှာ ညှင်းပန်း နှိပ်စက်မှု မျိုးစုံခံပြီး ၊ ကြမ်းခင်းဈေး အနည်းဆုံး သုံးနှစ် အမိန့်ချတဲ့ စစ်ခုံရုံးတွေကို ရဲရဲရင့်ရင့် ရင် ဆိုင်ပြီး ၊ အကျဉ်းထောင် တွေထဲကို ရောက်နေကြတဲ့ ကျောင်းသားတွေ ကရော ကျောင်းမတက်ချင်ပဲ နေပါ့မလား ၊ ကျွန်တော် တို့တွေက သူတို့ သူတို့ တွေကို မငဲ့ပဲ စစ်အာဏာရှင် တွေရဲ့ လောင်းရိပ် အောက်က ကျောင်းခန်းထဲ ဘယ်လို ခံစားမှုတွေနဲ့ ပြန် ၀င်ထိုင်ကြမလဲ ။

ကျွန်တော်တို့ အခြေခံပညာ ကျောင်းသားလေး တွေတောင် ရဲရင့် ခဲ့ကြတယ် ၊ နိုင်ငံရေး မတည်ငြိမ်ပဲ ၊ ပြည်တွင်း ငြိမ်းချမ်းမှု မတည်ဆောက်နိုင်ပဲ အေးအေးချမ်းချမ်း ပညာသင်နိုင်မှာ မဟုတ်သလို ကျောင်းသား အခွင့်အရေး ဆိုတာလဲ ဆုံးရှုံး နေဦးမှာပဲ၊ စစ်အာဏာရှင်တွေရဲ့ စေတနာ မပါတဲ့ ဟန်ပြ ပညာရေးမှာ ကျောင်းတက်ပြီး ဘွဲ့တွေ ရလဲ ဘာမှလဲ ဖြစ်လာမှာ မဟုတ်တဲ့ အတူ ပြည်သူတွေ အတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်မယ်၊ သွေးညှီ နံ့တွေ လွှမ်းနေမဲ့ စစ်ဝါဒီတွေ ဖွင့်တဲ့ ကျောင်းခန်းထဲ ငါတို့ ပြန်မထိုင် တော့ဘူးလို့ အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ(အကသ)မှာ ပါတဲ့သူတွေ အများစု ဆုံးဖြတ် ခဲ့ကြပါတယ် ။

“၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင် ဂုဏ်ရောင်ဝင်းလက်ခဲ့တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ဟာ ၊ ဖေါက်ပြန်တဲ့ အစိုးရ အဆက်ဆက်ကို သမိုင်း စာမျက်နှာ ထက်မှာ ထင်ဟတ် ပေါ်လွင်နေအောင် တိုက်ပွဲဝင်ခဲ့ကြတယ် ၊ တိုက်ပွဲဝင် နေကြစဲပါ ၊ အာဇာနည် ထောင်သောင်းတို့ရဲ့ နီမောင်း ၀င်းလက်တဲ့ သွေးစက်တွေဟာ သမိုင်း ကျောက်စာတိုင် အဖြစ် မော်ကွန်းတွင် ရစ်မှာ မုချပါပဲ ၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု အရေးတော်ပုံကြီး အတွင်းမှာ သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ ရရှာသော အာဇာနည် ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့ကို ဂုဏ်ပြုသော အားဖြင့် မပြီးဆုံးသေးသည့် ဒီမိုကရေစီ တော်လှန်ရေး ကြီးကို အောင်ပွဲ ရရှိသည် အထိ ဆက်လက် တိုက်ပွဲဝင်သွားပါမည်ဟု အဓိဌာန်ပြုရင်း” ကျွန်တော်တို့ ၊ ယုံကြည်ချက် အတိုင်းသာ ခရီးဆက်ခဲ့ကြပါတယ် ။

အဲဒီ အချိန် ပေါ်ထွက်လာတဲ့ “အကြောင်းကြောင်းကြောင့် ပါလို့ စိတ်မကောင်းစွာ ပြောရင်း စာသင်ခန်း အတွင်း ၀တ္တရားအရ ၀င်ထိုင် ဒါကို ငါတို့ နားလည် ခွင့်လွှတ် နိုင်ပါတယ် ၊ ဒါပေမဲ့ ထုံးနံ့ သင်းတဲ့ ပန်းခင်းကိုဖြတ် ရည်းစားထားဘို့ ကျောင်းပြန်တက် ကြမယ် ဆိုရင်တော့ ငါတို့က ခွင့်လွှတ်သည့်တိုင် ရာဇ၀င်က ခွင့်မလွှတ် သရွေ့ သူတို့ဟာ သမိုင်းမှာ သစ္စာ ဖေါက်တွေ ဖြစ်သွား မှာပဲ ၊ ငါတို့ထဲက တချို့ဟာ ကိုယ့်အရိုး ကိုယ်လှေနံ အဖြစ် ထွင်းထု ကိုယ့်အသားကိုယ် လှေရွက် အဖြစ် စပ်ချုပ် ကိုယ့်ခြေလက် ကိုယ်လှော်တက်အဖြစ် အသုံးပြု လှော်ခတ်လို့ ကျောင်းတော်ကြီးနဲ့ ငါတို့ကြား ခြားနေတဲ့ သွေးပင်လယ်ကြီးကို ဖြတ်ကူးနေ ကြပြီ” ဆိုတဲ့ ရွှေဖုန်းလူရဲ့ “ကျောင်းဖွင့်ချိန်” ကဗျာ စာသားတွေက ကျွန်တော် တို့ကို ခိုင်မာ အားတက်စေခဲ့ သလို ကျောင်းသွား တက်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့တဲ့သူငယ်ချင်းတယောက်ရဲ့
“သူငယ်ချင်း.. မင်းဟာ.. ပကတိငြိမ်ဆိပ်.. အိပ်မက်မရှိတဲ့ ညတွေ ထဲမှာ လှဲလျောင်း… မင်းအလောင်းမှာ ဒါဏ်ရာတွေနဲ့… မင်းထိုင် ခဲ့တဲ့…. စာသင်ခန်း ထဲက ခုံကလေး… ငါငေးရင်း မျက်ရည်ကျ…. သိပ်သတိရနေတယ် သူငယ်ချင်း”
ဆိုတဲ့ ကဗျာလေးကလဲ ကျွန်တော်တို့ ရင်ကို ထိရှ ၊ စစ်အာဏာရှင်တွေ ငြိမ်းမရ တော့တဲ့ ကျွန်တော်တို့ နှလုံးသားထဲက မီးစ တစ်စပါပဲ ။

ကျွန်တော် ထောင်က လွတ်တော့လဲ စိတ်ပညာနဲ့က တစ်ဘွဲ့၊ တိုင်းရင်းဆေး သိပ္ပံက သမားတော် ဘွဲ့က တစ်ဘွဲ့၊ ဘွဲ့နှစ်ခုတောင်ရ ထားတဲ့ အမေက ရပ်ကွက်ထဲက အလုပ်သွားသူတွေရဲ့ ကျောင်းနေ အရွယ် မဟုတ်သေးတဲ့ ကလေးတွေကို အိမ်မှာ ထိမ်းပေးတဲ့ အလုပ်လုပ် နေရသလို ၊ သခွားသီး စိတ်လေးတွေ တုတ်ထိုး၊ အာလူးပြုတ် တုတ်ထိုး ၊ အချဉ်ရေနဲ့ တို့စား ရတာမျိုးလဲ ညနေပိုင်းမှာ ဈေးဘန်းလေး ချရောင်း နေတာ တွေ့ရတော့ အသုံးချခွင့် မရတဲ့ အမေ့ပညာတွေ အတွက် နှမျော မိပါတယ် ၊ အဲဒီလို ဘ၀တွေ ကိုယ့်အမေ တစ်ယောက်ထဲမှ မဟုတ်ပဲ ၊ စစ်အာဏာရှင် စနစ်ပျက်အောင် မတိုက်ဖျက်နိုင်ခင် မလွှဲမသွေ မြင်တွေ့နေ ရဦးမှာပဲဆိုတဲ့အသိကို ထပ်လောင်းခိုင်မာစေခဲ့ပါတယ် ။

ကျောင်းသား ဘ၀ကို ဆုံးရှုံး၊ လွတ်လပ် ပေါ့ပါးတဲ့ လူငယ်ဘ၀ ဆိုတာလဲ ပျောက်ခဲ့ရ၊ မိသားစု ဘ၀ ဆိုတာပါ ပျက်ဆီးခဲ့ရတဲ့ ကျွန်တော့် အတွက် “တော်လှန်ရေးသည် ငါတို့ကျောင်း၊ တော်လှန်ရေးသည် ငါတို့ တက္ကသိုလ်” ဆိုတဲ့ အတွေ့အကြုံတွေ ဆီက ရတဲ့ ပညာတွေနဲ့ ဘ၀ကို ရပ်တည်ရပါတယ် ၊ အဖြူအစိမ်း ကျောင်းသား လေးတွေကို မြင်တိုင်း ၊ တက္ကသိုလ် နယ်မြေတွေ နားကနေ ဖြတ်သွားတိုင်း (ယောက်ကျား တန်မဲ့ မျက်ရည် ၀ဲရလောက်အောင်) နာကျင် ခံစားရပါတယ် ၊ ဒါပေမဲ့ နောင်တ မဟုတ်ပါဘူး ၊ လူ့ဘာသာ ဘာဝ တမ်းတ မိတာ မျိုးသာပါ ။

ကိုယ့်ခံစားမှုနဲ့ ကိုယ် တမင် မေ့ထားထားတဲ့ ( လူ့အခွင့်အရေး တရားတွေ ဟောခဲ့ဘူးရာ ၊ ကျောင်းသား သမဂ္ဂ အဆောက် အဦးကြီးရှိခဲ့ဘူးရာ) ၊ ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ထဲကို မလွှဲသာ မရှောင်သာ လွန်းလို့ တခေါက် ရောက်ခဲ့ရချိန် တခနလေးမှာတောင် ပျော်ပြုံး နေကြတဲ့ ဘွဲ့ယူ သူတွေရဲ့ မျက်နှာကို ကြည့်ရင်း “သြော်.. သူတို့ ဘာမှ မသိကြသေးပါလား၊ ဒီဘွဲ့ လက်မှတ်တွေဟာ ဂုဏ်တု ဂုဏ်ပြိုင်ဘို့က လွဲပြီး သူတို့ အတွက် ဘာမှ အသုံးမ၀င်တာ သိတဲ့နေ့ သူတို့ ဘယ်လိုများ ခံစားရပါမလဲ” စဉ်းစား မိပါ တယ် ၊ နောက်က လိုက်ပါလာကြတဲ့ မိဘတွေကို ကြည့်ပြီး သား အတွက် ဘွဲ့နှင်း သဘင် ခန်းမထဲ ၀င်ရမဲ့ အစား ထောင်ဝါဒါ တွေရဲ့ အအော်ငေါက် ခံပြီး ထောင်ဝင်စာခန်းကိုပဲ ရောက်ခဲ့ရတဲ့ အမေ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ် ၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဒီဝန်းထဲမှာ နောင်တော်တွေ ရက်ရက် စက်စက် ပစ်သတ်ခံရဘူးတယ် ဆိုတာ သတိ ပြန်လည်သွားတော့ ကျောင်းဝန်းထဲမှာကို ဆက်မနေနိုင်တော့ အောင်ပါပဲ ၊ အင်းလျား ကန်ဘောင်ဘက် ဘူးသီးကြော်ဆိုင် ထိုင်ရင်း စောင့်မယ်လေ ဆိုပြီး ၀န်းအပြင် ထွက်ပြန်တော့လဲ ဒီနေရာက တံတားဖြူကနေ တံတားနီ ခေါ်ရလောက်အောင် ဘက်နက်နဲ့ထိုး နံပါတ်တုတ်နဲ့ ရိုက်ခံရတဲ့ နေရာ ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သွေးစက် သမိုင်းကြောင်းက ဒီနေရာတွေက နိဒါန်းပျိုး ခဲ့တာ စသဖြင့် ခံစားမိ ပြန်ပါတော့တယ်၊ ဘယ်သူ နားလည် ပေးနိုင်ပါ့မလဲဗျာ။

အဲဒီနေ့က အမေ့ဆီ တကူးတကကို သွားရင်ဖွင့် ဖြစ်တယ် ၊ အမေက မျက်ရည် တ၀ဲဝဲ အားပေး ရှာပါတယ် ၊
“ သြော်.. သားရယ် မင်းလိုချင်ရင် ဘယ်လိုဘွဲ့ မဆို ရနိုင်ခဲ့တာပဲ ၊ ဒီနေ့ ခေတ်မှာ အဲဒီ ဘွဲ့တွေက အသုံးမတည့် ပါဘူးလို့ မင်းကိုယ်တိုင် ဆုံးဖြတ်ခဲ့ တာပဲလေ ၊ တွေးမနေ စမ်းပါနဲ့ ၊ ကိုယ်မှန်တယ် ထင်ရာ ရဲရဲ ရင်ဆိုင်စမ်းပါ ၊ ခု မင်းရထားတဲ့ဘွဲ့ က အကောင်းဆုံးပါ ငါ့သားရဲ့ .. ရှစ်ဆယ့်ရှစ် မျိုးဆက် ၊ တိုက်ပွဲဝင် ကျောင်းသား ၊ တော်လှန်ရေးသမား ဆိုတဲ့ ဘွဲ့တွေ ငါ့သား ရထားတာပဲ၊ ဒီ့ထက် ဘယ်ဘွဲ့က အမေ့ကို ပိုဂုဏ်ရှိ စေမှာလဲ ၊ မင်းအဖေလဲ ဒါကိုပဲ ကျေနပ်နေတာပါ”
တဲ့ ၊ ဆပ်ခွင့် မကြုံခဲ့တဲ့ အမေ့ ကျေးဇူးတွေ ထဲမှာ အဲဒီ အားပေးစကားက အကြီးဆုံးများ ဖြစ်မလားတောင် ထင်မိပါရဲ့ဗျာ ။

ခုလဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ချိန်မှာ အခြေခံပညာ ကျောင်းသားတွေ ဖြစ်တဲ့ ကျွန်တော်တို့ အသက်က ၃၇-၃၈ တွေ ဖြစ်ကြပေမဲ့ ကျောင်းသား တစ်ယောက် အနေဖြင့်သာ တော်လှန်ရေး တာဝန်များကို ထမ်းဆောင် နေဆဲပါ ၊ စစ်အာဏာရှင် တွေကလိသလို ကျွန်တော်တို့ အဖွဲ့မှာ ခေါင်းဖြူ သွားကျိုး အဖိုးကြီး အရွယ်တွေလဲ ကျောင်းသားတွေ အဖြစ် တကယ် ရှိနေတာပါ ၊ ကျောင်းသားက ရိုးသားတယ် ၊ ပြည်သူကို ရှေ့က အသေခံ ဦးဆောင်ရဲတဲ့ သတ္တိရှိတယ် ၊ လူမျိုး, ဘာသာ, အယူဝါဒ အစွဲတွေ ကင်းတယ်၊ အာဏာတွေ နေရာတွေ မမျှော်မှန်းဘူး ဆိုတဲ့ အဲဒီလို ဂုဏ်တွေကို လေးစား တန်ဘိုးထားတဲ့ အတွက် “ အမိမြေ လွတ်မြောက်ဘို့ အတွက် အရိုးတွေ တောင်လိုပုံမှ ရမယ်ဆို ငါတို့ ကျောင်းသား အရိုးတွေက အောက်ဆုံး အလွှာက ရှိစေရမယ်” ဆိုတဲ့ ကျောင်းသား ဆောင်ပုဒ်ကို ဆုတ်ကိုင်ပြီး တော်လှန်ရေး ဆိုတဲ့ကျောင်း ၊ တော်လှန်ရေးဆိုတဲ့ တက္ကသိုလ်ရဲ့ ကျောင်းသားတွေ အဖြစ် ကျောင်းသား နာမည်ခံ ဆက်ရှိ နေကြတာပဲ ဖြစ်ပါတယ် ။

ယုံကြည်ပါတယ် ၊ တော်လှန်ရေး ဆိုတာ ဇာပန်းထိုး သလို ဧည့်သည် ထမင်းစား ဖိတ်သလို လွယ်တာမျိုး မဟုတ် ဆိုပေမဲ့လဲ ၊ တနေ့ ကျွန်တော်တို့ ပြည်သူတွေ အောင်ပွဲ ခံရမှာပါ ၊ ကျွန်တော်တို့ အသက်တွေ လေးငါး ခြောက်ဆယ်မှလဲ ဖြစ်ချင် ဖြစ်နိုင် ပါတယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူ့ အင်အားတွေ ပေါင်းစည်း မိတဲ့ တနေ့ ကျွန်တော်တို့ အနိုင် တိုက်နိုင် မှာပါ ၊ ဘယ်လောက်ပဲ အိုမင်း မစွမ်း ဖြစ်နေသည့်တိုင် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ကိုယ်တိုင် ပြန်ဝင် ဆောက်မယ် ၊ စာသင်ခန်းထဲ ၀င်ထိုင်ပြီး ဆုံးရှုံးခဲ့တဲ့ ငယ်ဘ၀လေး ပြန်လွမ်းမယ် မျှော်လင့်ရင်း အကျဉ်းခန်းထဲမှာ နေစဉ်က အားမာန်တင်းနိုင်ခဲ့တဲ့ သီချင်းလေး ပြန်ဆို ပြီး ဆက်လက် တိုက်ပွဲဝင် နေရဦးမဲ့ ရှေ့ခရီး အတွက် တက်ကြွ နေမိပါတယ် ၊ “စစ်အာဏာရှင် ပျက်ပြိုကာ အတည် ပြည်သူ့ ခေတ်မှာ တို့တတွေ ကျောင်းတက်မည်”……လို့ ။

စစ်အာဏာရှင် စနစ်ကျဆုံးသည် အထိ
မောင်ကျောင်းသား

This posting includes an audio/video/photo media file: Download Now

ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု ၂ ခုနဲ့ NLD တရားစွဲဖို့ပြင်

Posted: 05 Sep 2010 10:15 AM PDT

အသံဖိုင်နားဆင်ရန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဆက်လက်ရပ်တည်ခွင့်မရှိအောင် မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ စစ်အစိုးရကို အမှုနှစ်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

AFP အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်း ဖြစ်သူ ဦးဉာဏ်ဝင်း မေလ ၂၇ရက်နေ့က NLD ဌာနချုပ် ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

“ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတဲ့အခါမှာ အဲဒီ ပါတီမှတ်ပုံတင် ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီအဟောင်းတွေက ပြန်လည် မှတ်ပုံတင်ရမယ်၊ မတင်ခဲ့လို့ရှိရင် ပါတီ အလိုအလျောက် ပျက်ပြယ်တယ်ဆိုပြီး ပါတယ်လေ။ အဲဒါကြောင့် အဲဒီလို ဥပဒေပြဌာန်းချက်ဟာ ၁၉၈၈ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ NLD နဲ့ မဆိုင်ဘူး၊ NLD အပေါ်မှာ အကျုံးမဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD ဟာ အဲဒီအချိန်က တရားဝင် ရပ်တည်လာတယ်၊ ဘာပြစ်မှုမှ မရှိဘူး။ အဲဒီတော့ တရားဝင် ရရှိတဲ့ အခွင့်အရေးတွေဟာ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေအရ ဆက်လက်ခံစားထိုက်တယ်၊ ဒီ အခြေခံအချက်အပေါ်မှာ အစိုးရကို တရားစွဲဖို့ ကျနော်တို့ ကြိုးစားနေတာပါ”

နိုင်ငံရေးပါတီ ရပ်တည်ပိုင်ခွင့်က သီးခြား တမှုဖြစ်ပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နောက်ထပ်တမှု စွဲဆိုမှာဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရကို တရားစွဲဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှုအတွက် အချောသတ် ပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်အတည်ပြုချက် ရယူပြီး မကြာခင်မှာပဲ စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီအကြောင်း ရှေ့နေဦးဥာဏ်ဝင်းကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA သတင်းဌာနမှ ပြန်လည်မျှဝေခြင်း ဖြစ်သည်။

This posting includes an audio/video/photo media file: Download Now

နအဖ လက်နတ်ချရန် တောင်းဆိုမှုကို မွန်ပြည်သစ်ပါတီ လက်မခံ (ရုပ်သံ)

Posted: 05 Sep 2010 10:02 AM PDT



နယ်ခြားစောင့်တပ် ဖွဲ့ရမည်ဟု နအဖက တောင်းဆိုခဲ့ရာမှ တင်မာမှုတွေဖြစ်လာခြင်းဖြစ်သည်။
အပြည့်အစုံကို ကိုမောင်တူး (DVB) မှ တင်ဆက်ပေးထားပါသည်။

This posting includes an audio/video/photo media file: Download Now

You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google

Human Rights Myanmar

unread,
Sep 8, 2010, 8:29:28 AM9/8/10
to freem...@googlegroups.com

Statement for Pegu

Posted: 07 Sep 2010 10:04 PM PDT

သာသနာရေး နိုင်ငံ့အရေး၊ ရွှေဝါသွေးတို့ သဘောထား

Posted: 07 Sep 2010 10:20 AM PDT

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် သံဃာ့အရေးအခင်း ၃ နှစ် ပြည့်ချိန်သည် နအဖ အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မဲဆွယ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထို့ကြောင့် လက်ရှိ နိုင်ငံရေး၊ သာသနာရေး အခြေအနေများအပေါ် ပြည်တွင်းပြည်ပ သံဃာ့အရေး ဆောင်ရွက်နေသည့် ရဟန်းတော်များ၏ အမြင်ကို သိရရှိရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

m3အရှင် ထာဝရ
(၂ဝဝ၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်ရဟန်းတော်တပါး)

ပခုက္ကူ အရေးအခင်း ၃ နှစ်ပြည့်ပြီဆိုတော့ အဲဒီ အရေးအခင်းနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါသလဲ၊ ရဟန်းတော်များဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသင့်ပါသလားဘုရား။

’’၃ နှစ် ရှိခဲ့ပေမယ့် ဦးဇင်းတို့ ရွှေဝါရောင် တော်လှန်ရေးဟာ ရေဆန်ကို ခရီးဆက်နေရတုန်းပါပဲ။ m1အခုအချိန်အထိ အကြမ်းဖက်သမားလို့ စွပ်စွဲပြီး မတရားဖမ်းထားတဲ့ သံဃာတွေ၊ သီလရှင်တွေ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေ အားလုံးကို စိတ်ဓာတ်မကျဖို့နဲ့ ပြည်ပကို ရောက်နေပေမယ့် ဦးဇင်းတို့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက် အားလုံးဟာ မြန်မာပြည်မှာ အားလုံးနဲ့အတူ အကျဉ်းကျနေဆဲလို့ ပြောချင်တယ်’’

’’ဆန္ဒပြတဲ့ သံဃာတော်တွေကို ဝိနည်းတော်နဲ့ မညီတဲ့ သံဃာတု၊ သံဃာယောင်တွေလို့ ဝါဒဖြန့်တယ်။ ဦးဇင်းတို့ဟာ အမျိုး ဘာသာ သာသနာ အရှည်တည်တံ့ရေး အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒကာ၊ ဒါယိကာမ ပြည်သူများ စစ်အစိုးရရဲ့ ဆင်းရဲမွဲတေ ဖိနှိပ်ခြင်းဘေးကြောင့် ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကျက် ကာကွယ်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်တယ်’’

’’ဗုဒ္ဓဟာ စစ်တိုက်ရန် ချီတက်လာတဲ့ စစ်တပ်ကြီးကို ဘာကြောင့် တားမြစ်ခဲ့ပါသလဲ။ သူ့နိုင်ငံ၊ သူ့လူမျိုး ဘေးဒုက္ခ မရောက်စေခြင်းငှာ မေတ္တာဓာတ်နဲ့ တားမြစ်ခဲ့တာပဲ ဖြစ်တယ်’’

’’နေ့စဉ်နေ့တိုင်း အစိုးရ သတင်းစာ မျက်နှာဖုံးမှာ ဘုရားဒကာကြီးများ လုပ်ပြနေတဲ့ ဗိုလ်ချုပ်တွေဟာ အတုအယောင် သီလကြောင်တွေသာ ဖြစ်တာကို ရွှေဝါရောင် တော်လှန်ရေးက ဖော်ထုတ်ပေးသွားခဲ့ပါတယ်။ ဘာသာမတူတဲ့ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်ကတောင် ရဟန်းအတုလို့ အသတ်မှတ်မခံခဲ့ရပါဘူး’’


ဦးဓမ္မဝံသ

(ပြည်တွင်း သံဃာ့ တပ်ပေါင်းစု ဦးဆောင် ဆရာတော်)

’’ဘုရားက မေတ္တာဝါဒီပဲ။ သတ္တဝါတွေရဲ့ ကောင်းကျိုးကို လိုလားတဲ့ ဝါဒလို့ ဖွင့်ဆိုလို့ ရတယ်။ ဦးဇင်းတို့က ဗုဒ္ဓရဲ့ လမ်းစဉ်နောက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ လူသားတွေရဲ့ အကျိုးကို ရှေးရှုရမယ်။ လူသားတွေ အခက်အခဲမှာ ငြိမ်နေလို့ မရဘူးလေ။ လူသားတွေ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို ဦးဇင်းတို့ ရှေ့တန်းက ဖြေရှင်းတာဟာ နိုင်ငံရေးမှ မဟုတ်ဘဲ။ ပြောမယ်ဆိုရင် လူသားအရေး အားလုံးက နိုင်ငံရေးပဲ ဖြစ်တယ်။ ဒီလိုမျိုး တိုင်းသူပြည်သားတွေ မငြိမ်းမချမ်းဖြစ်နေတာက နိုင်ငံရေးပဲလေ။ ဘာသာရေး ဆိုတာကလည်း နိုင်ငံရေးအောက်မှာပဲ ရှိနေတယ်’’

’’နောင်လာမယ့် မျိုးဆက်တွေ နိုင်ငံရေး အသိအမြင် m2ထွန်းကားမလာတာနဲ့အမျှ သူတို့ဖိနှိပ်မှု အောက်မှာပဲ ပြားပြားဝပ်ပြီး ခေါင်းမဖော်နိုင် ဖြစ်သွားမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းမှန်သမျှ နအဖနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ လက်ထဲ အကုန်ရောက်ကုန်ပြီ်’’

’’စစ်အာဏာရှင် သက်ဆိုးရှည်မယ့် ကိစ္စရပ်ကို မလိုက်လျောဘဲ၊ မတရားတဲ့ အမိန့်ကို မနာခံပဲနဲ့ ပြည်သူလူထု အနေနဲ့ နိုင်ငံရေး အသိနဲ့ တတ်နိုင်တဲ့ ဘက်က ဆန့်ကျင်တော်လှန်ကြပါလို့ ပြောချင်တယ်’’

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု နောက်ပိုင်း သံဃာတွေကို ဘယ်လို ဖိနှိပ်မှုတွေ ရှိလာပါသလဲဘုရား။

’’သူတို့ ပါးစပ်က ထွက်တဲ့ ဥပဒေနဲ့ အုပ်ချုပ်နေတယ်။ ဘုန်းကြီးတွေ ည ၇ နာရီ မထွက်ရအမိန့်က အခုထိ မရုပ်သိမ်းသေးဘူး။ သူတို့ မထင်ရင် မထင်သလို အဲဒီ ပုဒ်မနဲ့ ဆွဲချင်လည်း ဆွဲတယ်’’

’’တရားဟောမယ့် သံဃာတွေဟာ သူတို့ ခွင့်ပြုချက်ရမှ ဟောရတာမျိုး ဖြစ်လာတယ်။ ဦးသုမင်္ဂလလို ပုဂ္ဂိုလ်မျိုးကျတော့ ကန့်သတ်ချက်တွေ ရှိတယ်။ ကျန်တဲ့ ဆရာတော်ကြီးတွေကျလည်း တရားဟောရက် သိပ်မပေးဘူး။ ဆောင်းရာသီ တရားပွဲကာလဆို ၅ ညလောက်ပဲ ခွင့်ပြုတော့တယ်’’

’’ဒုလ္လဘဝတ်ခွင့်ကျတော့ သူတို့ မျက်စိ ဒေါက်ထောက်ကြည့်နေတဲ့ NLD လူငယ်တွေ ၊ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေဆိုရင် ဝတ်မယ့် ကျောင်းတွေကို ဖိအားပေးတာမျိုး ရှိတယ်’’

’’လှုပ်ရှားတဲ့ သံဃာ့တော်တွေကို သိသွားရင် ခေါ်ပြီးတော့ စစ်မေးတယ်။ နောက်မလုပ်ဖို့ လက်မှတ်ထိုးခိုင်းတယ်။ ဦးဇင်းကိုလည်း အဲဒီ ပုံစံမျိုး လုပ်ခိုင်းတယ်။ သိလို့ ရှိရင် သူတို့ကို အကြောင်းကြားပါတို့ သူတို့နဲ့ ပူးပေါင်းလုပ်ပါလို့ အဲဒါမျိုးတွေ လုပ်တယ်။ တဘက်က အခွင့်အရေးပေးတဲ့ ပုံစံမျိုးတွေ ရှိသလို တဖက်ကလည်း ကိုယ့်ကို စောင့်ကြည့်နေတယ်။ ကျောင်းတိုက်တွေကို အာဂန္တုရောက်လာရင် ဧည့်စာရင်း တိုင်ခိုင်းတယ်’’

၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာပါတဲ့ သံဃာတွေ အကျဉ်းထောင်တွေထဲမှာ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါသလဲဘုရား။

’’သံဃာတွေကို စဖမ်းကတည်းက ဘုန်းကြီးလို မဆက်ဆံဘူး။ ထောင်ထဲ ထည့်ပြီဆိုကတည်းက လူဝတ်လဲပြီးမှ ထည့်တာ။ လူတွေလိုပဲ ဆက်ဆံတယ်။ လူတွေလိုပဲ ခိုင်းတယ်။ သံဃာတော်တွေကို ရဲဘက်စခန်း ပို့တာက အဆိုးဆုံးပဲ။ အဲဒီလို ပို့လို့ အနှိပ်စက်ခံရ ပျံလွန်တော်မူကုန်ရတဲ့ သံဃာတွေ အများကြီးပဲ’’

အရှင်ဘုရားအနေနဲ့ ၂ဝဝ၈ အခြေခံ ဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပါတီတွေအပေါ် ဘယ်လို သုံးသပ်ပါသလဲဘုရား။
m4
’’တဖက်သတ် သူတို့ အာဏာရရှိရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ၊ မတရားတဲ့ ဥပဒေကို ဦးဇင်းတို့ လက်မခံဘူး။ အဲဒီဥပဒေကို အခြေခံထားတဲ့ ရွေးကောက်ပွဲကိုလည်း လက်ခံနိုင်စရာ မရှိဘူး။ ဒီရွေးကောက်ပွဲက စစ်အာဏာရှင်ကို တရားဝင်အစိုးရအဖြစ် လက်ခံလာအောင် လုပ်တဲ့ ပွဲဖြစ်တယ်’’

’’ကြံ့ဖွံ့အသင်းကို စဖွဲ့ကတည်းက ရည်ရွယ်ချက်ရှိရှိ စီမံချက်ချပြီးတော့ ဖွဲ့စည်းတယ်။ ပြည်သူပိုင် အဆောက်အဦးတွေ အသုံးချတယ်။ အသင်းဝင်တွေ စည်းရုံးတာကအစ ကြံ့ဖွံ့ဝင်မှ ထောက်ခံစာပေးမယ်၊ အလုပ်ပေးမယ်ဆိုတာတွေနဲ့ စည်းရုံးခဲ့တာ။ ရွေးကောက်ပွဲလည်း နီးရော၊ အသင်းကနေ ပါတီဖွဲ့လိုက်တယ်။ မူလရှိတဲ့ အရေအတွက်က ပါတီဝင်တွေ ဖြစ်လာတယ်။ အဲဒီအသင်းက သုံးတဲ့ ပစ္စည်းရန်ပုံငွေတွေကို ပါတီပိုင်အဖြစ် ပြောင်းလွှဲလိုက်တယ်’’

’’သူတို့ လမ်းတွေ ခင်းပေးတယ်ဆိုတာကလည်း နိုင်ငံတော် ဘတ်ဂျက်နဲ့ ခင်းပေးတာပဲ။ တချို့ဆို မဲထည့်မလား၊ မဲထည့်မယ်ဆို လက်မှတ်ထိုး၊ လမ်းခင်းပေးမယ်ဆိုပြီး စည်းရုံးရေး ဆင်းခဲ့တာပဲ။ နိုင်ငံတော်ငွေ အလွဲသုံးစားလုပ်တဲ့ တရားမဝင် ပါတီကြီး ဖြစ်တယ်။ တတ်နိုင်တဲ့ လူတွေကနေ ကြံ့ဖွံ့ပါတီကို တရားမဝင် ပါတီအဖြစ် တရားစွဲပေးဖို့ သက်ဆိုင်ရာကို ဦးဇင်းတို့ မေတ္တာရပ်ခံတယ်။ ပြည်တွင်း တရားရုံးတွေကိုတော့ အားကိုးလို့ မရဘူး။ နာမည်သာ တရားရုံး၊ တကယ်တမ်းကျ အထက်လူကြီး အလိုကျ လုပ်ရတဲ့ မတရားရုံး ဖြစ်နေတယ်’’

အရှင် ဣဿရိယ
(သံဃာ့ တပ်ပေါင်းစုဆရာတော် ၊ ထိုင်းနိုင်ငံ)

သံဃာ့မဟာနာယက အဖွဲ့ဟာ ဘာကြောင့် စစ်အစိုးရ လက်စွဲအဖွဲ့အစည်း ဖြစ်နေရသလဲ ရှင်းပြပေးပါ ဘုရား။

’’သံဃာ့မဟာနာယကတွေ အဆင့်ဆင့် ရွေးချယ်ကြတဲ့အခါမှာ သံဃာတွေက မဲပေးရွေးချယ်တာထက် နအဖ နဲ့ နီးစပ်တဲ့ ဆရာတော် အချင်းချင်း လက်ဆင့်ကမ်းသွားတဲ့ ပုံစံက များတယ်။ နအဖက အစဉ်အဆက် အဲဒီလို ချုပ်ကိုင်လာတယ်’’

သံဃာ့အရေးအခင်းများအပေါ်မှာ သံဃာ့မဟာနာယက အဖွဲ့က ဘယ်လို သဘောထား ရှိခဲ့ပါသလဲဘုရား။

’’၁၉၉ဝ သပိတ်တုန်းက သံဃာတော်တွေကို မန္တလေး တကာ၊ တကာမတွေက စုပေါင်းပြီး ၁၉၈၈ က ကျဆုံးသွားတဲ့ ကျောင်းသားတွေကို ရည်စူးပြီး ဆွမ်းလောင်းပွဲ လုပ်တယ်။ အဲဒီ ဆွမ်းလောင်းပွဲကို နအဖ စစ်အစိုးရကနေ သေနတ်နဲ့ ပစ်တယ်။ သပိတ်တွေကို ခြေထောက်နဲ့ ကန်တယ်။ မန္တလေးမှာ ရှိတဲ့ ဆရာတော်ကြီးတွေ အပါအဝင် လေးပြင်လေးရပ် သံဃာတော်တွေက သပိတ်မှောက်လိုက်တယ်။ နဝတနဲ့တကွ ဝန်ထမ်းတွေကို လုံးဝ မပတ်သက်တော့ဘူးဆိုပြီး ပတ္တနိက္ကုဇ္ဇနကံကို ဆောင်လိုက်တယ်’’
m5
’’အာဏာပိုင်တွေဘက်က ဒီသပိတ်ကို အဓမ္မ ပြန်လှန်ချင်တဲ့အတွက် အဲဒီအချိန်မှာ သံဃာ့မဟာနာယက အကျိုးတော်ဆောင်ချုပ် တိပိဋက ဆရာတော် ဦးဝိစိတ္တသာရဘိဝံသ မင်းကွန်းရောက်နေတာကို စစ်အစိုးရက ရန်ကုန် ကြွဖို့ လာပင့်တယ်’’

’’ဆရာတော်က ပတ္တနိက္ကုဇ္ဇနကံကို ဆောင်ထားတာ ဖြစ်တယ်။ လိုက်လို့မဖြစ်ဘူး ပြောတော့ မလိုက်ရင် လိုက်တဲ့ နည်းနဲ့ ပင့်ရပါမယ် ဆိုပြီးတော့ ပြန်ပင့်လာတယ်။ အဲဒီ ပြန်ပင့်ပြီးတော့ ရန်ကုန်ရောက် ရောက်ရောက်ချင်းမှာပဲ ဆရာတော် မသိလိုက်ခင်မှာ အစည်းအဝေးလုပ်၊ သံဃာ့နာယက အမိန့်ဆိုပြီး တံဆိပ်တုံးတွေ ရိုက်ပြီးတော့ သူတို့ ပြောလို့ရမယ့် သံဃာတော်တွေ၊ သူတို့ ထိန်းချုပ်ထားတဲ့ သံဃာတော်တွေကနေ သတင်းစာထဲမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်တာကို ပြန်လှန်တယ်ဆိုပြီး ကြေညာတယ်’’

’’ပတ္တနိက္ကုဇ္ဇနကံ ဆက်ဆောင်ထားတဲ့ သံဃာ့တော်တွေကို ဖမ်းဆိုပြီး လိုက်ဖမ်းလိုက်တာ ရန်ကုန်က တိပိဋက ဦးသုမင်္ဂလ၊ မန္တလေး မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဦးကောဝိဒ၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးရာဇဓမ္မ အပါအဝင် ရာနဲ့ချီ အဖမ်းခံရ ထောင်ကျကြရတယ်’’

’’အဲဒီကနေ ဆက်ပြီး လှုပ်ရှားမှုတွေရှိတယ်။ နအဖကလည်း ဆက်ပြီး ဖမ်းတယ်။ နောက်ဆုံး ၂ဝဝ၇ မှာ သံဃာတော်တွေ ဆန္ဒပြတဲ့အခါမှာ အရင်ကလိုပဲ ပထမ သံဃာ့နာယကကို အမိန့်ထုတ်ခိုင်းတယ်ကြားတယ်။ နောက်ပိုင်းကျတော့ ကြခတ်ဝိုင်း ဆရာတော်ကနေပြီး ပြဿနာ လုပ်လာတယ်။ တိုင်းမှူးဆီကို စာတွေ တိုင်တာကနေ အဲဒီစာတွေကို သံဃာ့နာယကကို ပြပြီးတော့ အမိန့်ထုတ်ခိုင်းတယ်လို့ ဦးဇင်းတို့ ကြားတယ်။ နောက် သံဃာ့နာယကအမိန့်အရ သပိတ်ပြန်လှန်ပါတယ်ဆိုပြီး ကြေညာတယ်’’

’’သံဃာတော်တွေ ကျောင်းတွေပြောင်းနေ လူဝတ်လဲနေရတယ်၊ တခြားနိုင်ငံကို ထွက်ပြေးနေရတယ်။ သံဃာတော်တွေက အကြီးအကဲ ခန့်ထားတဲ့အတွက် သံဃာ့နာယက က ကျကျနန အစိုးရကို တားမြစ်သင့်တယ်။ သူတို့အနေနဲ့ သံဃာတော်တွေ မေတ္တသုတ် ရွတ်တာ၊ သပိတ်မှောက်တယ်ဆိုတာ မြတ်စွာဘုရား လမ်းစဉ်ပဲ၊ ကျမ်းဂန်တွေမှာလည်း ရှိတယ်၊ အခုလို ဖမ်းဆီးနေတာ သာသနာကို စော်ကားတဲ့ အပြစ်ကြီးကို ကျူးလွန်နေတယ်ဆိုတာ သံဃာ့နာယက အဖွဲ့ကြီးသာ တကယ် စစ်မှန်ရင် သံဃာတော်များ ဘက်က ရပ်တည်မိန့်ကြားရမယ်။ အခုအချိန်ထိ သံဃာတော်တွေဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာ တခုမှ မတွေ့ရသေးဘူး။ နအဖ ခိုင်းတာကိုပဲ လုပ်နေတယ်’’

သံဃာ့မဟာနာယကအဖွဲ့ကို အာဏာပိုင်တွေက ဘယ်လို လုပ်ပိုင်ခွင့်တွေ ပေးထားပါသလဲ ဘုရား။

’’သံဃာ့နာယကကို အာဏာပိုင်တွေက အခွင့်အရေး အများကြီး ပေးထားပါတယ်။ ကားကောင်းတွေဆိုရင် သူတို့ လက်မှတ်နဲ့ နိုင်ငံခြားကနေ ကားပါမစ်တွေ တင်သွင်းခွင့် ပေးတယ်။ တခြားလူတွေဆိုရင် အခွန်ဆောင်ရတယ်။ အဲဒီ ဆရာတော်တွေ ကျောင်းဆောက်ချင်တယ်ဆိုရင် သစ်ပါမစ်တွေ၊ ဘိလပ်မြေ ပါမစ်တွေ ပေးတယ်။ နိုင်ငံတော် ထုတ်ဈေးနဲ့ဆိုတော့ သက်သာတယ်။ နောက်တခုက ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီး တိုင်းမှူးတွေက အဲဒီ ဆရာတော်တွေကို ဆွမ်းကပ်တယ်၊ အလှူတွေကို ပင့်တယ်။ လာဘ်လာဘရွှင်တာပေါ့’’

အစိုးရက စာသင်သား သံဃာတော်တွေ မပြည့်စုံတဲ့ ကျောင်းတွေကို ထောက်ပံ့ကူညီမှု ရှိပါသလားဘုရား။

’’အစိုးရအနေနဲ့ စာသင်သား သံဃာတော်တွေ မပင်ပန်းရအောင် ကျကျနန လှူဒါန်းသင့်တယ်။ အခုတော့ သံဃာ့တော်တွေက ၂ဝဝ၇ မှာ သူတို့ကို ဆန္ဒပြတယ်ဆိုပြီး သံဃာငယ်တွေကို အငြိုးထားပြီး ဘယ်ကျောင်းမှာတော့ နိုင်ငံရေး လုပ်တဲ့သူတွေ ရှိတယ်၊ ထွက်ပေးပါ၊ အဲဒီလို အမျိုးစုံ ဖိအားပေးနေတယ်’’

ဗုဒ္ဓသာသနာ ပေါ်ထွန်းကားစေလိုတဲ့ ဆန္ဒနဲ့ ပြည်ပထွက်ပြီး သာသနာပြုတဲ့ သူတွေရဲ့ အခက်အခဲတွေကို သိပါရစေဘုရား။
m6
’’တခြားနိုင်ငံတွေကို ထွက်ပြီး သာသနာပြုတာကလည်း ကိုယ်ပိုက်ဆံနဲ့ကိုယ် တိုက်ခန်းလေးတွေငှား တရားဟော တရားပြ ကိုယ်ထူကိုယ်ထ လုပ်နေကြတာပဲ ရှိတယ်။ ထိုင်း၊ သီရိလင်္ကာစတဲ့ တခြားနိုင်ငံတွေဆိုရင် နောက်ကနေ နိုင်ငံပိုင် ပိုက်ဆံတွေနဲ့ ထောက်ပံ့ပေးတယ်။ သူတို့ သံဃာတော်တွေကို လိုအပ်တာတွေကို သံရုံးတွေကနေ ကူညီဆောင်ရွက်ပေးတာတွေ ရှိတယ်။ ဦးဇင်းတို့ နိုင်ငံမှာ အဲဒီလို မရှိကြဘူး’’

’’ဦးဇင်းတပါး အိန္ဒိယမှာ ကျောင်းသွားတက်ရင်းနဲ့ သူပတ်စပို့ကို အလုခံရတယ်။ မြန်မာသံရုံးကို သွားတိုင်တယ်။ ဘာမှ ကူညီဆောင်ရွက်ပေးတာ မရှိတဲ့အပြင် စာအုပ်အသစ် ပြန်လိုချင်ရင် မြန်မာငွေနဲ့ ၁၅ သိန်းလောက် တောင်းတယ်’’

သံဃာထုက သံဃာ့နာယက အဖွဲ့အပေါ် ဘယ်လိုသဘောထားပါသလဲ။ သီးခြားသံဃာ့ အဖွဲ့အစည်းတွေ အကြောင်း မိန့်တော်မူပါဘုရား။

’’အခုလို နအဖဘက်မှာ အမြဲတမ်းရပ်တည်နေတဲ့အတွက် သံဃာထုက လုံးဝမကြိုက်ဘူး။ သံဃာ့အဖွဲ့အစည်းတွေ မြေအောက်အနေနဲ့ လှုပ်ရှားတာ အရင်ကတည်းက ရှိတယ်။ အခုလည်း ရှိနေတယ်။ မန္တလေး သံဃာ့သမဂ္ဂီ၊ ရန်ကုန်ကျတော့ ဦးဂမ္ဘီရနဲ့ သူငယ်ချင်းတွေကနေ ရန်ကုန် ရဟန်းပျိုသမဂ္ဂဆိုပြီး အဖွဲ့ဖွဲ့တယ်။ ပခုက္ကူကျတော့ သံဃာ့သမဂ္ဂီအဖွဲ့၊ သောတုဇနဘိက္ခုသံဃာအဖွဲ့ စတာတွေ ဖွဲ့ခဲ့တယ်။ ဒါတွေက တရားဝင် ဖွဲ့ခွင့် မရှိဘူး၊ အဲဒီ တံဆိပ်တုံးကို တွေ့ရင် အနှစ် ၃ဝ-၄ဝ အမိန့်ချတယ်။ အဲဒီလို ဦးဇင်းတို့ တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက် စုပေါင်းပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့လို့ တည်ထောင်တာ ဖြစ်တယ်’’

ပြည်တွင်း သံဃာတော်တွေ ဘယ်လို နိုင်ငံရေုးလှုပ်ရှားမှုမျိုး ရှိပါသလဲဘုရား။ ပြည်ပရောက် သံဃာတော်များနဲ့ လက်တွဲလုပ်ဆောင်နေကြပါသလား။

’’နအဖ စစ်အစိုးရက ၂ဝဝ၇ အရှိန်နဲ့ အခုထိ လိုက်ဖမ်းနေတယ်။ နအဖက နည်းနည်း အနံ့ရတာနဲ့ ဝင်ပြီးတော့ သံဃာတော်တွေရဲ့ ကွန်ပျူတာတွေ ၊မိတ္တူစက်တွေ အကုန် သိမ်းသွားတာတွေ ရှိတယ်။ နိုင်ငံရေးသက်သေခံ ပြနိုင်သည်၊ မပြနိုင်သည် အဲဒီလိုမျိုး ခဏခဏ ဝင်သိမ်းတာတွေ ရှိတယ်။ သတင်းရတာနဲ့ပဲ ဖမ်းသွားတာ၊ အားလုံး စစ်ဆေးပြီးမှ ပြန်လွှတ်တာ၊ တချို့ ပြန်မလွှတ်တာတွေလည်း ရှိတယ်’’

’’သံဃာတော်တွေက အင်္ဂလိပ်လက်ထက် ဦးဥတ္တမ၊ ဦးဝိစာရတို့ ခေတ်ကနေ ဒီနေ့ခေတ်အထိ ဘယ်လိုပဲ ဖမ်းဆီးနှိပ်စက် နည်းနည်းလေးမှ အလျှော့မပေးဘူး’’
m7
’’ပြည်ပရောက်နေတဲ့ သံဃာတော်တွေက ပြည်တွင်းအဖွဲ့စည်းလေးတွေ လှုပ်ရှားနိုင်အောင် လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပေးတယ်’’

နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သံဃာတော်တွေနဲ့ ကျောင်းသား၊ ပါတီတွေ၊ တခြား ဘာသာဝင်တွေ ဆက်စပ် လှုပ်ရှားတာ ရှိပါသလားဘုရား။

’’ကျောင်းသားတွေနဲ့ ဟိုအရင်ကတည်းက ဆက်စပ်လှုပ်ရှားမှုတွေ ရှိသလို အခုလည်း ပေါင်းပြီး လုပ်နေတာတွေ ရှိပါတယ်။ ကျောင်းသားတွေ ဖြန့်ချင်တဲ့ စာရွက်စာတမ်းတွေ ခွပ်ဒေါင်း တံဆိပ်တွေ အစရှိတာကို သံဃာတွေက ဝိုင်းဖြန့်ပေးတာ ရှိသလို၊ သံဃာထုဖြန့်ချင်တဲ့ စာရွက်တွေကို ကျောင်းသားတွေက ဖြန့်ပေးတာလည်း ရှိပါတယ်။ ပါတီကြီးတွေထဲ ဝင်ဆောင်ရွက်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ပါတီထဲက အမတ်တွေ ခေါင်းဆောင်တွေနဲ့ တိတ်တဆိတ် ဆွေးနွေးကြတာ ရှိပါတယ်’’

’’ထောက်လှမ်းရေးက နောက်ကနေ အမြဲတမ်း စောင့်ကြည့်နေတဲ့အတွက် သံဃာတော်တွေအနေနဲ့ တကယ်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ရဖို့ တော်တော်ကို ခက်ပါတယ်။ သွားတွေ့တာနဲ့ ဒီကိုယ်တော်က နိုင်ငံရေး လုပ်တဲ့ ကိုယ်တော်ဆိုပြီး ကျောင်းကနေ နှင်ထုတ်တာတွေ၊ လိုက်ဖမ်းတာတွေ လုပ်တဲ့အခါကျတော့ တွေ့ချင်ရင် လ့ဝှက်တွေ့နေရပါတယ်’’

’’တခြားဘာသာဝင်တွေနဲ့ ဆက်စပ်လုပ်ကိုင်တာက အားနည်းပါတယ်။ ၂ဝဝ၇ သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို ထောက်ခံလာတဲ့ အခါကျမှ ခရစ်ယာန်၊ မွတ်ဆလင် စတဲ့ တခြားဘာသာဝင်တွေ လမ်းမပေါ် ထွက်လိုက်လာတာပါ။ ဘာသာရေး ခေါင်းဆောင် အချင်းချင်း ပူးပေါင်းဖို့ကလည်း အင်မတန် အားနည်းပါတယ်’’

မဇ္ဈိမ မှ ပြန်လည်ကူးယူမျှဝေသည်။

ထိုင်းလူမျိုး ဆိုးသွမ်းလူငယ်များကို မြန်မာ အလုပ်သမားများက ထိုင်းရဲနှင့် ပူးပေါင်းဖမ်းဆီး

Posted: 07 Sep 2010 10:05 AM PDT

အလုပ်သွားနေသည့် မြန်မာအလုပ်သမားများ၏ နေအိမ်များကို သော့တုဖြင့် ၀င်ရောက်ပြီး ပစ္စည်းများ ခိုးယူလေ့ရှိသည့် ထိုင်းလူမျိုး ဆိုးသွမ်းလူငယ် (၃)ဦးအား မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံ ရဲများနှင့် ပူးပေါင်း၍ ဖမ်းဆီးလိုက်သည်။

ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါ လူငယ်များမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ ထိုင်းယူနစ် ငါးပုဇွန် စက်ရုံအနီး၊ ရေသန့် အလုပ်ရုံ လမ်းကြားရှိ၊ မြန်မာအလုပ်သမားများ နေထိုင်သည့် နေအိမ်ခန်းများသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့သည်။ ပြီးနောက် တခါးပိတ်ထားသော အခန်းနားသို့ ချဉ်းကပ်ကာ တံခါးမအား လှုပ်ခါဆွဲယမ်းနေသည်ကို ကိုနိုင်ဦးဆိုသူက မြင်တွေ့ရာမှ အခုလို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျနော် ထိုင်ယူနစ် လုံငန်(စက်ရုံ)ရှေ့ က မုန်းဟင်းခါးဆိုင်မှာ ထိုင်နေတာပေါ့နော်။ ဆိုင်ကယ်နဲ့လာပြီး တံခါးကို ဆွဲလှုပ်တယ်။ ကျနော်က သူတို့ကိုကြည့်ပြီးတော့ မသင်္ကာဘူး။ ကျနော် အနီးအနားကရှိတဲ့ မြန်မာအလုပ်သမားတွေကို စောင့်ကြည့်ဖို့ ခေါ်တယ်။ လူစုတယ်။ ကင်းလှည့်နေတဲ့ ပုလိပ်နှစ်ယောက်ကို သွားခေါ်တယ်” ဟု ကိုနိုင်ဦးက ပြောပြသည်။

ထိုသို့ ရဲ(ပုလိပ်)ကို သွားခေါ်သည့် အချိန်နှင့် လူစုနေသည့် အချိန်တွင် ထိုင်းလူငယ်များက စက်ရုံရှေ့ရှိ (၃)ထပ်အဆောက်အဦးမှ အခန်းနံပတ် (B4)၏ တံခါးကို သော့တုဖြင့်ဖွင်ပြီး လက်ကိုင်ဖုန်း (၂)လုံး၊ လက်ပတ်နာရီ(၂)လုံး၊ ဘတ်ငွေ (၂၀၀၀)နှင့် TV ရီမုတ် ကွန်ထရိုးတစ်ခုအား ရှာဖွေယူဆောင်ခဲ့ကြသည်။

အခန်းပိုင်ရှင် မဦးက “တစ်ခန်းလုံး ရှုပ်ပွနေတာပဲ။ ရှာထားလိုက်တာ။ တွေ့တာတွေ ယူသွားတာပေါ့။ ကျမတို့က အလုပ်မှာလေ။ အရင်လည်း ဒီလိုယူသွားတာ ခံရတဲ့ အခန်းတွေရှိတယ်”ဟု ပြောပြသည်။

ကိုနိုင်ဦးက “သူတို့ကို လက်ပူး လက်ကြပ်ဖမ်းမိတယ်။ သူတို့လက်ထဲမှာ ရာဘဆေး အလုံး (၁၀၀)ကျော်နဲ့ ကောင်မလေးဆီမှာ သေနတ်အတိုတစ်လက် ပါတာပါ ဖမ်းမိတယ်”ဟု ပြောပြသည်။

ကိုနိုင်ဦးဆိုသူမှာ အောက်ပိုင်းသေနေပြီး ဂျိုင်းထောက်ဖြင့် သွားလာကာ လူမှုရေးလုပ်ငန်းများ အကူအညီ ပေးနေသူဟု သိရသည်။

ဖမ်းမိသည့် လူငယ်များမှာ ယောက်ျားလေး (၂)ဦးနှင့် မိန်းကလေး (၁)ဦးဖြစ်ပြီး အသက် (၂၀)၀န်ကျင်ခန့်များ ဖြစ်ကြသည်။

Grassroots Human Rights Education Development မှ ဖြန့်ဝေသည်။

ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အား ဆန့်ကျင် ကန့်ကွက်

Posted: 07 Sep 2010 09:43 AM PDT

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်အား ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ လှုပ်ရှားမှုတခုကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့ တွင
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၇)ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲ ကျင်းပရခြင်းမှာ အဆိုပါ ခရီးစဉ်သည် ၎င်း၏ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးအတွက် တရားမျှတမှု မရှိသည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်အား တရုတ်အစိုးရမှ ထောက်ခံပေးရန်နှင့် အသိအမှတ်ပြု ပေးနိုင်ရေးအတွက်ပါ ကြိုးပမ်းနေသည့် အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူမည့် ကိစ္စရပ်များတွေကို အကာအကွယ်ပေးရန် ရည်ရွယ်ချက် ခရီးစဉ်ဖြစ်သည့် အတွက် ယခုလို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ ကျင်းပရကြောင်းကို ကျင်းပရေးတာဝန်ခံ တဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ဆန္ဒပြပွဲကို စက်တင်ဘာလ(၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်အစိုးရအား တိုက်တွန်းတောင်းဆိုသည့် စာတစ်စောင်ကိုလည်း မနက်ဖြန် ဆန္ဒပြ နောက်ဆုံးရက်နေ့တွင် ပေးပို့သွားမည် ဖြစ်ပါသည်။ တိုက်တွန်းတောင်းဆို သည်စာတွင် နအဖ စစ်အစိုးရကို အကာအကွယ်ပေးသည့် လုပ်ရပ်များနှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ပံ့ပိုးကူညီသည့် လုပ်ဆောင်ချက်များ ရပ်ဆိုင်းပေးရန်အတွက်ပါ ထည့်သွင်း တောင်းဆိုထားကြောင်း သိရှိရပါသည်။




သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Myo San OO(BDA), Lian Khan Sum(CNC-Japan)

This posting includes an audio/video/photo media file: Download Now

Human Rights Myanmar

unread,
Sep 9, 2010, 8:16:29 AM9/9/10
to freem...@googlegroups.com

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင်များ၏ သဘောထားရပ်တည်ချက်

Posted: 08 Sep 2010 10:03 AM PDT

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏ သဘောထားရပ်တည်ချက်

ရက်စွဲ၊၂၀၁၀ပြည့်နှစ်၊စက်တင်ဘာလ(၉)ရက်။

၇၁-နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ ။

ရခိုင်ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ရင်း မတရားဖမ်းဆီးထိန်းသိမ်းခံနေ ရသော ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ်၊အဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏သဘောထားရပ်တည်ချက်ကို ၄င်းတို့ ၏ ဆန္ဒ အရ (၉-၉-၂၀၁၀)နေ့ တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်(၇၁)နှစ်မြောက်အောက်မေ့ ဘွယ်နေ့ တွင် အောက်ပါအတိုင်း ဖော်ပြပါသည်။

(၁) စစ်တွေမြို့ ၊မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတိုက်၊ကျောင်းထိုင်ဆရာတော် ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ အား (၂၇-၇-၂၀၁၀)နေ့ တွင် မတရား ဖမ်းဆီးထိန်းသိမ်းပြီး၊သင်္ကန်းကို အတင်းအကြပ် ဆွဲချွတ်၍ အဓမ္မလူဝတ်လဲကာ၊ အစာမကျွေး ရေမပေးဘဲ ရက်အတော်ကြာ ရက်စက်စွာညှဉ်းပမ်းနှိပ်စက်၊ ရိုက်နှက်ကန်ကျောက်လျက် လူမဆန်စွာ စစ်ဆေးခဲ့ခြင်းမှာ ရခိုင်၏စစ်မှန်သောထေရ၀ါဒဗုဒ္ဓသာသနာတော် ကြီးကိုစော်ကားရာရောက်ပြီး၊ ဥပဒေနှင့်မညီ ကြီးမားသောလူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။

(၂) ရခိုင်သမိုင်းသုတေသီ ဆရာတော်အား ဖမ်းဆီးပြီး၊အာဏာပိုင်တို့ က သက်ဆိုင်သူ ကျောင်းထိုင်ဆရာ တော်နှင့်ရခိုင်လူမျိုးတို့ ၏ဆန္ဒကို လုံးဝဆန့် ကျင်လျက်၊ ကျောင်းရှိရခိုင်ကလေးငယ် ၁၀၀ ကျော်ကို ဌာနေ တိုင်းရင်းဒေသကို အဓမ္မစွန့် ခွာစေပြီးအတင်းအကြပ်ပြောင်းရွှေ့ နေရာချထားခြင်း၊ရခိုင်လူမျိုးတို့ ၏အသက် တမျှအရေးကြီးလှသောရခိုင်ရှေးဟောင်းအမွေအနှစ်များကိုအဓမ္မ သိမ်းပိုက်ယူဆောင်ခြင်းတို့ မှာ လူသားမျိုး နွယ်စုများအပေါ် ကျူးလွန်သည့်ကြီးမားလှသော ရာဇ၀တ်မှုကြီးပင်ဖြစ်ပေသည်။

(၃)ဆရာတော်အား လူမဆန်သောစွပ်စွဲချက်များဖြင့် တရားစီရင်မှုပြုရာတွင်လည်း သက်သေအများစုမှာ ကလေးသူငယ်များဖြစ်နေခြင်း၊သက်သေများကိုမိဘဆွေမျိုးများနှင့်တွေ့ ခွင့်လုံးဝမရစေဘဲဖမ်းဆီးထိန်းသိမ်း ထားခြင်း၊စွပ်စွဲခံရသူဘက်မှတောင်းဆိုခြင်းမရှိဘဲ သက်သေများကို အာဏာပိုင်တို့ အလိုကျထွက်ဆိုလာစေရန် အကြိမ်ကြိမ်ခေါ်ယူစစ်ဆေးခြင်း၊တရားခွင်၌ သက်သေများကြောက်လန့် စေနိုင်သည့် မလိုလားအပ်သော လုံခြုံ ရေးတပ်ဖွဲ့ ဝင်များဝင်ရောက်အနီးကပ်စောင့်ကြည့်ခြင်းနှင့်မှတ်တမ်းယူနေခြင်း၊ မတရားစွပ်စွဲခံရသူဆရာတော် နှင့် ၄င်း၏ရှေ့ နေတို့ အမှုကိစ္စဆွေးနွေးရာတွင်လွတ်လပ်မှုလုံးဝမရှိခြင်း၊တရားခွင်အားအများပြည်သူကြားနာခွင့် လုံးဝမရရှိခြင်း အပါအ၀င်အခြားဥပဒေနှင့်မညီ၊တရားမျှတမှုလုံးမရှိသောလုပ်ရပ်များသည် တရားစီရင်ရေးမူကို လုံးဝပျက်စီးစေပြီး၊အပြစ်မဲ့သူအား နိုင်ငံရေးအရလုပ်ကြံအပြစ်ပေးရန်တမင်ကြံရွယ်ထားကြောင်းမှာသိသာ ထင်ရှား နေပါသည်။

(၄)ဤသို့ ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရအား မတရားလုပ်ကြံခြင်းသည် ပြည်ထောင်စုကြီး အတွက်မည်သို့မျှအကျိုးမရှိနိုင်သလို၊ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို များစွာထိခိုက်စေသောကြောင့် ဆရာတော်အားခြွင်းချက်မရှိ(ချက်ချင်း)ပြန်လွှတ်ပေးပြီး၊ကျောင်းမှအဓမ္မသိမ်းယူသွားခဲ့သော ရခိုင်ကလေးငယ် များနှင့်ရခိုင်သမိုင်းအမွေအနှစ်များကို မူလနေရာ၊မူလပိုင်ရှင်လက်သို့ အမြန်ဆုံးပြန်လည်ထားရှိရမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အဖွဲ့ ချုပ်အဖွဲ့ ဝင်များက အလေးအနက်ဆန္ဒပြုသည်။

ရခိုင်ပြည်နယ်အဖွဲ့ ချုပ်အဖွဲ့ ဝင်များ၏ဆန္ဒနှင့်သမိုင်းပေးတာဝန်အရ-

ဦးသိန်းလှိုင်

တွဲဖက်အတွင်းရေးမှူး

ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲချုပ်

မိုးထဲလေထဲအတားအဆီးများထဲက ဂျပန်ရှိ မြန်မာတို့၏ဆန္ဒပြပွဲ

Posted: 08 Sep 2010 09:46 AM PDT

၂၀၁၀ ခုနှစ် စက်တင်ဘာလ (၈)ရက်။
စက်တင်ဘာလ (၈)ရက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံခရီးစဉ် ဒုတိယနေ့ ဆန္ဒပြပွဲတွင် အလွန်မိုးသီးထန် ရွာချသည့်ကြားထဲက ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးသို့ ညနေ(၃း၀၀)နာရီအချိန်မှီစ၍ သွားရောက် ဆန္ဒပြခဲ့ကြပါသည်။
အဆိုပါဆန္ဒပြပွဲမှာ သတ်မှတ် ညှိနှိုင်းထားပြီး ဖြစ်သည့်နေရာကိုပင် ယနေ့အတွက်ဆန္ဒပြပွဲမှ လုံခြုံရေးတာဝန်ကျ ဂျပန်ရဲများမှ ခွင့်မပြုတော့ဘဲ လုံခြုံရေးရဲ အင်အားတိုးချဲ့ကာ တရုတ်သံရုံးနှင့် မီတာ(၃၀၀)အကွာအဝေးနေရာ ပိတ်ဆို့ထားလိုက်ပါသည်။ ဒီမိုကရေစီ အင်အားစုဘက်မှ တာဝန်ရှိသူများက တရုတ်သံရုံးကို မြင်နိုင်လောက်သည့် ညှိနှိုင်းထားပြီးနေကိုသာ သွားရောက်ဆန္ဒလိုကြောင်း တောင်းးဆိုခဲ့သော်လည်းခွင့်မပြုဘဲ လုံခြုံရေးရဲများတို့မှ အင်းအားသုံး ပိတ်ဆို့ပြီး မိုးရေထဲမှာ ရုန်းယင်းဆန်ခတ်နဲ့ ဆန္ဒပြပွဲကိုနွှဲခဲ့ကြပြီး တရုတ်ဝန်ကြီးချုပ်ထံသို့ တိုက်တွန်းတောင်းဆိုသည့် စာတစ်စောင်ကိုပါ အတိုက်အခံများကြားမှ မရ,ရအောင် ပေးပို့ခဲ့ပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Myo San Oo(BDA)

This posting includes an audio/video/photo media file: Download Now

Reply all
Reply to author
Forward
0 new messages