ရန်ကုန် - ဘန်ကောက် - ရန်ကုန် (၄ ည / ၅ ရက်) ခရီးစဉ်

90 views
Skip to first unread message

pyaesoanthu

unread,
Sep 2, 2011, 5:54:12 AM9/2/11
to Elegant Myanmar Tours, panwa...@gmail.com
ရန်ကုန် - ဘန်ကောက် - ရန်ကုန်
(၄ ည / ၅ ရက်) ခရီးစဉ်
ပထမနေ့(L/D) ရန်ကုန် - ဘန်ကောက်
ရန်ကုန်မြို့မှထိုင်းနိုင်ငံဘန်ကောက်မြို့သို့
နံနက်ပိုင်း လေယာဉ်ဖြင့် ထွက်ခွာပါမည်။ဘန်ကောက် လေယာဉ်ကွင်းသို့
ရောက်လျှင် ဒေသခံ GUIDEမှ ကြိုဆိုကာ တည်းခိုမည့် ဟိုတယ်သို့
ပို့ဆောင်ပေးမည် ဖြစ်ပါသည်။နေ့လည်စာကို အရသာရှိရှိ သုံးဆောင်ပြီး
ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသော တန်ခိုးကြီး မြဘုရား၊
ဆုတောင်းပြည့်လေးမျက်နှာဘုရား၊ဘုရင့်နန်းတော် နှင့် Madam Tassaud Wax
Musuem သို့သွားရောက်ပြီး ကမ္ဘာကျော်လူသိများသော လူများ၏ရုပ်တုများနှင့်
တွဲဖက်ဓါတ်ပုံရိုက်ကူးကြပါမည်။ ထိုင်းနိုင်ငံ ၏ နာမည်ကြီးရေပေါ်ဈေး
FLOATING MARKET သို့ပို့ဆောင်ပေးပါမည်။

ဒုတိယနေ့(B / L / D) ဘန်ကောက် - ပတ္တရား

ဟိုတယ်တွင် နံနက်စာဘူဖေး စားသုံးပြီးနောက်
ပတ္တရားပင်လယ်ကမ်းခြေမြို့သို့ ထွက်ခွာပါမည်။Tiger Zoo သို့သွားရောက်ပြီး
Tiger Show, Crocodile Show များကိုစိတ်ဝင်စားစွာကြည့်ရှုရပါမည်။
နေ့လည်စာအဖြစ် ထိုင်းနိုင်ငံ၏ နာမည်ကြီးရိုးရာအစားအစာများကို
သုံးဆောင်ကြရပါမည်။ထို့နောက် အလွန်လှပသော NOON NOUCH GARDEN
သို့သွားရောက်ပြီး ဆင်လိမ္မာshow နှင့် ထိုင်းနိုင်ငံ၏ ရိုးရာအကများကို
ရှုစားရပါမည်။Dinner ကို B.B.Q စီစဉ်ပေးပါသည်။ထို့နောက် ညပိုင်းတွင်
ထိုင်းနိုင်ငံ၏ ထင်ရှား ကျော်ကြားသော GUY SHOW ကို
ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။


တတိယနေ့(B / L / D) ပတ္တရား

Hotel တွင် Buffet နံနက်စာသုံးဆောင်ပြီး Golran Island, Honey
Island သို့တနေ့တာ အပန်းဖြေရန် ခရီးထွက်ကြပါမည်။နေ့လည်စာကို Sea Food
ဖြင့်စီစဉ်ထားပါသည်။ညနေပိုင်းတွင် King Park လက်မှု ပညာပြခန်း၊
ပျားမွေးမြူရေးစခန်းများသို့ သွားရောက်လေ့လာပြီး King Cobra show
ကိုလဲကြည့်ရှုရပါမည်။
စတုတ္ထနေ့(B / L / D) ပတ္တရား - ဘန်ကောက်

HOTEL တွင်နံနက်စာသုံးဆောင်ပြီး Bangkok သို့ပြန်လည်ထွက်ခွာသွားပါမည်။
နေ့လည်စာကို Buffef ဖြင့်စီစဉ်ထားပါသည်။ပြီးလျှင် DreamWorld
သို့သွားရောက်ပြီး ပျော်ရွှင်စွာကစားကြပြီး တနေ့တာကုန်ဆုံး စေပါမည်။
ပဉ္စမနေ့(B/L) ဘန်ကောက် (shopping day)

HOTEL တွင်နံနက်စာသုံးဆောင်ပြီး Bangkok မြို့ရှိ MBK Shopping
Center နှင့်အခြားသော shopping center သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး
မိမိတို့စိတ်တိုင်းကျ ဈေးဝယ်ထွက်နိုင်ပါမည်။ထို့နောက် ဒေသခံ guide
မှလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး ရန်ကုန်မြို့ သို့
စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လည် ရောက်ရှိ ပ
ါမည်။

ခရီးစဉ်တွင်ပါဝင်သည်များ
• International လေယာဉ်လက်မှတ်
• ဟိုတယ်(3stars)နှစ်ယောက်ခန်းတစ်ခန်းလျှင်ဧည့်သည်(၂)ဦး
• နံနက်စာ၊နေ့လည်စာနှင့်ညနေစာများ ၊
• ခရီးစဉ်တလျှောက်ကားအသုံးပြုမှု
• ၀င်ကြေး
• မြန်မာစကားပြောနိုင်သော Guide

ခရီးစဉ်တွင်မပါဝင်သည်များ
• ဗီဇာကြေး
• လေယာဉ်အတွက် ၀န်ပိုဝန်ဆောင်စရိတ်
• Guide Tips (တစ်ရက်လျှင် ၁၀၀ ဘတ် တစ်ဦးနှုန်း)
• ကိုယ်ပိုင်အသုံးစရိတ်များ


Reply all
Reply to author
Forward
0 new messages