Fwd: [mrsorcerer:11832] ဂျာမနီ မှ မြန်မာဟန်အပြည့် ဘုန်းကြီးကျောင်း နှင့် ဇရပ်

7 views
Skip to first unread message

Mr.Kyaw Zay Ya

unread,
Oct 10, 2011, 9:09:38 AM10/10/11
to eco...@googlegroups.com


---------- Forwarded message ----------
From: YuShweYiTun <antiqua...@gmail.com>
Date: 2011/10/8
Subject: [mrsorcerer:11832] ဂျာမနီ မှ မြန်မာဟန်အပြည့် ဘုန်းကြီးကျောင်း နှင့် ဇရပ်
To: mrsorcerer <mrsor...@googlegroups.com>


အရင်က blog တွေကို သွားတုန်းက ဖတ်မိခဲ့တာလေး တစ်ခုကို ဗဟုသုတအနေနှင့်ပြန်လည် ဖြန့် တင်လိုက်ပါတယ် ။
မူရင်း ရေးသူကတော့ အိမ် ဆိုတဲ့ Blog က ဖြစ်ပါတယ် ။
ဂျာမနီ နိုင်ငံမှာ ဦးနေ၀င်း ဆောက်သွားတဲ့ ဇရပ် နဲ့  ဘုန်းကြီးကျောင်းတစ်ကျောင်းပုံပါ ။ ဗဟုသုတ ရစေရန်ပုံများနှင့်တကွ ပြန်လည်ဖြန့် ဝေလိုက်ပါတယ် ။

ခရီးသွားမှတ်တမ်း

19 ၃၁ရက်နေ့ကနေ ၄ရက်နေ့ ညနေအထိ ဂျာမဏီမှာရှိတဲ့ ဘလော့ဂါကြီး ကိုလင်းထက်ဆီ အလည်သွားရောက်ခဲ့ပါတယ်။ သူ့ဆီရောက်တာနဲ့ ဒီမှာထူးခြားတာ ဘာရှိလဲလို့ မေးကြည့်တော့ ဦးနေဝင်း ဆောက်လုပ်ခဲ့တဲ့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ ဇရပ်တဆောင် ရှိတယ်ဆိုလို့ အတော့်ကို စိတ်ဝင်စားသွားပါတယ်။ ဘယ်လိုကျောင်းမျိုးလဲလို့ မေးကြည့်တော့ မြန်မာမှု၊ မြန်မာ့ဟန် အပြည့်နဲ့ ခိုင်ခိုင်မာမာ ဆောက်လုပ်ခဲ့တဲ့ ကျောင်းတကျောင်းပါလို့ သိလိုက်ရတော့ ပိုပြီး စိတ်ဝင်စားသွား ပါတယ်။
ဒီလိုနဲ့ တရက် အဲဒီကျောင်း ရှိရာ သွားကြတော့ အောက်ပါအတိုင်း ကိုလင်းထက်ကနေပြီး သူသိသမျှ ဒီကျောင်းရဲ့ သမိုင်း အကျဉ်းချုပ်လေးကို ပြောပြသွားပါတယ်။ ကျနော်တို့ သွားတဲ့နေ့က ပိတ်ရက်ဖြစ်နေတာကြောင့် အထဲဝင်ကြည့်ခွင့် မရခဲ့ပါဘူး။

ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်မြို့ကြီးအနီးက အဲဘတ်မြို့လေးမှာ ဦးနေဝင်းအလည်လာတိုင်း တည်းတဲ့ ဟိုတယ်တခုရှိပါတယ်။ အဲဒီဟိုတယ်မှာလဲ သူ့ရဲ့ဓာတ်ပုံကို ချိတ်ဆွဲထားတယ်လို့ ဆိုပါတယ်။ ဟိုတယ်ပိုင်ရှင်က ဒီဟိုတယ်ကို လာတည်းနေကျ သူဌေးကြီး ဆိုပြီး အမှတ်တရ ဓာတ်ပုံရိုက် ချိတ်ဆွဲ ခဲ့တာလို့် သိရပါတယ်။ အဲဒီဓာတ်ပုံ ရှိတယ်ဆိုတာကလဲ ဟိုတယ်မှာ အလုပ် လုပ်ခဲ့ဖူးသော မြန်မာများ မြင်တွေ့ခဲ့ကြလို့ တဆင့်စကား၊ တဆင့်နားနဲ့ ပြန်ကြားရတာပါ။ ကျနော် အဲဒီဟိုတယ်ဆီ သွားတော့ နွေရာသီမှ ဖွင့်လှစ်တဲ့ ဟိုတယ်ဖြစ်နေလို့ အထဲဝင်ခွင့် မကြုံခဲ့ရပါဘူး။ အဲဒီလိုသူလာလည်တိုင်း ဘုရားရှိခိုးစရာ မရှိလို့ဆိုပြီး ယခုဖော်ပြပါ ပုံထဲက ကျောင်းတဆောင် ကိုဆောက်လုပ်ခဲ့ပါတယ်။ ယတြာချေတာလဲ ဖြစ်နိုင်တာပါပဲ။ ကျောင်းအမည်ကတော့ မေတ္တာပေါင်းကူးဗိမာန်ပါ။ အရင်ကတော့ တရုတ်ဘုန်းကြီးများ ဝင်ရောက် သီတင်းသုံးနေထိုင်တယ်လို့ သိရပါတယ်။ ယခုလောလောဆယ်တော့ ဘယ်သူမှ မနေဘဲ ဂျာမဏီအစိုးရမှ ထိန်းသိမ်းထားတယ်လို့လဲ သိရပါတယ်။
ယခုလိုနိုင်ငံရပ်ခြားမှာ မြန်မာစာလုံးအကြီးနဲ့ မြန်မာမှု၊ မြန်မာ့ဟန်ကို မြင်တွေ့လိုက်ရတော့ အံ့သြမိပါတယ်။ ဆက်ပြီး အံ့သြမိတာက ဦးနေဝင်းဟာ ပြည်သူပိုင်ငွေတွေနဲ့ ဥရောပနိုင်ငံတွေမှာ အိမ်ကြီး အိမ်ကောင်းတွေ၊ ရဲတိုက်ကြီးတွေ ဝယ်ယူနေထိုင်ခဲ့တယ်ဆိုတာ အရင်ကတော့ ပုံပြင်တပုဒ်လို ထင်ခဲ့မိပေမဲ့ လက်တွေ့မြင်လိုက်ရတော့ ယုံကြည်သွားပါတယ်။

04.JPG06.JPG
Thanks to the author .


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsor...@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en ကိုနှိပ်ပါ ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့ဝင်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
အကြံပေးစာများကို ဦးဦး မှော်ဆရာ ( mrsor...@gmail.com, mrsorc...@gmail.com ) ထံသို. ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

02.JPG
01.JPG
04.JPG
06.JPG
05.JPG
03.JPG
Reply all
Reply to author
Forward
0 new messages