Fwd: [mrsorcerer:9715] CDMA ဖုန်းပိုင်ရှင်များ သတိထားပါ(လက်ဆင့်ကမ်းပေးကြပါ)

3 views
Skip to first unread message

Mr.Kyaw Zay Ya

unread,
Sep 5, 2011, 6:38:53 AM9/5/11
to eco...@googlegroups.com


----------




CDMA ဖုန်းပိုင်ရှင်များ သတိထားပါ(လက်ဆင့်ကမ်းပေးကြပါ)

ပိုင်ရှင်မသိအောင်အလွယ်တကူ ဖုန်းပွားနိုင်သော စီဒီအမ်အေ ဟန်းဆက်အသစ်တစ်မျိုးဈေးကွက်သို့ ၀င်လာပါသည် ။

သို့ဖြစ်ပါ၍ ဖုန်းအသုံးပြုသူများ သ တိ ထား ကြပါ ။

လက် ဆင့် ကမ်း ပေး ကြ ပါ....

ငါးသိန်းတန် စီဒီအမ်အေ တီလီဖုန်းများအား    ဖုန်းပွား၍    သုံးစွဲနိုင်သော ဟန်းဆက်များ ဈေးကွက်သို့ဝင်ရောက်လာကြောင်း   ယင်းဖုန်းများကို    အသုံးပြုနေသူများ အနေဖြင့်    မိမိဖုန်းများကို  သတိပြုကိုင်

တွယ်ရန်   လိုအပ်ကြောင်း    ဖုန်းကျွမ်းကျင်သူ တစ်ဦးထံမှ သိရှိရပါသည်။

 

"အခု ရန်ကုန်   ဖုန်းဈေးကွက်ထဲကို    စီဒီအမ်အေ   ကွန်ယက်မှာ ပွားသုံးလို့ ရနိုင်တဲ့ ဟန်းဆက်တစ်မျိုး

ဝင်ရောက်လာပါတယ်။ ငါးသိန်းတန် စီဒီအမ်အေ ကွန်ယက်သုံး    ဘယ်နံပါတ်ကို မဆို    အလွယ်တကူ

ကိုယ်တိုင် ပွားသုံးလို့ ရနိုင်ပါတယ်.. သူပွားပုံ နည်းစနစ်ကလည်း     မူရင်း  ဖုန်းပိုင်ရှင် ကိုယ်တိုင် အပွား

ခံထားရမှန်း မသိရလောက်အောင်ကို မျက်စိလည်ရတဲ့  စနစ်မျိုးပါ။     ဖုန်းဖန်ရှင်     အတော်များများကို

နားလည်ပြီး အသုံးပြုနေသူတွေတောင် မရိပ်မိ၊ မသိရှိနိုင်လောက်အောင် ဒီဖုန်းစနစ်က ကောင်းပါတယ်။

ဖုန်းပွားနိုင်ဖို့ အတွက် မူရင်းကတ်ကို တစ်မိနစ်လောက် ရတာနဲ့ အလုပ်ဖြစ်သွားပါတယ် "ဟု

ဖုန်းကျွမ်းကျင်သူကပြောသည်။

၎င်းဖုန်းပွားနိုင်သော      ဟန်းဆက်များမှာ     တရုတ်နိုင်ငံမှ     ၀င်ရောက်လာခြင်းဖြစ်ပြီး   ဘူးအပေါ်၌သာ

(RU-EN)ဟူသော တံဆိပ်ပါဝင်ပြီး    ဟန်းဆက်ကိုယ်ထည်ပေါ်တွင်  မည်သည့် တံဆိပ်မှ   ရိုက်နှိပ်ထားခြင်း

မရှိကြောင်း သိရသည်။    အဆိုပါ ဟန်းဆက်ဖြင့် ဖုန်းပွားခံထားရသူများ အနေဖြင့်     မိမိ၏   မူရင်း ဖုန်း မှ

အထွက်ခေါ်ဆိုမှု   ပြုလုပ်နေစဉ်အချိန်တွင် ပွားထားသော   ဖုန်းမှလည်း    အထွက်ခေါ်ဆိုမှု     ပြုလုပ်ပါက

မူရင်း  ဖုန်း၏    အထွက်ခေါ်ဆိုမှုမှာ       ချက်ခြင်းပြုတ်ကျ      ရပ်ဆိုင်းသွားမည် ဖြစ်ပြီး ဖုန်းကို ဘက်ထရီ

မဖြုတ်မချင်း (သို့မဟုတ်) ပါဝါ မပိတ်မချင်း ပွားထားသော  နံပါတ်ကို    အသုံးပြုနိုင်ကြောင်း    သိရသည်။

ထို့ကြောင့် 0949-----၊ 0973------၊ အစ ရှိသော စီဒီအမ်အေ ကွန်ယက်အမျိုးအစား ကို    အသုံးပြုနေသူများ

အနေဖြင့် မိမိတို့၏ ဖုန်းကတ်ကို အခြားသူအား ငှားရမ်းခြင်း၊ အလွယ်တကူထားခြင်း၊ ဂရုတစိုက် အသုံးပြုခြင်း၊

မိမိ အသုံးပြုမှု နှင့် ဖုန်းခေါ်ဆိုခ (ဖုန်းဘေလ်)ကျသင့်မှုတို့အား မပြတ်ကြည့်ထားခြင်း စသည်တို့အား

သတိပြုထားရန် လိုအပ်ကြောင်း သိရသည်။

(နေ့စဉ် သတင်းစဉ်မှ ကူးယူဖော်ပြသည်)

                                                  ကိုတင့်

--
သူပြောထားတဲ့ဖုန်းတွေက ကြိုတင်ငွေပေးစနစ်ဖြစ်တဲ့အတွက် နိုင်ငံခြားကို ဆက်ချင်ရင်တောင် ဖုန်းပိုင်ရှင် (သို့) ပွားထားသူက ပိုက်ဆံထည့်မှ ရမှာပါ.. အဲ့ အတွက် သိပ်စိတ်ပူစရာ မလိုပါ....နောက်ပီး ကျွန်တော် နားလည်သလောက်ဆိုရင် ဖုန်းအပွားခံရတာဟာ ကိုယ် ညံ့လို့ဖြစ်တာပါ....အဓိက ဖုန်းပွားတာဟာ စင်းကတ်က လိုင်းကို မိတ္တူပွားလိုက်တာပါ...ဖုန်းအပွားမခံရအောင် ကာကွယ်ထားဖို့ နည်းလမ်းက စင်းကဒ်ကို password ချပေးထားလိုက်ပေါ့....ဟမ်းဆက်ကိုရော စင်းကဒ်ကို ပါ password ချထားလိုက်ရင် ဖုန်းပျောက်သွားရင်တောင် ကောက်ရတဲ့သူက အထွက် call ခေါ်ဆိုလို့မရနိုင်ပါဘူး....စင်းကဒ်ကို တခြား ဟမ်းဆက်ထဲ ပြောင်းထည့် ရင်လည်း စင်းကဒ် ပတ်စ်ဝက် သိမှ လိုင်းချိတ်ပေးနိုင်မှာပါ....
အဓိက ဖုန်းအပွားမခံရအောင် ကာကွယ်ချင်ရင် ကျွန်တော် သိတဲ့နည်းလမ်းကတော့....စင်းကဒ်ကို (password) ခံထားပါ..
Reply all
Reply to author
Forward
0 new messages