CSR workshop Invitation_23.5.2013

3 views
Skip to first unread message

NwayT

unread,
May 19, 2013, 7:57:26 AM5/19/13
to
*အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားခြင်း*

Burma Center Netherlands နှင့် ဒါန-ရှေ့ဆောင်မြန်မာတို့ပူးပေါင်းစီစဉ်သည့်
“စီးပွားရေးလုပ်ငန်းစုများနှင့် လူမှုတာဝန် ၀တ္တရားများ” *“Corporate Social
responsibility (CSR)” *အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် မေလ
(၂၃)ရက်နေ့၌ ပြုလုပ်မည်ဖြစ်ပါသဖြင့် လူကြီးမင်းအား တက်ရောက်ပေးပါရန်
ဖိတ်ကြားအပ်ပါသည်။**

ဆွေးနွေးပွဲတွင် CSR အကြောင်းအား အနှစ်ချုပ်မိတ်ဆက်ခြင်း၊
စီးပွားရေးပြောင်းလဲမှုတွင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏အခန်းကဏ္ဍ
နှင့် မြန်မာနိုင်ငံ၏လူမှုရေးနှင့်နိုင်ငံရေးအခြေအနေများကို
တင်ပြဆွေးနွေးသွားမည်ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို CSR ၏သဘောတရား နှင့် သဘာဝပတ်ဝန်းကျင်နှင့်
လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိသော
စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်နည်းလမ်းများကို မိတ်ဆက်လိုသည့်
ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါ သည်။
ထို့ကြောင့်နိုင်ငံတကာလမ်းညွှန်ချက်များ၊ အောင်မြင်မှုများနှင့်စိန်ခေါ်မှုများကို
ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် CSR ကိုအားပေးမြှင့်တင်ရာတွင်
လူမှုစီးပွားလုပ်ငန်းစုများ၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။


၀၉း၃၀-၁၀း၀၀ *တက်ရောက်သူများကို အမည်စာရင်းသွင်းခြင်း*

၁၀း၀၀-၁၂း၀၀ *CSR** အကြောင်းမိတ်ဆက်ခြင်း၊ အောင်မြင်မှုများ၊
စိန်ခေါ်မှုများနှင့် ရရှိခဲ့သောသင်ခန်းစာများကို မျှဝေခြင်း။*

၁၂း၀၀-၁၃း၀၀ *နေ့လည်စာစားချိန်*

၁၃း၀၀-၁၅း၀၀ *မြန်မာနိုင်ငံ၏အခြေအနေကိုစူးစမ်းရှာဖွေခြင်း၊
စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးများကိုမြှင့်တင် နိုင်ရန်
**CSR**၏သဘောတရားနှင့်အညီ အရပ်ဘက်အဖွဲ့အစည်းများ (CSO) များအနေဖြင့်
မည်ကဲ့သို့
လုပ်ဆောင်နိုင်မည်နည်း စသည်တို့ကို ဆွေးနွေးခြင်း။*


အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးနိုင်ပါရန် လူကြီးမင်းတို့ကို
ထပ်မံ၍လေးစားစွာဖိတ်ကြားအပ်ပါသည်။ လူကြီးမင်းတို့အနေဖြင့် တက်ရောက်နိုင်၊
မတက်ရောက်နိုင်ကို အမြန်ဆုံး ကြိုတင်အကြောင်းကြားပေးရန်ကိုလည်း
မေတ္တာရပ်ခံအပ်ပါသည်။


အကြောင်းကြားရမည့်နောက်ဆုံးရက်- ၂၁.၅.၂၀၁၃ (အင်္ဂါနေ့) (ညနေ-၃း၀၀)

အကြောင်းကြားရန်ဖုန်း - ၀၉၄၃၀၂၉၂၁၂၊ ၀၉၄၃၁၁၈၈၉၇

အီးမေးလ် - chan...@gmail.com,
yekyaw...@gmail.com, nwa...@gmail.com.
*
ဒါန-ရှေ့ဆောင်မြန်မာ***

--
<http://www.sweetim.com/s.asp?im=gen&lpver=3&ref=10>
<http://www.sweetim.com/s.asp?im=gen&lpver=3&ref=10><http://www.sweetim.com/s.asp?im=gen&lpver=3&ref=10><http://www.sweetim.com/s.asp?im=gen&lpver=3&ref=10><http://www.sweetim.com/s.asp?im=gen&lpver=3&ref=10>
<http://www.sweetim.com/s.asp?im=gen&lpver=3&ref=10><http://www.sweetim.com/s.asp?im=gen&lpver=3&ref=10><http://www.sweetim.com/s.asp?im=gen&lpver=3&ref=10>
* *

(`*•.¸(`*•.¸♥¸.•*´) ¸.•*´)
..♥«´¨`•.*♥♥♥*.•´¨`»♥..
(¸.•*´(¸.•*´♥`*•.¸)`*•.¸)
CSR invitation-MM.docx
Invitation workshop CSR 23 may 2013.doc
Reply all
Reply to author
Forward
0 new messages