Myanmar Peace Center (MPC) Logo အတွက်ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာအတွက် အောက်ပါရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် အမှတ်တံဆိပ် (Logo) ပြိုင်ပွဲအတွက် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်အပ်ပါသည်။
ရည်မှန်းချက်များ
၁။ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်
၂။ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားစေရန်
၃။ ပြည်တွင်းငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နှင့် တိုင်းရင်းသားအခွင့်အရေးတို့ကို အာမခံနိုင်သည့် ဒီမိုကရေစီ စနစ်တစ်ခု ဖွံ့ ဖြိုးလာစေရန်
ပြိုင်ပွဲ စည်းကမ်းချက်များ
၁။ အဖွဲ့၏လုပ်ငန်း၊ ရည်ရွယ်ချက် နှင့် ပုံရိပ်ကို ပေါ်လွင်ထင်ရှားစေသော လေးနက်တည်ကြည်သည့် ပုံသဏ္ဍာန် ဖြင့် အဓိပ္ပ္ပ္ပ္ပ္ပ္ပါယ် ကိုဖော်ဆောင်နိုင်စေရမည်။
၂။ ပြိုင်ပွဲဝင်တစ်ဦးလျှင် (၅) ပုံအထိ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ရှိသည်။
၃။ မိမိ ကိုယ်ပိုင် ရေးဆွဲထားသော (logo) ပုံများ ဖြစ်ရမည်ဖြစ်ပြီး ဝန်ခံကတိပြုချက် တစ်ပါတည်းတင်ပြရမည်။
၎။ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ Email နှင့် အတူ ၅" x ၅" အရွယ်အရည်အသွေးမြင့် (logo) ပုံ ကိုပေးပို့ယှဉ်ပြိုင်ရမည် လိုအပ်ပါက မူရင်းဖိုင် ကိုတင်ပြ နိုင်ရမည်။
၅။ ဆုရွေးချယ်ရေး ကော်မတီမှ ရွေးချယ်သောအကောင်းဆုံး (၁) တစ်ပုံကို ဆုကြေးငွေ ကျပ် (၁၀၀၀၀၀၀) ဆယ်သိန်း တိတိချီးမြှင့်မည်ဖြစ်ပါသည်။
၆။ အကယ်၍ ဆုကြေငြာပြီး (၁၀) ရက်အတွင်း ခိုင်လုံသောအကြောင်းပြချက်ဖြင့် ကန့်ကွက်သူရှိခဲ့ပါက ဆုရွေးချယ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ရွေးချယ်မည်ဖြစ်ပါသည်။
၇။ ရွေးချယ်ခံတံဆိပ်၏ မူပိုင်ခွင့်ကို Myanmar Peace Centre မှ ပိုင်ဆိုင်စေရမည်။
ပါဝင်ယှဉ်ပြိုင်လိုလျှင် ၁၅ ရက် ဒီဇင်ဘာလ ၂၀၁၂ နေ့ နောက်ဆုံးထား၍ တိုက် (၁၁)၊ ရွှေလီလမ်း၊ ကမာရွတ်မြို့ နယ်၊ ရန်ကုန်မြို့ သို့  ပေးပို့ ယှဉ်ပြိုင်နိုင်သည်။
ဖုန်း-၀၁-၂၃၀၄၁၆၄၊ ၀၉-၅၀၇၂၂၉၇
မှတ်ချက်။ ။ အရွေးချယ်ခံရသူကို ဒီဇင်ဘာ ၃၀ ရက်နေ့ မတိုင်မီ ကြေငြာမည်ဖြစ်ပါသည်။