Fwd: ဖတ်ကြည့်ပါ အရမ်းကောင်းပြီးအတုယူချင်စရာလေးတွေပါ

4 views
Skip to first unread message

cin pu

unread,
Dec 14, 2009, 11:06:57 AM12/14/09
to ezbc-co...@googlegroups.com








ဘ၀ဆောင်ပုဒ်
ပိန်းပိန်

  • လူတွေမျှော်လင့်ထားတာထက်ပိုပေးလိုက်ပါ
  • သင့်ရဲအကြိုက်ဆုံးကဗျာကိုအလွတ်ကျတ်မှတ်ပါ
  • ကြားသမျှအကုန်လုံးမယုံလိုက်ပါနဲ့
  • `မင်းကိုငါချစ်ပါတယ်´လို့ပြောတဲ့အခါ တကယ်အတည်ပြောပါ
  • `တောင်းပန်ပါတယ်၊၀မ်းနည်းပါတယ်´လို့ပြောတဲ့အခါ သူမျက်လုံးထဲကိုစေ့စေ့ကြည့်ပြီးပြောပါ
  • လက်မထပ်ခင်အနည်းဆုံးခြောက်လလောက်ကြိုပြီး စေ့စပ်ထားလိုက်ပါ
  • မြင်မြင်ချင်းချစ်မိတဲ့အချစ်ကိုယုံပါ
  • သူတပါးရဲ့စိတ်ကူးအိပ်မက်တွေကိုမရယ်ပါနဲ့
  • နက်နက်နဲနဲမြတ်မြတ်နိုးနိုးချစ်ပါ
  • နာကျင်ရတာတွေတော့ရှိမှာပါ၊ဒါကလည်း ဘ၀ကိုအပြည့်အ၀ ရှင်သန်ဖို့ဒီတနည်းဘဲရှိတာကိုး
  • သဘောထားကွဲလွဲတဲ့အခါတွေမှာမျှတစွာဘဲငြင်းခုန် ယှဉ်ပြိုင်ပါ ၊နာမည်တွေသမုတ်ရှုက်ချတာမလုပ်ပါနဲ့
  • ကိုယ်မဖြေချင်တဲ့မေးခွန်းတွေမေးလာတဲ့သူရှိရင် ပြုံးပြပြီးမေးလိုက်ပေါ့ `ဘာဖြစ်လို့သိချင်ရတာလဲ´ လို့
  • ကြီးမားတဲ့အချစ်နဲကြီးမားတဲ့အောင်မူတွေမှာ ကြီးမားတဲ့အန္တရာယ် ရှိတယ်ဆိုတာသတိရပါ
  • အမေ့ကိုစကားပြောပါ
  • တယောက်ယောက်ကနာချေရင်"bless you" (မင်္ဂလာရှိပါစေ)လို့ပြောပေးပါ
  • အရှုံးနဲရင်ဆိုင်ရတဲ့အခါသင်ခန်းစာကိုလက်မလွတ်စေနဲ့
  • ဒီသုံးချက်ကိုမမေ့ပါနဲ့ - ကိုယ့်ကိုယ်ကိုလေးစားပါ                  -သူတပါးကိုလေးစားပါ                              - ကိုယ့်အမှုအရာတိုင်းအတွက်တာဝန်ယူပါ
  • သာမန်အငြင်းပွားတာလေးကြောင့်ကြီး မားတဲ့ခင်မင်မှုကို မပျက်ပြားစေပါနဲ့
  • ကိုယ်မှားသွားပြီလို့သတိဝင်လာတာနဲ့ချက်ချင်းပဲပြုပြင်လိုက်ပါ
  • ဖုန်းကိုကိုင်တဲ့အချိန်မှာပြုံးပါ၊ တဖက်လူကသင့်အသံထဲက အပြုံးကိုရိပ်စားမိလိမ့်မယ်
  • သင်စကားပြောချင်တဲ့ယောကျာ်း/မိန်းမကိုလက်ထပ်ပါ၊ သင်အသက်ကြီးလာတာနဲ့အမျှသူတို့ရဲ့ စကားပြောစွမ်းရည်ဟာ တခြားကိစ္စတွေလိုပဲအရေးကြီးလာလိမ့်မယ်
  • သင့်အတွက်အရေးပါတဲ့၊အရေးကြီးတဲ့ပုဂ္ဂိုလ်ကိုသူတို့ဟာ သင့်ဘ၀မှာဘယ်လောက်အရေးကြီးတယ်             ဆိုတဲ့အကြာင်းတနေ့ တခါတော့ပြောပါ
  • ကိုယ့်ကိုသူတပါးကဆက်ဆံစေလိုတဲ့ပုံစံအတိုင်းသူတပါးကို ဆက်ဆံပါ





Reply all
Reply to author
Forward
0 new messages