Fwd: : မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်

1 view
Skip to first unread message

Mr.Kyaw Zay Ya

unread,
Mar 27, 2012, 5:42:50 AM3/27/12
to eco...@googlegroups.com


---------- Forwarded message ----------
From: Snow Zun <sno...@gmail.com>
Date: 2012/3/23
Subject: : မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်
To: ပြည့်ဖြိုးအောင် <damag...@googlemail.com>, inzali07 <inza...@gmail.com>, Saw Lynn Htoo <sawlinh...@gmail.com>, Aung Kyaw Oo <aungky...@gmail.com>, Kyaw Zay Ya <kyawza...@gmail.com>, "Exotic.Kaung Htet Lin" <emt.kaun...@gmail.com>, ကိုထွန်းထွန်း <7htunh...@googlemail.com>, "thihasoe.mai" <thihas...@gmail.com>, Myint Win Bo <myintw...@gmail.com>, Win Myat Thu <winmy...@gmail.com>, phyu phyu <winlu...@gmail.com>, khin than su <khinth...@gmail.com>, zaw htoo <zawmyin...@gmail.com>, thae su <sut...@gmail.com>, soe.t...@gmail.com, ma nan <missor...@gmail.com>, khin zar <khinza...@googlemail.com>, Kyar Yoe Layy <shin...@googlemail.com>, paye phone aung <kye...@gmail.com>, Chuu Eindray <violet....@gmail.com>, "ဖိုးကျော် :)" <phok...@gmail.com>, Ko Ko Naing <don...@gmail.com>, nwe ni than <nwen...@gmail.com>, myo myat <myoma...@googlemail.com>, Myo Gyi <mgmyo...@gmail.com>, "SF.shwepont13" <shwep...@googlemail.com>




မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်
မြန်မာပြည်ကို ခရီးသွားဗီဇာနဲ့ အလည်အပတ် သွားရောက်မယ့်သူများအတွက် လာမယ့် ဧပြီလမှ စတင်ကာ အွန်လိုင်းမှတဆင့် ဗီဇာ လျှောက်ထားနိုင်တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အွန်လိုင်းက ဗီဇာ လျှောက်ထားလိုသူများအနေနဲ့ လာမယ့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ လျှောက်ထားနိုင်ကြောင်း အလဲဗဲန်းမီဒီယာ (http://www.weeklyeleven.com/index.php?option=com_content&view=article&id=12849:---e-visa-----&catid=42:2009-11-10-07-36-59&Itemid=112) တွင် မတ်လ ၁၈ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားပြီး အွန်လိုင်းဗီဇာအကြောင်း ဖော်ပြထားတဲ့ ဖေ့စ်ဘွတ် စာမျက်နှာ (http://www.facebook.com/pages/Myanmareasenet/270445326354301) မှာတော့ ဧပြီ ဒုတိယပတ်မှ စတင်ကာ လျှောက်ထားနိုင်မယ်လို့ ရေးထားပါတယ်။ ထို သတင်းနဲ့ ပတ်သက်ပြီး ဗီဇာလျှောက်နိုင်တဲ့ အင်တာနက်စာမျက်နှာ (http://www.myanmarevisa.gov.mm/) တွင် ဖော်ပြထားတဲ့ တယ်လီဖုန်းအမှတ်များကို ၂၀၁၂ မတ်လ ၁၉ ရက်နေ့တွင် ဆက်သွယ်ကြည့်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။မြန်မာပြည်ကို သွားရောက်မယ့် ခရီးသွားများအနေနဲ့ အွန်လိုင်းမှ ဗီဇာ လျှောက်ထားနိုင်တဲ့အကြောင်း ဖော်ပြထားတဲ့ အလဲဗဲန်းမီဒီယာသတင်းတွင် ဗီဇာ လျှောက်ထားခြင်းကို ၂၀၁၂ ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စမ်းသပ်ကာလအနေနဲ့ စတင်သွားမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ မြန်မာပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားလိုသူများအနေနဲ့ http://www.myanmarevisa.gov.mm/ က သက်ဆိုင်ရာ ပုံစံတွင် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပြီး ဓါတ်ပုံကိုပါ တပါတည်း တင်သွင်းကာ ဗီဇာ လျှောက်ထားနိုင်ကြောင်း၊ လျှောက်နိုင်တဲ့ ဗီဇာ အမျိုးအစားကတော့ ခရီးသွားဗီဇာ (Tourist Visa) တမျိုးထည်း ဖြစ်ကြောင်း၊ ဗီဇာကြေးကို ခရက်ဒစ်ကဒ် (သို့) Paypal နဲ့ ပေးချေနိုင်ကြောင်း၊ ဗီဇာ ရ၊ မရကို သက်ဆိုင်ရာ အင်တာနက်စာမျက်နှာတွင် ဖော်ပြမှာ ဖြစ်သလို အီးမေးလ်နဲ့လည်း အကြောင်းကြားမှာ ဖြစ်ကြောင်း http://www.myanmarevisa.gov.mm/faqs.html တွင် ရေးသားထားပါတယ်။ ဗီဇာခ ပေးသွင်းငွေကိုတော့ ဗီဇာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်အမ်းမှာ မဟုတ်ကြောင်း၊ ဗီဇာ ရရှိသူများအနေနဲ့ အီးမေးလ်က တဆင့် ရရှိတဲ့ ဗီဇာ ရရှိကြောင်း အကြောင်းကြားစာကို ပုံနှိပ်ကာ ရန်ကုန်လေဆိပ်အ၀င်တွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို ပြသပါက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှာ ဖြစ်ကြောင်း၊ လျှောက်ထားသူထံက အချက်အလက်တွေ ရယူနိုင်ဖို့အတွက် နှစ်ပတ်ခန့်အထိ ကြာနိုင်ကြောင်း http://www.myanmarevisa.gov.mm/faqs.html တွင် ဖော်ပြထားပါတယ်။ ဗီဇာ လျှောက်ထားမှုအဆင့်အဆင့်နဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ http://www.myanmarevisa.gov.mm/howtoapply.html မှာ လျှောက်ထားပြီးနောက် ဗီဇာလျှောက်လွှာ ချောချောမောမော လက်ခံရရှိကြောင်း အကြောင်းကြားတဲ့ အီးမေးလ်နဲ့တကွ လျှောက်လွှာတင်တဲ့ နံပါတ်တခု ရမှာ ဖြစ်ကြောင်း၊ လျှောက်လွှာအတွက် အလုပ်လုပ်တဲ့ ရက် ၂ - ၃ ရက် ကြာတဲ့အခါ အတည်ပြုကြောင်း အကြောင်းကြားစာ ရရှိမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒါ့ကြောင့် ဗီဇာ လျှောက်ထားပြီး ၂ ရက်မှ ၂ ပတ်အတွင်း ဗီဇာ ရ၊ မရ သိနိုင်တယ်လို့ ယူဆရပါတယ်။ အခု သတင်းရေးသားချိန်အထိ ဗီဇာကြေး မည်ရွေ့မည်မျှ ပေးရမှာ ဖြစ်ကြောင်းကိုတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားကြတဲ့ မြန်မာပြည်ဖွားများအနေနဲ့ မြန်မာပြည်ကို အလည်အပတ် ပြန်လေ့ရှိကြရာ အခုလို အွန်လိုင်းကနေ ဗီဇာ လျှောက်နိုင်မယ်ဆိုရင် အရင်ကလို မြန်မာသံရုံးကို သွားရောက်ဖို့ မလိုအပ်တဲ့အတွက် ပိုမို လွယ်ကူ အဆင်ပြေနိုင်ကြောင်း လွန်ခဲ့တဲ့ ရက်အတွင်းက တွေ့ခဲ့တဲ့ နယူးယောက်နေ မြန်မာတဦးက အလွတ်သဘော စကားပြောဆိုစဉ် ပြောကြားသွားခဲ့ပါတယ်။ http://www.myanmarevisa.gov.mm/ ဟာ မြန်မာအစိုးရရဲ့ တခုထည်းသော အွန်လိုင်း ဗီဇာ လျှောက်ထားနိုင်တဲ့ အင်တာနက်စာမျက်နှာ ဖြစ်ပြီး အွန်လိုင်းဗီဇာ လျှောက်ထားတဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး MYANMAR EASE NET CO.,LTD. ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


ယနေ့မြန်မာသတင်းဋ္ဌာနမှ ကူးယူသည်။




--
Have a nice day!!!

Best regards,
Zun Thinn Htoo
Ticketing & Reservation
Equalink Travel & Tours



--

 
Reply all
Reply to author
Forward
0 new messages