ဒါန-ရှေ့ဆောင် မြန်မာ (Charity-Oriented Myanmar) မှ မြန်မာပြည်ရှိ တိုင်းရင်းသားလူနည်းစုများမှ လူငယ်များ၏ နိုင်ငံရေးအသိအမြင် မြှင့်တင်ပေးနိုင်ရန် နှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂) ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။
ဤသင်တန်းတွင် မတူညီသော တိုင်းရင်းသားလူနည်းစု အုပ်စုများမှ လူငယ်ဦးရေ (၃၀) ဦး ကို ရွေးချယ်ပို့ချပေးသွားမည်ဖြစ်ပါသည်။
သင်တန်းခေါင်းစဉ် - တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့်
ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂)
သင်တန်း တက်ရောက်ရမည့် ရက်စွဲ - ၃၀.၄.၂၀၁၄ မှ ၃.၆.၂၀၁၄ ထိ
သင်တန်းလျှောက်လွှာပိတ်ရက် -၁၁. ၄. ၂၀၁၄ (သောကြာနေ့) ၊ ညနေ ၅း၀၀ နာရီ
ထို့ကြောင့် အထက်ပါ သင်တန်းအား စိတ်ဝင်စားသူ တိုင်းရင်းသား လူနည်းစု အုပ်စုများမှ လူငယ်များသည် တွဲလျှက်ပါရှိသော Application Form တွင် ဖြည့်စွက်ပြီး leadersh...@gmail.com သို့ ပြန်လည် ပေးပို့နိုင်ပါသည်။
** သင်တန်းနှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်အား Flyer တွင် ကြည့်ရှုနိုင်ပါသည်။ **
အထက်ပါ သင်တန်းကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက
သန်းဇော်ဦး
သင်တန်းရေးရာအုပ်ချုပ်ရေးမှူး
ဒါန-ရှေ့ဆောင်မြန်မာ
၀၉-၄၂၁၁၆၂၂၁
တိုင်းရင်းသားလူငယ်များ၏ နိုင်ငံရေးနှင့်ခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်း
သင်တန်းအကြောင်းအရာဖော်ပြချက်
ပြည်တွင်းအခြေပြု အမြတ်အစွန်း မရည်ရွယ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒါန-ရှေ့ဆောင်မြန်မာ အဖွဲ့အစည်းသည်မြန်မာပြည်ရှိတိုင်းရင်းသားလူနည်းစုများမှ လူငယ်များ၏ နိုင်ငံရေးအသိအမြင် မြှင့်တင်ပေးနိုင်ရန်နှင့်ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်၍ ဤအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သင်တန်းအပတ်စဉ်တစ်ခုစီတိုင်းတွင် မတူညီသော တိုင်းရင်းသားလူနည်းစုအုပ်စုများမှ လူငယ်ဦးရေ(၃၀)ဦးကို ရွေးချယ်ပို့ချပေးသွားမည်ဖြစ်ပါသည်။
စုစုပေါင်းသင်တန်းရက်မှာ ရက်(၃၀)ရှိမည်ဖြစ်ပါသည်။ သင်တန်းသားများအနေဖြင့် ၄င်းတို့၏ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော နိုင်ငံရေးအသိပညာများ၊ ဗဟုသုတများနှင့်စွမ်းရည်တို့ကို ပေါင်းစပ်မြှင့်တင်သွားမည့် အစီအစဉ်ဖြစ်ပါသည်။
ထို့ကြောင့်စာသင်ခန်းအတွင်း သင်ခန်းစာများကို သင်တန်းသား၊သင်တန်းသူ အချင်းချင်းပူးပေါင်းပါဝင်ခြင်းနှင့်အပြန်အလှန်ဆွေးနွေးမှုတို့ဖြင့် လေ့လာသင်ယူကြရမည်သာမက လက်တွေ့ကွင်းဆင်းလုပ်ဆောင်မှုတို့ကိုဆောင်ရွက်ခြင်းဖြင့် စာတွေ့အသိနှင့် လက်တွေ့လေ့ကျင့်မှုတို့ကို ပေါင်းစပ်သင်ယူကြရမည်ဖြစ်သည်။
သင်တန်းအစီအစဉ်
ရက်(၃၀)ကြာသင်တန်းအစီအစဉ်ကို ရန်ကုန်မြို့တွင် တက်ရောက်ရမည် ဖြစ်ပြီး သင်တန်းကာလအတွင်း သက်ဆိုင်ရာ နေရာများသို့ ကွင်းဆင်းသုတေသနအစီအစဉ်ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပို့ချမည့်သင်ခန်းစာများ
လက်တွေ့ အစီအစဉ်
ရက်(၃၀)သင်တန်းအပတ်စဉ်ပြီးဆုံးသွားပါက သင်တန်းသူ၊ သင်တန်းသားအားလုံးသည် မိမိတို့လေ့လာ ဆန်းစစ်ခဲ့ကြသော ဒေသတွင်း (သို့) ရပ်ရွာတွင်း (သို့) လူထုတွင်းတွင် မိမိတို့သင်ယူရရှိခဲ့သည်များကို ပြန်လည်မျှဝေခြင်း၊ သင်တန်းပြန်လည်ပို့ချခြင်းစသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ကြရမည် ဖြစ်သည်။
နောက်ဆက်တွဲသတင်းအချက်အလက်များ/ ပံ့ပိုးပေးမှုများ
ဤသင်တန်းတက်ရောက်ရန် မည်သည့် သင်တန်းကြေး ပေးရန် မလိုပါ။
သင်တန်းကာလအတွင်း သင်တန်းသားများ နေထိုင်ရေးနှင့် စားသောက်မှုများအတွက် တာဝန်ယူ စီစဉ်ပေးမည်ဖြစ်ပါသည်။
သင်တန်းသူ၊ သင်တန်းသား များမှာသတ်မှတ်ပေးထားသော ယောက်ျားလေးဆောင်၊ မိန်းကလေးဆောင် နေရာများတွင် စုပေါင်းနေထိုင်ကြရမည်ဖြစ်ပါသည်။
သင်တန်းသူ၊ သင်တန်းသားများ သင်တန်းနေရာ ရန်ကုန်မြို့သို့ လာရောက်မှုနှင့် သင်တန်းပြီးဆုံးပါက မိမိတို့နေရပ်ဒေသသို့ ပြန်ခြင်းအတွက် ခရီးစရိတ်ကုန်ကျမှုများကို ကျခံပေးမည်ဖြစ်ပါသည်။
** မှတ်ချက်။ ။ လေယာဉ်ဖြင့် ခရီးသွားလာပါက မိမိတို့ အစီအစဉ်ဖြင့်သာကျခံကြရမည်ဖြစ်ပါသည်။ ဒါန-ရှေ့ဆောင်မြန်မာ မှ ကျခံပေးနိုင်မည် မဟုတ်ပါ ။ **
လျှောက်ထားသူများ၏ လိုအပ်သည့်အရည်အချင်းများ
(ဤသင်တန်းအစီအစဉ်သည် လူမျိုး၊ဘာသာ၊ နိုင်ငံသား၊ ကျား၊ မ၊ လိင်ခံယူမှု၊ နိုင်ငံရေးယုံကြည်မှုနှင့် မသန်စွမ်း ဖြစ်မှုတို့အပေါ်တွင် ခွဲခြားသတ်မှတ်ချက်ထားရှိခြင်း မရှိပါ)
အောက်ပါအချက်အလက်များနှင့်ကိုက်ညီသူ မည်သူမဆို သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။
1). တိုင်းရင်းသားလူနည်းစု မျိုးနွယ် ဖြစ်ရမည်။
2). အသက်(၁၈)မှ (၃၈)နှစ်အတွင်းဖြစ်ရမည်။
3). အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
4). ဘာသာရပ်အားလုံးကို ဗမာဘာသာဖြင့် သင်ကြားရမည်ဖြစ်သဖြင့် ဗမာစာနှင့်စကား(ရေး၊ဖတ်၊ပြော) နားလည်ပြောဆိုနိုင်ရမည်။
5). ရပ်ရွာအခြေပြုအဖွဲ့အစည်း (သို့) အရပ်ဘက်လူ့အဖွဲ့အစည်း (သို့) နိုင်ငံရေးပါတီတစ်ခုခုတွင် လက်ရှိလုပ်ကိုင်နေသူ (သို့မဟုတ်) လူမှုလုပ်ငန်းများ၊ နိုင်ငံရေးရာဆောင်ရွက်ချက်များ လုပ်ဆောင်ရန် စိတ်ပါဝင်စားသူဖြစ်ရမည်။
6). မော်ဂျူး(၁)-၁၅ရက်၊ မော်ဂျူး(၂)-၁၅ရက်၊ စုစုပေါင်း ရက်ပေါင်း(၃၀)ခန့်ကို မပျက်မကွက်တက်ရောက်နိုင်ရမည်။ ထို့အပြင် ကွင်းဆင်းသုတေသနအစီအစဉ်နှင့် သင်တန်းပြီးဆုံးပါက မိမိတို့နေရာဒေသတွင်လက်တွေ့အစီအစဉ်ကို ပြန်လည်လုပ်ဆောင် ရန် ဆန္ဒရှိသူဖြစ်ရမည်။
7). သင်တန်းကာလတစ်ခုလုံး သင်တန်းတက်ရောက်ခွင့်နှင့် လက်တွေ့ကွင်းဆင်းလုပ်ဆောင်မှုတို့အတွက် မိမိတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းမှ ကြီးကြပ်သူတစ်ဦး၏ သိရှိဆောင်ရွက်ခွင့်ပြုသည့် ထောက်ခံစာပါရှိရမည်ဖြစ်သည်။
8). နိုင်ငံ့ရေးရာနှင့် လူမှုရေးရာဆိုင်ရာ ဘာသာရပ်အကြောင်းအရာတို့ကို သင်ယူရန် စိတ်ဝင်စားသူဖြစ်ရမည်။
9). နောက်ခံအကြောင်းအရာမတူညီသူများ၊ လူမျိုး၊ ဘာသာ၊ နေရာဒေသ မတူညီသူများနှင့် အတူတကွနေထိုင်သင်ယူ၍ အချင်းချင်း အပြန်အလှန်လေးစားမှုရှိစွာ ပြုမူပြောဆိုနေထိုင်နိုင်သူဖြစ်ရမည်။
10). မိမိတို့အတွက် စီစဉ်ပေးထားသည့် အဆောင်နေရာတွင် သင်တန်းကာလများတစ်လျှောက်လုံး နေထိုင်နိုင်သူဖြစ်ရမည်။ ထို့အပြင် သင်တန်းကာလအတွင်း သန့်ရှင်းရေးနှင့် အခြားစုပေါင်းလုပ်ဆောင်ရမည့်ကိစ္စရပ်များကို လုပ်ဆောင်နိုင်ရမည်။ သင်တန်းအုပ်ချုပ်ရေးအဖွဲ့မှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်မည့်သူ ဖြစ်ရမည်။
သင်တန်းလျှောက်ထားမှု အဆင့်ဆင့်
1. သင်တန်းလျှောက်လွှာ - လျှောက်လွှာတွင်ပါရှိသည့်မေးခွန်းများ၊ စာစီစာကုံးများအားလုံးကို ဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုရာတွင် လက်ရေးဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်စာရိုက်၍သော်လည်းကောင်း ဖြေဆိုနိုင်ပါသည်။ ကွန်ပျူတာစာရိုက်၍ ဖြေဆို မည်ဆိုပါက ‘Zawgyi-One’ ဖောင့်ကို အသုံးပြု၍ဖြေဆိုရမည် ဖြစ်သည်။
2. ထောက်ခံချက် - သင်တန်းတက်ရောက်လိုသူအတွက် လက်ရှိလုပ်ကိုင်နေသော အဖွဲ့အစည်း(သို့မဟုတ်)စီမံကိန်းမှ ကြီးကြပ်သူ တစ်ဦး (သို့) ဘာသာရေးခေါင်းဆောင် တစ်ဦး မှ ခွင့်ပြုချက်နှင့်ထောက်ခံချက်ပေးရမည်ဖြစ်သည်။ ထောက်ခံချက်ကို သင်တန်းလျှောက်လွှာနှင့် တစ်ပါတည်းပူးတွဲတင်ပြရမည် ဖြစ်ပါသည်။ ထောက်ခံချက်မပါရှိသော သင်တန်းလျှောက်လွှာများကို လက်ခံစဉ်းစားပေးသွားမည် မဟုတ်ပါ။
3. လူတွေ့မေးမြန်းခြင်း -ပမာဏရွေးချယ်ခံထားရသူများသာလျှင် လူတွေ့မေးမြန်းခြင်း (သို့မဟုတ်) တယ်လီဖုန်းဖြင့်မေးမြန်းခြင်းတို့ကို ဖြေဆိုရမည်ဖြစ်သည်။
4. ရွေးချယ်ခြင်း - နောက်ဆုံးအဆင့်သင်တန်းသားရွေးချုယ်မှု ကို ရွေးချယ်ရေး အဖွဲ့မှ မေးမြန်းမှုတို့ပေါ်တွင်အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်သည်။ ရွေးချယ်မှုလုပ်ငန်းစဉ်ကို အချိန်တိုအတွင်းပြီးစီးအောင် လုပ်ဆောင် သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ရွေးချယ်ခံရသူများကို သင်တန်းရေးရာအုပ်ချုပ်ရေးမှူး မှ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
5. မေးခွန်းများမေးလိုခြင်း/ဝေဖန်အကြံပြုလိုခြင်း- သင်တန်းအစီအစဉ်အကြောင်းနှင့် သင်တန်းလျှောက်ထားမှုအတွက် ဖြည့်စွက်သိရှိလိုပါက (သို့မဟုတ်) သင်တန်းအစီအစဉ်နှင့်ပတ်သက်၍ ဝေဖန်အကြံပြုလိုပါက သင်တန်းအုပ်ချုပ်ရေးမှူး တယ်လီဖုန်းနံပါတ် ၀၁ - ၈၅၅၁၄၃၉၊၀၉ - ၄၂၁၁၆၂၂၁၇၊၀၉ ၄၅၀၀ ၂၁၂ ၉၀ သို့ တနင်္လာနေ့မှသောကြာနေ့၊ ရုံးချိန် မနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း ခေါ်ဆို၍သော်လည်းကောင်း (သို့) အီးမေးလ်လိပ်စာ leadersh...@gmail.comသို့ မေးလ်ပေးပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်း အကြံပြုနိုင်ပါသည်။
သင်တန်းလျှောက်လွှာပေးပို့ခြင်း
သင်တန်းလျှောက်လွှာကိုအားလုံးပြည့်စုံစွာဖြည့်စွက်ပြီးပါက၊ ထောက်ခံချက်တို့နှင့်အတူ ၁၁. ၄. ၂၀၁၄ (သောကြာနေ့)၊ ညနေ ၅း၀၀နောက်ဆုံးထား၍ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများသို့ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ စာပို့၍ သော် လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
(သတ်မှတ်ထားသော သင်တန်းလျှောက်လွှာ နောက်ဆုံးရက်ထက် နောက်ကျသောလျှောက်လွှာများကို မည်သည့် အကြောင်းပြချက်မျိုးနှင့်မှ ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)
သင်တန်းနှင့်သက်ဆိုင်ရာ နေ့စွဲများ
|
၁၁.၄.၂၀၁၄ |
သင်တန်းလျှောက်လွှာ နောက်ဆုံးလက်ခံရက် |
|
၂၂.၄.၂၀၁၄ |
ဆန်ခါတင် စာရင်းထုတ်ပြန်ကြေငြာရက် |
|
၂၂-၂၃.၄.၂၀၁၄ |
လူတွေ့မေးမြန်းမည့်ရက် |
|
၂၅.၄.၂၀၁၄ |
သင်တန်းတက်ရောက်ခွင့် ရရှိသူများအား ဆက်သွယ်အကြောင်းကြားမည့်ရက် |
|
၂၈.၄.၂၀၁၄ |
သင်တန်းတည်နေရာ(ရန်ကုန်မြို့) သို့ သင်တန်းသားများ ရောက်ရှိရန်နောက်ဆုံးရက် |
|
၃၀.၄.၂၀၁၄ |
သင်တန်းစတင်မည့်ရက် |
|
၃.၆.၂၀၁၄ |
သင်တန်းပြီးဆုံးမည့်ရက် |
ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်ရန်- သန်းဇော်ဦး
သင်တန်းရေးရာအုပ်ချုပ်ရေးမှူး
(ဒါန-ရှေ့ဆောင်မြန်မာ)
မျိုးဆက်သစ်ခေါင်းဆောင်မှု စွမ်းရည်မြှင့်အစီအစဉ်
အီးမေးလ်- leadersh...@gmail.com
ဖုန်းနံပါတ်- ၀၉ - ၄၂၁၁၆၂၂၁၇
၀၉ - ၄၅၀၀ ၂၁၂ ၉၀၊
၀၉ - ၄၃၀၂၉၂၁၂
ရုံးလိပ်စာ - အမှတ်(၄၀)၊ အောင်မြေရတနာလမ်း၊ သုမင်္ဂလာအိမ်ရာ၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
လမ်းညွှန်à တာမွေဗလီမှ တောင်ဒဂုံသို့သွားသော ၃၉(ဟီးနိုး)၊ BM ၊ ၈၈ ၊ အဓိပတိ (အပြာရောင်) ကားများစီး၍ “ကပ်ချီးယား” မှတ်တိုင်တွင်ဆင်းပါ။