သို့
အဖွဲ့အစည်း၊ကွန်ယက်နှင့် နယ်ပယ်အသီးသီးမှ မိတ်ဆွေများကို ဒါန-ရှေ့ဆောင်မြန်မာရဲ့ အမျိုးသမီးများ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း အစီအစဉ်နဲ့ မိတ်ဆက်ပေးပါရစေ။
· ဤသင်တန်းအစီအစဉ်သည် မြန်မာတိုင်းရင်းသား အမျိုးသမီးများ၏ ခေါင်းဆောင်မှု ခွန်အားအရည်အသွေးများ ကို မြှင့်တင်ပေးလိုသော ရည်ရွယ်ချက်ဖြင့် သင်တန်းအစီအစဉ်၊ အလုပ်ရုံဆွေးနွေးပွဲအစီအစဉ် များသာမက လက်တွေ့ သင်ယူလေ့ကျင့်နိုင်စေရန့်ကွင်းဆင်းလုပ်ကိုင်မှုအစီအစဉ်များကိုပါထည့်သွင်း ရေးဆွဲထားသောအစီအစဉ်ဖြစ်ပါသည်။ ဤသင်တန်း မှလူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ၊(၂၀၀၈)ခုနှစ် မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာခြင်း၊ ဒီမိုကရေစီနှင့် အမျိုးသမီးများပါဝင်မှု၊ ကျား/မ ဂျန်ဒါအကြောင်းသိကောင်းစရာ၊ခေါင်းဆောင်မှုစွမ်းရည်၊သုတေသနပြုခြင်းနှင့် ခြုံငုံလေ့လာခြင်း နည်းလမ်းများ နှင့်
· လက်တွေ့ ကွင်းဆင်းသုတေသနပြုရန် ပြင်ဆင်ခြင်း စသည်တို့ကိုလေ့လာခွင့်ရမှာဖြစ်ပါသည်။မော်ဂျူး(၁)ကိုရက်(၂၀)ကြာလေ့လာပြီးပါက မိမိတို့ဒေသတွင် (၂)ပတ်ကြာကွင်းဆင်းသုတေသနပြုလုပ်ကြရမှာပါ။ မော်ဂျူး(၂)- (၁၅)ရက်အတွင်းတွင် စီမံကိန်းအကောင်အထည်ဖော်ရန်ပြင်ဆင်ရမှာဖြစ်ပါသည်။
· ၈.၁၁.၂၀၁၃- သင်တန်းလျှောက်လွှာနောက်ဆုံးလက်ခံရက်
· ၁၀.၁၁.၂၀၁၃- ပဏာမရွေးချယ်ခံရသူအမည်စာရင်းကြေငြာရက်
· ၁၂-၁၃.၁၁.၂၀၁၃- လူတွေ့မေးမြန်းခြင်း (သို့မဟုတ်) တယ်လီဖုန်းဖြင့်မေးမြန်းမှုရက်များ
· ၁၄.၁၁.၂၀၁၃- သင်တန်းတက်ရောက်ခွင့်ရ သင်တန်းသူအမည်စာရင်းထုတ်ပြန်ကြေငြာရက်
· ၂၉.၁၁.၂၀၁၃မှ၁၉.၁၂.၂၀၁၃- မော်ဂျူး-၁ သင်တန်းကာလ (၂၀-ရက်)
· ၂၂.၁၂.၂၀၁၃ မှ၂.၁.၂၀၁၄ -ကွင်းဆင်းသုတေသနအစီအစဉ်
· ၅.၁.၂၀၁၄မှ၁၉.၁.၂၀၁၄- မော်ဂျူး-၂ သင်တန်းကာလ (၁၅-ရက်) ကြာမြင့်မှာဖြစ်ပါသည်။ သင်တန်းလျှောက်လွှာများကို leadersh...@gmail.com သို့ နိုဝင်ဘာလ(၈)ရက်နေ့နောက်ဆုံးထား၍ပေးပို့ရမှာဖြစ်ပါသည်။ထပ်မံ သိရှိလိုသည်များရှိပါက
ဝင်းသန္တာအောင်(၀၉-၄၀၁၅၆၂၉၄၁) (ဒါန-ရှေ့ဆောင်မြန်မာသင်တန်းနှင့်စီမံရေးရာလက်ထောက်တာဝန်ခံ၊ အမျိုးသမီးများ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့် အစီအစဉ် leadersh...@gmail.com ၊အမှတ်(၄၀)၊အောင် မြေရတနာလမ်း၊ သုမင်္ဂလာအိမ်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။