ဥသြသံ

11 views
Skip to first unread message

CEH

unread,
Dec 24, 2012, 7:09:39 AM12/24/12
to freemyanmar

ဥသြသံ

by Po Naing Lin on Thursday, July 21, 2011 at 2:52pm ·

မိမိနေထိုင်ရာအိမ်နှင့် မလှမ်း မကမ်းရှိ မီးရထားလမ်းမှ ရထား တစ်စင်းစင်းဖြတ်သွားပါက ''ဘူ... ဘော်'' ဟူသည့်ရထားဥသြသံကို ကြား ရတိုင်းတွင်ပင်လျှင် ရထား စီး၍ခရီးသွားလိုစိတ်များ တဖွားဖွား ပေါ်ပေါက်ကာ ရထားစီး၍ ခရီးသွား ခဲ့စဉ်က ပုံရိပ်များလည်း စိတ်အလျဉ် တွင် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာ တတ်၏။

 

    ရံဖန်ရံခါတွင် ခပ်ဝေးဝေးတစ် နေရာမှ လေးလေးနွဲ့နွဲ့ ဆွဲဆွဲငင်ငင် ရှိလှသော သင်္ဘောဥသြသံသဲ့သဲ့ကို ကြားရပါလျှင်လည်း စိတ်ထဲဝယ် တစ်စုံတစ်ရာကို လွမ်းသလိုလို ဆွေးသလိုလို ဖြစ်ရပြန်သည်။

 

    လမ်းပေါ်မှ လွင့်ပျံ့လာ တတ် သော သူနာတင်ယာဉ်မှ ဥသြသံကို ကြားရသည်တွင်လည်း တစ်စုံတစ် ယောက်သော သူသည် ဝေဒနာ တစ်စုံတစ်ခုကို မချိမဆံ့ ခံစားနေ ရပြီဖြစ်ပြီး သူနှင့်ပတ်သက်သော မိသားစုဆွေမျိုး သင်္ဂဟတို့မှာ လည်း သောကပရိ ဒေဝမီးတွေ တောက်လောင်နေချေပြီဟု တွေး လိုက်မိသေးသည်။

 

    မီးသတ်ကား ဥသြသံများ ကြားရခြင်းသည်လည်း မသာယာ ဖွယ်စိတ်ခံစားမှုကိုပေါ်ပေါက်စေသည့် အပြင် မီးသတ်ကားတွေဦးတည်ရာ ဘက်ကိုလည်း မျှော်မှန်းကြည့်မိစေ တတ်သေး၏။ မိမိ၏အသိအကျွမ်း တွေအတွက်လည်းစိတ်ပူပန်မိသည်။

 

    စက်ရုံတို့တွင် အလုပ်လုပ်သူ များသည်လည်းသူတို့စက်ရုံ အလုပ် တက်ချိန်၊ ထမင်းစားချိန်၊ အလုပ် ဆင်းချိန် စသည်ဖြင့် အချိန်အသီး သီးဝယ် အချက်ပေးလေ့ရှိသော ဥသြသံကို အစဉ်နားစွင့်မျှော်လင့်ကြ ရသည်။ သူတို့အတွက်လည်း ယင်း ဥသြသံတို့သည် စိတ်ခံစားမှုအမျိုး မျိုးကိုပေးလိမ့်မည်ထင်၏။

 

    အဆိုတော်ကိုအံ့ကြီး၏ လူချွန် လူကောင်းသီချင်းမှ ''မနက်ခင်းစိတ် ရွှင်လန်းကြစေဆွဲငင်... ဥသြသံနွဲ့ သာသာယာယာ ကြည်ကြည်လင် လင်'' ဆိုသည့် အပိုဒ်ကလေးသည် လုပ်သားများနှင့်ပတ်သက်သော ဥသြသံကိုဆိုလိုခြင်းပင်ဖြစ်သည်။

 

    မိမိတို့ မမီလိုက်သောခေတ်က လေယာဉ်အချက်ပေးဥသြဆိုသည် ကိုတော့ တွေးကြောက်မိပြန်သည်။ ခုခေတ် လေယာဉ်မျိုးတွေဆိုပါက ဥသြသံဖြင့် အချက်ပေး၍ အချိန်မီ လောက်မည်မထင်။ ဟိုခေတ်ကလို လေယာဉ်ကြီးပျံလာပြီး ဗုံးကြဲသည့် ခေတ်မဟုတ်တော့။ ကွန်ပျူတာ နောက်မှထိုင်၍ ဂိမ်းကစားသည့်နှယ် ခလုတ်နှိပ်သည့်ခေတ်ရောက်နေချေပြီ။

 

    အမှန်မတော့ မိမိ ပထမဆုံး ကြားဖူးသည့်ဥသြသံမှာ ရေဒီယိုက ဥသြသံသာဖြစ်၏။ ဇူလိုင် ၁၉ ရက်နေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ် အချိန်ဝယ် ရေဒီယိုမှထွက်ပေါ်လာ သော ဥသြသံပင်တည်း။ ရေဒီယိုမှ ဥသြသံများ ထွက်ပေါ်လာပြီး မကြာမီတွင်ပင် ကမ်းနားဝယ် ဆိုက် ကပ်ထားသော သင်္ဘောမော်တော် အစရှိသည်တို့ထံမှလည်း ဥသြသံ များ ကြားရလေတော့သည်။ စက်ရုံများမှလည်း ဥသြသံတွေထွက် လာကြပြန်၏။ လမ်းသွားလမ်းလာ များနှင့် လမ်းပေါ်ဝယ်မောင်းနှင်နေ ကြသော မော်တော်ယာဉ်များ ပင်လျှင် အာဇာနည်ကြီးများကို ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်စွာ ရပ်တံ့နေကြသည်။

 

    နှစ်မိနစ်ခန့် ဥသြသံများ ညံပြီး နောက် အားလုံး ပြန်လည် တိတ် ဆိတ်သွားသော်ငြား စိတ်ထဲတွင်မူ လွမ်းသလိုလို ဆွေးသလိုလိုကြီး ဖြစ်ကျန်ခဲ့ပါသည်။

 

    အနှီဥသြသံကို နားဆင်ဖူးသူ တိုင်းပင် မိမိနှင့် ခံစားချက်ချင်း ထပ် တူကျလိမ့်မည် ထင်၏။

 

    ယင်းဥသြသံကို မကြားရတာ ကြာလေပြီ။

 

 

ဟက်ကာ ရေးသည်။

Popular News Journal, Vlo.3-No.28


Reply all
Reply to author
Forward
0 new messages