ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ ရက်ရွေ့ဆိုင်းကြောင်း အသိပေး အကြောင်းကြားခြင်း။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်း မှ ကြီးမှူးကျင်းပသော ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲကို (၂)ပတ်(၁)ကြိမ် လစဉ်(စနေနေ့)တွင် ကျင်းပခဲ့ပါသည်။ ယခုအပတ် ၂၀၁၁ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ (စနေနေ့)သည် တပေါင်းလပြည့်နေ့ ဖြစ်နေပါသဖြင့် ဟောပြောပွဲရက်ကို လာမည့်အပတ်စနေနေ့ မတ်လ (၂၆) ရက်နေ့သို့ ပြောင်းလဲကျင်းပမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
၂၀၁၁ခုနှစ်၊ မတ်လ(၂၆)ရက်နေ့ တွင် ဦးထွန်းလွင် မှ ``ရာသီဥတု ပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့လာနိုင်သော အကျိုးဆက်များ´´ “The Impacts of Climate Change In Myanmar” ခေါင်းစဉ်ဖြင့် ဟောပြောကျင်းပမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။