ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းရှိ လေဖိအားနည်း ရပ်ဝန်းကို နှိုးဆော် အဆင့်မှ စောင့်ကြည့် အဆင့်သို့ ပြန်လည် လျှော့ချ သတ်မှတ် လိုက်ပါပြီ။ (၃၀-၃-၂၀၁၁ ရက် နံနက် ၀၄း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

2 views
Skip to first unread message

Min Min Tun

unread,
Mar 29, 2011, 11:38:02 PM3/29/11
to egresspcm12, egresspcm04, pcm7
မှန်လျက်နဲ့လွဲရပြန်ပြီ

(၂၉-၃-၂၀၁၁)ရက်နေ့တစ်နေ့လုံး မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ခြိမ်းခြောက်
နေခဲ့တဲ့ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့
(၃၀-၃-၂၀၁၁)ရက်နေ့ နံနက်ပိုင်းရောက်တဲ့အထိ မုန်တိုင်းငယ်အဆင့်ကို
ရောက်မလာနိုင်ခဲ့ဘဲ လေဖိအားနည်းရပ်ဝန်း အဖြစ်နဲ့သာ ဆက်လက်တည်ရှိ နေခဲ့
ပါတယ်။

တကယ်တော့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်လာဖို့ အခြေအနေတွေ
(၂၉-၃-၂၀၁၁) နေ့ပိုင်းက အားလုံးပြသနေခဲ့ပါတယ်။ Pressure Field မှာ two
closed isobars အထိ ဖေါ်ပြလို့ ရနေခဲ့တယ်။ 600 metres အမြင့် wind field
မှာ cyclonic circulation ကို အားကောင်းကောင်းနဲ့ တွေ့ခဲ့ရပါတယ်။ cloud
field မှာ spiral band တွေ၊ feeder band တွေ နဲ့ တကယ့်ကို
မြိုင်မြိုင်ဆိုင်ဆိုင်ပါဘဲဗျာ။ လူငယ်စကားပြောရရင်
နွားသေ၊ကြိုးတုတ်ရိုက်ရသလိုပါဘဲ။

ဒါပေမယ့်ပေါ့လေ။ ဖြစ်ချင်တော့ (၂၉-၃-၂၀၁၁)ညနေပိုင်းမှာ
မြန်မာနိုင်ငံအတွင်းကို အရှေ့မြောက် လေအေးတွေတိုးဝင်လာပါတယ်။
ဘင်္ဂလားပင်လ်အော်ထဲ အထိရောက်ပါတယ်။ ဒါတွေက လေဖိအားများရပ်ဝန်း (High
Pressure area)ရဲ့ နယ်ချဲ့တပ်တွေပါ။ ဒီလေအေးတွေက လေဖိအားနည်းရပ်ဝန်းကို
ပင်လယ်ပြင်ရှိရာ အနောက်ဖက်ကို မရွေ့စေခဲ့တဲ့အပြင် မြေပြင်ပေါ်ကို
ပြန်ပြီးတွန်းတင် ပေးနေခဲ့ ပါတယ်။ ဒါကြောင့် လေဖိအားနည်းရပ်ဝန်းဟာ
(၂၉-၃-၂၀၁၁) ရက်နေ့ တစ်နေ့လုံး အနောက်ဖက်ကို နည်းနည်းမှ
မရွေ့နိုင်ခဲ့ပါဘူး။ ကုန်းပေါ်မှာဘဲ ထိုင်နေလေတော့ ရေငွေ့မှ မရနိုင်တာ့တာ
တိမ်တွေက ညပိုင်းရောက်တာနဲ့ တစ်စတစ်စနဲ့ ပြိုကွဲတော့ တာပါဘဲ။ အခုတော့
စုစုစည်းစည်းမရှိတော့ဘဲ ပြန့်ကျဲနေပြီး တော်တော်ကို အားပြန်
နည်းနေပြိဖြစ်ပါတယ်။

ဒါကြောင့် MCCW က လေဖိအားနည်းရပ်ဝန်းကို နှိုးဆော်အဆင့်ကနေ စောင့်ကြည့်
အဆင့်ကို လျှော့ချသတ်မှတ်လိုက်ရပါတယ်။

(၃၀-၃-၂၀၁၁)ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းဟာ ရေပြင်ထဲကို ပြန်လည်ဆင်း
လာနိုင်ရင်တာ့ အားပြန်ပျိုးလာစရာရှိနေတဲ့အတွက် (၃၀-၃-၂၀၁၁)တစ်နေ့လုံး
စောင့်ကြည့် နေပါဦးမယ်။

MCCW

--
Min Min Tun
PCM Training Manager ( Faculty )

30032011(01).jpg
Reply all
Reply to author
Forward
0 new messages