{Yangon Chronicle 2010:2664} Digest for yangonchronicle2010@googlegroups.com - 9 Messages in 9 Topics

3 views
Skip to first unread message

Min Min Tun

unread,
Jan 22, 2011, 3:33:54 AM1/22/11
to egresspcm12, egresspcm04, pcm7
Today's Topic Summary

Group: http://groups.google.com/group/yangonchronicle2010/topics

* မြောက်ကိုရီးယား၏ ကျူးကျော် ရန်စမှုများ အဆုံးသတ်စေလိုကြောင်း
အမေရိကန်-တရုတ် ပူးတွဲထုတ်ပြန် [1 Update]
* ရေဒါပျောက် စတဲ့လ် နည်းပညာ ရုရှားထံမှ တရုတ်ရရှိ [1 Update]
* မြန်မာတွင် China Unicom က နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှု
စတင်လုပ်ကိုင်မည် [1 Update]
* မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ အရင်းအနှီး ဆွဲဆောင်ရန်အတွက်
စတော့ဈေးကွက် ဖွင့်လှစ်ရန် စဉ်းစား [1 Update]
* အာဆီယံ၏ မြန်မာအပေါ် ချဉ်းကပ်မှုသည် ဗျူဟာသစ် မဟုတ် [1 Update]
* ဗီယက်နမ် ကွန်မြူနစ် ပါတီ ထိပ်ပိုင်းအလွှာက ပါတီခေါင်းဆောင်သစ်
ရွေးချယ် [1 Update]
* စစ်တမ်းများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း
အတည်ပြု [1 Update]
* ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား အကူအညီပေးရန်စီစဉ် [1 Update]
* အဂတိ လိုက်စားမှု လျှော့ချနိုင်မှသာ ဖိလစ်ပိုင်အား ရန်ပုံငွေ
ထပ်တိုးပေးနိုင်မည်ဟု အမေရိကန် ရန်ပုံငွေ ထောက်ပံ့ရေးအဖွဲ့ ပြောကြား [1
Update]

Topic: မြောက်ကိုရီးယား၏ ကျူးကျော် ရန်စမှုများ အဆုံးသတ်စေလိုကြောင်း
အမေရိကန်-တရုတ် ပူးတွဲထုတ်ပြန်

chronicle 2010 <chroni...@gmail.com> Jan 21 06:18PM +0630 ^

(AFP သတင်းမှ 20 January 2011 ရက်စွဲပါ “US, China Want North Korea to End
Provocation” ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား၏ ဆက်လက် ကျူးကျော် ရန်စမှုများ ရပ်ဆိုင်းစေရန် ဝါရှင်တန်နှင့်
ဘေဂျင်းက ဆန္ဒ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက တရုတ်
ခေါင်းဆောင် ဟူဂျင်းတောင်နှင့် ထိပ်သီး ဆွေးနွေးပွဲ အပြီး ဗုဒ္ဓဟူးနေ့က
ပြောကြားလိုက်သည်။

“ကိုရီးယား ကျွန်းဆွယ် ပေါ်က တင်းမာမှုတွေကို လျှော့ချဖို့ အရေးကြီးတယ်လို့
ကျွန်တော်တို့ နားလည်ထားပါတယ်၊ မြောက်ကိုရီးယား အနေနဲ့ ဆက်လက် ကျူးကျော်
ရန်စမှုတွေကို ရှောင်ရှား ရပါလိမ့်မယ်” ဟု သမ္မတ အိုဘားမားက တရုတ်သမ္မတ
ဟူဂျင်းတောင် နှင့်အတူ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်စဉ်
ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားက ကိုရီးယား ကျွန်းဆွယ် နျူကလီယာ လုံးဝ ကင်းစင်ရေးသည် အရာ
အားလုံးထက် အရေးပါသော ပန်းတိုင် ဖြစ်ရမည်ဟု ယင်းနှင့် သမ္မတ ဟူဂျင်းတောင်တို့
သဘော တူညီခဲ့ကြသည်ဟု ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရှင်းရှင်းလင်းလင်း
ဆက်လက် ကြေညာ ရမှာကတော့ မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်မှု အစီအစဉ်ဟာ
ကိုရီးယား ကျွန်းဆွယ်ရဲ့ တာဝန်နဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် ဝတ္တရားတွေကို
ချိုးဖောက်တာ ဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ” ဟု သမ္မတ အိုဘားမားက ဆက်လက်
ပြောကြားသည်။

ယခင်နှစ်က တောင်ကိုရီးယားရှိ အရပ်သားများ နေထိုင်ရာ ဒေသကို အမြောက်ဖြင့်
ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်းကိုလည်း ပစ်ခတ်
နှစ်မြှုပ်ခဲ့သည်ဟု စွပ်စွဲ ခံရသော မြောက်ကိုရီးယား နိုင်ငံ၏ မှီခိုရာ အဓိက
မဟာမိတ်မှာ တရုတ်နိုင်ငံ ဖြစ်သည်။

Topic: ရေဒါပျောက် စတဲ့လ် နည်းပညာ ရုရှားထံမှ တရုတ်ရရှိ

chronicle 2010 <chroni...@gmail.com> Jan 21 06:17PM +0630 ^

**(AFP သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ “China got stealth tech
from Russia”
သတင်းတို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံသည် ၎င်း၏ ပထမဆုံး ရေဒါပျောက် စတဲ့လ် တိုက်လေယာဉ် နည်းပညာကို
ရုရှားထံမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဂျက်လေယာဉ် ပထမဦးဆုံး
စမ်းသပ်ပျံသန်းမှု အပြီး တစ်ပတ်အကြာ အင်္ဂါနေ့တွင် ဝါရင့် အမေရိကန် လွှတ်တော်
အမတ်တစ်ဦးက ပြောကြားလိုက်သည်။

“ကျွန်တော် သိထားတာကတော့ ရုရှားကနေ ရတဲ့ နည်းပညာ အချက်အလက်ပေါ် အခြေခံပြီး
သူတို့ လေယာဉ်ကို တည်ဆောက်ခဲ့တယ် ဆိုတာပါပဲ၊ ရုရှား လေယာဉ်ကနေ ပုံတူ
ကူးနိုင်ခဲ့တာပါ” ဟု အထက် လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ
ဥက္ကဋ္ဌ Buck Mckeon က သတင်းထောက်များအား ပြောကြားသည်။

တရုတ် အနောက်တောင်ပိုင်း ကောင်းကင်ယံမှ J.20 ဂျက်လေယာဉ်၏ ဓါတ်ပုံများကို
တရုတ်မီဒီယာများက ဖော်ပြခဲ့သည့် အချိန်တွင် ဘေဂျင်းသို့ ရောက်ရှိနေသော
ကာကွယ်ရေးဝန်ကြီး Robert Gates ထံမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပိုမို
ကြားသိရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် Mckeon
ကဆိုသည်။

တရုတ် တပ်မတော် ခေတ်မီရေးကို အရှိန်မြှင့်သည့် လက္ခဏာအဖြစ် ထက်ဟပ်နေသော
မျိုးဆက်သစ် ရေဒါပျေက် တိုက်လေယာဉ်သည် ၁၅ မိနစ်ကြာ အစမ်းပျံသန်းကာ ပြန်လည်
ဆင်းသက်ခဲ့သည်ဟု မျက်မြင် သက်သေများကို ကိုးကားထားသည့် သတင်းများအရ
သိရှိရသည်။

ယခုကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ် တည်ဆောက်ရန် လိုအပ်သော နည်းပညာအား ဆိုက်ဘာ
သူလျိုလုပ်ခြင်းမှ ဘီဂျင်းက ရရှိသွားခြင်း ဟုတ်/မဟုတ်ကို မေးမြန်းခြင်းခံရသူ
လွှတ်တော်အမတ် Mckeon က အမေရိကန် အမျိုးသား လုံခြုံရေးအတွက် တရုတ်ကို
စိုးရိမ်ပူပန်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စစ်ဖက် အသုံးစရိတ်များ လျှော့ချမည့် Robert Gates ၏ အစီအစဉ်များကို
သံသယရှိကြောင်း သဘောထား ပေးခဲ့သူ Mckeon က “ကျွန်တော်တို့ တရုတ်ကို
စောင့်ကြည့်ဖို့ လိုပါတယ်၊ မြောက်ကိုးရီးယားကို စောင့်ကြည့်ဖို့လိုပါတယ်၊
အီရန်ကို စောင့်ကြည့်ဖို့လိုပါတယ်” ဟု ပြောဆိုခဲ့သည်။

“ကာကွယ်ရေး ဘတ်ဂျက်နဲ့ ပတ်သက်လို့ သူတို့ ပြောနေကြတဲ့ ဖြစ်နိုင်ချေ
ဖြတ်တောက်မှု
အစီအစဉ်ကို ကျွန်တော် လေ့လာကြည့်တဲ့အခါ ကျွန်တော့်ကို အမှန်တကယ်
စိုးရိမ်သွားစေပါတယ်၊ လုံခြုံတဲ့ ကမ္ဘာကြီး မဟုတ်လို့ပါပဲ”ဟု အထက် လွှတ်တော်
အမတ်က မှတ်ချက်ပေးသည်။

Topic: မြန်မာတွင် China Unicom က နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှု စတင်လုပ်ကိုင်မည်

chronicle 2010 <chroni...@gmail.com> Jan 21 06:15PM +0630 ^

(China Tech News မှ 20 January 2011 ရက်စွဲပါ “China Unicom Launchs
International Roaming Service in Myanmar” ကို ဘာသာ ပြန်ဆိုသည်)

တရုတ် လူမျိုးတို့၏ ခရီးသွား ရာသီ ကျရောက်လာသည့် အချိန်တွင် အချိန်ကိုက်
ဆောင်ရွက်မှု အဖြစ် မြန်မာ နိုင်ငံမှ China Unicom သုံးစွဲသူ ဖောက်သည်များအား
GSM နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှုကို ပူးတွဲ လုပ်ကိုင်ရန် China
Unicom နှင့်
မြန်မာနိုင်ငံ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ယူနန်ပြည်နယ်
ကူမင်းတွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်ပ တယ်လီဖုန်း ကုမ္ပဏီ အကြား လက်မှတ်
ရေးထိုးသော ပထမဆုံး နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှု သဘော တူညီချက် ဖြစ်သည်ဟု
သိရှိရပြီး China Unicom သည်လည်း ယခု ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာ
နိုင်ငံတွင် ပထမဆုံး စတင် လုပ်ကိုင်ခွင့် ရသော ကုမ္ပဏီ ဖြစ်လာကြောင်း ဆိုသည်။

တရုတ် နိုင်ငံ ယူနန် ပြည်နယ်၏ အကြီးဆုံး ပြည်ပ ကုန်သွယ်ဖက် ဖြစ်သည့် မြန်မာ
နိုင်ငံတွင် တစ်ခု တည်းသော တယ်လီဖုန်း ကုမ္ပဏီမှာ အစိုးရ၏
စာတိုက်နှင့် ကြေးနန်း
ဆက်သွယ်ရေး လုပ်ငန်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အကြား
ကုန်သွယ်မှု ပမာဏသည် မြန်မာ နိုင်ငံနှင့် တရုတ် နိုင်ငံ အကြား စုစုပေါင်း
ကုန်သွယ်မှု ပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဟုလည်း သိရှိရသည်။

Topic: မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ အရင်းအနှီး ဆွဲဆောင်ရန်အတွက်
စတော့ဈေးကွက် ဖွင့်လှစ်ရန် စဉ်းစား

chronicle 2010 <chroni...@gmail.com> Jan 21 06:13PM +0630 ^

(The Straits Times မှ 20 Jan 2011 ရက်စွဲပါ “Myanmar looks at
stock market to
attract capital”ကို ဘာသာပြန်ဆိုသည်)

မြန်မာစစ်ဖက် အုပ်ချုပ်သူများက တိုင်းပြည် အတွင်း များစွာ လိုအပ်နေသော
နိုင်ငံခြားငွေ အရင်းအနှီးများကို ဆွဲဆောင်ရန် ရည်ရွယ်၍ ပြုလုပ်သော
ဆောင်ရွက်ချက် များစွာထဲမှ နောက်ဆုံး ဖြစ်သော စတော့ဈေးကွက်
ဖွင့်လှစ်ရေးနှင့်
ပတ်သက်ပြီး တောင်ကိုးရီးယား စတော့အိပ်ချိန်း အော်ပရေတာနှင့်
မြန်မာနိုင်ငံသို့
ဆွေးနွေးလျက် ရှိသည်။

ကိုးရီးယား စတော့အိပ်ချိန်းသည် မကြာသေးမီက အသစ် ဖွင့်လှစ်လိုက်သော
လာအို စတော့
အိပ်ချိန်း လည်ပတ်မှုတွင် ပါဝင်သကဲ့သို့ ဇူလိုင်လတွင် ဖွင့်လှစ်မည့်
ကြန့်ကြာနေသော ကမ္ဘောဒီးယား အိပ်ချိန်းကိုလည်း စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။
အထက် လုပ်ငန်း နှစ်ခုစလုံးမှာ သက်ဆိုင်ရာ အစိုးရ အသီးသီးနှင့်
ဖက်စပ်လုပ်ငန်းများ ဖြစ်သည်။

“ကျွန်တော်တို့ အရင်ကတည်းက မြန်မာနိုင်ငံနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု
ကမ္ဘောဒီးယား
စတော့အိပ်ချိန်းမှ စီမံကိန်း ဒါရိုက်တာ လီအင်ဖြိုးက ကြာသပတေးနေ့တွင်
ရိုက်တာသို့ ပြောကြားသည်။ တောင်ကိုးရီးယား အိပ်ချိန်း ကုမ္ပဏီ အနေဖြင့်
မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် စိတ်ဝင်တစား ရှိပါသလားဟု မေးမြန်းရာတွင် ၎င်းက
“ဘာမဆို ဖြစ်နိုင်ခြေ အလားအလာ ရှိသလို၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ်” ဟု
ပြောကြားသည်။

ဆိုးလ်မှ ကိုးရီးယား အိပ်ချိန်း ပြောရေးဆိုခွင့် ရှိသူက “ကုမ္ပဏီ
ကိုယ်စားလှယ်များ မြန်မာ နိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်” ဟု
ပြောကြားသည်။ “ဒါပေမယ့် ဘာကိုမှ မဆုံးဖြတ် ရသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ များစွာ ကြွယ်ဝသော်လည်း စစ်ဖက် အုပ်ချုပ်သူ
အာဏာရှင်များ၏ အနှစ် (၅၀) အလွဲလွဲ အမှားမှား စီးပွားရေး
စီမံခန့်ခွဲမှုများနှင့်
အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုး တိုးတက်မှု မရှိပဲ
နိမ့်ကျလျက် ရှိသည်။

သို့သော်လည်း ပြုပြင် ပြောင်းလဲမှုများကို စတင် လုပ်ဆောင်မှု အချို့ ရှိနေသည်။
အာဏာပိုင်များသည် နိုင်ငံပိုင်လုပ်ငန်း ရာဂဏန်းကို ယခင်နှစ်က ပုဂ္ဂလိကပိုင်
ပြုလုပ်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ရေကြောင်း
ပို့ဆောင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး နယ်ပယ်များကို လုပ်ငန်း ချဲ့ထွင်ရန်
ကြိုးစားလျက် ရှိသည်။

Topic: အာဆီယံ၏ မြန်မာအပေါ် ချဉ်းကပ်မှုသည် ဗျူဟာသစ် မဟုတ်

chronicle 2010 <chroni...@gmail.com> Jan 21 06:02PM +0630 ^

(20 ဇန်နဝါရီ 2011 ရက်စွဲပါ Jakarta Post မှ Rizal Sukma ရေးသားသော
Insight:ASEAN’s new approach to Myanmar is nothing new ကို ဘာသာ ပြန်သည်)

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် ဇန်နဝါရီ (၁၇) ရက်နေ့က Lombok တွင်
အစည်းအဝေး ကျင်းပ ပြီးစီးခဲ့ရာ အင်ဒိုနီးရှားသည် အလှည့်ကျ သဘာပတိ
တာဝန်ယူခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က
အာဆီယံအတွက် အစည်းအဝေး အစီအစဉ်များနှင့် ဦးစားပေး လုပ်ဆောင်ရန်များ
ချမှတ်ပေးခဲ့သည်။

၎င်းသည် အာဆီယံအတွက် အရေးကြီးသည်ထက် ပို၍ အရေးကြီးသော ကိစ္စများကို
ကိုင်တွယ်ခဲ့သည်။ အာဆီယံ အသိုင်းအဝိုင်း တည်ဆောက်ရေး လုပ်ငန်းစဉ် အတွက်
လိုအပ်ချက်များ၊ တောင်တရုတ် ပင်လယ် အငြင်းပွားမှုအတွက် ငြိမ်းချမ်းစွာ
အဖြေရှာရေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး၏ အရေးကြီးမှုနှင့် ၂၀၁၅ အလွန် ကာလ၌
ကမ္ဘာကြီးတွင် အာဆီယံ၏ နေရာအတွက် မေးခွန်းများ စသည့် ကိစ္စရပ်များ ပါဝင်ခဲ့သည်။

ကိစ္စအားလုံး အနက် အငြင်းပွား ဖွယ်ရာများ ရှိပြီး၊ အထိမခံလောက်အောင် သိမ်မွေ့
နက်နဲသော မြန်မာနိုင်ငံ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယခုအချိန်တွင် ကမ္ဘာကြီး၊ အထူးသဖြင့် အနောက် ကမ္ဘာသည် မြန်မာနိုင်ငံအပေါ်
ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းပြီး အဆက်ဆံများ ပြန်လုပ်ရန်
အချိန်တန်ပြီ
ဖြစ်ကြောင်း အင်ဒိုနီးရှားက ၎င်း၏ အမြင်ကို တင်ပြခဲ့သည်။ အဆိုပါ ရပ်တည်ချက်ကို
အခြား အာဆီယံနိုင်ငံများက အံ့သြစရာ မကောင်းစွာပင် နွေးထွေးစွာ
ကြိုဆိုခဲ့ကြသည်။

ယခု အာဆီယံ၏ ရပ်တည်ချက်သည် မြန်မာနိုင်ငံ ပြဿနာအတွက် ချဉ်းကပ်မှု အသစ်ဟု
အဓိပ္ပာယ် ကောက်ယူရမည်လော။ အမှန်အတိုင်း ပြောရလျှင် ယခု
ရပ်တည်ချက်မှာ အသစ်အဆန်း
တစ်ခုတော့ မဟုတ်ပေ။ အာဆီယံသည် ယခင်ကတည်းက မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ
အရေးယူ ပိတ်ဆို့မှုများသည် တိုင်းပြည် ပြောင်းလဲရေးကို တွန်းအား
ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်သူ ဖြစ်သည်။ သက်ဆိုင်ရာ
နိုင်ငံကိုယ်တိုင် ပြုလုပ်ရမည့်ကိစ္စ ဖြစ်သည်။ ယခု မြန်မာနိုင်ငံ ကိစ္စတွင်လည်း
ပြင်ပမှ အရေးယူမှုများသည် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုကို များများ
လုပ်ပေးနိုင်မည် မဟုတ်ပေ။

ယခု အာဆီယံ၏ အီးယူ၊ ကနေဒါနှင့် အမေရိကန်တို့အား မြန်မာနိုင်ငံ အပေါ်
အရေးယူမှုများ ရုတ်သိမ်းရေး စဉ်းစားပေးရန် တောင်းဆိုချက်သည် မြန်မာ ပြဿနာအတွက်
ချဉ်းကပ်မှု အသစ် ပုံစံဖြင့် အာဆီယံ၏ ကြိုးပမ်းမှု တစ်ခု အသွင် မြင်နိုင်သည်။
အဆိုပါ ကိစ္စတွင် အကြောင်းပြချက် သုံးခု ပေးနိုင်သည်။

ပထမအချက်အ နေဖြင့် ယခု တောင်းဆိုမှုသည် မြန်မာနိုင်ငံ ပြည်တွင်း နိုင်ငံရေး
ဖြစ်စဉ်တွင် အသစ် ဖြစ်ပေါ်မှုများကြောင့်ဟု ဆိုနိုင်သည်။ Marty က အစည်းအဝေး
ကာလအတွင်း ငြင်းချက် ထုတ်ခဲ့သလို မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ
ကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း အပေါ် နိုင်ငံတကာ
အသိုင်းအဝိုင်းက ထည့်သွင်း စဉ်းစားသင့်ကြောင်းပင် ဖြစ်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတမှုမရှိဟု ဖော်ပြကြသော်လည်း၊ အာဆီယံ
အနေဖြင့် ရွေးကောက်ပွဲပြီး ကာလတွင် မည်မျှပင် ပါးလွှာပါစေ ရလာသော
အခွင့်အလမ်းများကို လေ့လာ လိုပေသေးသည်။ ဒေါ်အောင်ဆန်းစုကြည်အား
လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ အာဆီယံသည် ဒေါ်အောင်ဆန်းစုကြည်သည် အဖြေရှာ
မရနိုင်သော မြန်မာ့ နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင် ပါဝင်ခွင့်
ရလိမ့်မည် ရလိမ့်မည်ဟု မျှော်လင့်နေသည်။

ဒုတိယအချက် အနေဖြင့် အာဆီယံသည် ယခင်ကပင် ၎င်း၏ ဆက်ဆံရေး မဟာဗျူဟာနှင့် အရေးယူမှု
မူဝါဒများသည် မအောင်မြင်ကြောင်း ဝန်ခံခဲ့ပြီး ဖြစ်သည်။ ယခု အစည်းအဝေး အတွင်း
ရပ်တည်ချက်သည် အထက်ပါ ချဉ်းကပ်မှု နှစ်ခုကို ပေါင်းစပ်ရန် သဘော တူညီမှု၏
ထပ်ဟပ်ချက်ပင် ဖြစ်သည်။

ယခုကိစ္စတွင် အရေးကြီးစွာ မှတ်သားရမည့် အချက်မှာ Marty ကလည်း အလေးအနက်
ပြောကြားခဲ့သော ကန့်သတ်ချက်များကို ဖယ်ရှားခြင်းနှင့် အမျိုးသား ပြန်လည်
ပေါင်းစည်းရေး လုပ်ငန်းစဉ် နှစ်ခုမှာ လက်တွဲ ဆောင်ရွက်
သင့်ကြောင်းပင် ဖြစ်သည်။
ယခု အချက်မှာ စစ်အစိုးရသည် အားလုံး ပါဝင်သော အမျိုးသား ပြန်လည် စည်းလုံး
ညီညွတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးအောင်၊ ပိတ်ဆို့အောင်
ကြိုးစားမည် ဆိုပါက
အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ အပေါ် မျက်စိမှိတ်၍ ထောက်ခံ နေလိမ့်မည် မဟုတ်ဟု
သတိပေး ပြောသကဲ့သို့ ဖြစ်သည်။

တတိယအချက် အနေဖြင့် ယခု တောင်းဆိုချက်မှာ အမေရိကန် သမ္မတ Obama လက်ထက်တွင်
မြန်မာနိုင်ငံ အပေါ် မူဝါဒကို ပြန်လည် သုံးသပ်ပြီး နောက်ပိုင်းမှ
ထွက်ပေါ်ခဲ့ခြင်းပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလက အမေရိကန် အစိုးရသည်
လက်တွေ့ ကျသော ဆက်ဆံရေး မူဝါဒအဖြစ် အရေးယူမှုများ ဆက်လက်ထားရှိပြီး မြန်မာ
အစိုးရနှင့် စတင် ဆက်ဆံရေး ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ
မူဝါဒသစ်သည် ဆက်ဆံရေးနှင့် အရေးယူမှု နှစ်ခုကို ပေါင်းစပ်ကြိုးစားမှု
တစ်ခုဖြစ်ပြီး အမေရိကန်အား အာဆီယံနှင့် နီးကပ်သော နေရာတစ်ခုသို့
ရောက်ရှိစေသည်။

အမှန်တကယ်ပင် အကယ်၍ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အသစ်
ပြုလုပ်လိုသူ တစ်ဦးသည်
ဆက်ဆံရေး- အရေးယူရေး ကိစ္စကို ကျော်၍ စဉ်းစားရန် အချိန်တန်ပြီ ဖြစ်သည်။ ယခု
အာဆီယံ၏ တောင်းဆိုမှု ဖြစ်သော အရေးယူမှုများကို ဖယ်ရှားရေး ကိစ္စကို အာဆီယံ၏
ဆွေးနွေးဖက် ပါတနာများ သဘောတူသည် မတူသည် အသာထားဦး။ အာဆီယံ ကိုယ်တိုင်က
ပင်လျှင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပို၍ နားလည်လွယ်သော၊ အသေးစိတ် ကျသော
မဟာဗျူဟာ တစ်ရပ် ရေးဆွဲရန် လိုအပ်နေသည်။ စစ်အစိုးရ၏ ပြည်တွင်းရှိ
အင်အားစုများကို ဖယ်ရှား နှိပ်ကွပ်၍ အာဏာ ဆုပ်ကိုင်ရေးကို မဟာဗျူဟာ
ဖြစ်သင့်သည်။

သို့ဖြစ်၍ ထိုကိစ္စမှာ ခက်ခဲသော အဆိုပြုချက် တစ်ခုပင် ဖြစ်လိမ့်မည်။ သို့သော်
အာဆီယံ အနေဖြင့် သုံးချောင်းထောက် မဟာ ဗျူဟာဖြင့် ချဉ်းကပ်မှု
အသစ်ပြုလုပ်နိုင်သည်။

ပထမအချက် အနေဖြင့် အာဆီယံသည် အဓိက နိုင်ငံရေးနှင့်
ပတ်သက်သူများနှင့် အမျိုးသား
ပြန်လည်စည်းလုံးရေး ဆွေးနွေးရန်နှင့် ဒီမိုကရေစီရေး ဆွေးနွေးရန်
ဖြစ်နိုင်သည့်
မူဝါဒစည်းမျဉ်းများ စတင်ရေး ဆွဲပေးခြင်းဖြင့် စတင်သင့်သည်။

ဒုတိယ အချက် အနေဖြင့် အာဆီယံသည် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သော စီးပွားရေး
ဖွံ့ဖြိုးမှု အစီအစဉ်များ စစ်အစိုးရက စတင်နိုင်ရန် မည်သို့
အားပေးနိုင်မည်ဆိုသည့် အကျိုးတူ ပလက်ဖောင်း ရှိနေသည်။ တချိန်တည်းမှာပင်
အာဆီယံသည် အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်း စာနာသော
အကူအညီများနှင့် လူသား စွမ်းရည် မြှင့်တင်ရေးများ ကဲ့သို့သော
အခြေခံ လူတန်းစား
အခြေခံသော အကူအညီပေးရေး အစီအစဉ်များကို မြန်မာပြည်သူများအား
တိုက်ရိုက် အကူအညီ
ပေးရေး စတင်ရန် လိုအပ်နေသည်။

တတိယအချက် အနေဖြင့် အာဆီယံသည် ပါလီမန် ကဲ့သို့သော နိုင်ငံရေး အလွှာအသစ်နှင့်
အရပ်ဖက် အဖွဲ့အစည်းများ ကဲ့သို့သော မြန်မာ့ လူ့အဖွဲ့အစည်းများနှင့် ပိုမို
ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံနိုင်သော ပလက်ဖောင်း တစ်ခု စဉ်းစားထားသင့်သည်။

အင်ဒိုနီးရှားသည် အာဆီယံ ဥက္ကဋ္ဌ အနေဖြင့် ထိုသို့သော အာဆီယံ၏ မြန်မာနိုင်ငံ
မဟာဗျူဟာ အသစ်ကို စဉ်းစားပေးရန် တာဝန်ရှိသည်။ သို့မဟုတ်ပါက နိုင်ငံတကာ
အသိုင်းအဝိုင်းသည် ယခု Lombok အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော သဘော
တူညီချက်ကို အကောင်အထည် မပေါ်နိုင်သော နောက်ပြန်ဆွဲသည့် အာဆီယံ၏ ရွှေ့လျားမှုဟု
မြင်သွားနိုင်သည်။ ထို့ကြောင့် ထိုသို့ မမြင်စေရန်

Topic: ဗီယက်နမ် ကွန်မြူနစ် ပါတီ ထိပ်ပိုင်းအလွှာက ပါတီခေါင်းဆောင်သစ် ရွေးချယ်

chronicle 2010 <chroni...@gmail.com> Jan 21 05:54PM +0630 ^

(The Straits Times မှ 19 Jan 2011 ရက်စွဲပါ “Vietnam’s Communist elist pick
new boss” သတင်းကို ဘာသာပြန်ဆိုသည်)

ဗီယက်နမ်နိုင်ငံတွင် တိုင်းပြည်၏ ပေါက်ကွဲ ကြီးထွားမှုကို အဆက်မပြတ်
ထိန်းသိမ်းရန် ကြိုးစားသည့် အနေဖြင့် အလယ်အလတ်ဝါဒီ တစ်ဦးကို ရွေးချယ် တာဝန်
ပေးခြင်း မပြုမီ နိုင်ငံရေးသမားများ အာဏာအတွက် ပြိုင်ဆိုင်ခဲ့ကြသည့်
လျှို့ဝှက်အစည်းအဝေးများ တစ်ပတ်ခန့် ကျင်းပအပြီး အင်္ဂါနေ့တွင် ဗီယက်နမ်
ကွန်မြူနစ်ပါတီ ထိပ်ပိုင်း အလွှာက ပါတီ ခေါင်းဆောင်သစ်ကို ရွေးချယ်
တင်မြှောက်လိုက်သည်ဟု ပါတီတွင်း သတင်းရပ်ကွက်က ပြောကြားသည်။

အများ မျှော်လင့်ထားကြသည့် အတိုင်း လက်ရှိ လွှတ်တော် အစည်းအဝေး သဘာပတိ
ငုယင်ဖူထရောင် (၆၆)နှစ်ကို ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ်
တာဝန်ပေးလိုက်သည်ဟု အမည်မဖော်လိုသော ပါတီ တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။

နိုင်ငံ၏ အခြားထိပ်ပိုင်း ရာထူးနေရာများတွင် ခန့်အပ်ခံရလိမ့်မည်ဟု
မျှော်လင့်ရသော ထိပ်ပိုင်း အဆင့်ပါတီဝင် ၃ ဦး ကိုလည်း သြဇာကြီး ပေါလစ်
ဗျူရိုတွင် ပြန်လည် ရွေးချယ်ခဲ့သည်ဟု အဆိုပါ ပါတီတာဝန်ရှိသူများက ဆက်လက်
ပြောကြားသည်။

ထိပ်ပိုင်း ရာထူးများကို မည်သူ ရယူသည် ဖြစ်စေ၊ အရေးမကြီးပါ တိုင်းပြည်၏
ဂရုတစိုက် ရေးဆွဲ ဖန်တီးထားပြီးဖြစ်သော လမ်းကြောင်းမှ သွေဖယ်သွားလိမ့်မည်
မဟုတ်ဟု လေ့လာ ဆန်းစစ်သူများက ယခင်ကပင် ပြောကြားထားသည်။

ကင်ဘာရာရှိ Australian Defense force Academy မှ ဗီယက်နမ်ရေးရာ ကျွမ်းကျင်သူ
Carl Thayer က “ဒါက ဦးနှောက် သွေးကြောစနစ်လို အရေးပါတဲ့ ကိစ္စများ
မဟုတ်ပါဘူး၊
တစ်ယောက် ထုတ်ပြီး နောက်တစ်ယောက် သွင်းလိုက်တာပါ၊ နေရာလုတဲ့ တိုက်ပွဲတစ်ခု
ပေါ့ဗျာ၊ နိုင်ငံရေး ရာထူး ဝေခြမ်းရေး လုပ်တာပါ” ဟု မှတ်ချက်ပေးသည်။

ပါတီ ခေါင်းဆောင်သစ်နှင့် သြဇာကြီး ပေါလစ်ဗျူရိုကို အင်္ဂါနေ့တွင်
ရွေးချယ်ပေးမည့် ဗဟို ကော်မတီဝင်သစ် ၂၀၀ ကို ရွေးချယ်ရန်အတွက်
တစ်ဦးကို တစ်ဦး
ရဲဘော်ဟု နှုတ်ဆက်တတ်သည့် ကွန်မြူနစ် ပါတီကိုယ်စားလှယ် ၁၄၀၀ ဦး နီးပါးသည်
တနင်္လာနေ့က စုဝေးခဲ့ကြသည်။ “တူနှင့် တံစဉ်” ဝါဒဖြန့်ချီမှုများ
ကဲ့သို့ ဟန်ရေးပြ
အစီအစဉ်များဖြင့် ပြည့်နေသည့် ကွန်မြူနစ်ပါတီ ညီလာခံကို ၈ရက်ကြာ ကျင်းပပြီး
ဗုဒ္ဓဟူးနေ့တွင် ပိတ်သိမ်းမည် ဖြစ်သည်။

Topic: စစ်တမ်းများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း အတည်ပြု

chronicle 2010 <chroni...@gmail.com> Jan 21 05:44PM +0630 ^

**(၁၉ ဇန်နဝါရီ ၂၀၁၁ ရက်စွဲပါ Associated Press မှ Grant Peck
ရေးသားသော Group
says survay confirms Myanmar rights abuses ကို ဘာသာ ပြန်သည်)

မြန်မာ့ တပ်မတော်၏ ပြောင်ကျကျ၊ ကျယ်ကျယ် ပြန့်ပြန့် နှိပ်စက်
ညှဉ်းပမ်းမှုများကို ဖော်ထုတ်ထားသည့် အစီရင်ခံစာသည် အဆိုပါ နိုင်ငံမှ စစ်ဖက်
အုပ်ချုပ်သူများကို လူသားထု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရား
စွဲဆိုရန် အထောက် အထားအဖြစ် အသုံးပြု နိုင်လိမ့်မည်ဟု လူ့အခွင့် အရေး
အုပ်စုများက ပြောကြားလိုက်သည်။

မြေမြှုပ် မိုင်းများကို ဆန့်ကျင် ကန့်ကွက်သည့် လှုပ်ရှားမှုများ အတွက် ၁၉၉၇
ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပူးတွဲ ရရှိခဲ့ကြသည်။ “Physicians Human
Rights” က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် တင်ပြရာ၌
ချင်းပြည်နယ်ရှိ
တိုင်းရင်းသား လူနည်းစုများ အပေါ် သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ အဓမ္မ
ခိုင်းစေခြင်း၊ ဘာသာရေး ခွဲခြားခြင်း၊ လူများ ပျောက်ဆုံးခြင်း၊ နှိပ်စက်
ရိုက်နှက်ခြင်း၊ မတရား ပြုကျင့်ခြင်း၊ နေရာအနှံ့ လုယက်ခြင်း
စသည့်တို့ အပါအဝင်
ညှင်းပမ်း နှိပ်စက်မှုများကို အထောက် အထား မှတ်တမ်း တင်ခဲ့သည်ဟု ဆိုသည်။

အစောပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာများကို အထောက်အကူ ပြုရန် အတွက်
မြန်မာနိုင်ငံမှ လူသားထု အပေါ် ရာဇဝတ် ကျူးလွန်မှုများ၏ ပမာဏနှင့်
အတိုင်းအတာကို
ပထမဆုံး အကဲဖြတ်သည့် အနေဖြင့် လေ့လာ အစီရင်ခံ ထားသည့်ဟု ၎င်းအစီရင်ခံစာက
ဖော်ပြသည်။

“ချင်းလူမျိုးတွေ ခံစားနေရတဲ့ ကြောက်မက်ဖွယ် ဒုက္ခတွေကို ဒီအစီရင်ခံစာက
မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ်၊ အချက် အလက်တွေကို လိမ်ညာ တင်ပြခြင်း
မရှိပါဘူး” ဟု Physicians of Human Rights အမှုဆောင် ဥက္ကဋ္ဌ Frank Donaghue က
ကြေညာချက်တွင် ပြောဆိုလိုက်သည်။

ကျယ်ကျယ် ပြန့်ပြန့် နှိပ်စက် ညှင်းပမ်းမှု စွပ်စွဲချက်များ ယခင်က
ငြင်းဆိုလျက်
ရှိလေ့ ရှိသော မြန်မာ အစိုးရက လတ်တလော မှတ်ချက် ပေးခြင်း မရှိသေးပါ။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ၎င်း၏ ၆၄ မျက်နှာ အစီရင်ခံစာတွင်
“စစ်အစိုးရ လက်အောက်မှ ဘဝ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ
ချင်းပြည်နယ်မှ လူသားထု
အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အထောက် အထားသည် နိုင်ငံတကာ ရာဇဝတ်
ခုံရုံးသို့
တင်ပြနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အနည်းဆုံး ၈ ခု ၏ အထောက် အထားကို
တင်ပြထားသည်ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာက မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်
ပတ်သက်သည့်
အစီရင်ခံစာများကို စစ်ဆေးရန် အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ကုလ
သမဂ္ဂကို တိုက်တွန်းထားသည်။

“စုံစမ်း လေ့လာသူတွေ အသုံးပြုတဲ့ လေ့လာ ချဉ်းကပ်ပုံကြောင့် ညှင်းပမ်း
နှိပ်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ ကျူးလွန်တဲ့ သဘာဝကို
ကျွန်တော်တို့ မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အဆုံးစွန် ကြောက်မက်ဖွယ်ကောင်းတဲ့
ရလဒ်တွေပါပဲ” ဟု နိုဘယ်ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး က
အဆိုပါ အုပ်စုက ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြား ထားသည်။

မြန်မာအစိုးရ ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာ ခုံရုံးတွင်
ကြားနာရန်နှင့် ကုလ လုံခြုံရေး ကောင်စီက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန်
တိုက်တွန်းသည့် လှုပ်ရှားမှုကို ပြီးခဲ့သော နှစ်အတွင်း ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး လှုပ်ရှားသူများက အရှိန်မြင့် ခဲ့ကြသည်။

နိုဝင်ဘာ ရွေးကောက်ပွဲများ အပြီး နှစ် ၂၀ အတွင်း ပထမဆုံး
လွှတ်တော်ကို ယခုလကုန်
ခေါ်ယူ စည်းဝေးရန် စီစဉ်ခြင်းနှင့်အတူ မြန်မာအစိုးရက ကိုယ့်ကိုကိုယ် အာဏာ
ပြန်လည် အပ်နှင်းသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို ပြုလုပ်နေသည့် အတွက်
လူ့အခွင့်အရေး အုပ်စုများ၏ ဖိအားပေးမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။ စစ်တပ်က
ဆက်လက် အုပ်ချုပ်ရေး အတွက် တရားဝင် မျက်နှာဖုံး တပ်ပေးသည့် လှည့်စားထားသည့်
လုပ်ငန်းစဉ်သာ ဖြစ်သည်ဟု နိုင်ငံတကာ ဝေဖန် ဆန်းစစ်သူများက စွပ်စွဲထားသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများသည် တိုင်းပြည်၏ (၅၆) သန်းသော
လူဦးရေ၏ ၃၀-၄၀% ရှိပြီး၊ နယ်စပ်ဒေသများတွင် နေထိုင်သူများက
များသည်။ ၎င်းတို့သည်
ဆယ်စုနှစ်များစွာ ဗဟိုအစိုးရထံမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး
ကြိုးပမ်းလာခဲ့ရာ၊ တခါတရံ လက်နက်ကိုင် ဆန့်ကျင်မှုများ ရှိခဲ့သဖြင့် စစ်တပ်၏
ပြင်းထန်သော ဖိနှိပ်မှုများကို ကြုံတွေ့ကြရသည်။

ထိုင်းနိုင်ငံ နယ်စပ် တလျှောက်ရှိ လူဦးရေ များပြားသော အုပ်စုများ ဖြစ်သည့်
ကရင်နှင့် ရှမ်းလူမျိုးများ၏ ဆိုးဝါးလှသော အခြေအနေများကို လူအတော် များများ
သိရှိကြသော်လည်း ခရစ်ယာန် ဘာသာ ကိုးကွယ်သော ချင်းလူမျိုးများမှာမူ လျစ်လျူရှု
ခံထားကြရသည်။

အစီရင်ခံစာသစ် အတွက် ချင်းပြည်နယ်တွင် မြို့နယ်ကိုးခု၌ အိမ်ထောင်စု
(၆၂၁)စုအား
လက်တန်း ရွေးချယ်၍ မေးခွန်း (၈၇)ခုပါ စစ်တမ်းကို ၂၀၁၀ ဇန်နဝါရီလ မှ မတ်လထိ
လွန်ခဲ့သည့် (၁၂) လအတွင်း ၎င်းတို့၏ ဘဝများကို မေးမြန်းခဲ့သည်။

ဖြေဆိုသူများ၏ ၉၂% က ၎င်းတို့တွင် အနည်းဆုံး အဓမ္မ လုပ်အားပေးစေခြင်း အဖြစ်အပျက်
တစ်ခုစီ ရှိကြောင်း တင်ပြကြသည်။ စစ်သုံးပစ္စည်းများ ထမ်းပို့စေခြင်း၊
လမ်းဖောက်ခြင်းများကို ခိုင်းစေကြကြောင်း ဆိုသည်။ ထိုဒေသများတွင် အစိုးရ
အာဏာပိုင် ဆိုသူများမှာ အဓိကအားဖြင့် စစ်သားများသာ ဖြစ်ပြီး ၎င်းတို့သည်
လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ ၉၈% ကျော်ကို ကျူးလွန်ကြသည်။ ထိုသို့
ကျူးလွန်ရာတွင် လူသတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊
နှိပ်စက်ခြင်း၊ အတင်း ပြောင်းရွှေ့စေခြင်းများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။
မေးခွန်း မေးခံရသော မိသားစုများ အနက်မှ (၁၅%) က စစ်သားများ၏ နှိပ်စက်မှု
သို့မဟုတ် ရိုက်နှက်မှုကို ခံကြရကြောင်း ပြောကြသည်။

Physicians for Human Rights က ပြောကြားရာတွင် တွေ့ရှိချက်များသည် လူသားချင်း
မစာနာပဲ ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သော နိုင်ငံတကာ ဥပဒေကို
ချိုးဖောက်မှုများ အတွက် သက်သေ အထောက် အထားများ ဖြစ်ကြောင်း ဆိုသည်။

၎င်းအဖွဲ့က ပြောကြားရာတွင် ကျူးလွန်မှုများသည် စစ်အစိုးရအား နိုင်ငံတကာ ရာဇဝတ်မှု
တရားရုံး (ICC) သို့ တင်ပြရန် ခိုင်လုံကြောင်း၊ အဘယ်ကြောင့် ဆိုသော်
ကျူးလွန်မှုများသည် ICC စတင် လုပ်ဆောင်သော ၂၀၀၂ နောက်ပိုင်းမှ
ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ကျူးလွန်ခြင်းများသည်
အစိုးရ အာဏာပိုင်များက အရပ်သားများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ
တိုက်ရိုက်
ကျူးလွန်ခြင်းလည်း ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) သည် နယ်သာလန် နိုင်ငံတွင် ရုံးစိုက်ပြီး၊
ကမ္ဘာ့ပထမဆုံး စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အထူး အာဏာရ တရားရုံး ဖြစ်သည်။ ICC
မှာ ရောမစာချုပ် (Rome treaty)အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး၊ လူမျိုးတုံး
သတ်ဖြတ်ခြင်း၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ သို့မဟုတ် စစ်ရာဇဝတ်မှုများ
ကျူးလွန်သော အစိုးရများသည် မိမိကိုယ် မိမိ တရား မစီရင်နိုင်ပါက ဝင်ရောက်
ဆောင်ရွက်ပေးသော နိုင်ငံတကာ တရားရုံး ဖြစ်သည်။

Topic: ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား အကူအညီပေးရန်စီစဉ်

chronicle 2010 <chroni...@gmail.com> Jan 21 04:59PM +0630 ^

**(ဇန်နဝါရီ ၂၀၊ ၂၀၁၁ ရက်စွဲပါ The Straits Times မှ Hilary
Clinton Calls Suu
Kyi, Pledges Support ကို ဘာသာ ပြန်သည်)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံတွင်
ဒီမိုကရေစီ မြှင့်တင်ရေးအတွက် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ
အလုပ် လုပ်ရန် စီစဉ်လျက် ရှိသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က Twitter တွင်
ရေးသား ထားရာ၌ ကလင်တန်သည် ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်အား ဖုန်းဖြင့်
ဆက်သွယ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

အစိုးရက နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား (၇) နှစ်တာ
ထိန်းသိမ်း ထားခြင်းမှ ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲသည်
အလိမ် အညာသာ
ဖြစ်သည်ဟု ဆိုကာ ပါဝင်ခြင်း မပြုခဲ့သောကြောင့် ပါတီအား ဖျက်သိမ်းခြင်း
ခံခဲ့ရသည်။

Topic: အဂတိ လိုက်စားမှု လျှော့ချနိုင်မှသာ ဖိလစ်ပိုင်အား ရန်ပုံငွေ
ထပ်တိုးပေးနိုင်မည်ဟု အမေရိကန် ရန်ပုံငွေ ထောက်ပံ့ရေးအဖွဲ့ ပြောကြား

chronicle 2010 <chroni...@gmail.com> Jan 21 04:57PM +0630 ^

**(Xinhua သတင်းဌာနမှ 17 January 2011 ရက်စွဲပါ “U.S aid agency says may
extend funding to Philippines if it can reduce corruption” သတင်းကို ဘာသာ
ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု ကယ်ဆယ်ရေး အေဂျင်စီက ဖိလစ်ပိုင် နိုင်ငံအား
ယခုနှစ်အတွက်
အာမို ရန်ပုံငွေ ထပ်မံ ထပ်မံ တိုးပေးရန် စဉ်းစားဖွယ် ရှိသော်လည်း သမ္မတသစ်
ဘီနစ်နို အကွီနို(၃) အား အဂတိ လိုက်စားမှု တိုက်ဖျက်မည့် ၎င်း၏ နိုင်ငံရေး
ရည်မှန်းချက်ကို ပထမဆုံး ပြသရန် တောင်းဆို လိုက်သည်။

Millennium Challenge Corporation (MCC) က ကြာသပတေးနေ့တွင် ထုတ်ပြန်သော
ကြေညာချက်တွင် “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အပါအဝင် MCC ၏ စံညွှန်းနှင့်
မူဝါဒများ၊ သဘော တူညီချက်ပါ ရည်မှန်းချက်နှင့် အကောင်အထည်
ဖော်မှုများကို အစိုးရ
အဖွဲ့သစ်က တာဝန် ယူစေလိုသော MCC ၏ ဆန္ဒကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ
ကလင်တန် ဦးဆောင်သော MCC ဘုတ်အဖွဲ့က ထပ်မံ ပြောကြားခဲ့သည်” ဟု ဖော်ပြထားသည်။

MCC ဘုတ်အဖွဲ့က ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ် အလတ် အဆင့် မမီသော
တိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံသည့် ၎င်း၏ လုပ်ငန်း တာဝန်ကို ပြန်လည်
သုံးသပ်မှု ပြုလုပ်ပြီးနောက် အချိန်တို အတွင်း ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း
ဖြစ်သည်။ ၂၀၁၀ ပြက္ခဒိန် နှစ်တွင် ဖိလစ်ပိုင်၊ ဂျော်ဒန်၊ မာလာဝီ၊ ၂၀၁၁
ပြက္ခဒိန်နှစ်တွင် အင်ဒိုနီးရှား၊ ဇမ်ဘီယာ၊ ကိပ်ဗာဒီ နိုင်ငံများနှင့်
ရန်ပုံငွေ ပေးအပ်ရေး သဘောတူညီချက် ရရှိထားမှုကို စဉ်းစား သုံးသပ်ရန်
မျှော်လင့်
ထားသည်ဟု MCC ဘုတ်အဖွဲ့က ပြောကြားသည်။

ဖိလစ်ပိုင် နိုင်ငံသည် အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှု ရေရှည်
ပြဿနာကြောင့်
ယခင် နှစ်က MCC ထံမှ ပမာဏ များပြားသော ရန်ပုံငွေ ဆုံးရှုံးခဲ့ရသည်။
သို့သော်လည်း
ဖိလစ်ပိုင် နိုင်ငံကို ၎င်း၏ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် MCC သဘောတူညီချက်
အစီအစဉ်အောက်မှ ထပ်တိုး ရန်ပုံငွေ အတွက် အသစ် လျှောက်ထားရန် ပြန်လည် ရွေးချယ်
ခဲ့သည်။

MCC သည် အမေရိကန် ပြည်ထောင်စု အစိုးရ ကော်ပိုရေးရှင်း တစ်ခု ဖြစ်ပြီး
Millennium Challenge Account (MCA) ရန်ပုံငွေ အစီအစဉ်ဖြင့် ဖွံ့ဖြိုးဆဲ
နိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ပူးပေါင်း လုပ်ဆောင်ရန်
ဖွဲ့စည်းထားခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ
သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Min Min Tun
PCM Training Manager ( Faculty )

Reply all
Reply to author
Forward
0 new messages