ကွန်ပြူတာလုံခြုံရေးစနစ်သင်တန်း တက်ရောက်ရန် ဖိတ်ကြားခြင်း
စက်တင်ဘာ ၁၁ - ၁၂
တိဗက်လှုပ်ရှားမှုကွန်ယက် (Tibet Action Network) မှ ဒီဂျစ်တယ်လုံခြုံရေးသင်တန်းကို စက်တင်ဘာ ၁၁ ရက် နေ့နှင့် ၁၂ ရက်နေ့တွင် နံနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။ သင်ဖြစ်စေ သင့်အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးဖြစ်စေ ဤသင်တန်းသို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဤသင်တန်းတွင် အွန်လိုင်းလုံခြုံရေးနှင့် မိုဘိုင်းဖုန်းလုံခြံရေး တိုးမြှင့်ရာတွင် အသုံးပြုသည့် နည်းစနစ် များနှင့် အခြေခံသဘောတရားများ အကြောင်း ပါဝင်မည်ဖြစ်သည်။ ပါဝင်သည့် အကြောင်းအရာများမှာ HTTPS, အီးမေးလ်လုံခြုံရေးစနစ်၊ ဂျီမေးလ် လုံခြုံရေး အင်္ဂါရပ်များ၊ ကွန်ပြူတာလုံခြုံရေးစနစ်၊ malware risks, ပူးတွဲပါဖိုင်များ ထည့်သွင်းခြင်း၊ ပိုမိုလုံခြုံမှုရှိသော ဖိုင်ပေးပို့မှုနည်းလမ်းများ၊ Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ယက်ဝဘ်ဆိုက်များ၏ လုံခြုံရေးစနစ်နှင့် ကိုယ်ရေး ကိုယ်တာလျှို့ဝှက်ထားရှိမှု၊ proxies နှင့် Tor တို့၏ အခြေခံသဘောတရား စသည်တို့ဖြစ်သည်။ ထို့ပြင် တည်နေရာခြေရာခံရှာဖွေခြင်း၊ လူပုဂ္ဂိုလ်များကို မည်သူမည်ဝါ ဖြစ်ကြောင်းဖော်ထုတ်ခြင်း၊ ကိုယ်ရေးကိုယ်တာများလျှို့ဝှက်ထားရှိခြင်းနှင့် ပတ်သက်သည့် စိုးရိမ်ဖွယ်အချက်များ စသည့် အကြောင်းအရာများ ပါဝင်သည့် မိုဘိုင်းဖုန်းလုံခြုံရေးစနစ် အကြောင်းကို ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။
တက်ရောက်မည့်သူများသည် အင်တာနက်၊ အီးမေးလ်နှင့် အခြားဆက်သွယ်ရေးနည်းပညာများကို လုပ်ငန်းခွင်ထဲတွင် အသုံးပြုနေသူ ဖြစ်ရမည်။ သင်တန်းမှ ရရှိလာသော နည်းစနစ်များနှင့် နည်းကိရိယာများကို မိတ်ဆွေများနှင့် အခြားမိမိနှင့် ရင်းနှီးစပ်လျင်းသောသူများထံ ပြန်လည် မျှဝေနိုင်ရမည်။
သင်တန်းကို အင်္ဂလိပ်ဘာသာဖြင့်ပို့ချပြီး မြန်မာဘာသာပြန် ပြုလုပ်ပေးမည်ဖြစ်သည်။ တက်ရောက် သူများကို အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်တာအတွင်း နံနက်စာနှင့် နေ့လည်စာ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
တက်ရောက်ပါဝင်လိုပါက ဂျက်စီကာ (အီးမေးလ် - jessica....@gmail.com) နှင့် မထိုက်ထိုက်အောင် (htaik...@gmail.com) 0943025529 သို့ အတည်ပြု အသိပေးအကြောင်းကြား နိုင်ပါသည်။ တက်ရောက်ရန် အတည်ပြု အကြောင်းကြားလာသူများကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည့် တည်နေရာကို ပြန်လည် အကြောင်းကြားသွားမည် ဖြစ်သည်။