တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၁)
ကျွနုပ်တို့ ဒါန-ရှေ့ဆောင် မြန်မာ (Charity-Oriented Myanmar) မှ မြန်မာပြည်ရှိ တိုင်းရင်းသားလူနည်းစုများမှ လူငယ်များ၏ နိုင်ငံရေးအသိအမြင် မြှင့်တင်ပေးနိုင်ရန် နှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၁) ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။
ဤသင်တန်းတွင် မတူညီသော တိုင်းရင်းသားလူနည်းစု အုပ်စုများမှ လူငယ်ဦးရေ (၃၀) ဦး ကို ရွေးချယ်ပို့ချပေးသွားမည်ဖြစ်ပါ
သည်။
သင်တန်းခေါင်းစဉ် - တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၁) (မော်ဂျူး ၁ + ၂)
ရက်စွဲ - မော်ဂျူး(၁) -၂၈.၁၁.၂၀၁၃ မှ ၁၃.၁၂.၂၀၁၃ ထိ
မော်ဂျူး(၂)- ၂၇.၁.၂၀၁၄ မှ ၁၀.၂.၂၀၁၄ ထိ
သင်တန်းလျှောက်လွှာပိတ်ရက် -၃၁. ၁၀. ၂၀၁၃ (ကြာသပတးနေ့) ၊ ညနေ ၅း၀၀ နာရီ
၈.၁၁.၂၀၁၃ ရက်နေ့တွင် ဆန်ခါတင် စာရင်း ထုတ်ပြန် ပြီး ၁၄/၁၅.၁၁.၂၀၁၃ ရက်နေ့များတွင် လူတွေ့မေးမြန်းမည်ဖြစ်ပြီး
ရွေးချယ်ခံရသော သင်တန်းသား/သူ များအား ၂၀.၁၁.၂၀၁၃ ရက်နေ့တွင် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသည်။
ထို့ကြောင့် အထက်ပါ သင်တန်းအား စိတ်ဝင်စားသူ တိုင်းရင်းသား လူနည်းစု အုပ်စုများမှ လူငယ်များသည် တွဲလျှက်ပါရှိသော Application Form တွင် ဖြည့်စွက်ပြီး leadersh...@gmail.com သို့ ပြန်လည် ပေးပို့နိုင်ပါသည်။
** သင်တန်းနှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်အား Flyer တွင် ကြည့်ရှုနိုင်ပါသည်။ **
အထက်ပါ သင်တန်းကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက
မျိုးခိုင်ထူး
သင်တန်းရေးရာအုပ်ချုပ်ရေးမှူး
ဒါန-ရှေ့ဆောင်မြန်မာ
၀၉-၄၅၀၀ ၂၁၂ ၉၀